Motivation

မှားတာ ပြဿနာမဟုတ်ဘူး။

လူတိုင်းက စိတ်ဓာတ်တိုက်ပွဲနေ့စဉ် တိုက်နေရတယ်ဗျာ။စိတ်ညစ်တာ၊ စိတ်ဓာတ်ကျတာ၊တခါတလေ အဝေးတစ်နေရာကိုထွက်ပြေးသွားချင်တာ၊ကိုယ့် Facebook account ကို Deactivate လုပ်ပြီးနေလိုက်ချင်တာ။ ဘဝမှာ အကြည်ဓာတ်ဆိုတာရဖို့ခက်တယ်။အထူးသဖြင့် ကျွန်တော်တို့နေထိုင်တဲ့ ယဉ်ကျေးမှု Culture မှာပေါ့။ဒီနိုင်ငံရေး၊ ဒီစီးပွါးရေး၊ ဒီလိုခိုးဆိုးလုဝှက်တွေ များနေတဲ့နေရာမျိုးမှာပေါ့။ဒါက ဘယ်လိုဖြစ်လာလဲဆိုတာ အားလုံးသိပြီးသားပဲလေ။ တစ်ခုလုပ်လို့ရတာကတော့ Cultural escape လုပ်တာပဲ။တခြားသူတွေရဲ့အထင်အမြင်တွေကိုယ့်စိတ်ခံစားချက်ပေါ်လွမ်းမိုးမှုမရှိအောင်အာရုံအရေးကြီးတယ်။ ဒီအာရုံက ကိုယ်ပျော်ပြီးငွေရတဲ့အလုပ်မှာ ၁၀၀% ထားဖို့လိုတယ်။ဒီအလုပ်မရှိသေးရင် လေ့လာရမှာကိုယ့်တာဝန်ပဲ။ ပေါင်းသင်းတဲ့လူတွေ ဂရုစိုက်ဖို့လိုတယ်။ ကိုယ့်ရဲ့ အကောင်းဆုံးပုံစံနဲ့ မိနစ်တိုင်းနေသွားဖို့ကိုယ်ထိန်းချုပ်မရတာတွေအစားထိန်းချုပ်နိုင်တာတွေကိုပဲ အာရုံစိုက်လုပ်ဆောင်ဖို့။ ဘာပဲဖြစ်ဖြစ် ၁၀၀% ကိုယ့်ကိုကိုယ်တာဝန်ယူဖို့။အစွမ်းကုန် ရိုးသားဖို့၊သစ္စာရှိ commitment ရှိဖို့။ဒါတွေကတော့ ၂၀၂၂ Limitless Stoic Goal ပဲ။ လူတိုင်းက perfect မဖြစ်ဘူး။Childhood Trauma တစ်ပုံကြီးပါခဲ့နိုင်တယ်။Healing မလုပ်တတ်ရင်တစ်ဘဝလုံး လူဖြစ်ရှုံးသွားနိုင်တယ်။ မှားတာ […]

မှားတာ ပြဿနာမဟုတ်ဘူး။ Read More »

Social media ကို
Motivation အတွက်
အထာကျကျသုံးပါ။

Social Media ကို Motivation အတွက်ဘယ်လို အထာကျကျသုံးသလဲ။ သင်ယူမှု၊ မော်တီဗေးရှင်းနဲ့ လှုပ်ရှားမှုအတွက်Dopamine ဆိုတဲ့ ဟော်မုန်းလိုတယ်။ ဒီ ဒိုပါမင်းဟော်မုန်းက သဘာဝအလျောက်ဖြစ်နေတဲ့ခန္ဓာကိုယ်အတွင်းက “feel-good”နေထိုင်လို့ကောင်းစေတဲ့ ဟော်မုန်းဖြစ်တယ်။အစားအသောက်ကောင်း၊ sex သို့စွဲလမ်းစေတဲ့ဆေးဝါးတချို့ကြောင့်လဲဒီ ဟော်မုန်းထွက်တယ်။ လူ့ဦးနှောက်ရဲ့ reward system ကိုနိုးဆွတဲ့အတွက် နေလို့ထိုင်လို့ကောင်းhigh စေတယ်။ Social Media က ဒီ hormone ဖြစ်စဥ်ကိုအသုံးပြုပြီး လူတွေကိုစွဲလမ်းအောင်ဖန်တီးထားတယ်။ ဒါကြောင့် post ခဏခဏတင်တဲ့သူတွေကတင်ပြီးရင် တင်ချင်နေတာဖြစ်တယ်။ ဒီဖြစ်စဥ်ကို အသုံးပြုပြီးခါတိုင်း note တွေထဲမှာရေးတဲ့စာတွေကို social media မှာတင်ပြီးdopamine hormone ကို နှိုးဆွတယ်။ ဒီကမှ တဆင့်နောက် content တွေဖန်တီးဖို့ motivation တွေပြန်ရပြီးendless cycle ဖြစ်လာတယ်။ အခုရေးနေတဲ့

