ပါဝါ
လိုချင်တာ ရအောင်ယူနိုင်တာလောကီရဲ့ ပါဝါပဲ။လိုချင်တာတွေ စွန့်လွတ်နိုင်တာလောကုတ္တရာရဲ့ ပါဝါ။ Phyo Paing @ Derek
လိုချင်တာ ရအောင်ယူနိုင်တာလောကီရဲ့ ပါဝါပဲ။လိုချင်တာတွေ စွန့်လွတ်နိုင်တာလောကုတ္တရာရဲ့ ပါဝါ။ Phyo Paing @ Derek
ကိုယ့်ဘဝအပြောင်းအလဲဖြစ်ဖို့အိုင်ဒီယာသစ်တစ်ခု၊ အချိတ်အဆက်တစ်ခု၊ အကူညီတစ်ခု၊ သတင်းအချက်အလက်တစ်ခု၊ တွေးခေါ်တဲ့အမြင်ပုံစံတစ်ခု အပြောင်းအလဲပဲလိုနိုင်တယ်။ အဲ့ဒီတစ်ခု ဆိုတဲ့အရာကမှန်ကန်ပြီး တကယ်လိုက်လုပ်ရင်တစ်ဆင့်တစ်ဆင့် အပြောင်းအလဲဖြစ်သွားမယ်။ ကမ္ဘာပေါ်မှာ လူအများစုက မပျော်ဘူး။ကမ္ဘာပေါ်က တချို့နေရာကလူအများစုရဲ့ခန္ဓာကိုယ်ပုံစံ ကြံ့ခိုင်မနေဘူး။ကမ္ဘာပေါ်မှာ တချို့နေရာကလူအများစု ကိုယ့်ဘဝကိုကိုယ်စိတ်တိုင်းကျမနေဘူး။ သေချာတာ လူအများစုနောက်လိုက်နေလို့ မရဘူး။ လူအများစုနောက်လိုက်ရင်လူအများစုလိုပဲဖြစ်ဖို့များနိုင်တယ်။ ဒါကတော့ ကိုယ်ယူဆတဲ့အယူအဆတစ်ခုပဲ။ ကိုယ့်အတွက်တော့ မှန်တယ်။တခြားသူအတွက်တော့ မှန်ချင်မှမှန်မယ်။ Phyo Paing @ Derek
ကိုယ်ယူဆတဲ့ အယူအဆတစ်ခု Read More »
၁။ မလောနဲ့။ တချို့ ကိုယ်နဲ့အမြင်မတူလို့ရတယ်။ခံယူချက်မတူတဲ့သူတွေနဲ့ ကုမ္ပဏီတစ်ခုတည်းအလုပ်လုပ်တဲ့အခါလွယ်နေတာ ရှုပ်သွားတတ်တယ်။ဒါကြောင့် လုပ်ငန်းအလုပ်ခန့်မယ်ဆို ခံယူချက်တူတဲ့သူရှာ။ ၂။ အလွယ်တကူ မရောနဲ့။ စေတနာ ဝေဒနာဖြစ်တတ်တယ်။ပေးပဲပေးနေရင် တခါတလေ ငပေါကြီးဖြစ် တန်ဖိုးမထားတာခံရတတ်တယ်။ ကိုယ်က အခါ ၁၀ ခါ ကူညီပြီးသူများ ၁ ခါ ကူညီတာကို တခြားကို ကျေးဇူးတင်မဆုံးဖြစ်တာကြုံဖူးလိမ့်မယ်။ ၃။ မပေါနဲ့။ မလောနဲ့။ မရောနဲ့။ မပေါနဲ့။ Phyo Paing @ Derek
တချို့ ကိစ္စတွေက
လောရင် ရှုပ်ကုန်တယ်။ Read More »
