Human Nature

မတူတဲ့ လူ 4 မျိုး

1. တချို့လူတွေက လူတွေကို အုပ်ချုပ်ရတာ အားသန်တယ်။ 2. တချို့က ကိန်းဂဏန်းတွေကို ရင်ခုန်စရာလို့မြင်ပြီး ဒီထဲမှာ ပျော်မွေ့တယ်။ 3. တချို့ကျပြန်တော့ စနစ်တွေတည်ဆောက်ရတာ တော်တယ်။ 4. တချို့ကျတော့ အသစ်အသစ်တွေ ဖန်တီးနေရမှ စိတ်ကျေနပ်မှုရှိတယ်။ Phyo Paing @ Derek

မတူတဲ့ လူ 4 မျိုး Read More »

အာဏာ ပါဝါ

Power ရဲ့ အရသာကြောင့်လူတွေပြောင်းလဲသွားကြတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ထောင်လောက်ကCalendar ကိုအသစ်ပြန်တီထွင်ခဲ့တဲ့Julius Caesar ဟာ ရောမရဲ့Consul ဖြစ်ဖို့အတွက်ကိုSenate ရဲ့ လက်ခံမှုရဖို့သူ့ရန်သူ Pompey ကိုသူ့သမီးဆက်သခဲ့တယ်။ အီဂျစ်မှာ Cleopatra ကလီယိုပက်ထရာကသူ့မောင်အရင်းဖြစ်တဲ့Ptolemy XIII နဲ့ လက်ထပ်ထားပြီးအီဂျစ်ကိုအုပ်ချုပ်တယ်။ Cleopatra ဟာ သူ့မောင် အရင်းဘုရင်Ptolemy XIII ကိုသတ်ခဲ့သလိုCaesar နဲ့ရတဲ့ ကလေး Caesarion မွေးတဲ့အခါPower ကို သားတော်ကိုပေးဖို့သူ့နောက်မောင်တစ်ယောက်ဖြစ်တဲ့Ptolemy XIV ကိုအဆိပ်ခပ်သတ်လုပ်ကြံခဲ့တယ်။ အီဂျစ်မှာ ၆ နှစ်ကြာပြီးCaesar ရောမပြန်ရောက်ချိန်မှာတိုင်းပြည်ကရစရာမရှိဖြစ်နေတယ်။တိုင်ပြည်ပြန်လည်ထူထောင်ချင်တယ်။ဒါကြောင့် ဆယ်နှစ်တာ အာဏာရှင်အဖြစ်ရှိနေဖို့Senate ရဲ့ ထောက်ခံမှုယူတယ်။​ ဆယ်နှစ်ပြည့်တော့ ထာဝရ ဘုရင်အဖြစ်ရှိနေဖို့Senate ရဲ့ထောက်ခံချက်ရယူရာမှာဓားဒဏ်ရာ ၂၃ ချက်နဲ့ Senate မှာလုပ်ကြံသတ်ဖြတ်ခံရတယ်။ Caesar သေဆုံးတဲ့နောက်ပိုင်းမှာCleopatra နဲ့ Caesar ရတဲ့ကလေးကတော့အီဂျစ်မှာ

အာဏာ ပါဝါ Read More »

နှိုင်းယှဉ်မှု မပြုလုပ်ပါနဲ့။

လူတွေရဲ့အပြုအမူဟာ ကလေးဘ၀ရဲ့ စိတ်ခံစားမှုနဲ့ဆက်စပ်တယ်။ ကိုယ့်ကလေးအချင်းချင်း နှိုင်းယှဉ်ခံရတဲ့ မိသားစုက ကြီးပျင်းခဲ့တဲ့ ကလေးတွေက အသက်ကြီးလာတဲ့အခါ အချင်းချင်းမသိစိတ်က ပိုပြိုင်ဆိုင်ကြပြီး စည်းလုံးမှုနည်းတာ တွေ့ကြရတယ်တဲ့။ သားသမီးအချင်းချင်း နှိုင်းယှဉ်မှုမပြုလုပ်ပါနဲ့။ Phyo Paing @ Derek

နှိုင်းယှဉ်မှု မပြုလုပ်ပါနဲ့။ Read More »

အလုပ်ပိုဖြစ်တာပေါ့။

လူတွေဟာစိတ်ခံစားမှုကို အားအဖြစ်အသုံးပြုရမည့်အစား၊ သားကောင်ဖြစ်နေကြတယ်။ အပြစ်မြင်စိတ်၊ ကြောက်စိတ်၊ ရှက်စိတ်၊ မနာလို၀န်တိုစိတ် တွေရဲ့ သားကောင်အစား၊ ဒါတွေကို တွန်းအား၊ ရင်ခုန်မှု၊ မေတ္တာ၊ ကျေးဇူးတင်စိတ် အဖြစ်ပြောင်းလဲနိုင်ရန် အလုပ်ပိုဖြစ်တာပေါ့။ Phyo Paing @ Derek

အလုပ်ပိုဖြစ်တာပေါ့။ Read More »

