Motivation

ဥာဏ်ရည်အမျိုးမျိုးရှိတယ်

ဥာဏ်ရည်အမျိုးမျိုးရှိတယ်။ကျောင်းစာတစ်ခုတည်းနဲ့ တော်တယ်၊ မတော်ဘူးပြောလို့မရပါဘူး။ Multiple Intelligence (ဗဟုဉာဏ်ရည်) အကြောင်းနည်းနည်းပြောပြပါရစေ။ Multiple Intelligence (ဗဟုဉာဏ်ရည်) ဆိုတာ Harvard တက္ကသိုလ်က ပါမောက္ခ Howard Gardner က တီထွင်ခဲ့တဲ့ သီအိုရီတစ်ခုဖြစ်ပါတယ်။ လူတွေမှာ မတူညီတဲ့ ဉာဏ်ရည်အမျိုးအစားတွေ ရှိနိုင်တယ်ဆိုတာကို ဖော်ပြထားပါတယ်။ Gardner ရဲ့ သီအိုရီအရ အဓိက ဉာဏ်ရည်အမျိုးအစား ၈ မျိုး ရှိပါတယ်: ၁။ ဘာသာစကားဆိုင်ရာ ဉာဏ်ရည် (Linguistic Intelligence) စကားပြောဆိုခြင်း၊ စာရေးခြင်းမှာ ကျွမ်းကျင်တယ်ဘာသာစကားတွေကို လွယ်ကူစွာ သင်ယူနိုင်တယ် ၂။ သင်္ချာနဲ့ယုတ္တိဆိုင်ရာ ဉာဏ်ရည် (Logical-Mathematical Intelligence) သင်္ချာပုစ္ဆာတွေ၊ ယုတ္တိရှိရှိ တွေးခေါ်မှုတွေမှာ တော်တယ်စနစ်တကျ စဉ်းစားတတ်တယ် ၃။ အမြင်အာရုံဆိုင်ရာ ဉာဏ်ရည် […]

ဥာဏ်ရည်အမျိုးမျိုးရှိတယ် Read More »

သည်းခံရတဲ့ အချိန်တွေရှိတယ်။

ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာဘာလုပ်ရမလဲ? ဖြစ်ချင်တာဖြစ်ဖို့မလုပ်ချင်တာ လုပ်ရတဲ့သည်းခံရတဲ့ အချိန်တွေရှိတယ်။ Phyo Paing @ Derek

သည်းခံရတဲ့ အချိန်တွေရှိတယ်။ Read More »

အလုပ်ဖြစ်တာတွေ့ရင်
ပိုးစိုးပက်စက်လုပ်။

ဘာကြောင့်လဲဆိုတော့အလုပ်ဖြစ်နေတာကို အမြဲလုပ်ရဖို့က မသေချာဘူး။ အလုပ်က အမြဲလုပ်လို့ရတယ်။အလုပ်ဖြစ်တာကို အမြဲလုပ်လို့မရဘူး။ စျေးကွက်အခြေအနေ၊ခေတ်အခြေအနေ၊အခွင့်အခါသာမှ။ ကိုယ်နေတဲ့နေရာက work-life balance တွေပြောလို့ရတဲ့ နေရာမဟုတ်တဲ့အခါအလုပ်က ဘဝ work is life ဖြစ်လာတယ်။ လူတိုင်းက လက်ရှိဘဝက တိုးတက်ချင်တိုင်း စိန်ခေါ်တွေတွေတော့ကြုံရမှာပဲ။ အရေးကြီးတာတစ်ခုက အလုပ်ဖြစ်နေတဲ့အချိန်အလုပ်ကို ပိုးစိုးပက်စက်လုပ်တတ်ဖို့ပဲ။ တချို့အချိန်တွေမှာ အလုပ်မဖြစ်တဲ့အချိန်ပုံမှန် လုပ်နေလို့ရတယ်။ Phyo Paing @ Derek

အလုပ်ဖြစ်တာတွေ့ရင်
ပိုးစိုးပက်စက်လုပ်။
Read More »

လူတွေကို နောက်တစ်ကြိမ်
ပြန်လည်မွေးဖွားစေတတ်တယ်။

တချို့က တစ်ကြိမ်ပဲမွေးဖွားတယ်။တချို့က အကြိမ်ကြိမ်မွေးဖွားတယ်။ ဒီလို အကြိမ်ကြိမ်မွေးဖွားတာကိုreinvention လို့ခေါ်တယ်။ တချို့အတွက် ဒီပြန်လည်မွေးဖွားမှုကအခြေအနေကြောင့်ဖြစ်လာတယ်။တချို့အတွက် ဒီပြန်လည်မွေးဖွားမှုကအိမ်မက်နဲ့ အနာဂတ်အမြင်တွေကြောင့်ဖြစ်လာတယ်။တချို့အတွက် နှစ်ခုစလုံးပါရင်ပါမယ်။ ဘဝရဲ့ အတွေ့အကြုံအစုံခံစားချင်ရင်တစ်ကြိမ်ဘဲ မွေးလို့မရဘူး။အကြိမ်ကြိမ် ပြန်လည်ဖန်တီးဖို့လိုတယ်။ နယ်ပယ်သစ်၊ နေရာသစ်၊အလုပ်အသစ်၊ လူအသစ်၊အမူအကျင့်အသင့်၊ အသိုင်းအဝိုင်းအသစ်၊လောကရှုမြင်ပုံအသစ်၊စိန်ခေါ်မှုအသစ်တွေကလူတွေကို နောက်တစ်ကြိမ်ပြန်လည်မွေးဖွားစေတတ်တယ်။ Phyo Paing @ Derek

