Lifestyle

စည်းခြားထားဖို့လိုတယ်။
ဒါကို boundaries လို့လဲခေါ်တယ်။

လူတွေက မတူညီတဲ့ ကမ္ဘာတွေထဲမှာနေနေကြတယ်။အတွေး၊ အကြံ၊ အလုပ်တွေ၊ခံယူချက်တွေ မတူကြဘူး။ ကိုယ့်ကမ္ဘာနဲ့ ကိုယ်နေဖို့စည်းခြားထားဖို့လိုတယ်။ ဒါကို boundaries လို့လဲခေါ်တယ်။ ကိုယ်မဆက်ဆံချင်တဲ့သူ၊ကိုယ့်အတွက် အသုံးမဝင်တဲ့သူကိုယ်ကလဲ သူ့အတွက်တန်ဖိုးမပေးနိုင်ရင်ကိုယ့်ဘဝစာမျက်နှာထဲထားပြီးဘာလုပ်နေမလဲ။ Phyo Paing @ Derek

စည်းခြားထားဖို့လိုတယ်။
ဒါကို boundaries လို့လဲခေါ်တယ်။
Read More »

ကိုယ့်ဘဝကို စိတ်ကြိုက်ဖြတ်သန်းနိုင်ဖို့
Lifestyle design လိုတယ်။

ကိုယ့် Youtube video လေး play တိုင်းဝင်ငွေရနေမယ်။နောက် Website တွေ၊ App တွေကနေလဲ နေ့စဥ် ဝင်ငွေရနေမယ်။ နေ့စဥ် အလုပ်ကလဲ ဝင်ငွေရနေမယ်။နောက် ပြန်လည်မျှဝေမှုတွေကလဲရနေမယ်။ နောက် ရေတိုရင်းနှီးမြုပ်နှံမှုတွေကနေလဲလစဥ်ဝင်ငွေရနေမယ်။ နောက် ရေရှည်အတွက် ရင်းနှီးမြုပ်နှံမှုကနေနောက်ဆယ်နှစ်၊ ဆယ့်ငါးနှစ်နေရင်ပေါက်ကွဲမှုကြီးကြီးတွေလာမယ်။ အိပ်နေလဲ ငွေဝင်တဲ့လုပ်ငန်း၊ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းနဲ့Financial Freedom တစ်ခုရတယ်ဆိုတာအရမ်းကောင်းတယ် အချက်မဟုတ်လား။ ကိုယ့်အသုံးစရိတ်က $100 ဖြစ်ဖြစ်၊ $3000 ဖြစ်ဖြစ်ဒါကို Passive income က cover ဖြစ်တာFinancial freedom ပဲ။ ငွေကြေးလွတ်မြောက်မှုက ပြောသလောက်မခက်ဘူး။ ဘယ်လိုပုံစံနေထိုင်ပြီးငွေရှာမလဲ lifestyle design ကအဓိက ကျတယ်။ ဘဝအရေအသွေး အရေးကြီးတယ်။ အရမ်းကြီးချမ်းသာတာက တစ်ပိုင်း။ဘဝကို ကိုယ်ကြိုက်တဲ့အလုပ်တွေလုပ်နိုင်ဖို့ကိုယ့်ဘဝကို စိတ်ကြိုက်ဖြတ်သန်းနိုင်ဖို့Lifestyle design လိုတယ်။

ကိုယ့်ဘဝကို စိတ်ကြိုက်ဖြတ်သန်းနိုင်ဖို့
Lifestyle design လိုတယ်။
Read More »

ဘဝကို fine ဖို့ သေချာဒီဇိုင်းလုပ်ဖို့လိုတယ်။

ကိုယ်ဝါသနာပါတဲ့အလုပ်ကိုလုပ်ရင်း ၁။ ဝင်ငွေရမယ်၂။ တိုးတက်မယ်၃။ ကျန်းမာမယ်၄။ ကိုယ်အိပ်နေလဲ ဝင်ငွေရစေမည့်ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေဖန်တီးပေးမယ်၅။ ကိုယ်နေထိုင်ချင်တဲ့ ဘဝပုံစံကိုစိတ်ကြိုက် သွားချင်တဲ့နေရာသွားအချိန်ကို ကြိုက်သလိုစီမံနေထိုင်လို့ရမယ်။ ဒီလိုဖြစ်မည့်အလုပ်ကိုပဲ ရွေးချယ်တယ်။ဒီလိုဖြစ်လာဖို့လဲ ဆယ်နှစ်လောက်အချိန်ယူခဲ့ရတယ်။ ဘဝကို fine ဖို့ သေချာဒီဇိုင်းလုပ်ဖို့လိုတယ်။ Phyo Paing @ Derek

