သဘာ၀
လူတစ်ယောက်က လိုတာထက်ပိုရည်မှန်းချက်ကြီးလာတဲ့အခါလောကကြီးကို စိတ်တိုင်းမကျဖြစ်လာတတ်တယ်။ဒါသဘာဝပါပဲ။ရည်မှန်းချက်မြင့်လာတာနဲ့အတူအတွေးအခေါ် အရည်အချင်းမြင့်လာဖို့လိုတယ်။ Phyo Paing @ Derek
လူတစ်ယောက်က လိုတာထက်ပိုရည်မှန်းချက်ကြီးလာတဲ့အခါလောကကြီးကို စိတ်တိုင်းမကျဖြစ်လာတတ်တယ်။ဒါသဘာဝပါပဲ။ရည်မှန်းချက်မြင့်လာတာနဲ့အတူအတွေးအခေါ် အရည်အချင်းမြင့်လာဖို့လိုတယ်။ Phyo Paing @ Derek
တခါတလေ လောကမှာ ပြင်လို့ရတဲ့အရာတွေရှိသလို တချို့အရာတွေက ပြင်လို့မရဘူး။ တခါတလေ ကိုယ့်မိဘကို၊ကိုယ့်သားသမီးကို၊ကိုယ့်ချစ်တဲ့သူတွေ၊ သမီးရည်းစား၊ပြင်မရတဲ့သူတွေကို ပြင်လို့မရရင် စိတ်ဆင်းရဲခံပြီးပြင်မနေပါနဲ့တော့။ Vicktor Franklr ကတော့ လူတွေက ပတ်ဝန်းကျင်ကို ပြောင်းလို့မရတဲ့အခါကိုယ့်ကိုကိုယ် ပြောင်းဖို့ကြိုးစားကြတယ်တဲ့။ ကိုယ့်ကိုကိုယ်ပဲ ပြောင်းဖို့ကြိုးစားပါ။ Phyo Paing @ Derek
တခြားသူတွေကို ပြင်ဖို့မကြိုးစားပါနဲ့။ Read More »
၁။ လုပ်နေတာပဲ။ (အချိန်အလွန်ဆွဲလွန်းခြင်း) ၂။ ခုချိန် လူတိုင်းအဆင်မပြေဘူး။ (အားလုံးဝါးလုံးရှည်နဲ့ရမ်းခြင်း) ၃။ လုပ်မှ မလုပ်တတ်တာ။ လုပ်မှမလုပ်ဖူးတာ။ သူတို့က ဒါတွေလုပ်နေတာ ကြာလှပြီ။ (တစ်ခုခုဆို မဖြစ်နိုင်တာ စဥ်းစားလွန်းခြင်း) ၄။ ဘယ်အချိန်ကံကောင်းမလဲ မသိပါဘူး။ (ကံကိုအားကိုးလွန်းခြင်း)၅။ ကိုယ်ကအဲ့လိုလုပ်ရင် ဖြစ်မယ်သိတယ်။ မလုပ်ချင်လို့မလုပ်တာ။ (ကိုယ့်ကိုကိုယ်အထင်ကြီးပြီး အချိန်ဆွဲခြင်း)၆။ သူလုပ်တဲ့ အဲ့ဒီ idea လုပ်မယ်လို့စဥ်းစားထားတာ ကြာပြီ။ (အကောင်အထည်ဖော်မှု မရှိခြင်း)၇။ အော်မေ့သွားလို့။ နှစ်ရက်လောက်ပဲနောက်ကျတာပဲ။ ကားလမ်းပိတ်တော့ ဒီလိုပဲနောက်ကျကျမှာပဲ။ (ကိုယ့်ကိုကိုယ် ဖြေတွေးလွန်းခြင်း၊ ကတိမတည်ခြင်း)၈။ ဒီလို နေရာမှာနေပြီး ဘာတွေဖြစ်နိုင်မှာလဲ။ (ပတ်ဝန်းကျင် ပယောဂကြောင့် မအောင်မြင်နိုင်ဘူးထင်ခြင်း) =============================ကျွန်တော်တွေ့ဖူးတဲ့ အောင်မြင်တဲ့သူတွေက ============================= ၁။ သူတို့ဖြစ်ချင်တာကိုပဲ အာရုံစိုက်နေတယ်။ ၂။ တစ်ခုခုသိရင် ချက်ချင်းလုပ်တာပဲ။
ကျွန်တော်တွေ့ဖူးတဲ့ အလုပ်မဖြစ်တဲ့သူတွေက ဒီစကားတွေပြောကြတယ်။ Read More »
စာဘယ်လောက်ကြိုးစားကြိုးစားနည်းလမ်းမမှန်ရင် အောင်စာရင်းမှာအမှတ်နည်းမှာပဲ။ လူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးမှာ ဘယ်လောက်စေတနာရှိရှိ နည်းလမ်းမှားရင်လူချစ်လူခင်နည်းမှာပဲ။ စီးပွားရေးမှာ ဘယ်လောက်ကြိုးစားကြိုးစားနည်းလမ်းမမှန်ရင် အမြတ်ငွေ အောင်စာရင်းကအမှတ်ရသင့်သလောက်ရမှာ မဟုတ်ဘူး။ အထူးသဖြင့် ဆရာ၊ ဆရာမ ဘယ်သူ့မှ favorမပေးတဲ့ ခေတ်မှာပေါ့။ Phyo Paing @ Derek
