Human Nature

ဂရုစိုက်ပါ။

ညစ်ပတ်တဲ့ အဝတ်အစားတွေနဲ့ အဝတ်သန့်တွေရောထားရင်အနံ့တွေ ကူးတတ်သလိုလဲအကောင်းမမြင်တဲ့ အတွေးအခေါ်ရှိသူတွေနဲ့ပေါင်းဖန်များ၊ စကားပြောဖန်များရင်အနံ့တွေကူးတတ်တယ်။ ဂရုစိုက်ပါ။ Phyo Paing @ Derek

ဂရုစိုက်ပါ။ Read More »

ပညာနဲ့ မျက်လုံးတွေကို ဖွင့်ပါ။

“ကား” ဆိုတဲ့ စကားလုံးဆိုပါတော့။ လူတွေက ကိုယ်မြင်ချင်တာပဲမြင်တာ။ တချို့က sport car၊ တချို့က နိဗ္ဗာန်ယာဥ်၊ တချို့က ကားအနက်၊ အနီ၊ model မတူ၊ color မတူ၊ စဥ်းစားပုံမတူဘူး။ ဘာကွာလဲဆိုတော့ သူ့ဦးနှောက်ထဲရှိတဲ့ reprentation system ကိုပဲ project လုပ်ကြတယ်။ ပညာသင်၊ စာဖတ်၊ ကိုယ့်ထက်တတ်သိတဲ့သူတွေပြောတာ နားထောင်လေ့လာတာဟာ ကိုယ်မမြင်တဲ့ရှုထောင့်၊ မမြင်တဲ့အမြင် မြင်နိုင်အောင်လေ့လာတာဖြစ်တယ်။ Physics မလေ့လာခင်က ပုံရိပ်မြင်ရင် မြင်တယ်ပဲသိတာ။ ရူပဗေဒသင်ပြီးတော့ အရာဝတ္ထုတွေကနေ photons ဆိုတဲ့ particle လွတ်တယ်။ ဒါကို မျက်လုံးမှာပါတဲ့ retina ထဲက sensory က အာရုံခံနိုင်လို့ ပုံရိပ်တွေမြင်ရတာဆိုတာ သိလာတယ်။ ဆရာတော်ဘုရားတွေရဲ့ တရားနဲ့ လေ့ကျင့်မှုတွေနာယူတော့ မြင်တယ်ဆိုတာ

ပညာနဲ့ မျက်လုံးတွေကို ဖွင့်ပါ။ Read More »

လူသုံးယောက် စတိုးဆိုင်ထဲဝင်လာတယ်။

တစ်ယောက်က discount ချထားတာတွေကိုအာရုံလာပြီး ဝယ်တယ်။ တစ်ယောက်က တခြားသူတွေကိုပြုံပြပြီးမိတ်ဖွဲ့တယ်။ တစ်ယောက်က ဒီဆိုင်ထက်ပိုကောင်းအောင်ဖွင့်ဖို့ စဉ်းစားတယ်။လူတိုင်းက သူ့အာရုံနဲ့သူ။ သူသတ်မှတ်ထားတဲ့ reality ထဲမှာသူ့အမြင်နဲ့သူ၊ သူ့အတွေးထဲမှာ အသက်ရှင်ကြတယ်။အတွေးတွေကို ဂရုစိုက်ရမယ်။ Phyo Paing @ Derek (P.S. The opportunity ဖတ်ရင်းရတဲ့ ဥပမာကောင်းလေးတစ်ခု)

လူသုံးယောက် စတိုးဆိုင်ထဲဝင်လာတယ်။ Read More »

Emotional pattern

လူတွေမှာ emotional hot button လေးတွေမတူကြဘူး။တချို့တွေက ဘယ်လောက်ပြောပြောအေးဆေးပဲ။ဒါပေမယ့် တချို့အဖြစ်အပျက်လေးတွေကြုံတဲ့အခါစိတ်ညစ်တာ၊ စိတ်ဓာတ်ကျတာဖြစ်တတ်ကြတယ်။ တချို့က နာတာ၊ ကျင်တာ၊ ဖျားတာ၊ နာတာကိုခံနိုင်တယ်။တချို့ကျတော့ pain thresholds နိမ့်တယ်။ နာကျင်မှုဒဏ် မခံနိုင်ကြဘူး။ တုံ့ပြန်ပုံချင်းလဲ မတူကြဘူး။တချို့က ကိုယ့်ကိုလာထိတဲ့အခါ အမောက်ထောင် ပြန်ရန်တွေ့တာတွေရှိမယ်။တချို့က စိတ်ညစ်သွားတာ၊စိတ်ဓာတ်ကျတာတွေရှိမယ်။ Emotion အတက်အကျလဲမတူကြဘူး။ကိုယ့်အကြောင်းကိုယ်သိဖို့ ကိုယ့်ကိုကိုယ်အမြဲသုံးသပ်ဖို့လိုတာပဲ။ Phyo Paing @ Derek

