My philosophy

၂၀၂၃ မှာ အသုံးချလို့ရနိုင်မည့်
ကိုယ်လိုချင်တာရဖို့ အချက် ၈ ချက်

Intuition ကိုယ့်ရင်ဖက်ထက အသံကို သေချာနားထောင်ကြည့်ပါ။ ရင်ထဲကလာတဲ့ intuition ရဲ့ power ကို လျော့မတွက်ပါနဲ့။ လူတွေက လိုချင်တာရဖို့ အကြီးအကျယ် plan လုပ်တတ်ကြတယ်။ တခါတလေ အကောင်းဆုံးလုပ်ရပ်တွေက သဒင်္ဂစဉ်းစားလိုက်တဲ့ အတွေးတွေပေါ်မူတည်ပြီး ဖြစ်လာတတ်ကြတယ်။ ဒီ အလိုလိုသိစိတ်ရဲ့ စွမ်းအားကို အသုံးပြုနိုင်ဖို့ အရေးကြီးတယ်။ တရားထိုင်တာ၊ ခရီးသွားရင်း၊ ဆိတ်ငြိမ်တဲ့နေရာသွားတာမျိုးမှာ အလိုလိုသိစိတ်ရဲ့စွမ်းအားတိုးတက်လာတတ်လေ့ရှိတယ်။ Natural Inclination ကိုယ့်ဘဝမှာ ကိုယ့်ရဲ့ natural inclination လို့ခေါ်တဲ့ ကိုယ်အားသာတဲ့ အချက်တွေ၊ စိတ်ဝင်စားတဲ့အရာတွေရှိတတ်တယ်။ ဒီ natural or primal inclination ကို အသုံးချနိုင်ဖို့လိုတယ်။​ တချို့ ဘောလုံးပွဲစိတ်ဝင်စားတဲ့သူတွေ သုံးသပ်မှုတွေပြုလုပ်ရင်း အသက်မွေးဝမ်းကြောင်းအလုပ်မှာ အောင်မြင်တာမျိုး။ ကိုယ့်ရူးသွပ်မှုကို အခြေခံပြီး လုပ်ဆောင်တတ်ဖို့အရေးကြီးတယ်။ ဒီစကားလုံးကတော့ […]

၂၀၂၃ မှာ အသုံးချလို့ရနိုင်မည့်
ကိုယ်လိုချင်တာရဖို့ အချက် ၈ ချက်
Read More »

အလုပ်သင်ဆရာဝန်ဖြစ်တဲ့ 2011 ကနေ
ဒီနေ့ထိ နှစ်အလိုက်ပေးခဲ့တဲ့ သင်ခန်းစာ

2011 – ကိုယ်မုန်းတဲ့အလုပ်တွေလုပ်ပြီးကိုယ့်ကိုကိုယ် မညင်းဆဲနဲ့တော့။ 2012 – လိုချင်တာမရရင် ပိုကောင်းတာရလိမ့်မယ်။2013 – လူတစ်ယောက် အပြောင်းအလဲဖြစ်ဖို့ လပိုင်းပဲလိုတယ်။ 2014 – ငယ်တုန်းရွယ်တုန်း ဘဝမှာ အရမ်းအဆင်ပြေပြီး စိန်ခေါ်မှုမရှိရင်တစ်ခုခုမှားနေပြီ။ 2015 – လူတွေနောက်မလိုက်နဲ့၊ အိမ်မက်တွေနောက်လိုက်ပါ။2016 – ပထမဆုံးအောင်မြင်မှုရဖို့ အခက်ဆုံးပဲ။လမ်းကြောင်းပေါ်ရောက်ရင် အရှိန်ရသွားလိမ့်မယ်။2017 – လူတွေကို မျက်နှာဖုံးတွေကိုဖယ်ပြီးကြည့်တတ်ဖို့လိုတယ်။တစ်ဘဝစာဆုံးဖြတ်ချက်ကို ရက်ပိုင်းနဲ့မဆုံးဖြတ်နဲ့။2018 – ကိုယ်နဲ့ပေါင်းတဲ့အပေါင်းအသင်းတွေကကိုယ့်ဘဝကို အဆုံးအဖြတ်ပေးတယ်။2019 – ပြင်လို့မရတဲ့အရာတွေကို လွတ်ချခဲ့တော့။ နည်းပညာနဲ့ ချဲ့လို့လွယ်တဲ့ လုပ်ငန်းတွေလုပ်။2020 – ကိုယ်စိတ်ကူးထားတဲ့ dream list တွေကိုမြန်မြန် အကောင်အထည်ဖော်၊ ဘယ်အချိန်သေမယ်မသိနိုင်ဘူး။အဆိုးဆုံးအခြေအနေမှာ အခွင့်အလမ်းရှာ။အဆိုးတွေရဲ့နောက်မှာ အခွင့်အလမ်းတွေရှိတယ်။2021 – သောက်တလွဲတွေကို ကြိုမျှော်လင့်ထား။ တစ်ခုခုကို အကောင်အထည်ဖော်ဖို့ အခြေခံအယူအဆတွေကို ပြန်ဆန်းစစ်။လိုချင်တာရဖို့