ဒီအယူအဆက Social media မှာpost တင်ဖို့အချိန်မရှိတိုင်း ကိုယ့်ကိုကိုယ်ပြန်လည် သတိပေးတဲ့အချက်ဖြစ်ပါတယ်။ လူတစ်ယောက်ကို ကူညီနိုင်တာ ငွေတစ်ခုတည်း မဟုတ်ပါဘူး။ လူတိုင်းဟာ မတူညီတဲ့ကျွမ်းကျင်မှုနဲ့ မတူညီတဲ့နေရာတွေရောက်နေတဲ့အတွက်ကြောင့်ကိုယ်စဥ်းစားတဲ့ အတွေးတစ်ခုဟာ content တစ်ခုဟာတစ်ခြားတစ်ယောက်ကို ကူညီကောင်းကူညီနိုင်စေလိမ့်မယ်။ Phyo Paing @ Derek
တစ်ရက်လူတစ်ယောက်ကို ကူညီပါ။ Read More »
တော်တော်အံမဝင်တဲ့သူတွေ အများနဲ့အံဝင်ဂွင်မကျသူတွေရှိတယ်။အများစုက Drama တွေနဲ့ရှုပ်နေချိန်မှာသူတို့က သူတို့ Dream တွေနဲ့ ရှုပ်နေတယ်။ အများစုက တခြားသူတွေအကြောင်းGossip လုပ်နေချိန်မှာသူတို့က အိမ်မက်တွေကိုGoal တွေအဖြစ် ပြောင်းနေကြတယ်။ အများစုက ပတ်ဝန်းကျင်ကြောင့်ဖြစ်တဲ့ပယောဂတွေကြောင့် Stress တွေများနေချိန်သူတို့က ရည်မှန်းချက်တွေရောက်အောင်Strategy တွေ ချနေကြတယ်။ လူအများစုက တခြားသူတွေရဲ့အမှားMistakes တွေကို လက်ညှိုးထိုးအရသာခံရယ်မော ပြောဆိုနေကြချိန်မှာသူတို့က Massive Action တွေနဲ့မဟာဗျူဟာတွေ အကောင်ထည်ဖော်နေတယ်။ လူအများစုက အရာရာကိုBlame ပြီး ဘဝကြီးမှောင်မှိက်နေချိန်မှာသူတို့က ဘဝဟာ Blessing ပဲဆိုပြီးကျေးဇူးတင်စိတ်တွေနဲ့ နေနေကြတယ်။ တော်တော် အံမဝင်တဲ့သူတွေဗျာ။ Phyo Paing @ Derek
အံမဝင်တဲ့သူတွေအကြောင်း Read More »
လူတိုင်းသဘောကျဖို့ မရည်ရွယ်ပါနဲ့။ပင်ပန်းလိမ့်မယ်။လုပ်စရာရှိတာကိုလုပ်။ Phyo Paing @ Derek
လူတိုင်း ကိုယ့်ကိုသဘောကျမှာမဟုတ်။ Read More »
တခါတစ်လေ လူတိုင်းမှာ“မင်းမှန်တယ်” “ဆက်လုပ်”“ငါ မင်းအနောက်”မှာ ရှိနေတယ်။“မင်းကတော်ပြီးသားပဲ”ဒီလို ကိုယ့်ကို ယုံကြည်တဲ့သူတစ်ယောက်ဘ၀တစ်ကွေ့မှာ တစ်ခေါက်တွေ့နိုင်တယ်။ ဒီလိုလူကြောင့်လဲ ကိုယ့်ဘ၀ ပြောင်းလဲသွားတတ်တယ်။ကိုယ့်ကို အမြဲအပြစ်တင်တတ်တဲ့သူတွေကြောင့်ကြီးပွားတိုးတက်ဖို့မလွယ်ဘူး။ Phyo Paing @ Derek
တခါတစ်လေ လူတိုင်းမှာ Read More »
လူတွေကို နားလည်ပေးဖို့လိုတယ်။ လူတိုင်းမှာ Insecurities အနည်းနဲ့အများရှိတယ်။ ဟာသတွေလုပ်တတ်တဲ့သူကသူ့ဘဝမှာ ဝမ်းနည်းမှုတွေကို ဟာသတွေနဲ့မျက်နှာဖုံးအုပ်ထားတာဖြစ်နိုင်တယ်။ တခြားသူတွေကို အပြစ်ပြောတဲ့သူအနေနဲ့လူတွေ သူ့ရဲ့အားနည်းချက်မသိစေချင်တာဖြစ်ကောင်းဖြစ်နိုင်တယ်။ ကြွားတတ်တဲ့သူက အသိအမှတ်ပြုမှုကိုဆာလောင်နေတာဖြစ်နိုင်တယ်။ အပြုံးတွေနဲ့ လူတိုင်းကိုဆက်ဆံသူတစ်ယောက်မှာ အံကြိတ်ထားတဲ့ ခါးသီးမှုတွေရှိနေနိုင်တယ်။ လူတိုင်းသူ့အပူနဲ့သူပဲ။ လူတွေကို နားလည်ပေးဖို့လိုတယ်။ Phyo Paing @ Derek
လူတွေကိုချစ်တတ်ဖို့လိုတယ်။ Read More »
1. တချို့လူတွေက လူတွေကို အုပ်ချုပ်ရတာ အားသန်တယ်။ 2. တချို့က ကိန်းဂဏန်းတွေကို ရင်ခုန်စရာလို့မြင်ပြီး ဒီထဲမှာ ပျော်မွေ့တယ်။ 3. တချို့ကျပြန်တော့ စနစ်တွေတည်ဆောက်ရတာ တော်တယ်။ 4. တချို့ကျတော့ အသစ်အသစ်တွေ ဖန်တီးနေရမှ စိတ်ကျေနပ်မှုရှိတယ်။ Phyo Paing @ Derek