ကပ်စေးမနဲနဲ့။
ကိုယ်က အကောင်းဆုံးတွေနဲ့ထိုက်တန်တယ်လို့ ယူဆထားဖို့လိုတယ်။ကိုယ့်အတွက်ကို ဘယ်တော့မှ ကပ်စေးမနဲနဲ့။ Phyo Paing @ Derek
ကိုယ်က အကောင်းဆုံးတွေနဲ့ထိုက်တန်တယ်လို့ ယူဆထားဖို့လိုတယ်။ကိုယ့်အတွက်ကို ဘယ်တော့မှ ကပ်စေးမနဲနဲ့။ Phyo Paing @ Derek
ကိုယ့်ကိုကိုယ် ပြောနေတဲ့စကားသံတွေကိုအကဲမဖြတ်ပဲ ခဏလောက်နားထောင်ကြည့်။ Phyo Paing @ Derek
freedom နဲ့ ထီးနန်းမှာဗုဒ္ဓကတော့ freedom ကိုပဲရွေးခဲ့တယ်။ တကယ့် freedom ကဂိမ်းတစ်ခုလိုဆို အဆင့် ၃၁ ရှိတဲ့၃၁ ဘုံ အပြင်ဖက်မှာလို့ဗုဒ္ဓကဟောကြားခဲ့တယ်။ ၃၁ ဘုံဂိမ်းကို မကစားချင်တော့ဘူး၊တကယ့်လွတ်လပ်မှုကိုရချင်ရင်သတိပဋ္ဌာန် တရားရှိပြီးတဏှာနဲ့ တပ်မက်မှုကို အမြစ်ဖျောက်ရမယ်တဲ့။ ဗုဒ္ဓက စွန့်စရာထီးနန်းရှိတယ်။ကိုယ့်မှာလဲ အဲ့လိုစွန့်စရာရှိအောင်လောကီကို အနိုင်နဲ့ပိုင်းပြီး၃၁ ဘုံဂိမ်းထဲကထွက်ဖို့ ကြိုပြင်ထားဖို့လိုနိုင်တယ်။ Phyo Paing @ Derek
၃၁ ဘုံဂိမ်းကို မကစားချင်တော့ဘူး Read More »
တကယ်တော့ လောကမှာကိုယ်တကယ်ထိန်းချုပ်လို့ရတဲ့အရာတစ်ခုပဲရှိတယ်။ သေခြင်းတရားကိုလဲ မထိန်းချုပ်နိုင်ဘူး။သမီးရည်းစား၊ လင်မယား၊သား၊ သမီးနဲ့ လူတွေကိုယ့်ကိုဘယ်လိုဆက်ဆံမလဲမထိန်းချုပ်နိုင်ဘူး။ ငွေကြေးအပြောင်းအလဲကိုလဲမထိန်းချုပ်နိုင်ဘူး။ ထိန်းချုပ်နိုင်တာ တစ်ခုပဲရှိတယ်။ ဒါကတော့ ကိုယ့်ဘယ်အရာကိုအာရုံစိုက်လဲဆိုတာ “သတိ”။ ကိုယ့်ရဲ့ စိတ်နဲ့ ခန္ဓာနှစ်ခုဆုံဆည်းရာတံတားတစ်စင်းဖြစ်တဲ့နှာခေါင်းရဲ့ ဝင်လေထွက်လေဒါကို သတိကပ်တာ။ဒါကို ထိန်းချုပ်နိုင်တယ်။ မင်းခိုက်စိုးစံပုံစံ စကားနဲ့ပြောရမယ်ဆိုအတွေးတွေကို ငါမပိုင်ရင်သတိကပ်ခြင်းကို ငါပိုင်တယ်ပေါ့။ သတိကပ်တာကိုယ့်ကိုကိုယ် ပြန် date တာပဲ။ကိုယ့်ကိုကိုယ် ပြန်ချိန်းတွေ့တာပဲ။ Phyo Paing @ Derek
ထိန်းချုပ်နိုင်တာ တစ်ခုပဲရှိတယ် Read More »