အလုပ်သင်ဆရာဝန်ဖြစ်တဲ့ 2011 ကနေ
ဒီနေ့ထိ နှစ်အလိုက်ပေးခဲ့တဲ့ သင်ခန်းစာ
Read More »

(MIT = Most Important Tasks)

တစ်နှစ်အတွက် ရည်မှန်းချက်ပန်းတိုင်ချပြီးရင်နေ့စဉ် မဖြစ်မနေ ဖြစ်အောင်လုပ်မည့်5 MIT လိုတယ်။ ကိုယ့်ရဲ့တစ်ရက်တာကို အနိုင်မယူပဲတစ်ပတ်ကို အနိုင်ယူလို့မရဘူး။ တစ်ပတ်ကို အနိုင်မယူပဲတစ်လကို အနိုင်ယူလို့မရဘူး။ တစ်လကိုအနိုင်ယူမှတစ်နှစ်ကို အနိုင်ယူနိုင်မှာ။ ဘဝမှာရှိ Health > Skills > Wealth > Love > Happiness တစ်ခုချင်းလာတယ်။ဘာကအရေးအကြီးဆုံးလဲသိဖို့လိုတယ်။ Phyo Paing @ Derek

(MIT = Most Important Tasks) Read More »

ကိုယ့်ရဲ့ အကောင်းဆုံး version
တည်ဆောက်ပါ။

ပျော်ရင်လဲ လွတ်မပျော်နဲ့စိတ်ညစ်ရင်လဲ အရမ်းစိတ်မညစ်နဲ့။ ကိုယ်တိုင်လိုက်နာရမည့် စည်းကမ်းချထား။နေ့တိုင်း အကောင်အထည်ဖော်။ အဆိုးဆုံးအတွက် စိတ်ဓာတ်ရေးရာကြိုတင်ပြင်ဆင်ထား။ လောကမှာ ကိုယ်ထိန်းချုပ်နိုင်တာနဲ့မထိန်းချုပ်နိုင်တာကိုခွဲသိ။ထိန်းနိုင်တာကိုပဲ အာရုံစိုက်။ ကိုယ့်ခန္တာကိုယ်ရဲ့ စေ့ဆော်မှုကိုမကျော်လွန်နိုင်သမျှ ခန္ဓာရဲ့ ကျေးကျွန်ပဲဖြစ်နေမယ်။ တပါးသူတွေအပေါ်မျှော်လင့်ချက်အများကြီးမထားနဲ့။နောက်ဆုံးကိုယ်ပဲ နာကျင်ရလိမ့်မယ်။ ကိုယ့်ရဲ့ အကောင်းဆုံး version တည်ဆောက်ပါ။ Stoicism ကို ဘဝရဲ့Operating System အဖြစ်ကျင့်သုံးကြည့်ပါ။ Phyo Paing @ Derek

ကိုယ့်ရဲ့ အကောင်းဆုံး version
တည်ဆောက်ပါ။
Read More »

