Human Nature

စိတ်ပညာအရ တစ်ဖက်လူကို
တစ်ခုခု ပေးဆပ်ခိုင်းတဲ့အခါ
တစ်ခုခုအပေါ် ပိုတန်ဖိုးထားကြတယ်။ အချိန်၊ ငွေကြေး၊ စိတ်အား
တစ်ခုခုပေါ့။

App တွေကိုစွဲလမ်းစေချင်ရင်Investment လုပ်ခိုင်းကြတယ်။ဥပမာ ခု Facebook ဆို ဓာတ်ပုံ၊ စာ၊Video နဲ့ ရင်းနှီးမှုတွေ investmentလုပ်ထားတဲ့အတွက်ဒီ platform က မခွါနိုင်ကြဘူး။ အမျိုးသမီးအများစု လုပ်မိတဲ့အမှားကကိုယ့်ရည်းစား၊ အမျိုးသားကိုငွေကုန်ကြေးကျများမှာစိုးပြီးကိုယ့်အပေါ် Investment မလုပ်ခိုင်းတာပဲ။ စိတ်ပညာအရ တစ်ဖက်လူကိုတစ်ခုခု ပေးဆပ်ခိုင်းတဲ့အခါတစ်ခုခုအပေါ် ပိုတန်ဖိုးထားကြတယ်။အချိန်၊ ငွေကြေး၊ စိတ်အားတစ်ခုခုပေါ့။ သင်တန်းတွေလဲ အတူတူပဲ။အလကားတက်ရတဲ့ သင်တန်းနဲ့သိန်းရာဂဏန်းပေးရတာနဲ့ဆိုရာဂဏန်းက အပြောင်းအလဲပိုဖြစ်စေတယ်။ကိုယ်က Investment တွေအများကြီးလုပ်ထားပြီးသားဆိုတော့မလုပ်လို့ မရတော့ဘူးလေ။ Phyo Paing @ Derek

စိတ်ပညာအရ တစ်ဖက်လူကို
တစ်ခုခု ပေးဆပ်ခိုင်းတဲ့အခါ
တစ်ခုခုအပေါ် ပိုတန်ဖိုးထားကြတယ်။ အချိန်၊ ငွေကြေး၊ စိတ်အား
တစ်ခုခုပေါ့။
Read More »

လူကြောနပ်ဖို့လိုတယ်။

ပန်းသီးတစ်လုံးကြွေကျလာတာကြည့်ပြီး ဘာကြောင့် “လ” ကကြွေကျမလာသလဲဆိုတဲ့မေးခွန်းမေးပြီး ကမ္ဘာ့ဆွဲအားlaw of gravity ကိုတွေ့ရှိခဲ့သူ၊ဒီဥပဒေသကို သက်သေပြဖို့သင်္ချာပညာ Calculus ကို တည်ထွင်ခဲ့သူSir Isaac Newton နယူတန်ကMulti-level marketing (MLM) နဲ့သိပ်မကွာတဲ့ Ponzi scheme ကြောင့်သူ့ဘဝနေဝင်ချိန်မှာ ငွေကြေးတွေဆုံးရှုံးခဲ့ရတယ်။​ ဒါကြောင့် စာပဲတတ်နေလို့မရဘူး။လူကြောလဲ နပ်ဖို့လိုတယ်။မားကတ်တင်းနဲ့ စီးပွားရေးလုပ်တဲ့အခါလူကြောနပ်ဖို့ အရမ်းအရေးကြီးတယ်။ Phyo Paing @ Derek

လူကြောနပ်ဖို့လိုတယ်။ Read More »

အထာ

လုပ်ငန်းတိုင်းမှာ အထာရှိတယ်။LV ဆိုင်ဝင်ပြီး ဘယ်သူမှစျေးသွားမဆစ်ဘူး။High-end စားသောက်ဆိုင်သွားပြီးရေသန့်တစ်ဗူး ၁၀၀၀ ယူတဲ့အတွက်တကယ့်ဖောက်သည်စစ်စစ်ဘယ်သူမှ ဓာတ်ပုံရိုက်Social media မှာ မတင်ဘူး။ဘာလို့လဲဆိုရင် ဒါက အထာဖြစ်တယ်။ လုပ်ငန်းတိုင်းမှာ အထာလေးတွေရှိတယ်။Luxury brand တွေ marketing လုပ်တဲ့အခါရောင်းတဲ့အခါ စုံစမ်းမေးမြန်းတဲ့သူကအထာမသိဘူးဆိုရင် ဒါကPotential customers မဟုတ်ဘူးဆိုတာတန်းသိတယ်။ Xiaomi ရဲ့အထာက price-to-performance.Apple ရဲ့အထာက perfection.ကိုယ့်လုပ်ငန်းရဲ့အထာက ဘာများဖြစ်မလဲ? Phyo Paing @ Derek

