ကိုယ့်ဘဝ ကိုယ်နဲ့အဓိကဆိုင်တယ်။
ဒီခံယူချက်ထားမှပဲကိုယ့်ဘဝကိုယ် တာဝန်ယူနိုင်မယ်။ ကမ္ဘာပေါ်မှာ လူပေါင်းသန်း ၈ ထောင်ကျော်မှာ ကိုယ်တစ်ယောက်တည်းဒုက္ခရောက်နေတာမဟုတ်ဘူး။ ဘဝဒုက္ခတွင်းထဲက ထွက်ချင်ရင်ကယ်တင်ရှင်ရှာနေလို့မရဘူး။ ဒါကြောင့် ကိုယ့်အားကိုယ်ကိုးမှပဲရမယ်။ ဘဝမှာ ကြုံတွေ့ရတဲ့ဒုက္ခ အထူအပါးကပေးထားတဲ့ အခြေအနေကို “နားလည် သဘောပေါက်မှု”နဲ့ ဆိုင်တယ်။ ယုံကြည်မှုတစ်ခုတည်းနဲ့ လုပ်လို့မရတာမျိုးဖြစ်တတ်တယ်။ ၁၀ ထပ်တိုက်ပေါ်က ခုန်ချမယ်။ဘာမှ မဖြစ်ဘူးလို့ ယုံကြည်တယ်။ခုန်ချ သေမှာပဲ။ သဘာဝတရားကို သေချာနားလည်သဘောပေါက်ဖို့လိုတယ်။ ဒါကို ဗုဒ္ဓက မဂ္ဂင်ရှစ်ပါးမှာလဲသမ္မာဒိဋ္ဌိ မှန်သော အယူအမြင်ရှိရမယ်လို့ဟောကြားခဲ့တယ်။ လောကသဘာဝ နိယာမတွေသိအောင်ရူပဗေဒ physics ကိုသင်ကြားလေ့လာခဲ့တယ်။မတူညီတဲ့ ဒြပ်စင်တွေ ဓာတ်ပြုတာသိဖို့ဓာတုဗေဒ chemistry ကို လေ့လာတယ်။ လူသဘောမနော လူ့အကြောင်းနားလည်ဖို့စိတ်ပညာ psychology လေ့လာတယ်။ ပြဿနာပုစ္ဆာတွေ အဖြေရှာတတ်ဖို့ သင်္ချာ maths လေ့လာတယ်။ လူတိုင်းဘဝမှာ မွေးကတည်းကပေးထားချက်ရှိတယ်။ဘဝရဲ့ အခြေအနေကြောင့် ပေါ်ပေါက်လာတဲ့မေးထားချက်တွေရှိတယ်။ […]
ကိုယ့်ဘဝ ကိုယ်နဲ့အဓိကဆိုင်တယ်။ Read More »