Social media ကို
Motivation အတွက်
အထာကျကျသုံးပါ။
Read More »

အမှတ်တံဆိပ်တစ်ခုတည်ဆောက်တဲ့အခါ ကိုယ်ဘယ်သူလဲ၊ ဘာယုံကြည်လဲ၊ ကိုယ့် Opinion အထင်အမြင်တွေကို သတ္တိရှိရှိ ဖော်ပြရပ်တည်ရဲရမယ်။
မဟုတ်ရင် ဘားမှမထူးတဲ့
Me Too ပဲ ဖြစ်လိမ့်မယ်။

Apple အနေနဲ့ Privacy အတွက်ရပ်တည်တယ်။FBI က backdoor လုပ်ခိုင်းလဲ မလုပ်ဘူး။Google က democratizing informationအတွက်ရပ်တည်တယ်။တရုတ် China firewall ကြောင့်အမြတ်များလှတဲ့ တရုတ်ကိုကျောခိုင်းခဲ့တယ်။ Xiaomi က လူတိုင်းတီထွင်ဆန်းသစ်မှုအနှစ်သာရကိုရဖို့Innovation for Everyone ဆိုပြီးစျေးသက်သာအရည်အသွေးကောင်းပစ္စည်းတွေထုတ်တယ်။Alibaba က 相信小的伟大 ဆိုပြီးSmall is beautiful ဆိုပြီးSME တွေအတွက် ရပ်တည်တယ်။ စာရွက် စာတီဖီကိတ်ပဲရှိပြီးစကေးမရှိတာကို မုန်းတယ်။အမြင်လှပြီး တကယ်မတတ်တာကိုလူ့ပေါက်ပန်းလို့ နာမည်ပေးထားတာမမှားဘူးလို့ထင်တယ်။ ကျွန်တော်ကတော့ တကယ့် serious ဖြစ်တဲ့Passionate ဖြစ်တဲ့PwP (People with Passion) ကိုပဲservice ပေးဖို့ YEC Learning Center ကိုစတင်ခဲ့တယ်။နာမည်ကြီးဖို့မလိုဘူး။နေရာတိုင်းမှာရှိဖို့မလိုဘူး။ကိုယ်လိုချင်တဲ့အပြောင်းအလဲကိုဖော်ဆောင်နိုင်ဖို့ပဲလိုတယ်။ Phyo Paing @ Derek

အမှတ်တံဆိပ်တစ်ခုတည်ဆောက်တဲ့အခါ ကိုယ်ဘယ်သူလဲ၊ ဘာယုံကြည်လဲ၊ ကိုယ့် Opinion အထင်အမြင်တွေကို သတ္တိရှိရှိ ဖော်ပြရပ်တည်ရဲရမယ်။
မဟုတ်ရင် ဘားမှမထူးတဲ့
Me Too ပဲ ဖြစ်လိမ့်မယ်။
Read More »

ကိုယ့်မှာရှိတဲ့ ကျန်းမာရေးနဲ့
အချိန်ကို အကောင်းဆုံးအသုံးပြုဖို့
အလုပ်ကို ပိုးစိုးပက်စက်လုပ်ပါ။

ပြဿနာအများစုက ရွေးချယ်မှုမရှိတာကနေလာတယ်။ နိုင်ငံတစ်နိုင်ငံမှာ မပျော်ဘူး။နောက်တစ်နိုင်ငံကို ပြောင်းဖို့ ရွေးချယ်မှုမလုပ်နိုင်ရင် စိတ်ဆင်းဆင်းရဲရဲနဲ့ ပြဿနာတောထဲကမထွက်နိုင်ဘူး။ ရည်းစားကပစ်သွားတယ်။ ကိုယ့်မှာ သူ့ထက်ပိုကောင်းတဲ့သူကို ရွေးချယ်နိုင်မှုမရှိရင် ပြဿနာဖြစ်ပြီ။ ဘဝပြဿနာ အများစုက ရွေးချယ်နိုင်မှု မပြုလုပ်နိုင်စွမ်းက လာတယ်။ ဒီရွေးချယ်မှုကို ပြုလုပ်နိုင်ဖို့ အရင်းအမြစ်လိုတယ်။ ပြဿနာအများစုက ရွေးချယ်မှုမရှိတာကလာရင်၊ လူအများစုရဲ့ ရွေးချယ်မှုမရှိတဲ့ပြဿနာက အရင်းအမြစ်မရှိတာကလာတယ်။ အရင်းအမြစ်တွေအားလုံးထဲမှာ ကျွမ်းကျင်မှု၊ အလုပ်အကိုင်၊ကျန်းမာရေး၊ အချိန်၊ ငွေကြေး တွေပါဝင်တယ်။ ကျန်းမာပြီးအချိန်ရှိတုန်းအရင်းအမြစ်တည်ဆောက်ဖို့ ကိုယ်ဂုဏ်ယူတဲ့အလုပ်ကို ပိုးစိုးပက်စက်လုပ်ပါ။ Phyo Paing @ Derek

