Motivation

ရှေ့ကို မမြင်ရလည်း ကိစ္စမရှိဘူး။ပြန်ကြည့်တဲ့အခါ မြင်ရမှာပါ။

ဆေးကျောင်းတက်တုန်းကဘာလို့ ဒီလမ်းရွေးမိလဲ မသိဘူး။ Marketing စလေ့လာတုန်းကဆေးပညာနဲ့ ဘာဆိုင်လဲ မသိဘူး။ Business စလုပ်တုန်းကဒီအရာတွေ ဘယ်လိုချိတ်ဆက်မလဲ မသိဘူး။ ဒါပေမယ့် ပြန်ကြည့်တော့အကုန်လုံး ချိတ်ဆက်နေတယ်။ ဆေးပညာက Systems Thinking သင်ပေးခဲ့တယ်။Marketing က လူတွေကို နားလည်ဖို့ သင်ပေးခဲ့တယ်။Business က အဲဒီနှစ်ခုကို ပေါင်းသုံးဖို့ သင်ပေးခဲ့တယ်။ Steve Jobs ပြောခဲ့တယ်။“You can’t connect the dots looking forward.You can only connect them looking backwards.” ရှေ့ကို ကြည့်ပြီး dots တွေ ချိတ်လို့မရဘူး။ပြန်ကြည့်မှ မြင်ရတယ်။ ဒါကြောင့် အခု ကိုယ်လုပ်နေတာအဓိပ္ပာယ်မရှိသလို ခံစားရရင်စိတ်မပူပါနဲ့။ ဟိုတုန်းကလည်း ဒီလိုပဲ ခံစားခဲ့ရတယ်။ဒါပေမယ့် ၅ […]

ရှေ့ကို မမြင်ရလည်း ကိစ္စမရှိဘူး။ပြန်ကြည့်တဲ့အခါ မြင်ရမှာပါ။ Read More »

ရေလိုကျင့်ပါ။

ရေ ဖြစ်ပါ 老子 (Lao Tzu) ပြောခဲ့တယ် “ကမ္ဘာပေါ်မှာ အပျော့ပြောင်းဆုံး အရာက ရေဒါပေမဲ့ အမာဆုံး အရာကို ဖြတ်နိုင်တယ်” 上善若水အမြင့်မြတ်ဆုံး ကောင်းမှု ရေနဲ့ တူတယ် ရေ က ဘာလုပ်လဲ အတားအဆီး ရှိရင် တိုက်ခိုက်တာ မဟုတ်ဘူးပတ်သွားတယ် ခွက်ထဲ ထည့်ရင် ခွက်ပုံစံ ဖြစ်တယ်ပုလင်းထဲ ထည့်ရင် ပုလင်းပုံစံ ဖြစ်တယ် ဒါ အားနည်းတာလားမဟုတ်ဘူးဒါ အားအကောင်းဆုံး ပုံစံ ကမ္ဘာ့ အကြီးမားဆုံး မြစ်ကြီးတွေ ကြည့်ပါGrand Canyon ကို ဖန်တီးခဲ့တာ ဘာလဲရေ ကျောက်တုံး မဟုတ်ဘူးဓားလည်း မဟုတ်ဘူးရေ ပျော့ပျောင်းတဲ့ ရေကမာကျောတဲ့ ကျောက်ကို ဖြတ်ခဲ့တယ် ဘယ်လိုလဲ အချိန်နဲ့ညီညွတ်မှုနဲ့မရပ်မနားနဲ့ ဒါ ကိုယ့်ဘဝ အတွက်

ရေလိုကျင့်ပါ။ Read More »

