Knowledge

တန်ရာတန်ကြေးပေးဖို့လိုတယ်။

လိုချင်တာတွေ ရဖို့ တန်ရာတန်ကြေးပေးဖို့လိုတယ်။ ကျန်းမာကြံ့ခိုင်ဖို့ အစားအသောက်နဲ့ လေ့ကျင့်ခန်းတန်ရာတန်ကြေးပေးဖို့လိုတယ်။ ဘဝတိုးတက် ဥာဏ်ထက်ဖို့တန်ရာတန်ကြေးပေးဖို့လိုတယ်။ တစ်ဖက်ကမ်းခပ်ကျွမ်းကျင်တဲ့အသက်မွေးဝမ်းကျောင်း အတတ်ပညာရှိဖို့ တန်ရာတန်ကြေးပေးဖို့လိုတယ်။ လူတွေ မမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲဖို့ တန်ရာတန်ကြေးပေးဖို့လိုတယ်။ အချောင်စိတ်နဲ့ မရဘူး။ တန်ရာတန်ကြေးပေးမယ်ဆိုတဲ့ခံယူချက်နဲ့ လုပ်ရပ်လိုတယ်။ Phyo Paing @ Derek

တန်ရာတန်ကြေးပေးဖို့လိုတယ်။ Read More »

ကြည့်မရတာပဲ လုပ်လို့ရတာ
လျစ်လျူရှုဖို့ မလွယ်ဘူး

အသိပညာ၊ အတတ်ပညာတစ်ခုမှာတဖက်ကမ်းခပ်ကျွမ်းကျင်တဲ့သူကိုလူတွေ “ကြည့်မရတာပဲ” လုပ်လို့ရမှာ။“လျစ်လျူရှု” လို့တော့မရဘူး။ ဒီနေ့ဖတ်နေတဲ့စာအုပ်How to Get Rich ရေးတဲ့သန်း ၈၀၀ ကျော်ချမ်းသာတဲ့Felix Dennis က စတိဂျော့ကိုတော်တော်ကြည့်မရတာ။ အကြမ်းစားသူတွေကိုကြည့်မရတာပဲ လုပ်လို့ရတာ။လျစ်လျူရှုဖို့ မလွယ်ဘူး။သူတို့ကပဲ ကိုယ့်လျစ်လျူရှုရင်ရှုမယ်။ Phyo Paing @ Derek

ကြည့်မရတာပဲ လုပ်လို့ရတာ
လျစ်လျူရှုဖို့ မလွယ်ဘူး
Read More »

ဘဝမှာ alignment အရေးကြီးတယ်

ဘဝမှာ alignment အရေးကြီးတယ်။လုပ်နေတဲ့အလုပ်၊ဖတ်နေတဲ့စာ၊နေတဲ့နေရာ၊တွေ့နေတဲ့လူတွေ၊တန်ဖိုးထားမှု။အလိုင်းမန့်တည့်ဖို့အရေးကြီးတယ်။ Phyo Paing @ Derek

ဘဝမှာ alignment အရေးကြီးတယ် Read More »

တကယ်လုပ်တတ်တာ မတူဘူး။

ဘယ်လိုလုပ်ရမလဲ “သိ”တာနဲ့၊တကယ်လုပ်တတ်တာ မတူဘူး။ သေချာသိတာ knowledgeလုပ်တတ်တာက skill. တချို့က သေချာသိတယ်မလုပ်တတ်ဘူး။တချို့က လုပ်တတ်တယ်သေချာမသိဘူး။တချို့က သိလဲသိလုပ်လဲလုပ်တတ်တယ်။ Phyo Paing @ Derek

တကယ်လုပ်တတ်တာ မတူဘူး။ Read More »

တချို့ကလုပ်ပြီးမှ

တချို့က လုပ်ပြီးမှပြောတယ်။တချို့က ပြောပြီးမှလုပ်တယ်။တချို့က လုပ်ပြီးမပြောဘူး။တချို့က ပြောပြီးမလုပ်ဘူး။တချို့က ပြောလဲမပြောဘူးလုပ်လဲမလုပ်ဘူး။ Phyo Paing @ Derek

တချို့ကလုပ်ပြီးမှ Read More »

အရေးကြီးတာ စွန့်လွတ်ရဲတဲ့စိတ်လိုတယ်

ဆင်းရဲမှ မဟုတ်ဘူး။ချမ်းသာရင်လဲ လောကဓံခံရတာပဲ။ကျဆုံးမှ မဟုတ်ဘူး။အောင်မြင်ရင်လဲ လောကဓံက ခံရတာပဲ။ ချမ်းသာရင် ဥစ္စာတွေ မပျောက်ပျက်သွားအောင်။အောင်မြင်ရင် ပြန်မကျဆုံးသွားအောင်။ဒီလောကဓံခံရပြန်တယ်။ ဒါပေမယ့် ချမ်းသာတဲ့လောကဓံကဆင်းရဲတဲ့ လောကဓံထက်ပိုခံသာတတ်တယ်။အောင်မြင်တဲ့ လောကဓံကကျဆုံးသာထက် နည်းနည်းလေးဖြစ်ဖြစ်ပိုခံသာအုံးမယ်။ အရေးကြီးတာ စွန့်လွတ်ရဲတဲ့စိတ်လိုတယ်။ဥစ္စာစောင့်မဖြစ်ဖို့လိုတယ်။ Phyo Paing @ Derek