ရထားပြီး မလိုချင်ရင်လဲလေးလံမှုဖြစ်တယ်။ ရထားပြီး ရှုံးဆုံးမှာကြောက်ရင်ပူပန်မှုဖြစ်တယ်။ မဖြစ်သေးတဲ့အနာဂတ်ကိုတွေးပြီးကိုယ့်ကိုယ်ကို အပြစ်မပေးနဲ့။ ပြီးသွားတဲ့ အတိတ်ကိုပြင်ဆင်ဖို့ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်နဲ့။ ဘဝမှာ ရလိုက်တာ သင်ခန်းစာတွေပဲ။ သင်ခန်းစာတွေက အနာဂတ် အမြင်ခမ်းတာ၊ အမြင်ကန်းတာကို ကာကွယ်ပေးနိုင်တယ်။ အကောင်းဆုံးတည်ဆောက်ထားတဲ့ဘဝရဲ့ “အိမ်”က ကိုယ်ပဲ။ လုပ်သမျှ၊ ကြံသမျှ၊ တွေးသမျှကဒီအိမ်ကြီး ပိုကောင်းအောင်တည်ဆောက်နိုင်ဖို့ပဲ။ ကျက်သရေရှိရှိ အသက်ကြီးသွားဖို့အရေးကြီးတယ်။ Phyo Paing @ Derek
လိုချင်ပြီး မရရင်
ပူလောင်မှုဖြစ်တယ်။ Read More »
ဒီနေ့ခေတ်ကအလုပ်ချည်းပဲ ဇွတ်လုပ်နေလို့မရဘူး။အခြေနေလေးကြည့်။နည်းလမ်းသစ်လေးရှာလိုက်။လုပ်လိုက်။ဒီနေ့ခေတ် လမ်းတွေကကွေ့ကောက်တယ်။တချို့အရာတွေကလူတိုင်းလုပ်တာ လိုက်လုပ်စရာ မလိုဘူး။ Phyo Paing @ Derek
လူတိုင်းလုပ်တာ လိုက်လုပ်စရာ မလိုဘူး။ Read More »
လူတိုင်းက တစ်ရက်တစ်ရက်အတွေးပေါင်းများစွာတွေးနေတယ်။အတွေးပေါင်း တစ်သောင်းခြောက်ထောင်ကြားဖူးလိမ့်မယ်။ ဒီအတွေးတွေက “အား” မဖြစ်စေရင်၊ဘဝကို အရသာ “ခါး” စေနိုင်တယ်။ တခါတလေ အလုပ်လုပ်လို့ ပင်ပန်းတာထက်အတွေးကြောင့် ပင်ပန်းတာ ပိုများတယ်။ အတွေးကြောင့် စိတ်ထောင်း၊စိတ်ထောင်းတော့ ကိုယ်ကြေဖြစ်တတ်တယ်။ အတွေးကို စီမံခန့်ခွဲနိုင်ဖို့ အတွေးကို supervise ကြီးကြပ်နိုင်ဖို့လိုတယ်။အတွေးကို သင်ကြားထိန်းကြောင်း train လုပ်ပေးဖို့လိုတယ်။အတွေးကို နေ့စဥ်ကောင်းအောင် လေ့ကျင့် practice လုပ်ဖို့လိုတယ်။ အတွေးအခေါ် ဘေးချော်ရင်အရေးပေါ်ပြင်ဖို့လိုနိုင်တယ်။ Phyo Paing @ Derek
လူတွေကို ပင်ပန်းစေတဲ့အရာက
“အတွေး”။ Read More »
ရည်မှန်းချက်ရွေးချယ်မှု ကြိုးစားအားထုတ်မှုပြန်လည်ချိန်ဆပြင်ဆင်မှု။ ဒီလေးခုမှာ ကိုယ်ယုံကြည်ထားတာတစ်ခုက“ပျော်ရာမှာထက် တော်ရာမှာနေ”။ ကိုယ်ရည်မှန်းချက်ကို အမြန်ဆုံး၊အကောင်းဆုံး၊ အလွယ်ကူဆုံးအကောင်အထည်ဖော်ပေးနိုင်တဲ့နေရာမှာ နေဖို့လိုတယ်လို့ထင်တယ်။ ဘဝမှာ အချိန်တွေကုန်တာအရမ်းမြန်တယ်။ ဒီလိုပဲ အသက်တွေက ကြီးသွားတယ်။ ကိုယ့်အချိန်ကိုယ်ဖြုန်းနေတာကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတာနဲ့အတူတူပဲလို့ ယူဆထားတယ်။ ဘဝရဲ့ ပေးထားချက်ပေါ်မူတည်ပြီးပြဿနာတွေရဲ့ မေးထားချက်ကိုဖြေရှင်းသွားနိုင်ဖို့လိုနိုင်တယ်။ Phyo Paing @ Derek