အထာ Read More »

အာရုံ၊ အင်နာဂျီ၊ အလုပ်

အာရုံ၊ အင်နာဂျီ၊ အလုပ် ဒီသုံးခုက လူ့ဘဝရဲ့ အခရာပဲ။ဘူတာကို အာရုံစိုက်ရင်ဘူတဲ့ အင်နာဂျီပဲ ဆွဲဆောင်နိုင်မယ်။အလုပ်လုပ်ရင်လဲ ဘူနေမယ်။ အကြည်ဓာတ်တွေကို အာရုံပြုတဲ့အခါအကြည်ဓာတ် အင်နာဂျီရမယ်။အလုပ်လုပ်ရတာ လတ်ဆတ်မယ်။ ရှုပ်ထွေးလှတဲ့လူ့ဘဝမှာကိုယ်ထိန်းချုပ်နိုင်တာတစ်ခုကတော့အာရုံပဲ ဖြစ်တဲ့အတွက်အကြည်ဓာတ်တွေမှာပဲအာရုံကို အာဏာကုန် အသုံးပြုလိုက်ပါ။ Phyo Paing @ Derek

အာရုံ၊ အင်နာဂျီ၊ အလုပ် Read More »

သာမာန်လူက စာတစ်လုံးချင်းစီဖတ်တယ်။
နည်းနည်းမြန်လာရင် phrase by phrase ဖတ်တယ်။
ဒီထက်မြန်လာရင် တစ်ပိုဒ်ချင်းစီဖတ်တယ်။
ဒီထက်ပိုမြန်လာရင် တစ်ရွက်ချင်းစီဖတ်တတ်လာတယ်။

တစ်ရက်တစ်နာရီအတွင်း စာတစ်အုပ်ဖတ်ဖို့ Speed-reading ကို2006 Jan ကတည်းက လေ့ကျင့်လာခဲ့တယ်။ ကမ္ဘာ့ထိပ်တန်းပုဂ္ဂိုလ်တွေဖြစ်တဲ့ Elon Musk တို့ Bill Gates တို့၊ Speed-reading ကို ကျင့်သုံးခဲ့ကြတာ။ Speed-reading ကျွမ်းကျင်ဖို့ အချိန်တစ်ခုလိုတယ်။2006 မှာစခဲ့တာ 2012 လောက်မှ ဆေးအောင်တယ်။ ဒီ Speed-reading ဟာ knowledge တွေအများကြီးကို အချိန်တိုအတွင်း စုပ်ယူနိုင်အောင်ကူညီပေးခဲ့သလိုငယ်ငယ်က လေ့ကျင့်ခဲ့တဲ့ memory training ဟာ လေ့လာမှုကို မြန်နှုန်းမြင့်စေခဲ့တယ်။ တစ်ရက်စာတစ်အုပ်ဖတ်ပြီးVideo တစ်ခုလုပ်လာတာမကြာခင်လာမည့် မွေးနေ့မှာရက် ၁၀၀၊ အုပ် ၁၀၀ ပြည့်ပြီ။ ဆေးကျောင်းတက်နေစဥ်ကကျောင်းပြီးလို့ တခြားပညာရပ်များထပ်လေ့လာခဲ့ရရင် အချိန်တွေကို ဘယ်လိုချုံ့ရမလဲမေးရင်း Accelerated Learning ကိုအားထည့်လေ့လာခဲ့မိတယ်။ ဒါနဲ့ပတ်သက်တဲ့ learning technologiesတွေကို အနာဂတ်လူငယ်တွေအတွက်ဖန်တီးပေးသွားဖို့

