ကိုယ့်ဘဝက ပိုကောင်းနိုင်ပါသေးတယ်။
စိတ်ရှည်ပါ။ အနာဂတ်ကို ယုံကြည်ပါ။ကိုယ့်ဘဝ ကိုယ်တာဝန်ယူပါ။တစ်နေရာအဆင်မပြေရင် တစ်နေရာပြောင်းပါ။ ဆင်ခြေမပေးနဲ့။အပြစ်မတင်နဲ့။ အဖြေရှာ။ကိုယ့်ကိုယ်ကိုယ် သနားပြီးအသနားခံ မဖြစ်စေနဲ့။ လူ။ တွေးနိုင်တယ်။ ကြံနိုင်တယ်။ လုပ်နိုင်တယ်။ယုံကြည်ပါ။ဘဝမှာ ဆိုးတာရှိ၊ ကောင်းတာရှိ။ဒုက္ခကို ဖီးလ်ခံပြီး စိတ်ညစ်မနေနဲ့။ကျန်းမာသေးတယ်။အသက်ရှူနိုင်သေးတယ်။လှုပ်ရှားနိုင်သေးတယ်ဆိုဦးနှောက်သုံး အဖြေရှာကြည့်ပါ။ မနက်ဖြန် လည်စင်းအသက်ခံရမည့်ကားပေါ်က အော်နေတဲ့ ဝက်ကလေးထက်ကိုယ့်ဘဝက ပိုကောင်းနိုင်ပါသေးတယ်။ Phyo Paing @ Derek
ကိုယ့်ဘဝက ပိုကောင်းနိုင်ပါသေးတယ်။ Read More »