ရွေးချယ်မှု က ကြိုးစားမှု မတိုင်ခင်အရင်လာတယ်။ Read More »
ကြောက်စိတ်ဝင်လာရင်ဦးနှောက်အသိဥာဏ်တွေလျော့သွားတယ်။ အနာဂတ်ကို ကြောက်စိတ်။ သူများနဲ့ယှဥ်ပြီး အားငယ်စိတ်။ ကိုယ့်ကိုယ်ကိုယ် အထင်သေးမိပြီးအနာဂတ်ကို စိုးရိမ်စိတ်။ လူတွေမှာရှိတဲ့ စူပါပါဝါက“အချိန်”၊ “အင်နာဂျီ”၊ “အတွေးအခေါ်”၊“အကြံအစည်”၊ “အလုပ်အကိုင်”။ ဒီအရာတွေကြောင့် ဘဝရဲ့ ကောင်းချီးတွေရောက်လာတယ်။ ဒါတွေကို သေချာအသုံးမချနိုင်တဲ့အခါတိုင်ပတ်မှုအပေါင်း သရဖူဆောင်းတယ်။ Phyo Paing @ Derek
ဒီအရာတွေကြောင့်
ဘဝရဲ့ ကောင်းချီးတွေရောက်လာတယ်။ Read More »
ဟိုစပ်စပ် ဒီစပ်စပ်လိုက်လုပ်တာထက်တစ်ခုကို ဇောက်ချလုပ်ဖို့လိုလာတယ်။ လေဆာလို အာရုံစိုက်မှုလိုတယ်။ ဇွဲနဲ့ စည်းကမ်းလိုတယ်။ စိတ်ဓာတ်ခိုင်မာမှုလိုတယ်။ အတွေးအခေါ်ရှင်းလင်းဖို့လိုတယ်။ဒူပေဒါပေခံဖို့လိုတယ်။စူးစမ်းလိုစိတ်လိုတယ်။အမြဲသင်ယူနေဖို့လိုတယ်။ ကိုယ်နောက်ဆုံးသင်ယူခဲ့တဲ့ အတွေးအခေါ်အသစ်က ဘယ်တုန်းကလဲ။ Phyo Paing @ Derek
အသက်အရွယ်တစ်ခုရောက်ရင် Read More »
လူတွေက လောကကြီးကို တစ်သက်လုံးနေရမယ်အထင်နဲ့အဖြစ်အပျက်တွေကို စိတ်ညစ်တတ်ကြတယ်။စားသောက်ပုံနဲ့ ခေါင်းထဲထည့်တဲ့အတွေးအခေါ်မတူရင်တောင်တစ်ပတ်နဲ့တစ်ပတ် ပုံစံမတူတော့တဲ့ဘဝကြီး။ လူတိုင်းဟာ တစ်နေ့သေမှာပါ။ စောစောသေမှာနဲ့ နောက်ကျသေမှာပဲရှိတယ်။ သေမှာထက်ကြီးတဲ့ ပြဿနာ၊ မသေခင်လုပ်ချင်တဲ့အရာတွေ မကောင်းအထည်မဖော်ဘဲ သေသွားမည့်ပြဿနာလောက်ကြီးတာ မရှိဘူးလို့ထင်မိတယ်။ ရှင်သန်ခြင်းမှာ အဓိပ္ပာယ်တွေရှိတယ်။ ရုန်းကန်ခြင်းမှာ အဓိပ္ပာယ်တွေရှာဖို့လိုတယ်။ ဘဝဆိုတာ ဒုက္ခဆိုရင်ဘယ်ဒုက္ခကို ကိုယ်ဖြေရှင်းရတာကြိုက်လဲရွေးချယ်ရမှာပဲ။ ဘဝက Choose your struggle ပဲ။ဘယ်မှာ၊ ဘာကို၊ ဘယ်သူတွေနဲ့ ဘယ်လိုရုန်းကန်ကြမလဲ။ ဘဝမှာ ရုန်းကန်တာ ထုံးစံပါပဲ။ Phyo Paing @ Derek
ဘဝမှာ ရုန်းကန်တာ ထုံးစံပါပဲ။ Read More »