Emotional pattern Read More »

Monkey Brain, Robot Brain and Sage Brain ဒီဦးနှောက်သုံးခုကို သေချာအသုံးချဖို့လိုတယ်။

ဖုန်း ၁၄ ရက်လောက်မသုံးရတော့ စိတ်များတဲ့ monkey brain အလုပ်လုပ်တာinstant gratification လုပ်တာနည်းသွားတယ်။ လူတွေရဲ့ ဦးနှောက်မှာ အသစ်အသစ်တွေကို စူးစမ်းခြင်စိတ်မတည်ငြိမ်၊ ရင်ခုန်မှုကိုဖြစ်ချင်တဲ့ monkey brain ဆိုတာရှိတယ်။ နောက် နေ့စဥ်နိစ္စဓူဝ လုပ်နေတဲ့အခါအသုံးပြုတဲ့ robot brain ဆိုတာရှိတယ်။ သွားနေကျ၊ လုပ်နေကျနဲ့သက်ဆိုင်တဲ့ ဦးနှောက်။ နောက်ဆုံးတစ်ခုကတော့ sage brain ဖြစ်ပါတယ်။ပညာရှိဦးနှောက်ဆိုပါတော့။ logic တို့၊ deep thinking လုပ်တဲ့အခါ အသုံးပြုတဲ့ ဦးနှောက်။ ဒါကြောင့် စာရေးနေတဲ့အခါ၊ စာဖတ်ပြီးစူးစိတ်စဥ်းစားနေတဲ့အခါဒီဦးနှောက် ကအလုပ်လုပ်တယ်။ ဒါကြောင့် Tim Ferriss က Social media အသုံးပြုရင်တောင် ဖုန်းနဲ့မသုံးဘူး။ လူတွေကို စွဲလမ်းအောင် monkey brain ရောက်အောင်billion နဲ့ချီအသုံးပြုထားလို့။

Monkey Brain, Robot Brain and Sage Brain ဒီဦးနှောက်သုံးခုကို သေချာအသုံးချဖို့လိုတယ်။ Read More »

တကယ်လို့ အရာရာကို သုညကပြန်စရမယ်ဆို ဘာတွေလုပ်မလဲဆိုတဲ့ အတွေးပါ။ အရာရာကို ပြင်ဆင်ထားဖို့လိုပါတယ်။

အရင်နှစ်တွေက ကိုယ့်ကိုကိုယ် note အနေနဲ့ရေးထားတာ၊ ပြန်မျှဝေပေးလိုက်ပါတယ်။ Rule 1 – မနှိုင်းယှဥ်ပါနဲ့။ သူများနဲ့ နှိုင်းယှဥ်တဲ့အခါ ကိုယ့်ကိုကိုယ် express လုပ်ဖို့ မေ့သွားတတ်တယ်။ လူတစ်ယောက်နဲ့တစ်ယောက်သွားတဲ့လမ်းကြောင်း Career inspiration နဲ့ Dream တွေ၊ Talent တွေမတူတဲ့အတွက် ကိုယ်နဲ့တစ်ခြားသူနဲ့ မနှိုင်းယှဥ်ပါနဲ့. Rule 2 – ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့။ တစ်ခုခုအမှားလုပ်မိတိုင်း ကိုယ့်ကိုကိုယ်အပြစ်တင်ဖူးလား။ ကျွန်တော်ငယ်စဥ်အခါက အမြဲအပြစ်တင်ဖူးတယ်။ ဒါက အကျင့်ကြီးတစ်ခုလိုဖြစ်လာခဲ့ဖူးတယ်။ နောက်တော့ ကိုယ့်ကိုကိုယ်ချစ်တဲ့စိတ်နဲ့ပဲကြည့်တယ်။ ခွင့်လွတ်တယ်။ အားပေးတယ်။ အပြစ်တင်မည့်အစား သင်ခန်းစာယူတယ်။ Rule 3 – ကိုယ့်ကိုကိုယ်သိအောင်လုပ်ပါ။ ဆယ်ကျော်သက်အရွယ်က ကိုယ့်ကိုကိုယ်သိဖို့ မလွယ်သေးဘူး။ Self-awareness လို့ဆိုပါတော့။ ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက်၊ ကိုယ့်ကို

