Motivation

လူတွေကို နောက်တစ်ကြိမ်
ပြန်လည်မွေးဖွားစေတတ်တယ်။

တချို့က တစ်ကြိမ်ပဲမွေးဖွားတယ်။တချို့က အကြိမ်ကြိမ်မွေးဖွားတယ်။ ဒီလို အကြိမ်ကြိမ်မွေးဖွားတာကိုreinvention လို့ခေါ်တယ်။ တချို့အတွက် ဒီပြန်လည်မွေးဖွားမှုကအခြေအနေကြောင့်ဖြစ်လာတယ်။တချို့အတွက် ဒီပြန်လည်မွေးဖွားမှုကအိမ်မက်နဲ့ အနာဂတ်အမြင်တွေကြောင့်ဖြစ်လာတယ်။တချို့အတွက် နှစ်ခုစလုံးပါရင်ပါမယ်။ ဘဝရဲ့ အတွေ့အကြုံအစုံခံစားချင်ရင်တစ်ကြိမ်ဘဲ မွေးလို့မရဘူး။အကြိမ်ကြိမ် ပြန်လည်ဖန်တီးဖို့လိုတယ်။ နယ်ပယ်သစ်၊ နေရာသစ်၊အလုပ်အသစ်၊ လူအသစ်၊အမူအကျင့်အသင့်၊ အသိုင်းအဝိုင်းအသစ်၊လောကရှုမြင်ပုံအသစ်၊စိန်ခေါ်မှုအသစ်တွေကလူတွေကို နောက်တစ်ကြိမ်ပြန်လည်မွေးဖွားစေတတ်တယ်။ Phyo Paing @ Derek

လူတွေကို နောက်တစ်ကြိမ်
ပြန်လည်မွေးဖွားစေတတ်တယ်။
Read More »

3M

သူများတော့ မသိဘူး။ကျွန်တော်ကတော့ ဘဝမှာလမ်းခဏခဏ ပျောက်တတ်တယ်။ပိုကောင်းအောင် လုပ်ချင်တိုင်းလမ်းသစ်ရှာရတယ်။ပိုတော်ချင်တိုင်းလမ်းသစ်ရှာရတယ်။ခေတ်စနစ်ပြောင်းတိုင်းလမ်းသစ်ရှာရတယ်။ဒီလို ရှာရတိုင်းမှာ အသုံးပြုတာကတော့3M လို့ခေါ်တဲ့ framework လေးပဲ။ Mastery တစ်ဖက်ကမ်းခပ်ကျွမ်းကျင်ရမယ်။Marketing မားကတ်တင်းကျွမ်းကျင်ရမယ်။Management စီမံခန့်ခွဲမှုကျွမ်းကျင်ရမယ်။👇 Phyo Paing @ Derek

3M Read More »

ကိုယ့်ကိုကိုယ် ဖိအားမပေးရင်
မတိုးတက်ဘူး။

ဒါကြောင့် ကိုယ့်ကိုကိုယ်အမြဲဖိအားတစ်ခုပေးနေဖြစ်တယ်။ လူရှေ့ထွက်စကားမပြောရဲဘူး။ဟုတ်ဟုတ်မဟုတ်ဟုတ်ထွက်ပြောတယ်။ ကိုယ့်အတွေးအခေါ်ကို စာရေးမဖော်ပြရဲဘူး။ဒါကို ဖိအားတစ်ခုပေးပြီးလုပ်ကြည့်တယ်။ ကိုယ်တိုင်လုပ်ငန်းမစရဲဘူး။ဖိအားပေးပြီး လုပ်ကြည့်တယ်။ ဒီဖိအားက ကိုယ့်ကို ဖွံ့ဖြိုးတိုးတက်စေတာပဲ။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် ဖိအားမပေးရင်
မတိုးတက်ဘူး။
Read More »

ခက်ခဲတဲ့ရလဒ်တွေကို ရနိုင်တယ်။

ကံလဲ မရှိ၊ဥာဏ်လဲ မရှိ၊ဝီရိယလဲ မရှိရင်မလွယ်ဘူး။ ကံက သူ့အလိုလိုဖြစ်လာတာနဲ့ကိုယ်လုပ်လို့ဖြစ်လာတာ။သူ့အလိုလိုဖြစ်လာတာကို တိုက်ရိုက်ထိန်းချုပ်လို့မရဘူး။ကိုယ့်လုပ်တဲ့အလုပ်ကိုတော့တိုက်ရိုက်ထိန်းချုပ်လို့ရမယ်။ ကံကောင်းဖို့ အလုပ်လုပ်။ ဥာဏ်ကောင်းဖို့ ပညာနဲ့ကပ်။ဥာဏ်ပညာကောင်းရင်အမှား၊ အမှန်ရွေးတတ်ပြီးသွားတဲ့လမ်းကြောင်းမှန်မယ်။ ဝီရိယရှိရင် ခက်ခဲတဲ့အလုပ်၊ခက်ခဲတဲ့ရလဒ်တွေကို ရနိုင်တယ်။ Phyo Paing @ Derek

