mental health

စိတ်ကသိကအောင့်ဖြစ်စရာ
ဒဏ်ရာတွေအတွက်
ဖြေဆေးတစ်ခု

စိတ်ကသိကအောင့်ဖြစ်စရာဒဏ်ရာတွေအတွက်ဖြေဆေးတစ်ခုကကျေးဇူးတင်စိတ်နဲ့လွတ်ချတတ်တဲ့စိတ်ပဲ။ Phyo Paing @ Derek

စိတ်ကသိကအောင့်ဖြစ်စရာ
ဒဏ်ရာတွေအတွက်
ဖြေဆေးတစ်ခု
Read More »

စိတ်ဒဏ်ရာတွေရေတိုပျောက်ချင်ရင်Timeline Therapy ဆိုတာရှိတယ်။

စိတ်ဒဏ်ရာတွေရေတိုပျောက်ချင်ရင်Timeline Therapy ဆိုတာရှိတယ်။ဒါကတော့ ခဏတာချက်ချင်းသိသာတတ်တယ်။ သူ့ထက်မြန်ချင်ရင်David Synder ရဲ့General negativity နဲ့Specific negativityဖျောက်တဲ့ self-healing နည်းရှိတယ်။ ရေရှည်ဆိုရင်တော့အဘိဓမ္မာကိုသေချာအသုံးချနိုင်ရင်အမြစ်ပျောက်တယ်လို့ထင်တယ်။ Phyo Paing @ Derek

စိတ်ဒဏ်ရာတွေရေတိုပျောက်ချင်ရင်Timeline Therapy ဆိုတာရှိတယ်။ Read More »

ကိုယ့်ရဲ့ စိတ်ကျန်းမာရေးအတွက်
နေ့စဥ် ဘာတွေလုပ်ဖြစ်သလဲ။

ကိုယ့်ရဲ့ စိတ်ကျန်းမာရေးအတွက်နေ့စဥ် ဘာတွေလုပ်ဖြစ်သလဲ။ ဒီနေ့အချိန်က ကိုယ့်ရဲ့စိတ်ကျန်းမာရေး mental health ကို ဂရုပြုရမည့်အချိန်ဖြစ်ပါတယ်။ ကိုယ်က ကိုယ့်ရဲ့ therapist ကုသသူ ဖြစ်မှပဲရမယ်။ ၁။ အတွေးတွေကို သတိပြုပါ။၂။ အတွေးတွေကို ချရေးပါ။၃။ ကျေးဇူးတင်စရာတချို့ကို စဥ်းစားမှုနေ့တိုင်း ပြုပါ။ (ဥပမာ ကိုယ့်မိဘ၊သားသမီး ကျန်းမာနေတာ ဖြစ်ကောင်းဖြစ်မယ်။)၄။ အပျက်သဘောဆောင်တဲ့ အပြုအမူတွေကိုသတိထားပြီး ပြုပြင်ပါ။ ၅။ ဘာမှ မလုပ်ပဲ သတိလေးနဲ့ ဝင်လေ၊ ထွက်လေလေးကို သုံးမိနစ်လောက် မှတ်ကြည့်ပါ။ ၆။ လေ့ကျင့်ခန်းလုပ်ပါ။ ၇။ အသိမိတ်ဆွေ၊ နှလုံးသားချင်းနီးစပ်သူတွေနဲ့စကားပြောပါ။ ၈။ ကိုယ့်ကိုယ်ကိုယ် ပြောနေတဲ့ပုံပြင်တွေကိုဂရုပြုပါ။ ၉။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးရှိတဲ့သူတစ်ယောက်၊ ကိုယ့်ရဲ့ ဖြစ်တည်မှုကို လက်ခံပါ၊ဂုဏ်ယူကြည့်ပါ။ စဥ်းစားလို့ရတာ တချို့အထောက်အကူပြုမယ်လို့ ယူဆပါတယ်။ Phyo

ကိုယ့်ရဲ့ စိတ်ကျန်းမာရေးအတွက်
နေ့စဥ် ဘာတွေလုပ်ဖြစ်သလဲ။
Read More »