တကယ်လို့ အရာရာကို သုညကပြန်စရမယ်ဆို ဘာတွေလုပ်မလဲဆိုတဲ့ အတွေးပါ။ အရာရာကို ပြင်ဆင်ထားဖို့လိုပါတယ်။ Read More »

ကျွန်တော်တို့ ထွက်ပြေးရှောင်ဖယ်လို့
မရတဲ့သူကတော့ ကိုယ့်ကိုကိုယ်ပဲ။

နေရာဒေသ၊ တခြားသူတစ်ဦးကိုမကြိုက်လို့ရှောင်ဖယ်လို့ရတယ်။ ကိုယ့်ကိုကိုယ်တော့ ရှောင်ဖယ်လို့မရဘူး။ ကိုယ့်ကိုကိုယ် လေးစားနေဖို့အချက်လေးချက်အရေးကြီးတယ်။ 4 Virtues လို့လဲခေါ်တယ်။ တရားမျှတမှု၊ သတ္တိ၊ စဥ်းစားတွေးခေါ်နိုင်မှုနဲ့ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်မှုက နှစ်ထောင်ပေါင်းများစွာကတည်းက ကျင့်သုံးခဲ့တဲ့ Stoic Philosophy ရဲ့ ထောက်တိုင်လေးခုပဲ။ Phyo Paing @ Derek

ကျွန်တော်တို့ ထွက်ပြေးရှောင်ဖယ်လို့
မရတဲ့သူကတော့ ကိုယ့်ကိုကိုယ်ပဲ။
Read More »

ကိုယ့်အိမ်မက်ကို တစ်ယောက်ယောက်က ရိုက်ချိုးတယ်ဆိုတဲ့ စကားကြီးတော့ မသုံးပါနဲ့။ အဲ့လိုလုပ်နိုင်တဲ့စွမ်းရည် ဘယ်သူ့မှာမှမရှိဘူး။

ဘာလိုလိုနဲ့ May 5 ရက်နေ့ရောက်လာခဲ့ပြီ။ ဒီကာလအတွင်းမှာ လူတော်တော်များများမှာ ခံစားချက်ကိုယ်စီရှိကြပြီး Social Media မှာ ထုတ်ဖော်ပြခြင်း၊ သိပ်မဖော်ပြခြင်းသာကွာကြလိမ့်မယ်။ သတင်းကောင်းကို သိပ်တဆိတ်မျှော်လင့်နေကြတာရှိသလို တချို့သူငယ်ချင်းတွေကလဲ သူတို့ယုံကြည်ရာလမ်းကြောင်းအတိုင်း ပေးဆပ်ရမှာသိလျက်နဲ့ ဆက်လျှောက်ကြတယ်။ တစ်ကိုယ်စာအနေနဲ့ကတော့ ဘဝကိုအမြဲ Zero-setting သုညက ပြန်စဖို့ အကြိမ်ကြိမ်အမြဲစဥ်းစားထားတဲ့အတွက် ဘားမှ သိပ်မဖြစ်ပေမယ့် အနာဂတ်အိမ်မက်တွေပြောင်းသွားခဲ့တယ်။ ရိုက်ချိုးခံရတယ်ဆိုတဲ့ အသုံးနှုန်းမသုံးပါဘူး။ ဘယ်သူမှလဲ ကိုယ့်ရဲ့အိမ်မက်ကို ရိုက်ချိုးလို့မရဘူး။ အားလုံးက ကိုယ်နဲ့ပဲဆိုင်တယ်။ ကျွန်တော်တို့နေထိုင်တဲ့ ပတ်ဝန်းကျင် (Environment) ဟာ နောက်ဆုံး layer မှာသာရှိတယ်။ သူ့အထက်မှာ အပြုအမူ၊ ကျွမ်းကျင်မှု၊ ယုံကြည်မှု၊ ခံယူချက်၊ ဘဝရဲ့သမိုင်းပေးတာဝန်အစရှိတာတွေရှိသေးတယ်။ တချို့တွေက ပတ်ဝန်းကျင်နဲ့ အဖြစ်အပျက်တွေကြောင့် ယုံကြည်မှုနဲ့ ခံယူချက်တွေကို ပြောင်းလိုက်ပေမယ့်၊ တချို့က ယုံကြည်မှု၊

ကိုယ့်အိမ်မက်ကို တစ်ယောက်ယောက်က ရိုက်ချိုးတယ်ဆိုတဲ့ စကားကြီးတော့ မသုံးပါနဲ့။ အဲ့လိုလုပ်နိုင်တဲ့စွမ်းရည် ဘယ်သူ့မှာမှမရှိဘူး။ Read More »