ကိုယ့်ကိုကိုယ် နားလည်မှကိုယ့်ကိုကိုယ် စိတ်ဆင်းရဲမှုကနည်းအောင်လုပ်နိုင်မယ်။

ကိုယ့်ကို နားလည်တဲ့သူ ရှာနေတာ ရပ်ပါ ချစ်သူ ဆီ ရှာတယ်သူငယ်ချင်း ဆီ ရှာတယ်Social media ပေါ် ရှာတယ် “ဘယ်သူမှ ငါ့ကို နားမလည်ဘူး” ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်ကော ကိုယ် ဘာလို့ စိတ်ဆိုးနေတာလဲ — သိလားကိုယ် ဘာ ကြောက်နေတာလဲ — သိလားကိုယ့် ခံစားချက်ရဲ့ အောက်မှာ ဘာ ရှိလဲ — သိလား ဒေါသ ဆိုတာ ပထမထပ်အောက်မှာ ကြောက်တာ ရှိတယ်ဒါမှမဟုတ် နာကျင်တာ ရှိတယ်ဒါမှမဟုတ် ချစ်ခံချင်တာ ရှိနိုင်တယ် ဒါကို မရှာဘူး“သူများကြောင့်” ဆိုပြီး ပစ်ချတယ် တူညီတဲ့ ပြဿနာ ထပ်ခါထပ်ခါ ဖြစ်နေတယ်ချစ်သူ ပြောင်းလည်း ပြဿနာ မပြောင်းဘူးသူငယ်ချင်း ပြောင်းလည်း ခံစားချက် မပြောင်းဘူး

ကိုယ့်ကိုကိုယ် နားလည်မှကိုယ့်ကိုကိုယ် စိတ်ဆင်းရဲမှုကနည်းအောင်လုပ်နိုင်မယ်။ Read More »

ပျက်နေရင်ပြင်။
ဒရွတ်တိုက်မသွားနဲ့။

ပျက်နေရင်ပြင်။ဒရွတ်တိုက်မသွားနဲ့။ ကိုယ်တစ်ယောက်တည်းမဟုတ်တဲ့အခါပြင်လို့မရတဲ့အရာတွေရှိတယ်။ အမြင်သာဆုံးကတော့အချစ်ရေးမှာ relationshipစီးပွားရေးမှာ partnership သွားနေတဲ့လမ်းကြောင်းကကိုယ်လိုချင်တဲ့ပန်းတိုင်ကိုရေရှည်မရောက်စေနိုင်လောက်ဘူးဆိုရင်၁။ တစ်ဖက်လူကိုပြင်၂။ ပြင်လို့မရရင်ပြောင်း၃။​ ပြောင်းလိုမရတော့ရင် ကိုယ့်အတွေးကိုယ်ပြင်၄။ ဒီသုံးခုမဟုတ်ဘဲ ဒရွတ်တိုက်သွားတာကအကောင်းဆုံးရလဒ်ကိုရဖို့ခက်နိုင်တယ်။ Phyo Paing @ Derek

ပျက်နေရင်ပြင်။
ဒရွတ်တိုက်မသွားနဲ့။
Read More »

ဖြစ်ချင်တာဖြစ်ဖို့

ဖြစ်ချင်တာဖြစ်ဖို့မလုပ်ချင်တာ လုပ်ရတဲ့ဘဝကနေ၊လုပ်ချင်တာလုပ်ပြီးဖြစ်ချင်တာဖြစ်တဲ့ဘဝဖြစ်လာဖို့လုပ်သင့်တာ အရင်လုပ်။ပြီးရင် လုပ်ချင်တာလုပ်။ Phyo Paing @ Derek

ဖြစ်ချင်တာဖြစ်ဖို့ Read More »