ကိုယ့်မှာရှိတဲ့ ကျန်းမာရေးနဲ့
အချိန်ကို အကောင်းဆုံးအသုံးပြုဖို့
အလုပ်ကို ပိုးစိုးပက်စက်လုပ်ပါ။
Read More »

ကိုယ့်ကိုကိုယ် ဂုဏ်ယူရမည့်အလုပ်တွေ နေ့တိုင်းလုပ်ပါ။

Content as a service စမယ်ဆိုတာထက်ကိုယ့်ကိုကိုယ် challenge ခေါ်တဲ့အနေနဲ့တစ်ရက်တစ်အုပ် စာဖတ်မယ်။Note ထုတ်မယ်။Video ရိုက်ပြန်ပြောပြမယ်။ကိုယ်လဲပိုမှတ်မိမယ်။တခြားသူတွေလဲ လေ့လာလို့ရမယ်။ကိုယ်ဖတ်ချင်တဲ့စာအုပ်ဖတ်မယ်။ဘယ်လောက်ထိသွားနိုင်မလဲကြည့်မယ်ဆိုပြီး စခဲ့တယ်။ ကြားထဲ Omicron ဖြစ်တဲ့အချိန်မနည်းရုန်ကန်ထရတယ်။ခေါင်းတွေမူး၊ အားမရှိ၊အသံမထွက်တဲ့ ဒဏ်တွေကြားRoutine ကို မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုပြီးကျော်ဖြတ်ခဲ့တယ်။ ဒီနေ့တော့ ရက်ပေါင်း ၁၅၀ ပြည့်ပြီ။ကိုယ့်ကိုကိုယ် ဂုဏ်ယူရမည့်အလုပ်တွေနေ့တိုင်းလုပ်ပါ။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် ဂုဏ်ယူရမည့်အလုပ်တွေ နေ့တိုင်းလုပ်ပါ။ Read More »

စည်းတားပါ

ဦးနှောက်တွေရပ်မတတ်ချောင်းတွေဆိုး အကြီးအကျယ်ဖျားဖူးတယ်။Covid-19 လဲဖြစ်ဖူးတယ်။ Coup ကြောင့်လုပ်ငန်းတွေလချီပြီး ရပ်သွားဖူးတယ်။ လုပ်ဖို့ရည်ရွယ်ထားတဲ့လမ်းကြောင်းတွေကမောက်ကမ ဖြစ်ရုံမကလမ်းကြောင်းတွေပြောင်းလဲနောက်ကျသွားတယ်။ အမျိုးထဲက ဆန္ဒပြရင်း တိုင်းသိပြည်သိတစ်ယောက်သေနတ်မှန်ဆုံးသွားတယ်။ အဖွားအရင်း Covid-19 နဲ့ဆုံးသွားတယ်။ လူမသိသေးတဲ့ ဘဝအချိုးအကွေ့ကြီးတစ်ခုCovid-19 စ ဖြစ်ဖြစ်ခြင်း March 2020 မှ ဖြစ်ခဲ့တယ်။ လူတွေမသိတဲ့ ပြဿနာပေါင်းတစ်သောင်းခြောက်ထောင်ကိုတည်တည်ငြိမ်ငြိမ် အိန္ဒြေမပျက်ကျော်လွားနိုင်ဖို့ “စည်း” လိုတယ်။ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊ကျန်းမာရေး ဘယ်လောက်ဆိုးဆိုးကိုယ့်ရဲ့အတွင်းစည်းကို မကျော်နိုင်ဘူး။ဘာကြောင့်လဲဆို ဒီထဲဝင်ခွင့်ရှိတဲ့Authorized person က ကိုယ်ပဲ။ ကိုယ့်ရဲ့ spouse လဲမဟုတ်ဘူး။မအလလဲ မဟုတ်ဘူး။ပူတင်လဲ မဟုတ်ဘူး။Covid-19 လဲ မဟုတ်ဘူး။ကုန်စျေးနှုန်းတွေလဲ မဟုတ်ဘူး။ ကိုယ့်ကိုဘယ်လောက် စိတ်ညစ်အောင်လုပ်လုပ်ဘယ်လောက် အကြည်ဓာတ်ပျက်အောင်လုပ်လုပ်ခေါင်းအေးအေး၊ စိတ်ဓာတ်ခိုင်ခိုင်မာမာဒူပေဒါပေခံခံနဲ့ ကိုယ်ဂုဏ်ယူတဲ့အလုပ်ကိုပိုးစိုးပက်စက်ဆက်လုပ်နေနိုင်တာ စည်းတားထားလို့။ ကိုယ့်ရဲ့ လောကအမြင်၊အတွေးအခေါ်၊ ခံစားချက်တွေကို၁၀၀% ထိန်းရချုပ်တဲ့သူက ကိုယ်ပဲ။