အသက်သုံးဆယ်မတိုင်ခင်
Millionaire ဖြစ်ရမယ်။
ဒါ ကလေးဘဝမှာ လူအများစု
စဥ်းစားစိတ်ကူးယဥ်တတ်ကြတယ်။

တကယ်တမ်း စီးပွားရေးလုပ်တဲ့အခါreality မှာ ဒီလိုမဟုတ်ဘူးဆိုတာတကယ်လုပ်ဖူးမှ သိလာကြတာပါ။ ငါလက်ထဲမှာ သိန်း ၁ သောင်း ၄ ထောင်ရှိပြီ မီလျံနာဖြစ်ပြီဟေ့ အဲ့လိုပြောဖို့ခက်ကြတယ်။ထီပေါက်တာ ကလွဲရင်ပေါ့။ ထီဆိုတာကလဲ သင်္ချာမတတ်တဲ့သူတွေအတွက်အခွန်အခလို့ပြောကြတယ်။ကျွန်တော်ကတော့ ကိုယ်မကြိုးစားရင်ကံမကောင်းတတ်တော့ ထီထိုးလေ့မရှိဘူး။ Danko သွားရင်တောင် ကံစမ်းမဲဘယ်တော့မှယူလေ့မရှိဘူး။ တကယ်တမ်း စီးပွားရေးနဖူးတွေ့ ဒူးတွေ့လုပ်တဲ့သူတွေကြည့်ရင် ဘယ်သူမှ Cash များများစားစားလက်ထဲ မထားကြဘူး။ ငွေပြန်ရှာပေးမည့် asset တွေမှာပဲ ရင်းနှီးမြုပ်နှံကြတယ်။ ဒီတော့ ဘယ်နှစ်နှစ်မှာ Millionaire ဖြစ်ရမည်ဆိုတဲ့ အိမ်မက်အစား Cashflow နဲ့ ရည်မှန်းချက်ချတာ သို့ Asset ပိုင်ဆိုင်မှုနဲ့ ရည်မှန်းချက်ချတာက ပိုကောင်းတယ်။ အမှန်တော့ Millionaire ဖြစ်ချင်တယ်ဆိုတာ Social Mobility တက်ချင်တာလို့ ယူဆလို့ရပါတယ်။ ကျွန်တော်တို့နိုင်ငံမှာက Social mobility

အသက်သုံးဆယ်မတိုင်ခင်
Millionaire ဖြစ်ရမယ်။
ဒါ ကလေးဘဝမှာ လူအများစု
စဥ်းစားစိတ်ကူးယဥ်တတ်ကြတယ်။
Read More »

လူတိုင်း နိစ္စဒူဝကြုံတွေ့ရတဲ့
စိတ်ခံစားမှုတွေ ရှိပါတယ်။
ဒါကို Habitual emotion လို့ခေါ်ပါတယ်။

ပုံမှန် စိတ်ခံစားမှုငါးခုပုံမှန်ခံစားရပါတယ်။ တချို့က ကြောက်စိတ်၊ စိတ်တိုင်းမကျတာ၊ဝမ်းနည်းတာ၊ ဒေါသထွက်တာ၊ အထီးကျန်တာ၊အနာဂတ်မဲ့တဲ့ စိတ်ခံစားချက် ဒါတွေကိုခံစားနေရတယ်။ တချို့က feeling ပျော်ရွင်၊ ကျေးဇူးတင်၊ ရင်ခုန်မှု၊ ဝမ်းသာအားရမှု၊ ဂုဏ်ယူမှု၊ အာရုံစူးစိုက်၊မဖြစ်ဖြစ်အောင်လုပ်မည့်စိတ်၊အချစ်ခံရမှု၊ စိတ်ဓာတ်တက်ကြွမှု ဒါတွေခံစားရတယ်။ လူတွေကို အောင်မြင်စေတာ၊ ကျဆုံးစေတာစိတ်ခံစားမှုအဓိက ဖြစ်တဲ့အတွက် စိတ်ခံစားမှုရဲ့ သားကောင်ဖြစ်နေလို့မရဘူး။ ကိုယ့်ခံစားချက်ကို လွမ်းမိုးပြုပြင်နိုင်တဲ့သူဖြစ်ဖို့လိုတယ်။ Phyo Paing @ Derek

လူတိုင်း နိစ္စဒူဝကြုံတွေ့ရတဲ့
စိတ်ခံစားမှုတွေ ရှိပါတယ်။
ဒါကို Habitual emotion လို့ခေါ်ပါတယ်။
Read More »