Mindmax

တရုတ် Taoism ရဲ့ ဝူးဝေ 无为 လို
လက်ရှိပစ္စုပ္ပန်ကို အာရုံပြုပြီး
“နေ့စဉ်နေ့တိုင်း ငါသည် ကိစ္စအဖက်ဖက်မှာ ပိုပိုပြီး ကောင်းသထက်ကောင်းလာနေပြီ”ဆိုတဲ့ apothecary Émile Coué ရဲ့ ကိုယ့်ကိုကိုယ် စိတ်ညို့တဲ့ autosuggestion နည်းစနစ်ကို အသုံးပြုကြည့်ပါ။

ဒေါ်လာစျေးတွေတက်တယ်။စီးပွါးရေးလုပ်လို့မရဘူး။တခြားဘယ်နိုင်ငံကိုပဲ migrate လုပ်ရင်ကောင်းမလဲ၊ ဘာတွေဆက်လုပ်ရမလဲ။ အနာဂတ်က လှဖို့မရှိဘူး။ ဒါတွေစဉ်းစားပြီးအကြောက်တရားဝင်လာတဲ့အခါ လူတွေရဲ့ အတွေးက မသေချာမရေရာမှုအကြောင်းတွေနဲ့ စိတ်နဲ့လူမကပ်ဖြစ်တတ်တယ်။ အရေးအကြီးဆုံးက downside risk အဆိုးဆုံးဖြစ်နိုင်တာကို ပြင်ဆင်ထားပြီးအကြောက်တရားခံစားချက်အစားကိုယ့်ဘဝရဲ့ Vision ကို ပုံဖော်ပြီးသွားမည့် လမ်းကြောင်းစဉ်းစားဖို့ပဲ။ တချို့လမ်းကြောင်းတွေက ဘဝသတ်မှတ်ချက်ကြောင့်ခုန်ပျံကျော်လွှားသွားလို့ မရဘူး။တစ်ဆင့်ချင်း စိတ်ရှည်ရှည်နဲ့သွားရတယ်။ Phyo Paing @ Derek

တရုတ် Taoism ရဲ့ ဝူးဝေ 无为 လို
လက်ရှိပစ္စုပ္ပန်ကို အာရုံပြုပြီး
“နေ့စဉ်နေ့တိုင်း ငါသည် ကိစ္စအဖက်ဖက်မှာ ပိုပိုပြီး ကောင်းသထက်ကောင်းလာနေပြီ”ဆိုတဲ့ apothecary Émile Coué ရဲ့ ကိုယ့်ကိုကိုယ် စိတ်ညို့တဲ့ autosuggestion နည်းစနစ်ကို အသုံးပြုကြည့်ပါ။
Read More »

ဘ၀မှာ အရာတော်တော်များများ ကိုယ်ဖြစ်စေချင်တဲ့အတိုင်း ဖြစ်ချင်မှဖြစ်မယ်။ ဒါပေမယ့် ကျွန်တော်တို့ထိန်းချုပ်လို့ရတဲ့ အရာသုံးခုရှိတယ်။ Focus, Meaning, Action

