Learn

ရှာဖွေတွေ့ရှိမှုအသစ် Discovery

ဘဝကို ရင်ခုန်စေတာရှာဖွေတွေ့ရှိမှု အသစ်တွေပဲ။ဒီ အသစ်တွေ့ရှိမှု discovery တွေဟာစူးစမ်းလေ့လာမှု၊ စွန့်စားမှု၊စမ်းသပ်မှု၊ ဆန်းစစ်မှုတွေကလာတယ်။ ဘဝဆိုတာ မေးခွန်းတွေမေးပြီးအဖြေရှာတဲ့ နေရာပဲ။ဝေဒနာတွေကို အဖြေရှာဖို့ဒေတာတွေလိုတယ်။ Life is all about the thrills of new discoveries.These discoveries stem from research, adventures, experimentation, and scrutiny. Life is not about asking questions but about seeking answers.We need data to find solutions to problems.

ရှာဖွေတွေ့ရှိမှုအသစ် Discovery Read More »

ဘဝမှာ အရေးအကြီးဆုံးက

လူတွေမမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲလိုက်ပါ။ ဘာကြောင့်လဲဆိုတော့ဘဝမှာ အရေးအကြီးဆုံးကကိုယ့်ရဲ့ အကောင်းဆုံးပုံစံဖန်တီးဖို့။ဒါမှ ကျွန်တော်တို့ အချစ်ဆုံး သူတွေကိုလဲအကောင်းဆုံးပြန်ကူညီပေးလို့ရမယ်။ Progress and change so muchThat people barely recognize you.Because in life, the most important thingIs to create the best version of yourself.Only then can we best helpThose we love the most. Phyo Paing @ Derek

ဘဝမှာ အရေးအကြီးဆုံးက Read More »

ဘဝကို ဒီလိုပဲနေ ဒီလိုပဲသေသွားတော့မှာလား

အသက် ၈၀ ထိနေရရင်ရက်ပေါင်း ၂၉၂၂၀ ပဲ နေရမှာ။ အသက် ၇၀ ထိဆိုရက်ပေါင်း ၂၅၅၆၈ ပဲ။ အသက် ၃၀ ရောက်ပြီဆိုရက်ပေါင်း ၁၀၉၅၇ ကုန်ပြီ။ ၃၅ ဆို ၁၂၇၇၅ ကုန်ပြီ။၄၀ ဆို ၁၄၆၀၀ ကုန်ပြီ။ အသက်သာ ၈၀ ထိနေရမယ်ဆိုကိုယ့်ကျန်တဲ့ ရက်ပေါင်း ၁၀၀၀၀ ကျော်အတွက်ကိုယ်ဖြစ်ချင်တာတွေ၊လုပ်ချင်တာတွေလုပ်သွားဖို့ဂိမ်းပလန် game plan လိုတယ်။ ဘဝကို ဒီလိုပဲနေ ဒီလိုပဲသေသွားတော့မှာလား။ နိုး။ အလိုလိုပေါက်တာ မြက်ပင်ပဲများတယ်။ပန်းကောင်းပန်းမံစိုက်ပျိုးဖို့သေချာဂရုပြု စိုက်ပျိုးဖို့လိုတယ်။ Phyo Paing @ Derek

ဘဝကို ဒီလိုပဲနေ ဒီလိုပဲသေသွားတော့မှာလား Read More »

အစွဲအရမ်းမထားနဲ့

ဆရာတစ်ယောက်ရဲ့ တာဝန်ကကိုယ်သင်ကြားပြသလိုက်တဲ့သူတွေကိုယ့်ထက် တော်သွားဖို့ပဲ။ ကိုယ်က ထိပ်မှာ လမ်းပိတ်ပြီးကိုယ့်ကို ပါရမီဖြည့်ဖို့မဟုတ်ဘူး။​လှေကားထစ်လို အထက်ကိုတင်ပေးဖို့။ ဘဝမှာ ဆရာတွေ အများကြီးရှိခဲ့တယ်။ငါ့ကိုပဲ တစ်သက်လုံးကိုးကွယ်။ငါက တစ်သက်လုံးဆရာဆိုတဲ့ဆရာနဲ့။ကိုယ့်ရဲ့အောင်မြင်မှုကို တခြားမှာလဲရှာဖွေအုံးဆိုတဲ့ ဆရာ။ ဂိုဏ်းတွေကို မကိုးကွယ်နဲ့။ကိုယ်ဖြစ်ချင်တာကိုယ်လုပ်။ ကိုယ်လေ့လာနေတဲ့ သင်တန်း၊ဆရာဆိုတာ ကိုယ့်ဘဝမှာလှေကားထစ်တစ်ခုပဲလို့ယူဆ။ ကြာလေလေ ဒီထက်မြင့်တဲ့နေရာရောက်လေလေလမ်းပြသူ၊ လေ့လာရမည့်သူအသစ်တွေ တွေ့လေလေပဲ။ Phyo Paing @ Derek