မိုးရွာတုန်းရေခံဖို့
အရေးကြီးတယ်။

လူတွေဘာကြောင့် ကျဆုံးလဲနောက်ကျကျန်ခဲ့လဲဆိုဒီလေးခုကြောင့်တဲ့။ 看不见,မမြင်ဘူး看不起,အထင်မကြီးဘူး看不懂,ကြည့်ပြီးနားမလည်ဘူး来不及အလျှင်မမှီတော့ဘူး။ ဒါက အင်တာနက်ခေတ်မှာဂျက်မာပြောခဲ့တဲ့စကားလေး။ အခု အေအိုင်ခေတ်လာနေပြီ။မျက်စိဖွင့်၊ နားစွင့်၊ နေ့စဉ်လေ့လာ၊အခွင့်အလမ်းတွေ့တာနဲ့ချက်ချင်းလုပ်။ လူတွေကိုယ့်ကိုချစ်တာမုန်းတာ၇ ရက်ပဲ။ကိုယ့်ဘဝ၊ ကိုယ့်မိသားစု၊ကိုယ့်ဝန်ထမ်း၊ ကိုယ့်ပါတနာအတွက်ငွေက အရေးကြီးတယ်။နောက် ကိုယ့်သမိုင်းပေးတာဝန်အရေးကြီးတယ်။ မိုးရွာတုန်းရေခံဖို့အရေးကြီးတယ်။ Phyo Paing @ Derek

မိုးရွာတုန်းရေခံဖို့
အရေးကြီးတယ်။
Read More »

ကိုယ့်ကိုကိုယ် အလွန်အကျွံအပြစ်မတင်ပါနဲ့။

ကိုယ့်ကိုကိုယ်အလွန်အကျွံအပြစ်မတင်ပါနဲ့။ ကျွန်တော်တို့ ယဥ်ကျေးမှုမှာလူတချို့က ကိုယ့်ကိုကိုယ်လိုတာထက် အပြစ်တင်တာနဲ့ကြီးပြင်းလာတတ်ကြတယ်။​ အသက်ကြီးတဲ့ထိ ဒီစိတ်ခံစားမှုကြီးကမပျောက်သွားတာမျိုးဖြစ်တတ်တယ်။ အထူးသဖြင့် မိသားစုမှာideal အကောင်းဆုံးအခြေအနေနဲ့သွေဖယ်သွားတိုင်း၊လုပ်သင့်တာကို မလုပ်ခဲ့လိုက်ရတိုင်း၊မလုပ်သင့်တာကို လုပ်ခဲ့မိလိုက်တိုင်းနောင်တရ၊ အပြစ်တင်တတ်တဲ့မိသားစုက ကြီးလာတဲ့အခါguilt ကိုယ့်ကိုကိုယ်အပြစ်တင်စိတ်ကအော်တို ဘဝမှာရှိနေတာမျိုးဖြစ်တတ်တယ်။​ ကိုယ့်ကိုကိုယ် ဂုဏ်မယူတဲ့အပြုအမူကိုလုပ်မိတဲ့အခါတိုင်း၊ကိုယ်မပြောသင့်တဲ့စကားကိုပြောမိတဲ့အခါဖြစ်တတ်တယ်။ တခါတလေ ကြီးကြီးကျယ်ကျယ်မဟုတ်သေးသေးမွှားမွှားလေးတောင်မှကိုယ့်ကိုကိုယ် အပြစ်တင်တတ်တဲ့စိတ်ကဗိုင်းရစ်လိုစွဲကပ်နေတာမျိုးလဲဖြစ်တတ်တယ်။​ ဟင်းဝယ်တယ် လိုတာထက်များသွားတယ်။ကိုယ့်ကိုကိုယ် အပြစ်တင်မိတာမျိုး။ကိုယ်ဝယ်လိုက်တဲ့အရာကပုံမှန်ထက်စျေးများနေတယ်ကိုယ့်ကိုကိုယ် အပြစ်တင်မိတာမျိုး။ ပိုဆိုးစေတာက နင်ဒီဘဝဒီလိုဒုက္ခကြုံတယ်ဆိုတာအရင်ဘဝက ဘာတွေလုပ်ထားမှန်းမှမသိတာဒီလို ဘဝအဓိပ္ပာယ်ဖွင့်ဆိုမှုတွေကလဲguilt ကိုယ့်ကိုကိုယ်အပြစ်တင်စိတ်ကိုတိုးပွားစေတယ်။​ ငါတလွဲလုပ်လိုက်မိတယ်။ပြင်တော့ပြင်ရမယ်။ဒါက guilt.ငါကတော့ အမြဲတလွဲလုပ်တဲ့ကောင်းပဲဒါက self-blame. လူတွေသတ်မှတ်ထားတဲ့စံနှုန်းထဲဝင်ဆန့်ဖို့အမြဲကိုယ့်ကိုကိုယ် မှားတယ်ထင်ပြီးguilt ဖြစ်တာဖြစ်ဖြစ်၊self-blame လုပ်တာဖြစ်ဖြစ်ဒါတွေက အလွန်အကျွံလုပ်ရင်မကောင်းဘူး။ ဒါကြောင့် ကိုယ့်ကိုကိုယ်ပြန်ပြောပါ။​“ငါ့ logic နဲ့ ငါအဲ့အချိန်ကအသိဥာဏ်နဲ့၊ ခံစားချက်နဲ့၊အခြေအနေနဲ့ အကောင်းဆုံးလုပ်ခဲ့တာပဲ။” ကိုယ့်ကိုကိုယ် အလွန်အကျွံအပြစ်မတင်ပါနဲ့။ဘဝကို နေပျော်ချင်ရင်“အရာရာပိုကောင်းဖို့ဖြစ်လာတာပါလို့နှလုံးသွင်းကြည့်ပါ။” Phyo Paing @ Derek