သာမာန်လူက စာတစ်လုံးချင်းစီဖတ်တယ်။
နည်းနည်းမြန်လာရင် phrase by phrase ဖတ်တယ်။
ဒီထက်မြန်လာရင် တစ်ပိုဒ်ချင်းစီဖတ်တယ်။
ဒီထက်ပိုမြန်လာရင် တစ်ရွက်ချင်းစီဖတ်တတ်လာတယ်။
Read More »

လူတွေ တံဆိပ်ကပ်တာတွေကြားက ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဖန်တီးပါ။

တက္ကသိုလ်တက်တုန်းက ဆေးကျောင်းသား၊အလုပ်ခွင်ဝင်တော့ ဆရာဝန်။ဆေးကုမ္ပဏီဝင်တော့ အရောင်းသမား။အချိန်ပိုင်းစာသင်တော့ သင်တန်းဆရာ။ဖောက်သည်တွေရအောင် ကူညီပေးတော့မားကတ်တင်း ကျွမ်းကျင်ပညာရှင်။ ကိုယ်တိုင်လုပ်ငန်းစတော့ အလုပ်ရှင်။ကိုယ်တိုင်သင်တန်းကျောင်းဖွင့်တော့သင်တန်းကျောင်း ပိုင်ရှင်။တိုင်ပင်ဆွေးနွေးအကြံပေးလုပ်တော့ အကြံပေး။Website တွေ၊ App တွေလုပ်တော့Digital Entrepreneur ဘာညာ။ လူတွေက ကိုယ်ဒီနေ့ လုပ်နေတဲ့ အလုပ်ကိုကြည့်ပြီးတံဆိပ်ကပ်ကြတယ်။ တချို့လူတွေမသိတာကToeTeter တွေကလူတွေ မမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲနေဖို့ကိုယ်ပိုင်ဆိုင်ထား၊ ရရှိထားတဲ့ အရာတွေကိုစွန့်လွတ်ပြီး ကိုယ့်ကိုကိုယ် ပြန်လည်ဖန်တီးရတဲ့အချိန်တွေ ရှိတယ်။ စွန့်လွတ်ရတဲ့အထဲမှာ အတွေးအခေါ်အဟောင်း၊ယုံကြည်မှုဟောင်း၊ လုပ်ပုံကိုင်ပုံအဟောင်း၊လုပ်နေကျအဟောင်းတွေပါဝင်တယ်။You have to give up to grow up. ကိုယ်နေ့စဉ် လုပ်နေတဲ့အရာတွေကကိုယ့်ကို next level ရောက်အောင်ကူညီပေးနိုင်ရမယ်။ Phyo Paing @ Derek

လူတွေ တံဆိပ်ကပ်တာတွေကြားက ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဖန်တီးပါ။ Read More »

ဘယ်မှာရောက်နေသလဲဆိုတာထက်
ဘယ်ကိုသွားနေသလဲ ပိုအဓိကကျတယ်။

ကိုယ့်ရဲ့ မပြီးသေးတဲ့ ပန်းချီကားနဲ့ သူများရဲ့ ပြတိုက်ထဲက ပန်းချီကားသွားမနှိုင်းယှဉ်နဲ့။ ကိုယ့်ရဲ့ ပန်းချီကားက အဲ့ထက်အများကြီးသာသွားနိုင်တယ်။ အထူးသဖြင့် ဒီနေ့လို NFT ခေတ်မှာပေါ့။ Phyo Paing @ Derek

ဘယ်မှာရောက်နေသလဲဆိုတာထက်
ဘယ်ကိုသွားနေသလဲ ပိုအဓိကကျတယ်။
Read More »

