Motivation

ကိုယ့်ကိုယ်ကို အမြဲဆုံးမဖြစ်တာတွေရှိတယ်။

၁။ ဆယ်နှစ်အတွင်း အဆ ၁၀၀ တိုးတက်နိုင်တယ်။ ၂။ ဆယ်နှစ်အတွက် ကြိုတင်ပြင်ဆင်ထားတဲ့အခါအခွင့်အလမ်းနဲ့ ပြင်ဆင်မှုနဲ့ တွေ့တဲ့အခါလူတွေမမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲနေတယ်။ ၃။ ကိုယ့်အလုပ်ကိုယ်သေချာလုပ်။ ၄။ ဟိုယောင်ယောင် ဒီယောင်ယောင်၊ကယောင်မလုပ်နဲ့။ ၅။ ပိုက်ဆံတစ်ခုတည်းမရှိနဲ့ပါဝါလဲရှာ။ ဒီနေ့ခေတ်က Social Proof ကပါဝါတစ်ခုပဲ။ ၆။ ရေတိုမကြည့်နဲ့။ ၇။ ဥာဏ်လေးလဲအသုံးပြုမယ်၊ကံဆိုတဲ့ အလုပ်လေးလဲလုပ်မယ်၊ဝိရိယဆိုတဲ့စိတ်လေးထားပြီးစိတ်ရှည်ရှည်လုပ်ရင် မဖြစ်နိုင်တာမရှိဘူး။ Phyo Paing @ Derek

ကိုယ့်ကိုယ်ကို အမြဲဆုံးမဖြစ်တာတွေရှိတယ်။ Read More »

Grit ဆိုတာ စိတ်ဓာတ်ကြံ့ခိုင်ခြင်း

တချို့တွေက တကယ်ဆိုရင်အချစ်ပဲလိုတယ်တဲ့။အမှန်တော့ တကယ်ဆိုရင်Grit (ဂရစ်) ပဲလိုတယ်။Grit ဆိုတာ စိတ်ဓာတ်ကြံ့ခိုင်ခြင်း။ ဘဝမှာ ရှောင်ပြေးလို့မရတာပြဿနာတွေ။အပြင်ပန်းကြည့်ရင်လုပ်သွားတာ လွယ်လိုက်တာပေါ့။ တကယ်တမ်းသြခ ျလောက်တဲ့ရလဒ်တွေ ရဖို့ဆိုတာပြဿနာတွေကို ဒူပေဒါပေခံဖြေရှင်းနိုင်တဲ့ သတ္တိနဲ့ ဇွဲလိုတယ်။စိတ်ဓာတ်ကြံ့ခိုင်ဖို့လိုတယ်။ Phyo Paing @ Derek

Grit ဆိုတာ စိတ်ဓာတ်ကြံ့ခိုင်ခြင်း Read More »

ကိုယ့်ကို ကြောက်စေတဲ့အရာတွေကို လုပ်ပါ။

“Do things that scare you”ကိုယ့်ကို ကြောက်စေတဲ့အရာတွေကို လုပ်ပါ။ ဒီဆောင်ပုဒ်အတိုင်းပဲနေခဲ့တယ်။ စျေးရောင်းရမှာရှက်တယ်။ လူတွေရှေ့စကားပြောရမှာကြောက်တယ်။ စာဖတ်ပြီးခေါင်းခြောက််ရမှာကြောက်တယ်။ကိုယ့်အိုင်ဒီယာတစ်ခုကို လူတွေသိအောင်ဖော်ပြရမှာကြောက်တယ်။ လူတွေကိုယ်ကို ဘယ်လိုထင်နေမလဲကြောက်တယ်။ ကိုယ့်ကိုကြောက်တဲ့အရာတွေကို လုပ်တဲ့အခါ ကိုယ့်ရဲ့အစွမ်းအစပိုထွက်လာတယ်။ ဒါကြောင့် နှစ်တိုင်း ကိုယ့်ကိုကြောက်စေတဲ့အရာတွေကို ချရေးထားပြီး တစ်ခုပြီးတစ်ခုလုပ်တယ်။ ကျွန်တော်တို့ကို နောက်တစ်ဆင့်ရောက်စေမယ့်အရာတွေက ကျွန်တော်တို့ ကြောက်တဲ့အရာတွေပဲ။ Phyo Paing @ Derek

ကိုယ့်ကို ကြောက်စေတဲ့အရာတွေကို လုပ်ပါ။ Read More »