အစွဲအရမ်းမထားနဲ့ Read More »

လူဆိုတာ သစ်ပင်တစ်ပင်လိုပဲ

လူဆိုတာ သစ်ပင်တစ်ပင်လိုပဲရှင်သန်တဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းအရေးကြီးတယ်။ ကိုယ့်က ဘယ်လို ပတ်ဝန်းကျင်မှုရှင်သန်နေသလဲ။အတင်းပြောပြီး သူများအကြောင်းပဲစိတ်ဝင်စားတဲ့ပတ်ဝန်းကျင်လား။ကိုယ့်အိမ်မက်တွေအတွက်ဇွဲရှိရှိနဲ့ အကောင်အထည်ဖော်နေတဲ့ပတ်ဝန်းကျင်လား။ နောက်မြေသြဇာအရေးကြီးသလိုသိသင့်သိထိုက်တဲ့ ပညာရှိဖို့လိုတယ်။ နောက်ရှင်သန်ကြီးထွားနေဖို့ရေလိုသလို ကိုယ့်ကိုကိုယ်အမြဲတိုးတက်အောင်အားဖြည့်နေရတယ်။ အပင်တစ်ပင်မှာသက်တမ်းရှိသလိုလူမှာလဲ သက်တမ်းရှိတယ်။အသက်ရှည် ကျန်းမာဖို့ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ဖို့လိုတယ်။ လူဆိုတာ တခါတလေ သစ်ပင်နဲ့တူတယ်။ Phyo Paing @ Derek

လူဆိုတာ သစ်ပင်တစ်ပင်လိုပဲ Read More »

အလုပ်လုပ်တယ်ဆိုတာ
Earn + Learn နှစ်ခုရှိဖို့လိုတယ်လို့
ကိုယ်တိုင်ကလဲ ခံယူထားတယ်။

အခုမနက် ၇ နာရီကစပြီးရွှေရည်ပြည့်မှန် အာမခံသည့်အောင်သမာဓိ အတွက် ဝန်းထမ်းတွေနဲ့ ဦးဆောင်သူပေါင်း၃၀၀ ကျော်ကို သင်တန်းစီစဉ်ပေးရင်းလွန်ခဲ့တဲ့ ဆယ်နှစ်က ကျွန်တော်အလုပ်လုပ်ခဲ့တဲ့နိုင်ငံတကာ ကုမ္ပဏီကြီးကို ကျေးဇူးတင်မိတယ်။ ကိုယ့်ဘဝအတွက် လိုအပ်တဲ့ကျွမ်းကျင်မှုတွေကို ပြုစုပျိုးထောင်ပေးခဲ့တဲ့ကုမ္ပဏီ ရင်ထဲက အမြဲရှိနေတယ်။ ကောင်းမှုကုသိုလ်ဆိုတာ သူတပါးဘဝတိုးတက်အောင် ကူညီပေးတာကလဲပညာဒါနပဲ။ အလုပ်လုပ်တယ်ဆိုတာ Earn + Learn နှစ်ခုရှိဖို့လိုတယ်လို့ကိုယ်တိုင်ကလဲ ခံယူထားတယ်။ ခုလို ဝန်ထမ်းတွေအတွက် အမြဲတိုးတက်အောင် နှစ်စဉ် သင်တန်းတွေစီစဉ်ပေးတဲ့ ဦးအောင်နဲ့ ကိုလူဟန်တို့ကိုလဲအထူး လေးစားမိတယ်။ Phyo Paing @ Derek

အလုပ်လုပ်တယ်ဆိုတာ
Earn + Learn နှစ်ခုရှိဖို့လိုတယ်လို့
ကိုယ်တိုင်ကလဲ ခံယူထားတယ်။
Read More »