Motivation

အနိုင်ဆိုတာ စွဲလမ်းစေတယ်။

ကျောင်းမှာ အဆင့် ၁၊ ၂၊ ၃ ပြိုင်တဲ့အခါ၊အဆောင်မှာ ဘယ်သူဂုဏ်ထူးဘယ်နှစ်ခုထွက်လဲ ပြိုင်တဲ့အခါအလုပ်ခွင်မှာ ကိုယ့်ရဲ့စွမ်းဆောင်ရည်ပြိုင်ဆိုင်တဲ့အခါ၊လုပ်ငန်းမှာ ဘယ်သူပိုရှေ့ရောက်လဲပြိုင်တဲ့အခါတဖြည်းဖြည်းနားလည်လာတာပြိုင်ဆိုင်မှုတစ်ခုမှာ အနိုင်ရတာများလာတဲ့အခါ ဒီခံစားချက်ကAddictive ဖြစ်လာတယ်။ Phyo Paing @ Derek

အနိုင်ဆိုတာ စွဲလမ်းစေတယ်။ Read More »

ခိုင်းဖက်

ငါ့သားကြီးက ခိုင်းလိုက်ရင်လှည့်ကြည့်စရာမလိုဘူး။စေ့စပ်သေချာတယ်ဆိုပြီးတဖြည်းဖြည်းနဲ့ ခိုင်းဖက်ဖြစ်လာတယ်။အမှန်တော့ လုပ်ငန်းတွေမှာအလုပ်ပိုလုပ်ရတယ်ဆိုတာကိုယ်က ဂျွတ် (တော်) လို့ပါ။ Phyo Paing @ Derek

ခိုင်းဖက် Read More »

မနေ့ကနဲ့ နှိုင်းယှဉ်ပါ။
မရောက်သေးတဲ့
မနက်ဖြန်နဲ့ မနှိုင်းယှဉ်ပါနဲ့။

မရောက်သေးတဲ့ မနက်ဖြန်အိမ်မက်တွေနဲ့နှိုင်းယှဉ်ရင်ဒီနေ့က လိုအပ်ချက်တွေဖြစ်နေအုံးမယ်။ မကျေနပ်ချက်တွေနဲ့ နေမည့်အစားမနေ့ကနဲ့ နှိုင်းယှဉ်ပြီးပိုကောင်းအောင်လုပ်ဖို့လိုတယ်။ မနေ့ကထက်ပိုကောင်းလာတဲ့တိုးတက်မှုခံစားချက်က တွန်းအားပိုဖြစ်စေတယ်။ ဒါကြောင့်မနေ့ကထက် ဒီနေ့ပိုကောင်းနိုင်တယ်။သူများနဲ့လဲ မနှိုင်းယှဉ်နဲ့။ Phyo Paing @ Derek

မနေ့ကနဲ့ နှိုင်းယှဉ်ပါ။
မရောက်သေးတဲ့
မနက်ဖြန်နဲ့ မနှိုင်းယှဉ်ပါနဲ့။
Read More »

ဘဝဆိုတာ ဒုက္ခသစ္စာနဲ့ ကင်းလို့်မရတဲ့
အတွက် ပြဿနာတိုင်းအောက်မှာ
မြုပ်ခံမလား၊
ပြဿနာတွေကို အားယူ
လှေကားထစ်လုပ် ပြန်တက်မလား။

အိမ်မှာ သုံးမရတဲ့ ၇၅ ကျပ်တန်တွေတွေ့တော့အဖွားကို ငယ်ငယ်ကမေးခဲ့ဖူးတယ်။မျက်ရည်ဝဲဝဲနဲ့ ဖြေရှာတယ်။ ဒုက္ခဆိုတာ ဒီနေ့ခေတ်မှကြုံတာမဟုတ်ဘူး။ဦးနေဝင်းလုပ်လို့ နောက်နေ့မနက်ပြည်သူပိုင် သိမ်းခံရလို့ရူးမတတ်ဖြစ်ပြီး ရပ်သွားတဲ့သူတွေရှိသလိုသင်ခန်းစာယူ အသစ်ပြန်စနေရာတစ်ခု အခြေချသူတွေရှိတယ်။ ဘဝဆိုတာ ဒုက္ခသစ္စာနဲ့ ကင်းလို့်မရတဲ့အတွက် ပြဿနာတိုင်းအောက်မှာမြုပ်ခံမလား၊ပြဿနာတွေကို အားယူလှေကားထစ်လုပ် ပြန်တက်မလား။ 2022 ရဲ့ goal က limitless stoic တစ်ယောက် ဖြစ်လာဖို့ဖြစ်တဲ့အတွက်ဒုတ်ပြီးဓားပြီးဖြစ်သလိုစိတ်ညစ်စရာ BS တွေ proof ဖြစ်ဖို့နေ့စဉ် ကိုယ့်ကိုကိုယ်Mentally, Physically လေ့ကျင့်နေတယ်။ 2030 လောက်အတွက်ပဲ စဉ်းစားထားလိုက်တယ်။ Phyo Paing @ Derek