လိုချင်တာ ရအောင်လုပ်။

ဖြစ်ချင်တာဖြစ်အောင်လုပ်။အိညောင်အိညောင် မလုပ်နဲ့အားတီလေး။ အားမေလေးတွေလုပ်ရင်လိုက်လျောမယ့်သူရှိတယ်။ အားတီလေးမှာ ဘယ်သူရှိလဲ?ကိုယ့်အတွက် ကိုယ်ပဲရှိတယ်။ Phyo Paing @ Derek

လိုချင်တာ ရအောင်လုပ်။ Read More »

Motivation မရှိဘူးဆိုတာ

စဉ်းစားနည်းမတတ်လို့။စိတ်ညစ်တာ၊ တိုင်ပတ်တာပြဿနာကို ဖြေရှင်းနိုင်တဲ့စဉ်းစားနည်းမတတ်လို့။ဒါကြောင့် Peak Productivity Coaching ကPeak Productivity စဉ်းစားနည်းကိုလေ့လာတာ။Coaching ဆိုတာ တခြားမဟုတ်ဘူး။မေးခွန်းမေးပြီး ကူစဉ်းစားပေးတာ။ Phyo Paing @ Derek

Motivation မရှိဘူးဆိုတာ Read More »

ကိုယ်အားသာတာကို ဖိလုပ်။

လူတွေကို အကြမ်းအားဖြင့်အားသာချက်လေးမျိုးနဲ့ကြည့်လို့ရတယ်။ ၁။ Strategy မဟာဗျူဟာလမ်းကြောင်းတွေ၊ ဖြစ်နိုင်ခြေတွေအများကြီးကို အပေါ်စီးကမြင်နိုင်တာ ၂။ Relationship ပေါင်းသင်းဆက်ဆံရေးကိုယ်နဲ့တွေ့တဲ့လူနဲ့ အလွယ်တကူချိတ်ဆက်နိုင်စွမ်း။ လူချစ်လူခင်ပေါများတာ ၃။ Influence လွမ်းမိုးနိုင်စွမ်းကိုယ့်ကို စင်ပေါ်တင်လိုက်တာနဲ့လူတွေရဲ့ အာရုံစိုက်မှုက ကိုယ့်ဆီရောက်လာတာ ၄။ Execution အကောင်အထည်ဖော်နိုင်စွမ်းဒါလုပ်မယ်လို့ဆိုဖြတ်ပြီးရင်မရရအောင် အကောင်အထည်ဖော်နိုင်စွမ်း မဟာဗျူဟာကောင်းတဲ့သူStrategist တွေက puzzle တွေဆက်သလိုအလုပ်တွေအများကြီးလုပ်တယ်။ဒီ အကွက်တွေက တချို့ကျရင်အကုန်စုစည်းသွားမယ်ဆိုပြီးစိတ်ရှည်ရှည်နဲ့ အကွက်ချ အလုပ်နဲ့ ဘဝကို တည်ဆောက်တယ်။ Relationship ကောင်းသူက ဘယ်သူနဲ့ ပေါင်းပြီး ဘာအလုပ်ကိုလုပ်မယ်ဆိုတာ စဥ်းစားထားတယ်။ရင်းနှီးမြုပ်နှံသူတွေရဲ့ငွေနဲ့ကိုယ့်ကိုအလုပ်လုပ်ပေးမည့်သူတွေကြားမှာintegration စုစည်းမှုကိုလုပ်ဆောင်ပေးတယ်။ Influencer က သာမာန်ကုန်ပစ္စည်းတစ်ခုကိုပေါက်ကွဲမှုအားကောင်းကောင်းနဲ့ လူတွေကို သိသွားအောင် သတင်းဖြန့်နိုင်စွမ်းရှိတယ်။သူ့ရဲ့အစွမ်းက message တစ်ခုကို လော်စပီကာနဲ့ အောင်သလို amplification လုပ်ဆောင်နိုင်စွမ်းပဲ။ Execution လုပ်တဲ့သူရဲ့အားသာချက်ကအအိပ်အစားနည်းပြီး သတ်မှတ်တာဝန်ကို မဖြစ်ဖြစ်အောင်လုပ်နိုင်တာ။အလုပ်အများကြီးကို

ကိုယ်အားသာတာကို ဖိလုပ်။ Read More »

တစ်ခုခုဆိုသိပ်ကြောက်မနေနဲ့

အရာရာရှုံးသွားလဲ အရင်းပဲဖြစ်နိုင်တယ်လို့စဉ်းစားလို့ရနိုင်တယ်။အတွေ့အကြုံကတော့ အမြတ်ပေါ့။ဒါကြောင့် တစ်ခုခုဆို သိပ်ကြောက်မနေနဲ့။ Phyo Paing @ Derek