ဒီနေ့ခေတ်က စိတ်မထားတတ်ရင် ရူးတောင်ရူးသွားနိုင်တယ်။

စိတ်ညစ်စရာမရှိဘူးလား? လူပဲ စိတ်ညစ်စရာကတော့ အနည်းနဲ့အများ ကြုံရမှာပေါ့။ ဒီနေ့ခေတ်က စိတ်မထားတတ်ရင် ရူးတောင်ရူးသွားအုံးမယ်။ ၂၀၀၇ လောက်မှာ self-help တွေနဲ့ ထဲထဲဝင်ဝင်စထိတွေ့ခဲ့တယ်။ နောက် New Age Movement ဖြစ်တဲ့ positive psychology ဆိုပါတော့။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးဖြစ်တော့ တော်တော် စိတ်မချမ်းသာဘူး။ အဲ့မတိုင်ခင်ကလဲ ကိုယ့်ကိုကိုယ် အမြဲတိုင်ပတ်ပြီး ငြိမ်းချမ်းမှုကို လိိုက်ရှာနေရတယ်။ နောက်ပိုင်းမှာ အမြဲစိတ်ဓာတ်တက်ကြွနေပြီး ပျော်ရွင်နေတဲ့သူတွေကို လိုက်လေ့လာကြည့်တယ်။ သူတို့တွေ ဘယ်လိုစဥ်းစားကြသလဲ။ သူတို့တွေ ဘယ်လို စကားတွေပြောကြသလဲ။ လောကကြီးကို ဘယ်လိုမြင်သလဲ။ ဘာတွေကို လေ့လာကြသလဲ။ ဘာစာအုပ်တွေဖတ်ကြသလဲ။ အစရှိတာတွေကို မှတ်သားနမူနာယူ စမ်းသပ်မှုတွေပြုလုပ်ကြည့်တယ်။ ၂၀၁၅ မှာတော့ တော်တော်လေးအရှိန်ရလာတယ်။ မှော်အောင်သွားတယ်ဆိုပါတော့။ စိတ်ညစ်စရာတွေကို အေးဆေး handle လုပ်နိုင်လာတယ်။

ဒီနေ့ခေတ်က စိတ်မထားတတ်ရင် ရူးတောင်ရူးသွားနိုင်တယ်။ Read More »

သူများနဲ့ မတူတာက ဘဝမှာ
လိုချင်တာမှန်သမျှက ကိုယ့်ကိုကိုယ်
ကြိုးစားပြီးမှ ရလာတာများတယ်။

ငယ်ငယ်ကတည်းက အဒေါ်တွေနဲ့နေခဲ့ရတော့အရာရာ အထာလေးကြည့်ပြီး ကြိုတင်ပြင်ဆင် နေတတ်ဖို့ အကျင့်ပါလာတယ်။ ကံကိုတော့ မစမ်းဘူး။ ဆီပဲဖြည့်ဖြည့် ဘာပဲလုပ်လုပ်ကံစမ်းမဲဆို မယူဖြစ်တာများတယ်။အလကားရမည့်ကံ မပါဘူးဆိုတာ ကိုယ့်ကိုကိုယ် သိလို့။ အဲ့ကျကျ ဘာဖြစ်လာလဲဆိုတစ်ခုခုဆို ကိုယ့်ကိုကိုယ်တည်ဆောက်ဖို့စဥ်းစားမိတာ များလာတယ်။ အခြေအနေဆိုးတွေကြားမှာ ဖြတ်သန်းဖူးတော့သင်ခန်းစာဆိုတာ အရေးကြီးတာနားလည်လာတယ်။ စာဖတ်တယ်၊ စဥ်းစားတယ်၊ လက်တွေ့လုပ်ဆောင်တယ်၊သင်တန်းပေး၊ အကြံပေး၊ Coach လုပ်တယ်။စီးပွားရေးလုပ်တယ်။ ဒါတွေ အားလုံးက ကိုယ့်ရဲ့ Derek 2.0, 3.0, 4.0 ဖန်တီးဖို့ပဲ။ Project တစ်ခု fail ဖြစ်တယ်။ စိတ်ညစ်မည့်အစား သင်ခန်းစာယူလိုက်တယ်။ နောက်တစ်ခေါက် လုပ်တဲ့အခါ အတွေ့အကြုံရှိသွားတယ်။ ကျွန်တော်မြင်တာကတော့ ခါးသီးတဲ့အတွေ့အကြုံတွေဖြစ်တဲ့ coup တို့၊ covid-19 တို့၊ ငွေတွေ၊ အချိန်တွေကုန်ပြီးfail ဖြစ်သွားတဲ့ project တချို့က

သူများနဲ့ မတူတာက ဘဝမှာ
လိုချင်တာမှန်သမျှက ကိုယ့်ကိုကိုယ်
ကြိုးစားပြီးမှ ရလာတာများတယ်။
Read More »