ဘဝကို fine ဖို့ သေချာဒီဇိုင်းလုပ်ဖို့လိုတယ်။ Read More »

ဘဝက ပြောင်းမှာ မဟုတ်ဘူး

သင်မော်တီဗေးရှင်းလိုတာမဟုတ်ဘူး။စဥ်းစားတဲ့ ပုံစံသစ်လိုတာ။ စဥ်းစားတဲ့ပုံစံ မပြောင်းသ၍ဘဝက ပြောင်းမှာ မဟုတ်ဘူး။ Phyo Paing @ Derek

ဘဝက ပြောင်းမှာ မဟုတ်ဘူး Read More »

နေသလိုဖြစ်တဲ့ ဘဝမှာ
ဖြစ်သလို မနေပါနဲ့။

နေသလိုဖြစ်တဲ့ ဘဝမှာဖြစ်သလို မနေပါနဲ့။ ဘဝကို ဘယ်လိုဖြတ်သန်းနေလဲအားတီ၊ အားမေတို့? Phyo Paing @ Derek

နေသလိုဖြစ်တဲ့ ဘဝမှာ
ဖြစ်သလို မနေပါနဲ့။
Read More »

ဒီလို စဥ်းစားကြည့်။

လူတွေက စကြဝဠာထဲမှာနေတယ်။ဒီစကြဝဠာနဲ့ လူနဲ့ချိပ်ဆက်မှုရှိတယ်။ စကြဝဠာက ကိုယ့်ကို စကားတွေပြောပြီး ဆက်သွယ်မှုလုပ်တယ်။ဒီ အသံကို မကြားအောင်လုပ်တာဆူညံသံတွေပဲ။ အတင်းတွေ၊ အဖျင်းတွေ၊တခြားသူတွေ မကောင်းကြောင်းတွေ၊ မနာလို၊ ဝန်တိုစိတ်တွေ။ ဒါတွေက ဆူညံသံတွေပဲ။ ဒီ noise တွေက voice တွေကိုမကြားအောင် အတားအဆီးလုပ်တယ်။ ဒီ noise တွေကိုလျော့ဖို့ တချို့တွေက တရားထိုင်တယ်။ တချို့တွေက ကိုယ့်အတွေးတွေကိုပြန်ဆန်းစစ်တယ်။ မိတ်ဆွေအနေနဲ့ဆိုရင်voice တွေကိုကြားလား။noise တွေများလား။ Noise တွေကြောင့် Voice အပျောက်မခံနဲ့။ ကိုယ့်ရဲ့ မသိစိတ်နဲ့ စကြဝဠာကကိုယ့်ကို ဘာလုပ်လိုက်လို့ပြောနေလဲ? Phyo Paing @ Derek

ဒီလို စဥ်းစားကြည့်။ Read More »

တစ်ရက်တာကို မနက်အခါက
စတာ ကောင်းတဲ့အချက် သုံးချက်

(နံပတ်နှစ်အချက်က ကိုယ့်ကို အံ့အားသင့်သွားစေနိုင်တယ်။အားတီ၊ အားမေတို့။) ၁။ ပိုပျော်စေတယ်။ မနက်ထလို့ အလင်းနဲ့ထိတွေ့တဲ့အခါSerotonin လို့ခေါ်တဲ့ စိတ်ပျော်စေတဲ့neurotransmitterအာရုံကြောဓာတ်တွေထွက်တယ်။မနက်ထရင် စိတ်ကြည်စေတယ်။ ၂။ အလုပ်ပိုပြီးတယ်။စောစောထတော့ အချိန်များများရတယ်။အချိန်များများရတော့ ကိုယ်လုပ်ချင်တာများများ လုပ်လို့ရတယ်။ ပုံမှန် ၇ နာရီထနေရာက ၅ နာရီထပြီးအလုပ်လုပ်ရင် တစ်ရက် ၂ နာရီ အချိန်ပိုထွက်တယ်။တစ်နှစ်ကို နာရီပေါင်း ၇၃၀။ ဒါကို ရက်အနေနဲ့ပြောင်းရင် ရက်ပေါင်း ၃၀။ (အတိအကျဆို 30.4167 days)တစ်လ ပြန်ထွက်လာတယ်။ ဒါကို နေ့စဥ်အလုပ်လုပ်တဲ့ ၈ နာရီနဲ့တွက်ရင်အလုပ်လုပ်ဖို့ တစ်နှစ်မှာ သုံးလ ပိုထွက်လာသလိုပဲ။ လူတစ်ယောက်နဲ့ တစ်ယောက် ၃ လ ဆိုတဲ့အချိန်ကွာသွားရင်ဆယ်နှစ်ဆိုရင် ဘယ်လောက်ကွာသွားမလဲစဥ်းစားကြည့်ကြည့်။(လူတိုင်းက ဖျားတာတွေ ဘာတွေ ရှိနိုင်သေးတယ်။ ၃။ ဆုံးဖြတ်ချက်ချတဲ့အခါ ကူညီပေးတယ်။မနက်ထရင် ခေါင်းကြည်တယ်။Cognitive