တစ်ခုခုဆိုသိပ်ကြောက်မနေနဲ့ Read More »

နေ့တိုင်း အိပ်မက်တွေဆီရောက်ဖို့
လေ့ကျင့်နေတယ်လို့စဥ်းစားကြည့်။

Train – Work – Recharge (TWR)ပိုကောင်းတဲ့မနက်ဖြန်တွေအတွက်ဒီ ဖော်မြူလာ အရေးကြီးတယ်။ မနက်ကို train နောက် ငွေဝင်တဲ့အလုပ်လုပ် work ညနေကို မနက်ဖြန်အတွက်အားဖြည့် recharge. Phyo Paing @ Derek

နေ့တိုင်း အိပ်မက်တွေဆီရောက်ဖို့
လေ့ကျင့်နေတယ်လို့စဥ်းစားကြည့်။
Read More »

မော်တီဗေးရှင်းဆိုတာ ဘာလဲ။

သတ်မှတ်လုပ်ရပ်တစ်ခုကို လုပ်ဆောင်ဖို့ ကြောင်းရင်းခိုင်မာ ရှင်းရှင်းလင်းလင်းသိသွားတာ။ အစားမျှတအောင်စားရမယ်မှန်းတော့သိတယ်။တဖြဲနှစ်ဖြဲစားတာ မလျော့နိုင်ဘူး။ လေ့ကျင့်ခန်းလုပ်ရမယ်မှန်းတော့သိတယ်။လေ့ကျင့်ခန်းလုပ်တဲ့ ပျင်းတဲ့စိတ်ကိုမကျော်နိုင်ဘူး။ကိုယ်နဲ့သတ်ဆိုင်ရာနယ်ပယ်အတွက်စာဖတ်ရမယ်၊ လေ့လာရမယ်မှန်းသိတယ်။ကိုယ့်စိတ်ကို မနိုင်ဘူး။ ဒါက မော်တီဗေးရှင်းမရှိတဲ့ဥပမာပဲ။ တချို့လူတွေက motivation ဆိုတဲ့အရာရဖို့ motivational speaker ဟောပြောသူတွေပြောတာသွားနားထောင်တယ်။တချို့က video တွေကြည့်ပြီးအားယူတယ်။တချို့က စာတိုတွေဖတ်ပြီးအားယူတယ်။ ဒါတွေက တခဏတွေပဲ။ အကောင်းဆုံး မော်တီဗေးရှင်ဆိုတာmechanics လူတွေစိတ်ဘယ်လိုအလုပ်လုပ်တယ်ဒါကို သိဖို့ပဲ။ ဒါကို သိမှ ကိုယ့်ကိုကိုယ်လိုသလို ခိုင်းစေလို့ရမှာ။ ကိုယ့်ကိုကိုယ် ဘယ်လိုခိုင်းစေရမလဲဆိုတာကျောင်းမှာ မသင်ပေးခဲ့ဘူး။ဒီတော့ လေ့လာရတယ်။ အမူအကျင့်တစ်ခု ဘယ်လိုဖြစ်တယ်။အချိန်ဘယ်လောက်လိုတယ်။လူတွေအတွက် တွန်းအားဘယ်လိုယူတယ်။ဆွဲအားဘယ်လိုယူတယ်။ နောက်ကိုယ့်ကိုကိုယ် ပြန်လေ့လာရတယ်။ကိုယ်ဘယ်အချိန်ဆို မော်တီတက်ပြီး၊ဘယ်အချိန်ကျတယ်။ ဘယ်လိုလူတွေနဲ့တွေ့ရင် တိုးတက်ပြီးဘယ်လိုလူတွေနဲ့ တွေ့ရင်ဘူတယ်။ မော်တီဗေးရှင်းရဖို့ မကန်းနစ် mechanics ကိုလေ့လာဖို့လိုတယ်။ Phyo Paing @ Derek

မော်တီဗေးရှင်းဆိုတာ ဘာလဲ။ Read More »

အရေးမပါတာတွေ အရာမပေးတော့နဲ့။

Result နဲ့ Reason တစ်ခုပဲရမှာပဲ။ ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့နေ့တိုင်းက training ပဲ။ကိုယ့်ထမင်းကျွေးတဲ့အလုပ်မှာဆရာကျဖို့ နေ့တိုင်းလေ့ကျင့်နေဖို့တော့လိုတယ်။ Phyo Paing @ Derek

အရေးမပါတာတွေ အရာမပေးတော့နဲ့။ Read More »