Personal Branding ဆိုတာ
လူတွေရဲ့အထင်အမြင်ကိုဂရုမစိုက်ပဲ psychological freedomစိတ်ပိုင်းဆိုင်ရာလွတ်မြောက်မှုရဖို့ကိုယ်နေ့စဥ်နေထိုင်နေတဲ့ဘဝနေထိုင်မှုအတွက် ငွေကြေးကိုတခြားသူတွေ မျက်နှာမကြည့်ပဲပုံမှန်ဝင်နေတဲ့ စနစ်တစ်ခုတည်ဆောက်ထားဖို့လိုတယ်။ Page တွေဖွင့်ပြီး personal branding တို့၊blogging သို့ vlogging လုပ်တဲ့အခါငါရောင်းစရာမလိုပဲ တင်ချင်တာတင်မယ်။ဒီလို အတွေးထားနိုင်ဖို့ကFollower တွေဆီက ငွေမရှာပဲmonetization မလုပ်ပဲ ရပ်တည်နိုင်ဖို့မဟာဗျူဟာစဥ်းစားထားဖို့လိုတယ်။ မဟုတ်ရင် ငါတင်ချင်တာတင်မယ်ဆိုတဲ့authenticity စစ်မှန်မှုကငါ့ဆီမဝယ်တော့ရင် ဘယ်လိုဖြစ်မလဲဆိုတဲ့အဿပြာဆီ အာရုံရောက်ရောက်ပြီးကိုယ့်ကိုကိုယ် express ထုတ်ဖော်နိုင်မှာမဟုတ်ဘူး။ Personal Branding ဆိုတာလူတွေ အထင်ကြီးအောင်လုပ်နေတာကိုပြောတာထက် “ကိုယ့်ရဲ့ရပ်တည်ချက်”၊“တန်ဖိုးထားမှု”၊ “ဖြစ်တည်မှု”၊“ဘဝဖြတ်သန်းမှု”၊ “ယုံကြည်မှု” ဖြစ်စဥ်ကိုမျှဝေရင်း ကိုယ်နဲ့ အတွေးသူတဲ့လူတွေစုစည်းမိပြီး tribe လူမျိုးစုတစ်စုcommunity လူမှုအပေါင်းအသင်းတစ်ခုဖြစ်သွားတာမျိုးကို ဆိုလိုတာ။ လူတိုင်းက ကိုယ့်လိုစဥ်းစားမှာမဟုတ်ဘူး။လူတိုင်းကိုယ့်ကို သဘောကျနေအောင်လုပ်နေရင်တစ်ခုခုတော့ မှားနေပြီဆိုတာ မှန်တယ်။ Phyo Paing @ Derek
Personal Branding ဆိုတာ Read More »