နေရာဟောင်းမှာ အိမ်သစ်ဆောက်ဖို့အိမ်ဟောင်းကို ဖြိုဖို့လိုတယ်။ ပိုကောင်းတဲ့အနာဂတ်အတွက်အတိတ်က အတွေးအခေါ်အယူအဆဟောင်းတွေကို စွန့်လွတ်ရတဲ့ အချိန်တွေရှိတယ်။ သမီးရည်းစားကွဲသွားတဲ့အခါလူအများသိထားတဲ့ ပေါင်းစည်းထားတဲ့identity ကို စွန့်လွတ်ဖို့ကြိုးစားရတယ်။ အစွဲတွေ ချွတ်ဖို့ အရင်အတွေးအခေါ်အယူအဆတွေကို စွန့်လွတ်ရတယ်။ ဘောင်အပြင်ဖက်ကနေတွေးနိုင်ဖို့ ဘောင်ကို စွန့်လွတ်ရတယ်။ စွန့်လွတ်နိုင်တဲ့ သတ္တိရှိသွားရင်လောကဓံကို ရင်ဆိုင်တဲ့နေရာတော်တော်လေး အထာကျသွားပြီ။ Phyo Paing @ Derek
စွန့်လွတ်ခြင်း အနုပညာ Read More »
စိတ်ဆိုတာ အတွေး၊ အမြင်၊ ခံစားချက်၊စေတသိတ် တွေကိုပေါင်းထည့်ထားတဲ့ ကော်ဖီခွက်နဲ့တူတယ်။ နောက်ပြီး စေတသိတ်ဆိုတာ အတွေးပိတ်ဆကို အရောင်ခြယ်ပေးတဲ့ မှင်နဲ့တူတယ်။ ကိုယ်ဆိုတာ ဦးနှောက်၊ အသည်း၊ ကျောက်ကပ်၊ ကလီစာ အစရှိတဲ့ ဆဲလ်တွေနဲ့ဖွဲ့စည်းထားတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ။ ဒီစိတ်နဲ့ ကိုယ်ကချိပ်ဆက်နေတယ်။စိတ်က ဒေါသထွက်ရင်ခန္ဓာကိုယ်မှာ အသက်ရှူတာမြန်လာမယ်။လေသံတွေမာလာမယ်။အသားတွေ တဆက်ဆက်တုန်လာမယ်။ ခန္ဓာကိုယ်နေမကောင်း၊ မကျန်းမာရင်စိတ်လဲထိုင်းမှိုင်းမယ်။ ဒီစိတ်နဲ့ ခန္ဓာက ချိပ်ဆက်နေတယ်။ ဒုက္ခဆိုတာ မအီမသာဖြစ်တဲ့ခံစားချက်၊နာကျင်မှု၊ မနှစ်မြိုမှု။ ခန္ဓာကိုယ်ကြီးက အိမ်ဆိုစိတ်က အိမ်ပိုင်ရှင်။ အိမ်ပိုင်ရှင်က အိမ်ဆိုတဲ့ခန္ဓာကိုယ်ကြီးကို ထားထားပြီးအတွေးတွေနဲ့ ခရီးတွေလွန်နေတတ်တယ်။ အိမ်မီးလောင်တဲ့အခါမှအိမ်ပြန်လာတတ်တာမျိုး။ အဲ့လို စိတ်နဲ့ ခန္ဓာက မီးလောင်တဲ့အခါဝေဒနာပေါ်တယ်။ ဝေဒနာပေါ်တော့ သတိက မကပ်လို့ မရတော့ဘူး။ သာမာန်အချိန်အများစုမှာလူအများစုက အိမ်ကြီးကိုထားပြီးအတွေးနယ်ချဲ့နေတဲ့အတွက်ကိုယ်အသက်ရှူတာ၊ ခြေလှမ်းလှမ်းတာ၊ စကားပြောတော့ ပါးစပ်လုပ်တာခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုတွေကိုသတိမပြုမိဘူးဖြစ်နေတယ်။ ဒုက္ခရဲ့
စိတ်၏ဆင်းရဲခြင်း၊
ကိုယ်၏ဆင်းရဲခြင်းကို
ဒုက္ခလို့ခေါ်တယ်။ Read More »
