Knowledge

ပညာကို မရှာဘဲလာဝယ်ဖို့
အမှတ်တံဆိပ်တည်ဆောက်ရတယ်။

ပညာတတ်ပြီး ပိုက်ဆံမရှိတာပညာကိုမရောင်းတတ်လို့။ပညာကို လုပ်အားအနေနဲ့ရောင်းလို့ရတယ်။ထုတ်ကုန်အနေနဲ့ရောင်းလို့ရတယ်။အမှတ်တံဆိပ်အနေနဲ့ရောင်းလို့ရတယ်။ ပညာကို လုပ်အားနဲ့ရှာဖို့အလုပ်လျှောက်တာနဲ့စလို့ရတယ်။ပညာကို မရှာဘဲလာဝယ်ဖို့အမှတ်တံဆိပ်တည်ဆောက်ရတယ်။ Phyo Paing @ Derek

ပညာကို မရှာဘဲလာဝယ်ဖို့
အမှတ်တံဆိပ်တည်ဆောက်ရတယ်။
Read More »

အရင်ခေတ်
knowledge is power.

အရင်ခေတ်knowledge is power.ပညာဆိုတာ ပါဝါ။ ဒီနေ့ခေတ်Secret and Specialized Knowledge is Power.လူအများမသိတဲ့ ကိုယ့်လုပ်ငန်းနယ်ပယ်လျှိုဝှက်ချက်၊အထူးပြုအသိပညာက ပါဝါ။ Phyo Paing @ Derek

အရင်ခေတ်
knowledge is power.
Read More »

လူတွေရဲ့
အစွမ်းအစတိုးတက်အောင်
လုပ်ဆောင်ပေးတဲ့အရာ

ပညာရေးက လူတွေရဲ့အစွမ်းအစတိုးတက်အောင်လုပ်ဆောင်ပေးတဲ့အရာပဲ။ ပညာရေးကို ကျောင်းတွေကရတယ်။စာအုပ်တွေက ရတယ်။သင်ယူမှုက ရတယ်။ တက်ခဲ့တဲ့ကျောင်းမတူရင်အရည်အချင်းမတူဘူး။ဖတ်ခဲ့တဲ့စာအုပ်မတူရင်အတွေးအခေါ်မတူဘူး။သင်ယူမှုမတူရင်လုပ်ဆောင်နိုင်စွမ်းမတူဘူး။ ဒါကြောင့်လဲ မိဘတွေကပိုက်ဆံရှိလာရင်ကိုယ့်ကလေးတွေကိုငွေကုန်ကြေးကျခံပြီးကျောင်းကောင်းကောင်းထားကြတယ်။ သာမန်အသိုင်းအဝိုင်းထဲကျင်လည်မယ်ဆို ကိစ္စမရှိပေမယ့်ဘဝရဲ့ကျင်လည်ရာနောက်အသိုင်းအဝိုင်းတစ်ခုသွားဖို့ပညာရေးနောက်ခံလိုတယ်။ သူဌေးချင်းတူပေမည့်ပညာတတ်တာနဲ့မတတ်တာကလဲလူတောတိုးမှုလေးစားမှု မတူပြန်ဘူး။ ဒါက လောကသဘာဝတရားတွေ။ဒါကြောင့် ငယ်ရွယ်တုန်းပညာသင်လို့ဆိုခဲ့ကြတာ။ အစွမ်းအစနဲ့ အားထုတ်မှုပေါင်းမှအမြင့်ဆုံးရောက်နိုင်မယ်မဟုတ်လား။ Phyo Paing @ Derek

လူတွေရဲ့
အစွမ်းအစတိုးတက်အောင်
လုပ်ဆောင်ပေးတဲ့အရာ
Read More »

