My philosophy

Law of attraction

ကိုယ်စိတ်ကူးထားတဲ့ အရာတိုင်းကဘဝထဲကို တဖြည်းဖြည်းရောက်လာတဲ့Law of attraction ဆိုတာရှိတယ်။ ဒါနဲ့ အတူအလုပ်လုပ်တဲ့ ဥပဒေသ ငါးခုထပ်ရှိတယ်။ ပထမတစ်ခုက Law of Attraction ကိုယ်လိုချင်တာကို စိတ်ကူးပုံဖောက်ကြည့်။ခံစားကြည့်ကြည့်။ လိုချင်တာတွေ ရလာဖို့ အဆင်သင့်ဖြစ်နေဖို့စိတ်ပိုင်းဆိုင်ရာကို ပြင်ဆင်။ ဒီ Law of attraction ကိုသုံးဖို့အတားအဆီးတစ်ခုက ပိတ်ဆို့မှု blockage ပဲ။ စိတ်ပိုင်းဆိုင်ရာ ပိတ်ဆို့မှု။ မဖြစ်နိုင်ပါဘူး။ အပိုတွေပါ။ အဲ့အတွက် အချိန်တွေစောင့်ဖို့လိုသေးတယ်။ ဒီ အတားအဆီး၊ အစိုင်အခဲတွေကိုဖယ်ရှားဖို့လိုတယ်။ ဒါကိုကျော်ဖြတ်ဖို့နည်းလမ်းအများကြီးရှိတယ်။အဲ့ဒီနည်းလမ်းအများကြီးထဲမှာဆို ဟာဝိုင်ရီက လူမျိုးတွေအသုံးပြုတဲ့ho’oponopono ဆိုတဲ့နည်းအသုံးပြုလို့ရတယ်။ I am sorry. Please forgive me. I love you. Thank you. ငါမှားသွားတယ်။ငါ့ကိုခွင့်လွတ်ပါ။ ငါမင်းကိုချစ်တယ်။ ကျေးဇူးတင်ပါတယ်။ […]

Law of attraction Read More »

သေသွားတဲ့အခါ လိပ်ပြာလုံချင်တယ်။

ကျွန်တော်ကတော့ အားလုံးအတွက်ကိုယ်လုပ်ပေးနိုင်တာကလဲများများစားစားမရှိဘူး။ ကျွမ်းကျင်တာလဲများများစားစားမရှိဘူး။ ကိုယ်မွေးခဲ့တဲ့ မွေးရပ်မြေအတွက်ပညာရေးနဲ့ နည်းပညာအသုံးပြုပြီးအပြောင်းအလဲလုပ်ပေးနိုင်ရမယ်လို့လုံးဝ ခံယူထားတယ်။ တစ်ပြိုင်တည်းမှာပဲလုပ်ချင်တာတွေ ဆက်လုပ်ဖို့ပိုက်ဆံရှာဖို့လဲလိုတယ်။ ဒီခံယူချက်နဲ့ပဲ ဖြတ်သန်းလာတာပဲ။ ဒါကြောင့်လဲ နေ့တိုင်းမဖြစ်မနေကိုယ်သိထားတာတွေကိုကိုယ့်လိုတိုးတက်ချင်တဲ့သူတွေအတွက်မျှဝေပေးခဲ့တာ ၂၀၁၆ တည်းကပဲ။ ဒရာမာတွေနဲ့လဲ အချိန်ကုန်မခံချင်ဘူး။ သေသွားတဲ့အခါ လိပ်ပြာလုံချင်တယ်။ကိုယ့်ကြောင့်အနာဂတ်ကလေးငယ်တွေဘဝပိုလှပ လာရမယ်။ကျွန်တော်စဉ်းစားတာ မှန်ချင်မှလဲမှန်လိမ့်မယ်။ Phyo Paing @ Derek

သေသွားတဲ့အခါ လိပ်ပြာလုံချင်တယ်။ Read More »