အဓိက Relationship ကတော့ကိုယ့်ကိုကိုယ်နဲ့ပဲ။ ကိုယ့်ကိုယ်ကိုနဲ့ ဆက်ဆံရေးအဆင်ပြေမှ တခြားသူနဲ့အဆင်ပြေမှာ။ ကိုယ့်ကိုကိုယ် ဆက်ဆံရေးအဆင်ပြေဖို့ကိုယ့်အတွေးတွေ၊ ယုံကြည်မှုတွေ၊လောကအမြင်တွေကို ပြန်ဆန်းစစ်ပြီးသတိနဲ့ ပြန်နေဖို့လိုလာတယ်။ If you don’t have a good relationship with yourself, it’s challenging to have a good relationship with the world. To achieve a positive connection with yourself, you need to mindfully watch your thoughts and beliefs. Phyo Paing @ Derek
Relationship အဆင်မပြေရင်
ဘဝလဲ အဆင်မပြေဘူး။ Read More »
ဒုက္ခကို အင်္ဂလိပ််လို suffering တဲ့။ ဗုဒ္ဓက ဒုက္ခဆိုပြီး ဘဝကိုဟောကြားခဲ့တယ်။ ဒုက္ခဆိုတာ ကိုယ်၏ဆင်းရဲခြင်း၊စိတ်၏ဆင်းရဲခြင်းကိုဆိုတယ်။ ဗုဒ္ဓက ဘဝဆိုတာ ဒုက္ခဆိုတဲ့ဟောကြားမှုက ဘဝဆိုတာ ဒုက္ခတွေပဲရှိတယ်လို့ဟောကြားခဲ့တာမဟုတ်ဘူး။ အဓိပ္ပာယ်က ဘဝမှာကောင်းတဲ့အတွေ့အကြုံတွေဖြစ်တဲ့ဝမ်းမြောက်ဝမ်းသာခြင်း၊ပျော်ရွင်ခြင်း၊ တက်ကြွခြင်း၊ကာမဂုဏ်အာရုံတွေက အမြဲရှိနေမှာမဟုတ်ဘူး။ ခဏတာပဲ ခံတယ်။ ရေပွက်ပမာပဲလို့ဟောကြားခဲ့တာ။ ဒါကြောင့် ဗုဒ္ဓက equanimityဆိုတဲ့ အချက်ကို အဓိက ဟောကြားတယ်။မြန်မာလို တိုက်ရိုက်ပြန်တဲ့စကားလုံးတော့မတွေ့မိဘူး။ ယောနိသောမနသိကာရ ဆိုတဲ့ ပါဠိ စကားလုံးတော့ရှိတယ်။ အဓိပ္ပာယ်က ပြင်ပ ပယောဂဘယ်လောက်ဆိုးဆိုးတည််တည်ငြိမ်ငြိမ် အိန္ဒြေရှိရှိဖြတ်သန်းတာ။ အတွင်းပိုင်း စိတ်အခြေအနေဘယ်လိုရှိရှိ သတိ၊ အသိနဲ့ တည််တည်ငြိမ်ငြိမ် အိန္ဒြေရှိရှိဖြတ်သန်းတာ။ လူငယ်၊ လူလတ်ပိုင်းဆိုတော့ ဝုန်းတာတော့ ဝုန်းနေအုံးမယ်။တပြိုင်တည်းမှာပဲ ဗုဒ္ဓလမ်းပြတဲ့ equanimity နဲ့တည််တည်ငြိမ်ငြိမ် အိန္ဒြေရှိရှိဖြတ်သန်းဖို့ နှလုံးသွင်းတယ်။ ကိုယ့်ကိုကိုယ် ပြန်လည်ရှာဖွေဖို့လမ်းပြတဲ့ ဆရာတွေအများကြီးရှိတယ်။ဗုဒ္ဓအနေနဲ့ ခန္ဓာကိုယ်နဲ့စိတ်တစ်သားတည်းဖြစ်နေဖို့