စည်းတားပါ Read More »

နေ့စဉ်မဖြစ်မနေ လုပ်တဲ့
Routine ၃ ခုက ၁၀ ခုရှိရမယ်။

ဒီနေ့စဉ်မဖြစ်မနေလုပ်တဲ့အရာတွေကဘဝကို စနစ်တစ်ခုဖန်တီးပေးတယ်။ပြဿနာတွေရှိရင်တောင် လဲပြိုမသွားအောင်ပုံစံခွက်တစ်ခုတည်ဆောက်ပေးထားတယ်။တစ်နှစ်လောက်ပုံမှန်လုပ်သွားရင်ဘဝတွေ ကွာသွားတယ်။ မနက်မှာ တရားထိုင်တာဖြစ်ရင်ဖြစ်မယ်။နေ့စဉ် စာရေးတာဖြစ်ရင်ဖြစ်မယ်။နေ့စဉ် ဘာသာစကားတစ်ခု၊ နှစ်ခုလေ့လာတာဖြစ်ရင်ဖြစ်မယ်။နေ့စဉ်စာတစ်အုပ်ဖတ်တာဖြစ်ရင်ဖြစ်မယ်။နေ့စဉ်လေ့ကျင့်ခန်းတွေလုပ်တာဖြစ်ရင်ဖြစ်မယ်။နေ့စဉ် fasting လုပ်တာဖြစ်ရင်ဖြစ်မယ်။နေ့စဉ်အလုပ်အတွက်အချိန်ပေးစဉ်းစားတာ ဖြစ်ရင်ဖြစ်မယ်။ Phyo Paing @ Derek

နေ့စဉ်မဖြစ်မနေ လုပ်တဲ့
Routine ၃ ခုက ၁၀ ခုရှိရမယ်။
Read More »

ကိုယ့်ကိုကိုယ် train လုပ်ဖို့လိုတယ်။

စိတ်ညစ်တတ်ဖို့ Train လုပ်စရာမလိုဘူး။အမြဲတတ်ကြွပြီးဘဝကို လတ်လတ်ဆတ်ဆတ်နေ့စဉ်ဖြတ်သန်းဖို့တော့ကိုယ့်ကိုကိုယ် train လုပ်ဖို့လိုတယ်။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် train လုပ်ဖို့လိုတယ်။ Read More »

စိတ်ညစ်မခံပါနဲ့။ စိတ်ညစ်တယ်ဆိုတာ ရွေးချယ်မှုတစ်ခုပါ။

စိတ်ဖိစီးမှုများရင်ကိုယ်ခံအားကျတယ်။ကိုယ်ခံအားကျရင်ရောဂါဝင်နိုင်တယ်။စိတ်ညစ်မခံပါနဲ့။စိတ်ညစ်တယ်ဆိုတာရွေးချယ်မှုတစ်ခုပါ။ Phyo Paing @ Derek

စိတ်ညစ်မခံပါနဲ့။ စိတ်ညစ်တယ်ဆိုတာ ရွေးချယ်မှုတစ်ခုပါ။ Read More »

ကိုယ့်သေအောင် မသတ်နိုင်တဲ့အရာကပိုသန်မာစေတာပဲလေ။

ကိုယ့်လုပ်ငန်းက Covid-19 နဲ့Coup အတွင်းမှာ ရှင်သန်ရင်ကိုပဲတော်တော်လေး ခံနိုင်ရည်မြင့်တဲ့ဦးဆောင်တဲ့သူလို့ ပြောလို့ရနေပြီ။ Omicron ဖြစ်လို့အပြင်မထွက်သူတွေနဲ့အိမ်မှာနေရင်းနဲ့ Mobile Internetမရတဲ့ စားသုံးသူတွေကြားရိုးရိုးသားသား ကြိုးစားကြံဆပြီးကိုယ့်လုပ်ငန်းဘယ်လိုရှင်သန်ကြီးထွားခဲ့လဲဆိုတာ ကိုယ်နောက်လူတွေပြန်ပြောပြရင် တစ်ထောင့်တစ်ညပုံပြင်တွေ ဖြစ်နေတော့မယ်။ ကိုယ့်သေအောင် မသတ်နိုင်တဲ့အရာကပိုသန်မာစေတာပဲလေ။ Phyo Paing @ Derek

ကိုယ့်သေအောင် မသတ်နိုင်တဲ့အရာကပိုသန်မာစေတာပဲလေ။ Read More »