အဓိပ္ပာယ်ရှိတဲ့ တိုက်ဆိုက်မှုများ

ဒီလိုကြုံဖူးလားမသိဘူး။လူတစ်ယောက်အကြောင်းစဉ်းစားနေတုန်းသူ့ဆီက မက်ဆေ့ပို့လာတာမျိုး။တစ်ယောက်ယောက်ကို တွေးနေတုန်းသူနဲ့လမ်းမှာ ဆုံတာမျိုး။ ဒါကို စိတ်ပညာရှင်ကြီးCarl Jung က synchronicityအဓိပ္ပာယ်ရှိတဲ့ တိုက်ဆိုက်မှုများလို့နာမည်ပေးခဲ့တယ်။ ဒါဖြစ်တော့မလားမသိဘူးဆိုတဲ့အချိန်ဖြစ်သွားတာမျိုး။လူတချို့ ဘဝမှာ မကြာမကြာကြုံဖူးတတ်ကြတယ်။အထူးသဖြင့် intuitive ဖြစ်တဲ့သူတွေမှာဒီလိုအဖြစ်အပျက်ပိုတွေ့တတ်တယ်လို့ဆိုတယ်။ ဒါကို တချို့က cognitive biasစဉ်းစားမှုဆိုင်ရာဘက်လိုက်မှုလို့ဆိုသလို၊တချို့က ရာခိုင်နှုန်းအရကြည့်ရင်ဖြစ်နိုင်ခြေရှိတဲ့အရာတစ်ခုလို့ဆိုပြီး၊Carl Jung ကတော့Collective unconsciousness ကြောင့်လို့ဆိုတယ်။ ဘဝမှာ အဲ့လို ကြုံဖူးသလား။ Phyo Paing @ Derek

အဓိပ္ပာယ်ရှိတဲ့ တိုက်ဆိုက်မှုများ Read More »

ကိလေသာက လောင်စာဆီပဲ။

ကိလေသာက လောင်စာဆီပဲ။ ကိလေသာဆယ်ပါးကြောင့်ကမ္မဝဋ်ဖြစ်တယ်။ကမ္မဝဋ်ကြောင့်ခန္ဓာဝဋ် ဖြစ်တယ်။ လည်ပတ်နေတဲ့စက်ဝန်း(သံသရာစက်ဝန်း) ကိုဝဋ် ခေါ်ပါတယ်။ လူတွေရဲ့စိတ်ထဲမှာ ရှိနေတဲ့ညစ်ညမ်းမှု၊ ရမ္မက်၊ လောဘ၊ဒေါသ၊ မောဟ စတဲ့ အညစ်အကြေးတွေကိုကိလေသာလို့ခေါ်တယ်။ ဒီကိလေသာကြောင့်သံသရာလည်စေတဲ့ကံစက်ဝန်းကိုကမ္မဝဋ်လို့ခေါ်တယ်။ကုသိုလ်၊ အကုသိုလ်နဲ့ စျာန်သုံးပါးနဲ့လည်ပတ်နေတယ်။ အမြင်၊ အကြား၊ အရသာ၊အထိအတွေ့၊ သိမှု၊ခံစားမှုတွေပါဝင်တဲ့ဖြစ်လိုက်၊ ပျက်လိုက်၊မတည်မြဲပဲ တချိန်ပုပ်ပွမည့်ခန္ဓာကြီးရှိနေတာခန္ဓာဝဋ်ပါပဲ။ ဒီလို ဒစ်လည်နေတာကိုဖြတ်ဖို့အတွက် ကိလေသာမီးငြိမ်းဖို့ကြိုးစားအားထုတ်ကြဖို့ဗုဒ္ဓက ဆုံးမခဲ့တယ်။​ ကမ္ဘာပေါ်မှာ စေတီပုထိုးအများဆုံးတည်ပြီးတလွဲအလုပ်ဆုံးနိုင်ငံပြပါဆိုကိုယ့်ပေါင်ကိုယ်လှန်ထောင်းရမှာပဲဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ကိုးကွယ်မှုအသားပေးပြီးကျင့်သုံးမှု အားနည်း လို့ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဆိုတာ Secular practiceကျင့်သုံးမှုအသားပေးအဆုံးအမဖြစ်ပါတယ်။ ကိလေသာမီးငြိမ်းဖို့ကိလေသာမီးဆယ်ပါးကိုသိဖို့လိုတယ်။ ၁။ လောဘ – အရာဝတ္ထုများကို စွဲလမ်းတပ်မက်ခြင်းဖြစ်ပါတယ်။ ပိုင်ဆိုင်မှု၊ ရာထူး၊ ဂုဏ်သိက္ခာ စတာတွေအပေါ် တွယ်တာစွဲလမ်းခြင်းပါ။ လောဘကြောင့် လူတွေဟာ မရိုးသားတဲ့နည်းတွေနဲ့ ဥစ္စာရှာတတ်ကြပါတယ်။ ၂။ ဒေါသ – စိတ်ဆိုးခြင်း၊ ပူဆွေးခြင်း၊