မြန်မာစာပဲ တတ်တဲ့သူနဲ့အင်္ဂလိပ်စာ တတ်တဲ့သူနဲ့စဥ်းစားမှုချင်းကွာသွားနိုင်တယ်လို့ယူဆတယ်။ ဘာကြောင့်လဲဆိုတော့ဘာသာစကားဖွဲ့စည်းပုံကြောင့်။ Sapir-Whorf hypothesis အရအသုံးပြုတဲ့ ဘာသာစကားပေါ်မူတည်ပြီးစကားလုံးတွေအပေါ်ထင်တဲ့အထင်အမြင် (perceived reality)မတူတတ်ကြဘူးတဲ့။ ကြီးကြီးကျယ်ကျယ်တွေ စဥ်းစားပြန်ပြီ။ဘဝင်မြင့်နေတယ်။ ကြီးကြီးကျယ်ကျယ် စဥ်းစားတာကောင်းသလား။ကြီးကြီးကျယ်ကျယ် ပြောတာ ကောင်းသလား။ကြီးကြီးကျယ်ကျယ် လုပ်ဆောင်တာကောင်းသလား။ ဘဝင်မြင့်တာ မကောင်းရင်ဘဝင်နိမ့်တာကော ကောင်းသလား။ တချို့က ဘဝင်မမြင်နဲ့ဘဝမြင့်အောင်လုပ်တဲ့။ ဘဝင်မြင့်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုကြီးကြီးကျယ်ကျယ်မြင်တာ။ ကိုယ့်ကိုယ်ကို ကြီးကြီးကျယ်ကျယ်မမြင်ပဲဘဝမြင့်အောင်လုပ်လို့လွယ်မလား? အလယ်အလတ်လမ်းစဥ်ကျင့်ဆိုတော့အလယ်အလတ်လမ်းစဥ်ကျင့်ရင်အလယ်အလတ်ပဲဖြစ်နေမလား။တချို့ကလဲ အလယ်မှာ လတ်နေတတ်တယ်တဲ့။ စကားလုံးတွေ၊ စာပေတွေ၊ယဥ်ကျေးမှုတွေက လူတွေရဲ့အတွေးတွေကို လွမ်းမိုးမှုရှိတယ်။ တရုတ်တောင် တရုတ်စကားပဲပြောတဲ့တရုတ်နဲ့တရုတ်နဲ့ အင်္ဂလိပ်လိုပြောတဲ့တရုတ်စဥ်းစားတဲ့ပုံစံ ကွာတယ်လို့မြင်တယ်။ စဥ်းစားနည်းတိုးတက်ဖို့ဖြစ်နိုင်ရင် ဘာသာစကားတစ်ခုထက်ပိုတတ်ထားရင် ပိုကောင်းနိုင်တယ်။ မတူညီတဲ့ ဘာသာစကားနဲ့ပြောင်းစဥ်းစားကြည့်။မတူညီတဲ့ အထင်အမြင် perception တွေမြင်ရလိမ့်မယ်။ စွန့်ဦးတီထွင်Entrepreneurship创业精神 ဒီစကားတစ်ခုကိုပဲမတူညီတဲ့ ယဥ်ကျေးမှု၊ ဘာသာစကားနဲ့ထင်မြင်ကြည့် တူမလိုလိုနဲ့ နည်းနည်းကွာတယ်။ Phyo Paing @ Derek
ဘဝင်မြင့်တာ မကောင်းရင်
ဘဝင်နိမ့်တာကော ကောင်းသလား Read More »
တချို့က ခဏတာငွေရဖို့အလုပ်လုပ်တယ်။ဒါကို Job အလုပ် လို့ခေါ်တယ်။ တချို့က ဘဝအတွက်အသက်မွေးဝမ်းကျောင်းပညာတည်ဆောက်ပြီးဒီအပေါ်အခြေခံပြီး ရေရှည်အသက်မွေးတယ်။ဒါကို Career လို့ခေါ်တယ်။ တချို့က နှလုံးသားရဲ့ခေါ်သံ၊ဘဝရဲ့သမိုင်းပေးတာဝန်ကိုဖြည့်ဆည်းဖို့ကိုယ်ရဲ့ပါရမီ၊ အားသာချက်၊ဝါသနာတွေကိုတွေနဲ့ လုပ်ဆောင်တယ်။ဒါကို Calling လို့ခေါ်တယ်။ Phyo Paing @ Derek
Job, Career, Calling Read More »