လောကမှာ ထိန်းချုပ်လို့ရတဲ့အရာ များများစားစားသိပ်မရှိဘူး။ ကိုယ့်အဖေအမေ၊ ကိုယ့်သားသမီး၊သမီးရည်းစား၊ အိမ်ထောင်သားမယားကိုယ်ဖြစ်စေချင်သလိုဖြစ်ဖို့ ကိုယ့်စကားနားထောင်ဖို့ လုပ်လို့ရချင်မှရမယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကိုယ်ဖြစ်စေချင်တဲ့အတိုင်း ဖြစ်ချင်မှဖြစ်မယ်။ ဒါပေမယ့် ကျွန်တော်တို့ ထိန်းချုပ်လို့ရတဲ့အရာ သုံးခုရှိတယ်။ ၁။ ဘယ်အရာကို အာရုံစိုက်မလဲ? (Focus)ကိုယ့်ထိန်းချုပ်မှုအောက်မရှိတာတွေကို အာရုံစိုက်မလား။ကိုယ်ထိန်းချုပ်လို့ရတာတွေကို အာရုံစိုက်မလား။ ၂။ ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုမလဲ? (Meaning)အခြေအနေကို အပေအသေလုပ်ပြီး စိတ်ညစ်နေမလား။ ပေးထားချက်ကိုအခြေတည် ခွန်အားတွေယူမလား။ ၃။ ဘာတွေလုပ်မလဲ? (Action)စိတ်ညစ်ပြီး ဘေးထိုင်ဘုပြောနေမလား။ ရှေ့ဆက်ဖို့ ကြံစဥ်၊ စီမံ၊ အားအပြည့်ထည့်လုပ်ဆောင်မလား။ ဖြစ်ချင်တဲ့အိမ်မက်တွေ အများကြီးရှိလိမ့်မယ်။ တချို့တွေ ကျိုးပျက်သွားတာဖြစ်နိုင်သလို၊ တချို့အိမ်မက်တွေ မသေချာတာဖြစ်နိုင်သလို၊ တချို့ ဆက်မက်လို့ရတဲ့ အိမ်မက်တွေရှိနိုင်တယ်။ ဘာတွေကို အာရုံစိုက်မလဲ။ ဘယ်လို အဓိပ္ပာယ်ကောက်ချက်ချမလဲ။အနာဂတ်အတွက် ဘာတွေကိုဆက်လုပ်ကြမလဲ။ ဒါတွေက ကိုယ်နဲ့ တိုက်ရိုက်ဆိုင်တယ်။

ဘ၀မှာ အရာတော်တော်များများ ကိုယ်ဖြစ်စေချင်တဲ့အတိုင်း ဖြစ်ချင်မှဖြစ်မယ်။ ဒါပေမယ့် ကျွန်တော်တို့ထိန်းချုပ်လို့ရတဲ့ အရာသုံးခုရှိတယ်။ Focus, Meaning, Action Read More »

ဒီမနက် စဉ်းစားကြည့်မိတယ်။

Covid-19 Vaccine တွေထွက်လာပြီ။ ကိုယ်လဲ ကိုယ်လက်ကျန်းမာနေသေးတယ်။ရာသီဥတုကလဲ သာယာနေတယ်။ လျှပ်စစ်မီးလဲ အရင်လိုမပျက်တော့ဘူး။ အင်တာနက်လိုင်းလဲ အရင်လဲ အဝိုင်းလည်နေတာမဟုတ်တော့ဘူး။ တကယ်လို့ အသက်ရှစ်ဆယ်အဖိုးအို၊ အဖွားအိုသာသင့်အရွယ်ပြန်ဖြစ်မယ်ဆိုရင် ဘယ်လောက်စွမ်းအင်တွေရှိလိုက်မလဲ? ထောင်ကျနေတဲ့လူတစ်ယောက် ထောင်ထဲကလွတ်လာတဲ့ ခံစားချက်ကိုခံစားကြည့်ကြည့်။ အရာရာကို အမြင်ပြောင်းရင် ရင်ခုန်စရာကြီးပဲ။ လောကကို မြင်တဲ့အမြင် Perspective နဲ့ပဲဆိုင်တယ်။ Phyo Paing @ Derek

ဒီမနက် စဉ်းစားကြည့်မိတယ်။ Read More »

စေတနာမပျက်စေနဲ့။

တခါတလေ ကျွန်တော်တို့ရဲ့ ခံယူချက်အရအလုပ်ကြိုးစား လုပ်ပေမယ့်ဘေးထိုင်ဘုပြောတာနဲ့ ကြုံလာတဲ့အခါကိုယ့်အလုပ်အပေါ်ထားတဲ့ စေတနာမပျက်ပါစေနဲ့။ လူတိုင်းမှာ အတ္တရှိကြတယ်။ဒီ အတ္တတောင်ကို မကျော်နိုင်တဲ့အခါစိတ်မထားတတ်ပဲ သူတပါးကိုဝေဖန်တတ်ကြတယ်။ဒါကို ကျွန်တော်တို့ ပတ်ဝန်းကျင်မှာတွေ့ရမှာပါ။ ငါ့ကိုသူ ဘာကြောင့် ဒီလိုဝေဖန်လဲဆိုတာထက်သူလည်း လူသားပဲ သူ့မှာလည်းသူ့စဉ်းစားပုံရှိလိမ့်မယ်ဆိုတဲ့ဖြေတွေးလေးတွေးပေးလိုက်ပါ။ ဘေးထိုင်ဘုပြောသူတွေကြောင့်ကိုယ့်အလုပ်ပေါ်ထားတဲ့ စေတနာမပျက်စေပါနဲ့။ Phyo Paing @ Derek

