အသက်ရှင်နေသမျှ
ကိုယ်ထွက်ပြေးမရတဲ့အရာက
ကိုယ့်စိတ်နဲ့ ခန္ဓာပဲ။
တချို့မကြိုက်တဲ့နေရာ၊မချစ်မနှစ်သက်သူတွေနဲ့အဝေးမှာ ခွဲခွာသွားလို့ရနိုင်ပေမယ့်ခွဲမရတဲ့အရာက ကိုယ်တိုင်ပဲ။ ဒါကြောင့် အချိန်ကိုသုံးချိန်ခွဲလိုက်တယ်။ ၁။ ကိုယ့်အတွက်အချိန်၂။ အလုပ်အတွက်အချိန်၃။ သူတပါးအတွက်အချိန် ကိုယ့်အတွက်အချိန်က မနက် ၄ ကနေ ၁၀ ထိ (၆ နာရီ) ဦးနှောက်၊ စိတ်နဲ့ ခန္ဓာအတွက်လေ့ကျင့်ရေးဆင်းတယ်။ စာဖတ်၊ လေ့ကျင့်ခန်းလုပ်၊ journaling နဲ့ တရားထိုင်၊ professional learning အတွက်လုပ်။ ၁၀ ကနေ ၆ အထိက အလုပ်အတွက်စုစုပေါင်း ၈ နာရီပေါ့။ (၈ နာရီ) ၆ ကနေ ၁၀ နာရီထိက (၄ နာရီ)အပေါင်းသင်းယောင်းရင်းအချိန်ပေါ့။တချို့ရက်မှာတော့ အလုပ်ရှိနိုင်တာပေါ့။ အဲ့လို ဖြတ်သန်းလာတာကတော့ 296 ရက်တော့ ရှိပြီ။ ခုထိတော့ အလုပ်ဖြစ်နေတယ်။ Phyo Paing @ Derek
အသက်ရှင်နေသမျှ
ကိုယ်ထွက်ပြေးမရတဲ့အရာက
ကိုယ့်စိတ်နဲ့ ခန္ဓာပဲ။ Read More »