လုပ်နိုင်မလုပ်နိုင် မသိရင်
အရင် Yes လို့ပြောလိုက်။
နောက်မှ နည်းလမ်းရှာ။

တူညီတဲ့အကြံဥာဏ်တစ်ခုကမတူညီတဲ့ ဘဝအခြေအနေမှာရှိနေသူတွေ အားလုံးအတွက်မတူညီတဲ့ ရလဒ်တွေရနိုင်တယ်။ Virgin တည်ထောင်သူRichard Branson က အခွင့်အရေးတစ်ခုပေးလို့ လုပ်နိုင်မလုပ်နိုင် မသိရင်အရင် Yes လို့ပြောလိုက်။ နောက်မှ နည်းလမ်းရှာတဲ့။ Warren Buffett ကတော့တကယ်အောင်မြင်တဲ့သူတွေက အရာရာတိုင်းနည်းပါးကို No လို့ပြောကြတယ်တဲ့။ အခွင့်အရေးတွေ့တိုင်း Yes လို့မပြောဘူး။ အကြံဥာဏ်တစ်ခုယူရင်ကိုယ်က ဘယ်အချိန်၊ ဘယ်အခြေအနေမှာလဲသိဖို့လိုတယ်။ မတူညီတဲ့ အချိိန်၊မတူညီတဲ့ အခြေအနေမှာမတူညီတဲ့ လုပ်ဆောင်မှုတွေလိုတယ်။ Phyo Paing @ Derek

လုပ်နိုင်မလုပ်နိုင် မသိရင်
အရင် Yes လို့ပြောလိုက်။
နောက်မှ နည်းလမ်းရှာ။
Read More »

ဘဝဆိုတာ စမ်းသပ်မှု။

အချစ်ဆိုတာ ကိုယ့်ကိုယ်ကိုပြန်လည်ရှာဖွေခြင်းဖြစ်စဉ်။ စီးပွါးရေးဆိုတာ ဂိမ်းတစ်ခုလိုပဲ။ကိုယ်ပျော်တဲ့အလုပ်တွေလုပ်ရင်းအိမ်မက်တွေ အကောင်အထည်ဖော်ဖို့။ အသက်မွေးဝမ်းကြောင်းပညာဆိုတာကိုယ့်စူပါပါဝါ။ အချိန်ဆိုတာ တန်ဖိုးအရှိဆုံးအရင်းအမြစ်။ အသိပညာဆိုတာ နားလည်ဖို့။အတတ်ပညာဆိုတာ အသုံးချတတ်ဖို့။ဥာဏ်ပညာဆိုတာ အသစ်ဖန်တီးနိုင်ဖို့။ Phyo Paing @ Derek

ဘဝဆိုတာ စမ်းသပ်မှု။ Read More »

တန်ရာတန်ကြေးရှိတယ်။

လူတိုင်းက လိုချင်တာရတာမဟုတ်ဘူး။ကိုယ်နဲ့ ထိုက်တန်တာကိုပဲရတာ။ လိုချင်တဲ့ရလဒ်ရဖို့ တန်ရာတန်ကြေးတော့ ပေးဆပ်ရတယ်။ ဥာဏ်ပညာရဖို့၊ကျန်းမာကြံ့ခိုင်ရေး၊ ငွေရေးကြေးရေး၊ စိတ်ကြံ့ခိုင်ရေး။ တန်ရာတန်ကြေးရှိတယ်။ Phyo Paing @ Derek

တန်ရာတန်ကြေးရှိတယ်။ Read More »