တစ်ရက်တာကို မနက်အခါက
စတာ ကောင်းတဲ့အချက် သုံးချက်
Read More »

ကျေးဇူးတင်တတ်တဲ့ စိတ်ပျောက်ရင်

တခါတလေ ကိုယ့်ဘဝမှာအသက်ဝဝ လင်လင်ရှူနေနိုင်တာ ကျေးဇူးတင်စရာတစ်ခုဖြစ်နိုင်တယ်။ ကိုယ့်မိဘတွေ အသက်ရှင်နေသေးတာကျေးဇူးတင်စရာတစ်ခုဖြစ်နိုင်တယ်။ ကျန်းကျန်းမာမာနဲ့ ရောဂါဘယကင်းဝေးနေတာကျေးဇူးတင်စရာတစ်ခုဖြစ်နေနိုင်တယ်။ ကောင်းမွန်စွာအိပ်ဆက်နိုးထနိုင်တာကျေးဇူးတင်စရာတစ်ခုဖြစ်နိုင်တယ်။ မနက်စာ စားစရာတစ်ခုရှိနေတာကျေးဇူးတင်စရာတစ်ခုဖြစ်နေနိုင်တယ်။ ကျေးဇူးတင်တတ်တဲ့ စိတ်ပျောက်ရင်လောကမှာ စိတ်တိုင်းမကျတဲ့စိတ်ဝင်လာတတ်တယ်။ Phyo Paing @ Derek

ကျေးဇူးတင်တတ်တဲ့ စိတ်ပျောက်ရင် Read More »

ကိုယ့်ဘဝ နောက်ဆုံး
အသက်ငင်တဲ့အခါ
ငါအကောင်းဆုံးနေခဲ့တယ်။

One Piece ထဲကပင်လယ်ဓားမြ လူဖီလိုပဲလူတစ်ယောက်က ဘဝမှာ ဖြစ်ချင်ပြီးမဖြစ်သေးတဲ့အိမ်မက်တစ်ခုရှိနေပြီးဒါကို ဆွဲဆွဲမြဲမြဲလုပ်နေသလို ကိုယ့်အိမ်မက်တွေကို အတူတကွ ကိုယ်နဲ့လိုက်အကောင်အထည်ဖော်ပေးမည့်Team တစ်ခုရှိတဲ့အခါဘဝက ဂိမ်းတစ်ခု ကစားရသလိုပဲအရသာရှိလာမယ်။တချို့အချိန်မှာ နာမယ်။တချို့အချိန်မှာ သာမယ်။တချို့အချိန်မှာ ကိုယ်လိုတာမရ။တချို့အချိန်မှာ ကိုယ်လိုတာရမယ်။ ကိုယ့်ဘဝ နောက်ဆုံးအသက်ငင်တဲ့အခါ ငါအကောင်းဆုံးနေခဲ့တယ်။ငါအကောင်းဆုံး လုပ်နိုင်တာတွေလုပ်ပေးခဲ့တယ်။ ဘဝရဲ့ပေးထားချက်ကိုပေါ်မူတည်ပြီးဘဝရဲ့ ပုစ္ဆာတွေကို အကောင်းဆုံးအဖြေရှာခဲ့တယ်။ ဒီလို စိတ်ချချနဲ့ လောကကြီးကထွက်ခွာသွားချင်တယ်။ Phyo Paing @ Derek

ကိုယ့်ဘဝ နောက်ဆုံး
အသက်ငင်တဲ့အခါ
ငါအကောင်းဆုံးနေခဲ့တယ်။
Read More »