ဘဝပင်လယ်ထဲဖြတ်သန်းတဲ့အခါ
ဘဝပင်လယ်ထဲဖြတ်သန်းတဲ့အခါလိုချင်တာတွေ၊ ဒုက္ခတွေကိုကျော်လွှားဖို့သံဝေဂတရား လက်ကိုင်ထားဖို့လိုတယ်။ သံဝေဂတရားကို အင်္ဂလိပ်လိုSaṃvega လို့ဆိုတယ်။သံသရာက လွတ်မြောက်ဖို့အထူးအံ့အားသင့်မှု။ဘဝဆိုတာ ဒုက်ခဆိုတာသဘောပေါက်မှုဖြစ်တယ်လို့ဆိုတယ်။ သံဝေဂတရား ရှစ်ပါးရှိပြီး ဒီ ၈ ခုကတော့ ၁။ လှပနုနယ်သောရူပါရုံရှိသော်လည်းနောက်ဆုံးတွင်အိုကြမည်။ ၂။ စည်းစိမ်ကြီးကျယ်နေသော်လည်းနောက်ဆုံးတွင်ပျက်စီးရမည်။ ၃။ ချစ်ခင်စွာပေါင်းသင်းနေကြရသော်လည်းနောက်ဆုံးတွင်ကွဲပြားကွေကွင်းရမည်။ ၄။ အသက်ရှင်နေကြရသော်လည်းနောက်ဆုံးတွင်သေကြရမည်။ ၅။ မာန်မာနတက်ကြွနေသော်လည်းနောက်ဆုံးတွင်အောက်ကျကြရမည်။ ၆။ ချစ်ခင်နေကြသော်လည်းနောက်ဆုံးတွင်သောကဖြစ်ကြရမည်။ ၇။ ချီးမွမ်းခြင်းခံကြရသော်လည်းနောက်ဆုံးတွင်ရှံ့ချခံကြရမည်။ ၈။ ချမ်းသာကြသော်လည်းဒုက္ခနောက်ဆုံးဖြစ်ကြရမည်။ လောလောပြီး ကနေရတဲ့လောကထဲမှာ ထင်ထားသလိုမဖြစ်လာခဲ့ရင်သံဝေဂတရား လက်ကိုင်ထားတာကတော့ဘဝပင်လယ်ထဲက မုန်တိုင်အတွက်ကောင်းတဲ့ အကာအကွယ်ကောင်းတစ်ခုဖြစ်နိုင်တယ်။ Phyo Paing @ Derek
ဘဝပင်လယ်ထဲဖြတ်သန်းတဲ့အခါ Read More »