ဘဝဆိုတာ ဒုက္ခသစ္စာနဲ့ ကင်းလို့်မရတဲ့
အတွက် ပြဿနာတိုင်းအောက်မှာ
မြုပ်ခံမလား၊
ပြဿနာတွေကို အားယူ
လှေကားထစ်လုပ် ပြန်တက်မလား။
Read More »

ကိုယ့်ကိုကိုယ် ဆုလဒ်လို့စဉ်းစားပါ။

ကိုယ်က ဆုလဒ်ပဲ။你就是奖品 ကိုယ်က ဆုတံဆိပ်လို့မှတ်ယူဖို့လိုတယ်။ဒီအတွေးအခေါ်ကို တခြားသူတွေပါဟိုးအရင်ကတည်းက ပြောပြဖြစ်တယ်။ စီးပွါးရေးမှာ ကိုယ်ကနေနောက်ကလိုက်ရောင်းနေတာထက်ကိုယ့်ဆီလာအောင် ခံယူချက်အရေးကြီးတယ်။ဒါကတော့ ကိုယ့်ကိုကိုယ်ကိုယ့်လုပ်ငန်းကိုကိုယ် ကိုယ့်ဖောက်သည်တွေအတွက်ဆုတံဆိပ်ပေးတယ်ဆိုတဲ့ စိတ်ထားဖို့လိုတယ်။ အချစ်ရေး relationship မှာလဲတူတူပဲ။သူနဲ့တွေ့လို ကိုယ်ကံကောင်းတာမဟုတ်ဘူး။ကိုယ်နဲ့တွေ့လို့ သူကံကောင်းတာ။ HR မှာလဲ အလားတူပဲ။သူရှိလို့ ကိုယ့်လုပ်ငန်းရပ်တည်တာမဟုတ်ဘူး။ကိုယ့်လုပ်ငန်းလည်ပတ်လို့ Top Talent ရှိတာ။ ဒီအတွေးအခေါ်က radical ဆန်ပေမယ့်ဘဝအမြင်ကို လှုပ်ခတ်ပြောင်းလဲပေးနိုင်စွမ်းရှိတယ်။ ကိုယ့်ကိုကိုယ် အမှိုက်လို့စဉ်းစားတာ၊အသုံးမကျဘူးလို့ စဉ်းစားတာ၊လိုအပ်နေသေးတယ်လို့စဉ်းစားပြီးစိတ်ညစ်တတ်တာ ဖျောက်ပါ။ကိုယ့်ကိုကိုယ် ဆုလဒ်လို့စဉ်းစားပါ။ Your are the reward. ဆုတံဆိပ်နဲ့ထိုက်တန်တဲ့သူကဆုရမှာပဲ။မထိုက်တန်တဲ့သူက သာမာန်ပဲရမှာပဲ။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် ဆုလဒ်လို့စဉ်းစားပါ။ Read More »