စေတနာမပျက်စေနဲ့။ Read More »

Limiting Belief

ကန့်သတ်တွေးလို့ခေါ်တဲ့ limiting belief တွေဟာ လူတွေရဲ့ အစွမ်းအစကို ကျစေတယ်။ ဥပမာ လူတစ်ယောက်က ငါကတော့ နိုင်ငံခြားမှာ ကျောင်းမတတ်ဖူးလို့မအောင်မြင်နိုင်ဘူးတို့၊ ငါကတော့ နိုင်ငံခြားမှာ အလုပ်မလုပ်ဖူးတဲ့အတွက် မအောင်မြင်နိုင်ဘူးတို့၊ ငါကတော့ဘယ်နိုင်ငံမှာနေလို့ မအောင်မြင်နိုင်ဘူးတို့လို အတွေးတွေဟာ ကန့်သတ်တွေးတွေဖြစ်တယ်။ ဒီအတွေးတွေက လူတွေရဲ့ အနာဂတ်ကို ပိတ်စေတယ်။ Jews တွေကြားထဲနေတဲ့ Arab ဖြစ်တဲ့ Nas လဲ Nas Daily နဲ့ အောင်မြင်တာပဲ။ English စကားမတတ်တဲ့ Lei Jun လည်း Xiaomi နဲ့အောင်မြင်အောင်လုပ်နိုင်တာပဲ။ Malaysia Rapper Namewee တောင် တရုတ်ဘာသာနဲ့ သီချင်းဆိုပြီး အရှေ့တောင်အာရှမှာ အောင်မြင်နိုင်သေးတယ်။ နေရာတစ်ခုတည်းကြောင့် အစွမ်းအစ မထွက်ဘူးဆိုတာ Internet ခေတ်မှာ မမှန်ဘူးလို့မြင်တယ်။

Limiting Belief Read More »

အတွေးတွေကိုဂရုပြုပါ။

အတွေးငယ်ငယ်က မြန်မာလိုတွေးအင်္ဂလိပ်လိုရေးစာအုပ်ဖတ်ဖူးတယ်။အင်္ဂလိပ်စာသင်ဖို့ အင်္ဂလိပ်လိုတွေးရမှာဖြစ်ပြီး၊တရုတ်စာသင်ပါက တရုတ်လိုတွေးရမှာဖြစ်တယ်။Marketing သင်ပါက Marketing လိုတွေးပြီး၊HR သင်ပါက HR လိုတွေးရမယ်။ စွန့်ဦးတီထွင်စလုပ်မယ့်မိတ်ဆွေအများစုအလုပ်ကထွက်ပြီးကိုယ်တိုင်အလုပ်လုပ်တဲ့အခါအတွေးကိုမပြောင်းနိုင်တဲ့အတွက်အလုပ်ကိုပြန်ဝင်ဖို့စဉ်းစားမိကြတယ်။YouTube နဲ့ 优酷 Youku ကနေ လေ့လာနိုင်တဲ့အချက်က အောင်မြင်သူတွေဘယ်လိုတွေးသလဲဖြစ်တယ်။ Think and Grow Rich ဖြစ်တယ်။ Phyo Paing @ Derek

အတွေးတွေကိုဂရုပြုပါ။ Read More »