ကိုယ့်ကိုကိုယ် အလွန်အကျွံအပြစ်မတင်ပါနဲ့။ Read More »

ကိုယ့်ရည်မှန်းချက်ကိုပဲ
မမှိတ်မသုန်အာရုံစိုက်။

တခြားသူတွေရဲ့ အောင်မြင်မှုတွေနဲ့ကိုယ်နဲ့ နှိုင်းယှဥ်ပြီးဘူမနေနဲ့။ ကိုယ့်ရည်မှန်းချက်ကိုပဲမမှိတ်မသုန်အာရုံစိုက်။ သွားချင်တဲ့ပန်းတိုင်မတူဘူး။နေချင်တဲ့ဘဝမတူဘူး။တည်ဆောက်ချင်တဲ့ အိမ်မက်တွေမတူဘူး။ Phyo Paing @ Derek

ကိုယ့်ရည်မှန်းချက်ကိုပဲ
မမှိတ်မသုန်အာရုံစိုက်။
Read More »

အခက်အခဲကြုံတိုင်း
ကိုယ့်ကိုကိုယ် အားပေးစကားတစ်ခွန်း

အခက်အခဲကြုံတိုင်းကိုယ့်ကိုကိုယ် အားပေးစကားတစ်ခွန်းပြောလေ့ရှိတယ်။လွယ်ရင် လူတိုင်းလုပ်နေမှာပေါ့။ Phyo Paing @ Derek

အခက်အခဲကြုံတိုင်း
ကိုယ့်ကိုကိုယ် အားပေးစကားတစ်ခွန်း
Read More »

မနက်ထတိုင်းမေးတဲ့မေးခွန်းတစ်ခု

မနက်ထတိုင်းမေးတဲ့မေးခွန်းတစ်ခုကမနေ့က ငါလုပ်ခဲ့တဲ့ဂုဏ်ယူတဲ့အရာတစ်ခုဆိုဘာများဖြစ်မလဲ။ နေ့စဥ် ကိုယ်ဂုဏ်ယူတဲ့အလုပ်တွေလုပ်ရင်ကိုယ့်ရဲ့ ဖြစ်တည်မှုကိုလဲဂုဏ်ယူလာမယ်။ Phyo Paing @ Derek

မနက်ထတိုင်းမေးတဲ့မေးခွန်းတစ်ခု Read More »