လူတွေကို နောက်တစ်ကြိမ်
ပြန်လည်မွေးဖွားစေတတ်တယ်။
Read More »

3M

သူများတော့ မသိဘူး။ကျွန်တော်ကတော့ ဘဝမှာလမ်းခဏခဏ ပျောက်တတ်တယ်။ပိုကောင်းအောင် လုပ်ချင်တိုင်းလမ်းသစ်ရှာရတယ်။ပိုတော်ချင်တိုင်းလမ်းသစ်ရှာရတယ်။ခေတ်စနစ်ပြောင်းတိုင်းလမ်းသစ်ရှာရတယ်။ဒီလို ရှာရတိုင်းမှာ အသုံးပြုတာကတော့3M လို့ခေါ်တဲ့ framework လေးပဲ။ Mastery တစ်ဖက်ကမ်းခပ်ကျွမ်းကျင်ရမယ်။Marketing မားကတ်တင်းကျွမ်းကျင်ရမယ်။Management စီမံခန့်ခွဲမှုကျွမ်းကျင်ရမယ်။👇 Phyo Paing @ Derek

3M Read More »

ကိုယ့်ကိုကိုယ် ဖိအားမပေးရင်
မတိုးတက်ဘူး။

ဒါကြောင့် ကိုယ့်ကိုကိုယ်အမြဲဖိအားတစ်ခုပေးနေဖြစ်တယ်။ လူရှေ့ထွက်စကားမပြောရဲဘူး။ဟုတ်ဟုတ်မဟုတ်ဟုတ်ထွက်ပြောတယ်။ ကိုယ့်အတွေးအခေါ်ကို စာရေးမဖော်ပြရဲဘူး။ဒါကို ဖိအားတစ်ခုပေးပြီးလုပ်ကြည့်တယ်။ ကိုယ်တိုင်လုပ်ငန်းမစရဲဘူး။ဖိအားပေးပြီး လုပ်ကြည့်တယ်။ ဒီဖိအားက ကိုယ့်ကို ဖွံ့ဖြိုးတိုးတက်စေတာပဲ။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် ဖိအားမပေးရင်
မတိုးတက်ဘူး။
Read More »

ခက်ခဲတဲ့ရလဒ်တွေကို ရနိုင်တယ်။

ကံလဲ မရှိ၊ဥာဏ်လဲ မရှိ၊ဝီရိယလဲ မရှိရင်မလွယ်ဘူး။ ကံက သူ့အလိုလိုဖြစ်လာတာနဲ့ကိုယ်လုပ်လို့ဖြစ်လာတာ။သူ့အလိုလိုဖြစ်လာတာကို တိုက်ရိုက်ထိန်းချုပ်လို့မရဘူး။ကိုယ့်လုပ်တဲ့အလုပ်ကိုတော့တိုက်ရိုက်ထိန်းချုပ်လို့ရမယ်။ ကံကောင်းဖို့ အလုပ်လုပ်။ ဥာဏ်ကောင်းဖို့ ပညာနဲ့ကပ်။ဥာဏ်ပညာကောင်းရင်အမှား၊ အမှန်ရွေးတတ်ပြီးသွားတဲ့လမ်းကြောင်းမှန်မယ်။ ဝီရိယရှိရင် ခက်ခဲတဲ့အလုပ်၊ခက်ခဲတဲ့ရလဒ်တွေကို ရနိုင်တယ်။ Phyo Paing @ Derek

ခက်ခဲတဲ့ရလဒ်တွေကို ရနိုင်တယ်။ Read More »

မော်တီဗေးရှင်းက လူပျော့တွေအတွက်။

မော်တီဗေးရှင်းက လူပျော့တွေအတွက်။စိတ်ဓာတ်၊ စည်းကမ်း၊ ပညာကလူမာတွေအတွက်။ စိတ်ဓာတ် = Mindset စည်းကမ်း = Discipline ပညာ = Knowledge & Wisdom Phyo Paing @ Derek

မော်တီဗေးရှင်းက လူပျော့တွေအတွက်။ Read More »

လုပ်ရပ်မမှန်ရင် ရလဒ်မမှန်ဘူး။

ပညာသင်ဖို့သွားပြီးစာတွေပဲ တတ်မလာဖို့လိုတယ်။ပါတာကို ပြန်ဖတ်တတ်တာ စာတတ်တာ။တတ်သိနားလည်သဘောပေါက် အသုံးချတတ်တာပညာတတ်တာ။ အတွေးမှန်ဖို့ ပညာသင်တယ်။ပညာမမှန်ရင် အမြင်မမှန်ဘူး။အမြင်မမှန်ရင် အမှန်မမြင်ဘူး။ အမှန်မမြင်ရင် အမှန်ကိုမတွေးနိုင်ဘူး။အမှန်မတွေးနိုင်ရင် မှန်ကန်သော အကြံအစည်မလုပ်နိုင်ဘူး။မှန်ကန်တဲ့အကြံအစည်မလုပ်နိုင်ရင်လုပ်ရပ်တွေမှန်ဖို့လဲ မလွယ်ဘူး။လုပ်ရပ်မမှန်ရင် ရလဒ်မမှန်ဘူး။ Phyo Paing @ Derek

လုပ်ရပ်မမှန်ရင် ရလဒ်မမှန်ဘူး။ Read More »