အရေးကြီးတာ စွန့်လွတ်ရဲတဲ့စိတ်လိုတယ် Read More »

လူသုံးမျိုးခွဲကြည့်မယ်။

ပထမတစ်မျိုးကငါကတော့ ကုမ္ပဏီမှာတစ်လ သိန်းငါးဆယ်ရနေပြီ။တစ်လရောင်းအားဘယ်လောက်ရှိပြီးဘယ်လောက်မြတ်တယ်။တစ်လဝင်ငွေဘယ်လောက်ရနေပြီ။ဝင်ငွေကို အဓိကစဥ်းစားတာ။ ဒုတိယတစ်မျိုးကပိုင်ဆိုင်မှုကို စဥ်းစားတာ။ငါဝယ်ထားတဲ့ မြေက အခုရောင်းရင်ဘယ်လောက်ရပြီ။ငါမြေ၊ အိမ်၊ ကား၊ ရွှေကဘယ်လောက်ရှိပြီ။​ပိုင်ဆိုင်မှုပေါ်မူတည်ပြီးစဥ်းစားတာ။​ တတိယတစ်မျိုးကတစ်လဝင်ငွေဘယ်လောက်ရှိပြီ၊ဒီဝင်ငွေကို ဘယ်လိုပိုင်ဆိုင်မှုတွေမှာရင်းနှီးမြုပ်နှံထားပြီးဒီပိုင်ဆိုင်မှုတွေကိုထိန်းသိမ်းပြီး၊ တိုးပွားအောင်ဘယ်လိုလုပ်မလဲ။ဝင်ငွေအပေါ် အချိန်ပေးသလို၊ပိုင်ဆိုင်မှုတွေတိုးပွားမှုအပေါ်လဲအချိန်ပေးတယ်။​ ဘယ်တစ်မျိုးထဲပါပါကိုယ့်ကိုကိုယ် တိုးတက်အောင်လုပ်နေရမှာပဲ။ Phyo Paing @ Derek

လူသုံးမျိုးခွဲကြည့်မယ်။ Read More »

ဘာကိုင်ထားသလဲ?

“ကိုင်ထားတဲ့” ဆိုတဲ့အဓိပ္ပာယ်ကငွေကြေးတန််ဖိုးတွေ free fallကျဆင်းတာတွေကြားမှာကိုယ့်ရဲ့ပိုင်ဆိုင်မှု တန်ဖိုးတွေမကျသွားအောင် ကိုင်ထားတာ။ ငွေဆိုတာ “medium for exchange”လှဲလှယ်မှုပြုလုပ်တဲ့ ကြားခံတစ်ခုပဲ။သူက တန်ဖိုးတွေအကုန်လုံးကိုဖလှယ်လို့ရတယ်။​ အရင်ခေတ်က ကုန်ပစ္စည်းချင်းလှဲလှယ်ကြတယ်။ဒါကို barter စနစ်လို့ခေါ်တယ်။ဒါက နှစ်ထောင်ပေါင်းများစွာကစတင်ခဲ့တဲ့ ငွေကြေးရဲ့အစပဲ။ နောက်ပိုင်း ရွှေ၊ ငွေ၊ ပုလဲအပြင်ဆား အစရှိတဲ့ တန်ဖိုးရှိတဲ့အရာတွေနဲ့ကုန်ပစ္စည်းဖလှယ်လာကြတယ်။​ဒါကို commodity money လို့ခေါ်ခဲ့ကြတယ်။​ နောက်ပိုင်း စနစ်တစ်ခုချဖို့ကြွေပြား coin money တွေထုတ်ပြီးလှဲလှယ်ခဲ့ကြတယ်။ ဒီလို ကြွေပြားတွေက သယ်ရခက်တဲ့အတွက်၇ ရာစုမှာ တရုတ်မှာစတင်ပြီးစာရွက်ငွေ paper money ကို စတင်စမ်းသပ်တယ်။အစပိုင်းမှာ ကုန်သည်တွေကကတိကဝတ်ငွေကြေး အနေနဲ့သုံးတယ်။​ဥပမာ ရွှေတစ်ကျပ်သားပေးထား။သူ့တန်ဖိုးနဲ့ညီတဲ့ ကတိကဝတ်ငွေကြေးရတယ်။နောက် အစိုးရကပါ ဒီစနစ်ကိုအသုံးပြုတယ်။အောင်မြင်တယ်။တစ်ကမ္ဘာလုံးသုံးလာတယ်။ ဒီကမှ တဆင့် US dollar နဲ့ ရွှေနဲ့ ချိပ်ဆက်တာကိုဖြုတ်ပြီးတဲ့နောက်ပိုင်းငွေက တစ်ကမ္ဘာလုံးအသုံးပြုတဲ့

