စီးပွားရေးဆိုတာ spiritual pursuit တစ်ခုပဲ။
စီးပွားရေး လုပ်တယ်ဆိုတာပိုက်ဆံရှာတာတစ်ခုတည်းမဟုတ်ဘူးလို့ယူဆထားတယ်။ စီးပွားရေးဆိုတာ spiritual pursuit တစ်ခုပဲ။ ကိုယ်ပိုက်ဆံဘယ်လိုရှာလဲဆိုတာအရေးကြီးတယ်။မဂ္ဂင်ရှစ်ပါးမှာလဲ သမ္မာအာဇီဝ မှန်သောအသက်မွေးဝမ်းကျောင်းမှုနဲ့အသက်မွေးဖို့ ပါတယ်။ နိုင်ငံကို ဒုက္ခရောက်အောင်လုပ်ပြီးပိုက်ဆံရှာတာ သမာအာဇီဝ ကျမကျလူတိုင်းသိပါတယ်။ သူများတွေကို လိမ်ပြီး မျက်ရည်ကြီးငယ်ကျအောင်လုပ်ပြီးစီးပွားရေးလုပ် ငွေရှာတာဟာဗုဒ္ဓအဆုံးအမနဲ့လဲ မညီဘူး။ ဒါကြောင့်ကိုယ်က သမာအာဇီဝနဲ့စီးပွားရေးလုပ်နေတယ်ဆို ဒါက ဂုဏ်ယူစရာတစ်ခုပါ။ ငွေကိုဖြစ်တဲ့နည်းနဲ့ရှာမယ်။နောက်ဘဝပိုကောင်းအောင်ဖိလှူမယ်ဆိုတာ ဗုဒ္ဓအဆုံးအမနဲ့မညီဘူးလို့ ထင်တာပဲ။ ချမ်းသာတဲ့သူတိုင်းကို မထင်မကြီးပဲသမာအာဇီဝနဲ့ စီးပွားဖြစ်တဲ့သူကိုပဲလေးစားအားကျကြတာ ဒီအချက်ကြောင့်လို့ ထင်တယ်။ ဘယ်လိုအခြေအနေဖြစ်ဖြစ်ကိုယ့်ရဲ့တန်ဖိုးထားမှုတွေအတွက်ရပ်တည်တဲ့သူတွေက လေးစားရမည့်သူတွေဖြစ်နိုင်တယ်။ Phyo Paing @ Derek
စီးပွားရေးဆိုတာ spiritual pursuit တစ်ခုပဲ။ Read More »
