ခေတ်တွေက ပြောင်းနေပြီ။
မြန်မြန်သင်ယူနိုင်စွမ်းအရေးကြီးလာပြီ။
ဒီနေ့ခေတ်မှာ ဘယ်လောက်မြန်မြန်လေ့လာနိုင်တယ်။ ဘယ်လောက်မြန်မြန်အသုံးချနိုင်တယ်။ဘယ်လောက်မြန်မြန် သင်ခန်းစာယူနိုင်တယ်။ဘယ်လောက်မြန်မြန် လဲရာကပြန်ထနိုင်တယ်။ဒါက ပိုအရေးကြီးသွားမယ်။ အနာဂတ်မှာ polymath တွေပိုထွက်လာမယ်။ Polymath ဆိုတာ ပညာရပ်တစ်ခုထက်ပိုပြီးပညာရပ်တွေကို ထဲထဲဝင်ဝင်ပိုသိတဲ့လူတွေ။ အနာဂတ် စွန့်ဦးတီထွင်တွေကလဲဒီ polymath ထဲကလာမယ်။ ကျွန်တော်ကတော့ ဒီတစ်ခုပဲကျွမ်းကျင်တယ်။ကျန်တာဘာမှ မသိဘူးလုပ်လို့က အဘိုးခေတ်မှာရမယ်။ ဒီနေ့ခေတ်က T-shaped လိုကျွမ်းကျင်မှုကအခြေခံဖြစ်လာမယ်။ မားကတ်တင်းပဲ နားလည်တယ်။လူတွေရဲ့ စိတ်ပညာနားမလည်ဘူး။ ဦးနှောက်အလုပ်လုပ်ပုံမသိဘူး။ အတွေးအခေါ်ပညာမသိဘူး။ စဉ်းစားပုံမသိဘူး။စီမံခန့်ခွဲမှုမသိဘူး။ အဲ့လိုမဟုတ်တော့ဘူး။ ခေတ်တွေက ပြောင်းနေပြီ။ မြန်မြန်သင်ယူနိုင်စွမ်းအရေးကြီးလာပြီ။ Better, Smarter နဲ့ Faster ဖြစ်ဖို့လိုလာပြီ။ Phyo Paing @ Derek
ခေတ်တွေက ပြောင်းနေပြီ။
မြန်မြန်သင်ယူနိုင်စွမ်းအရေးကြီးလာပြီ။ Read More »