ဓာတ်ကူးတတ်တယ်။

ဟစ်တလာ သေဆုံးချိန် အလောင်းမတွေ့သလိုဘင်လာဒင်သေတော့လဲ အလားတူဖြစ်တာကိုတွေ့ရမှာ ဖြစ်တယ်။ ဒါကတော့လူတစ်ယောက်ရဲ့ ဖြစ်တည်မှု၊ အတွေးအခေါ်၊အယူအဆ၊ inspiration တွေ တခြားသူတွေကိုမပြန့်သွားအောင် ထိန်းချုပ်တယ်လို့ယူဆတယ်။ ငယ်ငယ်က ဖတ်ဖူးတဲ့ Bill Clinton ရဲ့ အထုပတ္ထိ My life မှာသူဟာ သမ္မတ John F. Kennedy နဲ့တွေ့ပြီးနိုင်ငံရေးထဲရောက်လာတယ်လို့ဆိုတယ်။ ဒီမတိုင်ခင်မှာ ဆေးပညာ၊ ဂီတ၊ ဥပဒေရေးရာဘာလုပ်ရမယ် တိတိကျကျ မရှိသေးဘူး။ 1963 မှာ American Legion ရဲ့အစီအစဉ်အရသမ္မတ John F. Kennedy နဲ့ လက်ဆွဲနှုတ်ဆက်ခွင့်ရခဲ့ပြီး နှစ်သုံးဆယ်ကြာနောက်Bill Clinton ကိုယ်တိုင် အမေရိကန် သမ္မတဖြစ်လာတယ်။ ဓာတ်ဆိုတာ ကူးတတ်တဲ့ သဘောရှိတဲ့အတွက်အမြဲမကောင်းမြင်တတ်တဲ့သူတွေ၊ဘူကောင် (မကောင်းအမြဲမြင်သူ)တွေကို အတွေးအခေါ်ကူးစက်တတ်တဲ့အတွက်ဖြစ်နိုင်ရင် သတိနဲ့ပေါင်းသင့်တာ အားလုံးသိပြီး ဖြစ်မှာပါ။

ဓာတ်ကူးတတ်တယ်။ Read More »

အောင်မြင်မှု နှင့် ပျော်ရွှင်မှု

လိုချင်တာကို ရအောင်လုပ်နိုင်ရင် အောင်မြင်မှုရနိုင်တယ်။ စွန့်လွှတ်ခြင်းနှင့် ခွင့်လွှတ်ခြင်းကို လုပ်နိုင်ရင်တော့ ပျော်ရွှင်မှုရနိုင်မယ်။ Phyo Paing @ Derek

အောင်မြင်မှု နှင့် ပျော်ရွှင်မှု Read More »

လူတိုင်းကိုယ့်ကို သဘောကျမှာမဟုတ်။

လူတိုင်းသဘောကျဖို့ မရည်ရွယ်ပါနဲ့။ပင်ပန်းလိမ့်မယ်။လုပ်စရာရှိတာကိုလုပ်။Phyo Paing @ Derek

လူတိုင်းကိုယ့်ကို သဘောကျမှာမဟုတ်။ Read More »

စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေဟာ ဒီအရာတွေကို မလုပ်ပါဘူး။

ကျွန်တော်တို့တွေ ခန္ဓာကိုယ်ကို သန်မာကြံ့ခိုင်အောင် ပြုလုပ်ဖို့ အရေးကြီးသလို စိတ်ဓာတ်ကြံ့ခိုင်ဖို့အတွက် ပြုလုပ်ဖို့ကလဲ အရေးကြီးပါတယ်။ စီးပွားရေးလုပ်တဲ့နေရာမှာလဲ စိတ်ဓာတ်ကြံ့ခိုင်မှုရှိတာဟာ အောင်မြင်ဖို့အတွက် တွန်းအားတစ်ခုပါ။ စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေဟာ ဒီအရာတွေကို မလုပ်ပါဘူး။ ကိုယ့်ကိုယ်ကို အပြစ်တင်ရင်း အချိန်တွေ မကုန်ဆုံးတတ်ပါဘူး။ စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေဟာ ကိုယ်အကောင်းဆုံး လုပ်ဆောင်ခဲ့တဲ့ ကိစ္စတွေ မဖြစ်မြောက်ရင်တောင် ကိုယ့်ကိုယ်ကို အပြစ်တင်ရင်း အချိန်တွေ ကုန်ဆုံးတာမျိုး မလုပ်ကြပါဘူး။ အခြေအနေတွေ ဆိုးရွားသွားရင်တောင် သူတို့လုပ်ခဲ့တဲ့ အရာတွေ ရရှိလာတဲ့ ရလဒ်တွေအတွက် ကိုယ့်ကိုယ်ကို အပြစ်မတင်ဘဲ တာဝန်ယူဖို့ပဲ စဉ်းစားပါတယ်။ သူများတွေက ပေးတဲ့ negative energy တွေကို မယူတတ်ပါဘူး စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေဟာ တစ်ခြားသူတွေက ကိုယ့်ကို မကောင်းပြောတာတွေ စိတ်ဓာတ်ကျအောင် ပြောတာတွေ စတဲ့ စကားသံတွေကို လက်ခံလေ့မရှိပါဘူး။ သူတို့တွေဟာ

စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေဟာ ဒီအရာတွေကို မလုပ်ပါဘူး။ Read More »