ကိလေသာက လောင်စာဆီပဲ။ Read More »

မေတ္တာပွားများတတ်မှ
ဘဝက နေပျော်နိုင်မယ်။

မတ်ေတာ မြန်မာနိုင်ငံသားအချင်းချင်းလိုင်စင်မရှိဘဲဆိုင်ဖွင့်လို့ထိုင်းရဲကို တိုင်တယ်တို့၊အချင်းချင်း ရဲတိုင်တယ်တို့မကြာခဏ ကြားလာရတဲ့အခါစိတ်မကောင်းဖြစ်ရတယ်။ ကျွန်တော်တို့ ကိုးကွယ်တယ်ပြောပြီးကျင့်သုံးဖို့ မေ့နေတာဗုဒ္ဓဘာသာများဖြစ်မလားစဥ်းစားမိတယ်။ ဗုဒ္ဓဘာသာဆိုတာ ဗုဒ္ဓအဆုံးအမဖြစ်တယ်။ ဗုဒ္ဓက သတ္တာဝါအချင်းချင်းမေတ္တာထားတတ်ဖို့သင်ပေးခဲ့တယ်။ မတ်ေတာဆိုတာမိတ္တ (မိတ်ဆွေ) မှ ဆင်းသက်လာပြီးမိတ်ဆွေကဲ့သို့ ချစ်ခင်မြတ်နိုးခြင်းလို့အဓိပ္ပာယ်ရတယ်။ မေတ္တာဆိုတာ စေတသိတ် ၅၂ ပါးမှာသောဘဏစေတသိက် ၂၅ ပါးမှာပါဝင်တယ်။အတိုင်းအဆမရှိ၊ အကန့်အသတ်မရှိရှုမှတ်ခြင်း၊ သိမှတ်ခြင်း ပွားများနိုင်တဲ့အပ္ပမည္ညာစေတသိက် ၂ ပါးထဲကတစ်ပါးဖြစ်တယ်။ မေတ္တာသုတ်ရဲ့အနက်အဓိပ္ပာယ်ကိုပါဠိနဲ့ မြန်မာအဓိပ္ပာယ်တခါတည်းဖော်ပြလိုက်ပါမယ်။ ယနေ သုတ်တနေ ဘဂဝါ ဘိက်ခူ သီမာသမ်မုတိ ကရဏကာလေ ရက်ခဏတ်ထာယ ဥဂ်ဂဏှာပသေိ။ | ဘုရားရှင်သည် သီမာသတ်မှတ်ခြင်း ပြုရာကာလ၌ ရဟန်းတော်များအား အန္တရာယ်ကင်းစေရန် ဤသုတ်တော်ကို သင်ယူစေတော်မူ၏။ ၁။ ကရဏီယမထန္တဿ၊ | အကျင့်သိက္ခာနှင့် ပြည့်စုံလိုသော ပုဂ္ဂိုလ်သည်၊ယန္တ သန္တံ ပဒံ အဘိသမေစ္စ၊

မေတ္တာပွားများတတ်မှ
ဘဝက နေပျော်နိုင်မယ်။
Read More »

