ဘာပဲဖြစ်ဖြစ် အကောင်းဆုံး
လုပ်ဆောင်ပါ။
လောကကြီးက မတရားဘူး။$ရမ်းကို မတရားတာ။မွေးကတည်းက သာတူညီမျှမရှိဘူး။တချို့တွေက မွေးကတည်းကအခွင့်ထူးခံ။ တချို့က မျက်နှာမွဲ။တချို့က ဘားမှ လုပ်စရာမလိုပဲနဲ့ကိုကံအကြောင်းလှပြီး ပြည့်စုံနေတယ်။တချို့ကျတော့လဲ ကျောပူအောင်အလုပ်လုပ်ပြီးသမုဒ္ဒရာ ဝမ်းတစ်ထွာအတွက်ရုန်းရင်းကန်ရင်း ဘယ်မှခရီးမရောက်ဘူး။ တချို့အတွက် တစ်သောင်းနှစ်သောင်းနဖူးမှချေွးခြေကျအောင် လုပ်ရပေမယ့်တချို့က ပြောလိုက်တဲ့စကားလေးငါးဆယ်ခွန်းနဲ့ တစ်သောင်းနှစ်သောင်းရှေ့မှာ စကားလုံးတစ်လုံးထည့်လိုက်လို့ရတယ်။ ဒါတွေက ကျွန်တော်တို့လူအများစုထိန်းချုပ်မှုအောက်မှာ မရှိဘူး။ဒါတွေကို အပစ်တင်ပြီးမိုက်ဖက်လိုက်ရင်လဲသံသရာခြားလပတ်ထဲကတိုင်ပတ်ပြီးရင် ပတ်နေမှာ။ လူတွေထိန်းချုပ်လို့ရတာတစ်ခုပဲ။ဒါကတော့ ဘာပဲလုပ်လုပ်အကောင်းဆုံးလုပ်။ဒီဆောင်ပုဒ်က လူတိုင်းလုပ်လို့ရတယ်။ကိုယ့်ရဲ့ ဘဝပေးထားချက်နေ့ရက်တိုင်းကို အကောင်းဆုံးအသုံးချတာဟာ အားလုံးထိန်းချုပ်မှုအောက်မှာ ရှိတယ်။ မဟုတ်ရင် နှိုင်းယှဥ်ပြီးတစ်တောင်ထက် တစ်တောင်မြင့်ဘဝမှာ ငြိမ်းချမ်းမှုရမှာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် အကောင်းဆုံးလုပ်ဆောင်ပါ။ဒီဆောင်ပုဒ်ပဲ လက်ကိုင်ထားလိုက်တယ်။ Phyo Paing @ Derek
ဘာပဲဖြစ်ဖြစ် အကောင်းဆုံး
လုပ်ဆောင်ပါ။ Read More »