ယုံကြည်မှုတွေကို ကော်ပီကူးတယ်

ယုံကြည်မှုတွေကို ကော်ပီကူးတယ်။ပထမဆုံးအပြောင်းအလဲလုပ်ချင်တဲ့အခါကိုယ်လိုချင်တဲ့ အပြောင်းအလဲရှိထားတဲ့သူကိုလိုက်ရှာ လေ့လာပြီးသူ့ရဲ့ ယုံကြည်မှုတွေကို အရင်ကူးတယ်။ဒါက အရေးအကြီးဆုံးနဲ့ အလွယ်ဆုံးပဲ။ ကျန်းမာရေးကောင်းချင်တယ်။ကျန်းမာကြံ့ခိုင်ချင်တယ်ဆိုအဲ့လိုလူရဲ့ ယုံကြည်မှုကို အရင်ကလုံးတယ်။​ ပညာရေး၊ စီးပွားရေး၊ လူမှုရေးမှာလဲမလားတူပဲ။ ယုံကြည်မှု အရေးကြီးတယ်။ Phyo Paing @ Derek

ယုံကြည်မှုတွေကို ကော်ပီကူးတယ် Read More »

ဘဝမှာ စွဲလမ်းစရာအကောင်းဆုံးက တိုးတက်မှုပဲ။

ကျန်းမာကြံ့ခိုင်ရေးအရ တိုးတက်နေတဲ့ အရသာ။ ငွေရေးကြေးရေးအရတိုးတက်နေတဲ့ အရသာ။ အလုပ်အကိုင် ကျွမ်းကျင်မှုတိုးတက်နေတဲ့ အရသာ။ ဥာဏ်ပညာ တိုးတက်နေတဲ့အရသာ။ တိုးတက် is the way. Phyo Paing @ Derek

ဘဝမှာ စွဲလမ်းစရာအကောင်းဆုံးက တိုးတက်မှုပဲ။ Read More »

လူတွေအပေါ် ဘာမျှော်လင့်ချက်မှသိပ်မထားတော့ဘူး။

ကိုယ့်လုပ်ရပ်နဲ့ စွမ်းဆောင်ရည်အပေါ်ပဲထားတယ်။ဆယ်နှစ်ကို အဆ ၁၀၀ ဖြစ်ဖို့ဘာတွေများထပ်လုပ်ဖို့လိုမလဲစဉ်းစားကြည့်မိတယ်။ Phyo Paing @ Derek

လူတွေအပေါ် ဘာမျှော်လင့်ချက်မှသိပ်မထားတော့ဘူး။ Read More »

The Way

ဘဝမှာ ပိုက်ဆံရှိရင်ပြီးရောမဟုတ်ဘူး။ဘယ်လိုပုံစံနဲ့ ပိုက်ဆံရှိလာချင်တာလဲစိတ်ကူးထားတဲ့ “နည်းလမ်း” ရှိတယ်။ ဘဝမှာ လူသိရင်ပြီးရော မဟုတ်ဘူး။ကိုယ့်ကို ဘယ်လို သိစေချင်တာလဲ။ဘာနဲ့ တွဲသိစေချင်တာလဲ နည်းလမ်းရှိတယ်။ ဘဝမှာ အောင်မြင်ရင်ပြီးရောမဟုတ်ဘူး။ဘယ်လို အောင်မြင်ချင်တာလဲ စိတ်ကူးထားတဲ့ နည်းလမ်းတွေ လူတိုင်းမှာ ရှိကြတယ်။ ဒါကြောင့် ကိုယ့်လမ်းနဲ့ သူ့လမ်းတူချင်မှ တူလိမ့်မယ်။ Phyo Paing @ Derek

The Way Read More »

မဖြစ်နိုင်ဘူးလို့
အများယူဆတဲ့အရာတွေ
ဖြစ်အောင်လုပ်နိုင်ဖို့

ဖြစ်နိုင်တာတွေကို ဖြစ်အောင်လုပ်ဖို့ ဇွဲလုံ့လ အဓိကလိုတယ်။ မဖြစ်နိုင်ဘူးလို့အများယူဆတဲ့အရာတွေဖြစ်အောင်လုပ်နိုင်ဖို့သတင်းအချက်အလက်နဲ့ဥာဏ်ပညာ အဓိကလိုတယ်။ Phyo Paing @ Derek

မဖြစ်နိုင်ဘူးလို့
အများယူဆတဲ့အရာတွေ
ဖြစ်အောင်လုပ်နိုင်ဖို့
Read More »