ခက်ခဲတဲ့ရလဒ်တွေကို ရနိုင်တယ်။ Read More »

မော်တီဗေးရှင်းက လူပျော့တွေအတွက်။

မော်တီဗေးရှင်းက လူပျော့တွေအတွက်။စိတ်ဓာတ်၊ စည်းကမ်း၊ ပညာကလူမာတွေအတွက်။ စိတ်ဓာတ် = Mindset စည်းကမ်း = Discipline ပညာ = Knowledge & Wisdom Phyo Paing @ Derek

မော်တီဗေးရှင်းက လူပျော့တွေအတွက်။ Read More »

လုပ်ရပ်မမှန်ရင် ရလဒ်မမှန်ဘူး။

ပညာသင်ဖို့သွားပြီးစာတွေပဲ တတ်မလာဖို့လိုတယ်။ပါတာကို ပြန်ဖတ်တတ်တာ စာတတ်တာ။တတ်သိနားလည်သဘောပေါက် အသုံးချတတ်တာပညာတတ်တာ။ အတွေးမှန်ဖို့ ပညာသင်တယ်။ပညာမမှန်ရင် အမြင်မမှန်ဘူး။အမြင်မမှန်ရင် အမှန်မမြင်ဘူး။ အမှန်မမြင်ရင် အမှန်ကိုမတွေးနိုင်ဘူး။အမှန်မတွေးနိုင်ရင် မှန်ကန်သော အကြံအစည်မလုပ်နိုင်ဘူး။မှန်ကန်တဲ့အကြံအစည်မလုပ်နိုင်ရင်လုပ်ရပ်တွေမှန်ဖို့လဲ မလွယ်ဘူး။လုပ်ရပ်မမှန်ရင် ရလဒ်မမှန်ဘူး။ Phyo Paing @ Derek

လုပ်ရပ်မမှန်ရင် ရလဒ်မမှန်ဘူး။ Read More »

အရေးကြီးသင်ခန်းစာ (၃၅) ချက်

အသက်ကြီးလာတာနဲ့အမျှ ဘဝအပေါ် ပိုပြီးကျေနပ်မှု ရလာပါတယ်။ အကြောင်းကတော့ မိမိရဲ့ မျှော်လင့်ချက်တွေကို မှန်ကန်စွာ သတ်မှတ်တတ်လာလို့ပါ။ မှန်ကန်တဲ့ ရှုထောင့်အမြင်ရှိဖို့ဟာ ပျော်ရွှင်မှု၊ ကောင်းကျိုးချမ်းသာနဲ့ အောင်မြင်မှုဆီ ရောက်ရှိဖို့ ပထမဆုံး ခြေလှမ်းပဲ ဖြစ်ပါတယ်။ အသက် ၃၅ နှစ်အတွင်း လေ့လာမှတ်သားမိတဲ့ အရေးကြီးသင်ခန်းစာ (၃၅) ချက်ကို ဝေမျှပါရစေ။ ဒီသင်ခန်းစာတွေဟာ ဘဝကို ပိုမိုပြည့်စုံအောင်နဲ့ အဓိပ္ပာယ်ရှိအောင် နေထိုင်နိုင်ဖို့ လမ်းညွှန်ပေးမှာ ဖြစ်ပါတယ်။ ၁။ 🧠 စိတ်ဓာတ်ဟာ ကွန်ပျူတာရဲ့ Operating System လိုပါပဲ။ ကောင်းမွန်အောင် ထိန်းသိမ်းပါ။ ၂။ 💪 ခန္ဓာကိုယ်ဟာ Hardware ပါ။ ကျန်းမာကြံ့ခိုင်အောင် ထားပါ။ ၃။ 📲 မိမိစိတ်ထဲ ထည့်သွင်းတဲ့ အရာတွေဟာ Apps

အရေးကြီးသင်ခန်းစာ (၃၅) ချက် Read More »