ငါနဲ့မတူ ငါ့ရန်သူမှ လူတိုင်းသူ့အတွေးမှာ သူမှန်တယ်။

လွန်ခဲ့တဲ့ ၇ နှစ်လောက်က Reader’s Digest မှာ သုသေတနလုပ်ထားတာလေးတစ်ခုဖတ်ရတယ်။ Asian ကလေးတွေနဲ. Western က ကလေးတွေကို 1. မျောက်ရယ်2. မြက်ရယ်3. နွားရယ် ဘယ်အရာတွေဆက်စပ်လည်းမေးတယ်။ Asian ကလေးတွေက နွားကမြက်စားလို့ နွားနဲ့မြက် ဆက်စပ်တယ်ဆိုတယ်။Western ကလေးတွေက နွားနဲ.မျောက်က တိရစ္ဆာန်ဖြစ်တဲ့အတွက် ဆက်စပ်တယ်လို့ဆိုတယ်။ဘယ်သူမှန်သလည်း? လူတိုင်းမှန်ပါတယ်။ လူတိုင်းအထင်အမြင်ကိုလေးစားပေးပါ။ Phyo Paing @ Derek

ငါနဲ့မတူ ငါ့ရန်သူမှ လူတိုင်းသူ့အတွေးမှာ သူမှန်တယ်။ Read More »

အကြောက်တရား

အကြောက်တရားသည် ဘရိတ်ဖြစ်သည်။ အကြောက်တရားကြောင့် အစွမ်းအစတို့တိမ်ငုပ်ကြရသည်။ အကြောက်တရားကြောင့် အိမ်မက်သည် အိမ်မက်အတိုင်းသာကျန်ခဲ့သည်။ အကြောက်တရားလောက် ဆိုးသော negative emotion မရှိ။ပညာမရှိလို့ ကြောက်သည်။ ကျဆုံးမှာ ကြောက်သည်။ ငွေကြေးမပြည့်စုံလို့ကြောက်သည်။ သိမ်ငယ်သည်။ ရုပ်ရည်မရှိလို့လူတောတိုးဖို့ကြောက်သည်။ language မကျွမ်းကျင်လို့အားငယ်သည်။ ကြောက်သွေးကို ဖောက်ထုတ်လိုက်ပါ။ အရာရာအဆင်ပြေသွားလိမ့်မယ်။ Phyo Paing @ Derek

အကြောက်တရား Read More »

လက်ရှိစိတ်အခြေအနေ၊ ဆုံးဖြတ်ချက် နှင့် လုပ်ရပ်

ဆုံးဖြတ်ချက်တစ်ခုရဲ့ quality ဟာ လူတစ်ယောက်ရဲ့လက်ရှိအခြေနေမှာမူတည်ပါတယ်။ စိတ်ပညာ သုတေသနအရ လက်ရှိစိတ်ညစ်နေတဲ့သူတစ်ယောက်ကို သူ့ရဲ့ အနာဂတ်နောက်ငါးနှစ်နေဘယ်လိုဖြစ်မလည်းမေးရင် စိတ်ညစ်စရာအဖြစ်ပုံဖော်ကြပြီး၊ လက်ရှိ current state မှာ ပျော်နေတဲ့သူတစ်ယောက်ဟာ အနာဂတ်ကိုပျော်ရွင်စရာအဖြစ်ပုံဖော်ကြပါတယ်။ ဒါကြောင့်လက်ရှိအခြေအနေ current physiological state ဟာ ဆုံးဖြတ်ချက်တွေပေါ်အများကြီးတက်ရောက်မှုရှိပါတယ်။ လောင်းကစားရှုံးနေတဲ့သူတစ်ယောက်ရဲ့ physiological state ဟာ သာမန်လူနဲ့မတူပါဘူး။ Stupid state မှာရှိနေရင် Stupid behavior ဖြစ်လာပါမယ်။ (အရက်အလွန်အကျွံသောက်ထားတဲ့သူဟာ မူလ behavior နဲ့ အနည်းနဲ့အများကွာပါမယ်။) ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့အမူအကျင့်တွေမဟုတ်ကြပါဘူး။ You are not your behavior. Physiological state ကို လွမ်းမိုးနေတဲ့အရာတွေထဲမှာ body posture ကိုယ်အနေအထားပါပါတယ်။ လူရှေ့မှာ စကားပြောတဲ့အခါ ကိုယ်က

လက်ရှိစိတ်အခြေအနေ၊ ဆုံးဖြတ်ချက် နှင့် လုပ်ရပ် Read More »