ဘာကိုင်ထားသလဲ? Read More »

မိဘတွေက သားသမီးတွေကို
လေးစားဖို့လိုတယ်။

ဒီနေ့ခေတ်မျိုးဆက်ကတော့အသိတွေရှိလာကြပါပြီ။ မြန်မာပြည်ရဲ့ ပုံစံအရမိဘအများစုက သားသမီးတွေကိုပြီးပြည့်စုံစေချင်ကြတယ်။ဒါက ကောင်းတဲ့အချက်ဖြစ်တယ်။ နောက်ပြီး ကိုယ့်ဘဝမှာအကောင်အထည်မဖော်ဖြစ်ခဲ့တဲ့အိမ်မက်တွေကို သား၊ သမီးတွေကိုအကောင်အထည်ဖော်စေချင်တယ်။ ဒီတော့ ကြိုးစားဖို့အတွက်သားသမီးတွေကို မခံချင်စိတ်ထည့်ပေးဖို့လိုတယ်ဆိုတဲ့ အတွေးတချို့ရှိတတ်ကြတယ်။ မခံချင်အောင် ပြောတတ်ကြသလို၊အောင်မြင်မှုတစ်ခုရတဲ့အခါလဲအသိအမှတ်ပြုမှုကိုဖော်ပြဖို့ ဝန်လေးတတ်ကြတယ်။ စိတ်ကျေနပ်မှုပြလိုက်ရင်မကြိုးစားတော့ဘူးဆိုတဲ့အယူအဆရှိတတ်ကြတယ်။ နောက် ကိုယ့်သားသမီးရဲ့ဖြစ်တည်မှုထက်သူ့လုပ်ဆောင်မှုကနေဖြစ်တဲ့အောင်မြင်မှုပေါ်မှာသာယာ ဂုဏ်ယူတတ်ကြတယ်။ နောက်ပိုင်း ကိုယ့်သား၊ သမီးပျော်ပျော်မပျော်ပျော်ဒါလုပ်လို့ ကိုယ်ပျော်ရင်ကိုယ့်ပျော်ရွင်မှုကို ပိုအလေးပေးမိတတ်ကြတယ်။ လူတွေရဲ့ ဘဝအမူအကျင့်ကိုငယ်ဘဝဖြတ်သန်းမှုကအကြီးအကျယ်လွမ်းမိုးမှုရှိတယ်။ မိဘလုပ်နည်းမသိပြန်ရင်လဲစိတ်ဓာတ်ရာတွေနဲ့ ဖြတ်သန်းရနိုင်တယ်။ ဒါကြောင့် ကိုယ့်ကိုကိုယ်လဲအမြဲသတိထားရတယ်။ သား၊ သမီးမွေးထားတဲ့အခါကိုယ့်ရည်ရွယ်ချက်ကသူတို့ဘဝကို ကိုယ်သတ်မှတ်ထားတဲ့အောင်မြင်မှုရဖို့ မဟုတ်ဘူး။ အဓိက ရည်ရွယ်ချက်ကသူတို့ဘဝလေးတွေ ပျော်ဖို့။ ပျော်ဖို့အတွက်လေးစားမှုလိုတယ်။သူတို့ရဲ့ ဖြစ်တည်မှုအတွက်ဂုဏ်ယူတယ်ဆိုတာ သူတို့သိဖို့လိုတယ်။ဘဝမှာ ရပ်တည်နိုင်တဲ့အသိပညာ၊ အတတ်ပညာတွေသင်ပေးလိုက်ဖို့လိုတယ်။ လက်ပါတဲ့ မိသားစုမှာကြီးပြင်းလာတဲ့ မိသားစုနဲ့နွေးထွေးမှုနဲ့ ကြီးလာတဲ့မိသားစုကသား၊ သမီးတွေမှာမတူညီတဲ့ တုန့်ပြန်မှုပုံစံတွေရှိတတ်တယ်။ သတိပြုပြီး ပြင်နိုင်ရင်ဘဝကို ဒီဇိုင်းလုပ်တဲ့အချိန်ပိုထိရောက်လာမယ်။ Phyo Paing @

မိဘတွေက သားသမီးတွေကို
လေးစားဖို့လိုတယ်။
Read More »

တစ်ရက်တာ အတွက်
မနက်အခါကစ အရေးကြီးတယ်

မနက်ထတဲ့ အခါ၁။ ကိုယ့်ဘဝမှာ ကိုယ့်ကို ဂုဏ်ယူစေတဲ့အရာ၂။ ကိုယ့်ကို ကျေးဇူးတင်စေတဲ့အရာ၃။ ကိုယ့်ဘဝမှာ မဖြစ်မနေအကောင်အထည်ဖော်မည့်အရာဒီသုံးကို နေ့တိုင်း စဉ်းစားခံစားပြီးလေ့ကျင့်ပါ။ဒါကို စိတ်ပညာမှာ priming လို့ခေါ်ပါတယ်။ Phyo Paing @ Derek

တစ်ရက်တာ အတွက်
မနက်အခါကစ အရေးကြီးတယ်
Read More »