နေသလို ဖြစ်တဲ့ဘဝမှာ
ဖြစ်သလိုမနေနဲ့။

ရည်မှန်းချက်ပန်းတိုင်ချ။ ကိုယ့်ကိုကိုယ် လျော့မတွက်နဲ့။ သေချာ ကြံစည်။ အမြဲမပြတ်လေ့လာ။ အကောင်အထည်ဖော်မှုသေသပ်။အမှားတွေက သင်ခန်းစာယူ။ ရှေ့ဆက်။ ဘဝက ခဏလေးပဲ။ အချိန်တွေ ပြန်မရနိုင်ဘူး။ နေသလို ဖြစ်တဲ့ဘဝမှာဖြစ်သလိုမနေနဲ့။ Phyo Paing @ Derek

နေသလို ဖြစ်တဲ့ဘဝမှာ
ဖြစ်သလိုမနေနဲ့။
Read More »

မနက်ဖြန်ဟာ ပိုကောင်းတဲ့နေ့ ဖြစ်မှာပါ။

စိတ်မပျက်ပါနဲ့၊ အားမလျှော့ပါနဲ့ တခါတလေ စိတ်ညစ်ညူးနေတဲ့ အချိန်မှာ သင့်ရဲ့ခံစားချက်တွေဟာ လုံးဝ သဘာဝကျပါတယ်။ ဘဝဆိုတာ အမွဲတမျး ချောမွေ့နေတာ မဟုတ်ပါဘူး။ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ရှိတတ်ပါတယ်။ ဒါပေမယ့် ဒါလေးကိုမမေ့ပါနဲ့ – 1. ဒီအခြေအနေက ယာယီပါပဲ။ အချိန်တိုင်း ပြောင်းလဲနေပါတယ်။ 2. သင့်မှာ ခက်ခဲမှုတွေကို ကျော်လွှားနိုင်တဲ့ စွမ်းအားရှိပါတယ်။ 3. တစ်ဆင့်ချင်းစီ ရှေ့ဆက်လှမ်းပါ။ သေးငယ်တဲ့ အောင်မြင်မှုလေးတွေကနေ စတင်ပါ။ 4. သင့်ကို နားလည်ပေးမယ့်၊ အားပေးမယ့် သူတွေနဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုပါ။ 5. ကိုယ့်ကိုယ်ကို သနားကြင်နာတတ်ပါစေ။ ပိုကောင်းတဲ့နေ့ရက်တွေ ရောက်လာမှာပါ။ သင်ဟာ ခိုင်မာပြီး ခံနိုင်ရည်ရှိသူပါ။ ဒီစိန်ခေါ်မှုကိုလည်း ကျော်ဖြတ်နိုင်မှာပါ။ မနက်ဖြန်ဟာ ပိုကောင်းတဲ့နေ့ ဖြစ်မှာပါ။

မနက်ဖြန်ဟာ ပိုကောင်းတဲ့နေ့ ဖြစ်မှာပါ။ Read More »

ကိုယ့်ကိုယ်ကိုယ်လဲ တည်ဆောက်။

ကိုယ်လုပ်တဲ့အလုပ်တွေရဲ့နောက်ဆုံးပန်းတိုင်က“ပိုကောင်းတဲ့ ကိုယ်ဖြစ်လာဖို့။” အစားအသောက်၊ အပျော်အပါးဒီအတွေ့အကြုံတွေကခဏတာပဲ ခံတယ်။ ကိုယ့်ခန္ဓာကိုယ်ကြီးထဲနေနေရတဲ့“လူသားအတွေ့အကြုံ” က အချိန်နဲ့ အမျှဖြစ်နေတာ။ ကိုယ့်ရဲ့ဖြစ်တည်မှုကို ဂုဏ်ယူခံစားတာလောက်ကောင်းတဲ့ “လူသားအတွေ့အကြုံ”လောဂီဘဝမှာတော်တော်လေးရှားတယ်။ လူသားအတွေ့အကြုံကိုကောင်းမွန်စေတာကျန်းမာကြံ့ခိုင်ရေးနဲ့ အတွေးပဲ။ ဒါကြောင့် ကျန်းမာအောင်နေ။အတွေးကို ဂရုစိုက်။ကိုယ့်ကိုယ်ကိုယ်ဂုဏ်ယူတဲ့အလုပ်တွေနေ့စဥ်လုပ်။ လုပ်ငန်းကိုဘဲ မတည်ဆောက်နဲ့ကိုယ့်ကိုယ်ကိုယ်လဲ တည်ဆောက်။ Phyo Paing @ Derek

ကိုယ့်ကိုယ်ကိုယ်လဲ တည်ဆောက်။ Read More »