အိုမင်းမှုကို အတိုင်းအတာတစ်ခုထိ
တွန်းလှန်နိုင်ဖို့
အမူအကျင့်တွေကို ဂရုစိုက်ရမယ်။

နည်းပညာတွေတိုးတက်လာတာနဲ့အမျှအနာဂတ်မှာ အသက် ၁၀၀ ကိုအနာကင်းကင်းနဲ့ နေနိုင်လာတဲ့ခေတ်ရောက်လာဖို့များတယ်။ ၂၀၂၃ ဒေတာအရကမ္ဘာ့နိုင်ငံများ၏ ပျမ်းမျှသက်တမ်းတွေက Central African Republic: 53.9 နှစ်Nigeria: 55.0 နှစ်Somalia: 58.3 နှစ်မြန်မာနိုင်ငံ (Myanmar): 67.4 နှစ်India: 70.1 နှစ်Malaysia (မလေးရှား): 76.4 နှစ်Thailand (ထိုင်း): 77.0 နှစ်China: 77.1 နှစ်United States: 77.3 နှစ်United Kingdom: 81.3 နှစ်Singapore (စင်္ကာပူ): 83.9 နှစ်Switzerland: 84.0 နှစ်Japan: 84.8 နှစ်Monaco: 85.9 နှစ် အနိမ့်ဆုံး 53.9 ကနေ 85.9 ထိရှိနေပြီ။ လွန်ခဲ့တဲ့ နှစ်ငါးဆယ် ၁၉၇၃ ခုနှစ်က မြန်မာ

အိုမင်းမှုကို အတိုင်းအတာတစ်ခုထိ
တွန်းလှန်နိုင်ဖို့
အမူအကျင့်တွေကို ဂရုစိုက်ရမယ်။
Read More »

ဘဝတစ်ခု သေချာတည်ဆောက်ဖို့
မှန်ကန်တဲ့အမြင် အတော်အရေးကြီးတယ်။

သံသရာက မထွက်နိုင်သေးလို့လူဆိုတာဖြစ်နေတာ။ဒါကြောင့် လူတွေကိုအလုံးစုံယုံကြည်လို့မရဘူး။ လူ ဆိုတဲ့ ပုထုဇဉ်ဆိုတာ“ပုထု” (များပြား) +“ဇန” (ဖြစ်စေသော) ဆိုတဲ့စကားလုံးနှစ်လုံး ပေါင်းထားတာ ဖြစ်ပါတယ်။“များပြားသော ကိလေသာတို့ကို ဖြစ်ပွားစေသူ” လို့အဓိပ္ပါယ်ရပါတယ်။ ၁.၁။ လောဘ – တပ်မက်ခြင်း၊ လိုချင်တပ်မက်မှု၁.၂။ ဒေါသ – အမျက်ထွက်ခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၁.၃။ မောဟ – အသိဉာဏ်ကင်းမဲ့ခြင်း၊ တွေဝေခြင်း၁.၄။ မာန – မာနထောင်လွှားခြင်း၊ မာနကြီးခြင်း၁.၅။ ဒိဋ္ဌိ – မှားယွင်းသော အယူအဆများ၁.၆။ ဝိစိကိစ္ဆာ – ယုံမှားသံသယဖြစ်ခြင်း၁.၇။ ထိနမိဒ္ဓ – ထိုင်းမှိုင်းထိုင်းကျိုင်းခြင်း၊ ငိုက်မျဉ်းခြင်း၁.၈။ ဥဒ္ဓစ္စ – စိတ်ပျံ့လွင့်ခြင်း၁.၉။ အဟိရိက – မကောင်းမှုပြုရန် မရှက်ခြင်း၁.၁၀။ အနောတ္တပ္ပ – မကောင်းမှုပြုရန် မကြောက်ခြင်း ဒီကိလေသာတွေ

ဘဝတစ်ခု သေချာတည်ဆောက်ဖို့
မှန်ကန်တဲ့အမြင် အတော်အရေးကြီးတယ်။
Read More »