တိုးတိုးလေးပြောပြမယ်။

ပေါင် ၅၀ ကျသွားပြီးကိုယ့်ရဲ့ fighting weightပြန်ရောက်သွားချိန်မှာ ရှိတဲ့ပေါ့ပါးသွက်လက်စေတဲ့ feeling. လူပေါင်း ရာထောင်ချီရှေ့မှာကိုယ့်အတွေးအခေါ်ကိုချပြတဲ့အခါလိုက်ရေးမှတ်ပြီး အလင်းတွေပွင့်အသုံးချပြီး ဘဝပြောင်းလဲသွားတော့ပို့လာတဲ့ message တွေရတဲ့အခါခံစားရတဲ့ feeling. တစ်လ view ပေါင်း ၂ သန်းကျော်နဲ့ကိုယ့်အတွေးအခေါ် ဘဝအယူအဆလေ့လာထားတာကို ပြန်မျှဝေပြီးကျေးဇူးတင်စကားတွေလာတဲ့အခါခံစားရတဲ့ feeling. Clients တွေအနေနဲ့ အပြောင်းအလဲဖြစ်လွန်းလို့ ဝမ်းသာအားရအမြဲပြောတဲ့စကားသံတွေကြားရတဲ့အခါခံစားရတဲ့ feeling. ကိုယ့် digital products တွေအသုံးပြုသူUser တွေ ကျွန်တော်တို့ဖန်တီးထားတဲ့Tools တွေအသုံးပြုပြီးဘယ်လိုအောင်မြင်သွားတာကြားရတိုင်းခံစားရတဲ့ feeling. ဒီ feeling တွေဟာ အလုပ်ကိုပိုးစိုးပက်စက်လုပ်ဖို့ motivation တွေပဲ။ ဒါကြောင့် တိုးတိုးလေးပြောပြမယ်။“Feeling is the secret” 🤫 Phyo Paing @ Derek

တိုးတိုးလေးပြောပြမယ်။ Read More »

အလုပ်ဆိုတာ ထွက်ပေါက်ပဲ။

အလုပ်ဆိုတာ စိတ်ကြွဆေးပဲ။အလုပ်ဆိုတာ တွန်းအားပဲ။အလုပ်ကိုစွဲလမ်းသွားတဲ့အခါပြဿနာတချို့ကိုမေ့သွားတယ်။အလုပ်ဆိုတာထွက်ပေါက်ပဲ။အလုပ်ဆိုတာ လွတ်မြောက်ရာနယ်မြေ။ ဒီလိုဖြစ်ဖို့ ကိုယ်ရင်ခုန်တဲ့အလုပ်လုပ်ဖို့လိုတယ်။ကိုယ်မကြိုက်တဲ့အလုပ်ကို စိတ်ညစ်ခံလုပ်ပြီးကိုယ့်ကိုကိုယ် မညှင်းဆဲတော့တာ၂၀၁၂ Jan ဘွဲ့ရပြီးကတည်းကပဲ။ တစ်ရက်မှ အလုပ်မလုပ်ချင်ရင်ကိုယ်ချစ်တဲ့အလုပ်ကိုလုပ်ပါလို့ကွန်ဖြူးရှပ်လဲ ပြောခဲ့တာပဲ။ အလုပ်ကို ဂိမ်းတစ်ခုလိုစွဲစွဲလမ်းလမ်းလုပ်ဖို့လိုတယ်။ Phyo Paing @ Derek

အလုပ်ဆိုတာ ထွက်ပေါက်ပဲ။ Read More »

အိမ်မက်တွေကို ရိုက်ချိုးလို့ရတယ်။
သမိုင်းပေးတာဝန်တွေကို ရိုက်ချိုးလို့မရဘူး။

သမိုင်းပေးတာဝန်ကနေပိုကောင်းတဲ့ အိမ်မက်အသစ်တွေပြန်လည်မွေးဖွားလာမယ်။ Personal Mission –Being the best version of myself Business Mission –Transforming lives through education and technology What do I do everyday? –Helping people and business to hack their productivity and profit How? –Personal, Professional and Business Development Phyo Paing @ Derek

အိမ်မက်တွေကို ရိုက်ချိုးလို့ရတယ်။
သမိုင်းပေးတာဝန်တွေကို ရိုက်ချိုးလို့မရဘူး။
Read More »

ဘ၀မှာ ပေါက်ပန်းမဖြစ်ဖို့ အပျင်းကြီးနေလို့မရဘူး။

သူ့အလိုလို ပေါက်တာ အများစုက မြက်ပင်နဲ့ ပေါက်ပန်းပဲ။ တကယ်ကောင်းတာ လိုချင်ရင် သေချာစိုက်ပျိုးပေါင်းသင်ရတာ သဘာ၀ဘဲ။ ဘ၀မှာ ပေါက်ပန်းမဖြစ်ဖို့ အပျင်းကြီးနေလို့ မရဘူး။

ဘ၀မှာ ပေါက်ပန်းမဖြစ်ဖို့ အပျင်းကြီးနေလို့မရဘူး။ Read More »