စတိဂျော့ပြောသလို လူတိုင်းကိုပျော်စေချင်ရင်ice-cream ရောင်းတဲ့

ဘဝကို အကြည်ဓာတ်အပြည့်နဲ့ ဖြတ်သန်းချင်ရင်လူတိုင်းကို ပြင်ပေးချင်တဲ့ စိတ်ဖျောက်။​လူတိုင်းကို စိတ်ကျေနပ်စေချင်တဲ့စိတ်ဖျောက်။ စတိဂျော့ပြောသလို လူတိုင်းကိုပျော်စေချင်ရင်ice-cream ရောင်းတဲ့။ လူတိုင်းကိုယ့်ကို သဘောကျမှာမဟုတ်ဘူး။​ကိုယ့်ဘယ်လောက် လုပ်ပေးလုပ်ပေးလူတိုင်း ကိုယ့်ကို appreciate လုပ်မှာ မဟုတ်ဘူး။ကျေးဇူးတင်တတ်မှာ မဟုတ်ဘူး။ ဒါကြောင့် ဘဝမှာလမ်းချင်းတူရင် လူချင်းတွေ့လိမ့်မယ်လို့ပဲအမြဲ ခံယူထားတယ်။ လူတွေကို ပြင်လဲ မပေးချင်ဘူး။ကိုယ့်ကိုယ်ကိုတောင်တော်တော်ပြင်ယူနေရတာ။ 😀လူတိုင်းကိုလဲ​ စိတ်ကျေနပ်အောင်အရမ်းကြိုးစားမနေတော့ဘူး။ ဘဝမှာ ကိုယ့်ကိုယ်ကို တန်ဖိုးတစ်ခုထားတဲ့အခါကိုယ့်ကို ကိုယ့်လို တန်ဖိုးထားတဲ့သူတွေနဲ့ပဲတွေ့ချင်တော့တယ်။ အမြဲခံယူထားတာ ကိုယ်နဲ့သိလို့မနစ်နာသွားစေရဘူး။ Phyo Paing @ Derek

စတိဂျော့ပြောသလို လူတိုင်းကိုပျော်စေချင်ရင်ice-cream ရောင်းတဲ့ Read More »

ပိုက်ဆံက တံခါးတွေကိုဖွင့်ပေးတယ်။

ပိုက်ဆံက တံခါးတွေကိုဖွင့်ပေးတယ်။ ပိုက်ဆံက သော့တစ်ချောင်းပဲ။ဘယ်နိုင်ငံရဲ့ နိုင်ငံသားဖြစ်ချင်လဲလုံလောက်တဲ့ ငွေကြေးရှိရင်တော်တော်များများအတွက် နည်းလမ်းရှိတယ်။ တက်ချင်တဲ့ ကျောင်းတော်တော်များများအတွက်အနောက်ပေါက်ရှိတယ်။ တချို့ဝင်ချင်တဲ့ အသိုင်းအဝိုင်းအတွက်ဝင်ပေါက်တွေရှိတယ်။ လူတချို့ ပိုက်ဆံရှာတာပိုက်ဆံကို မက်လို့မဟုတ်ဘူး။ ပိုက်ဆံက ဖွင့်ပေးမည့်တံခါးပေါက်တွေနဲ့ဖြစ်နိုင်ချေတွေကို ကြိုက်လို့။ သမာအာဇီဝ ကျကျ၊မြန်မြန် ပိုက်ဆံရှာနိုင်ဖို့စကားလုံးသုံးလုံးကTech, Scale, Leverageနည်းပညာ၊ ချဲ့ထွင်နိုင်စွမ်းနဲ့နည်းနည်းလုပ် များများရနိုင်တဲ့ကိုယ့်ရဲ့ စူပါပါဝါ leverage ဖြစ်နိုင်တယ်။ Phyo Paing @ Derek

ပိုက်ဆံက တံခါးတွေကိုဖွင့်ပေးတယ်။ Read More »