ဖြစ်နေကျပြဿနာ ထပ်ခါထပ်ခါ
ပြန်ဖြစ်တာ ကိုယ်သောက်သုံးမကျလို့ပဲ။

ဘဝမှာ ကိုယ်နဲ့ မကိုက်တဲ့ ရွေးချယ်မှုတွေအများကြီးလုပ်ခဲ့ဖူးသလိုနှစ်ပေါင်းမနည်းလဲ ပြဿနာတွေဖြေရှင်းခဲ့ဖူးတယ်။ အသက်အရွယ်တစ်ခုရောက်လာတော့ဘာတွေ ကိုယ်နဲ့ မကိုက်ဘူးလဲဘာတွေမလုပ်ရဘူးလဲ သေချာနားလည်လာတယ်။ ဖြစ်နေကျ ပြဿနာထပ်ဖြစ်နေတာကိုယ်သောက်သုံးမကျလို့ပဲ ခံယူတယ်။ Phyo Paing @ Derek

ဖြစ်နေကျပြဿနာ ထပ်ခါထပ်ခါ
ပြန်ဖြစ်တာ ကိုယ်သောက်သုံးမကျလို့ပဲ။
Read More »

ကျွန်တော့် ဘဝအတွက် ၃၂ ချက်
Covid-19 အတွင်းက ရေးခဲ့တာ

၁။ ကျေးဇူးတင်စိတ်နဲ့နေထိုင်ပါ။၂။ တစ်ရက်တာကို ဘယ်လိုဖြတ်သန်းမလဲ ကြို Plan ပါ။၃။ လူတော်တွေနဲ့ ဝန်းရံထားပါ။၄။ ကိုယ်မသိသေးတဲ့ မေးခွန်းတွေမေးပါ။ ၅။ ကိုယ့်ကိုရင်ခုန်စေတဲ့အလုပ်တွေကိုလုပ်ပါ။ ၆။ ငွေကြေးစီမံခန့်ခွဲပါ။ တစ်နှစ်စာ Plan ရှိပါ။ ၇။ ပြဿနာထက် အဖြေကိုအာရုံစိုက်ပါ။ ၈။ သိထားတာကို အမြန်ဆုံးပြန်အသုံးချပါ။ ၉။ အချိန်မဆွဲပါနဲ့။၁၀။ မနက်ဖြန်ကို စောင့်မနေပါနဲ့။ ဒီနေ့ကိုအကောင်းဆုံးအသုံးချပါ။ Covid-19 အပြီးကို မမျှော်ပါနဲ့။ Covid-19 အတွင်းရှင်သန်နိုင်အောင် ပြင်ဆင်ပါ။ ၁၁။ အနာဂတ်မှာဖြစ်နိုင်တဲ့ ပြဿနာတွေကိုကြိုတင်ဖြေရှင်းပါ။ ၁၂။ လူတွေကို ပြင်ပေးကြည့်ပါ။ ပြင်မရ၊ ပြောမရရင်၊ လျစ်လျူရှုလိုက်ပါ။ ၁၃။ နေ့တိုင်းတိုးတက်အောင်လုပ်ပါ။ ၁၄။ မဖြစ်နိုင်ဘူးဆိုတာထက် ဘယ်လိုဆိုရင်အလွယ်ကူဆုံးနဲ့ အကောင်ထည်ဖော်နိုင်မလဲစဉ်းစားကြည့်ပါ။ ၁၅။ တစ်ခုခုကို ပြီးပြည့်စုံမှ မစတင်ပါနဲ့။၁၆။ တစ်ရက်တာဖြတ်သန်းမှုပုံစံရှိထားပါ။

ကျွန်တော့် ဘဝအတွက် ၃၂ ချက်
Covid-19 အတွင်းက ရေးခဲ့တာ
Read More »

အရှိကိုအရှိအတိုင်းမမြင်နိုင်တာ
ပြဿနာပေါင်းစုံရဲ့
တရားခံပဲ။

သင်္ချာပုစ္ဆာတစ်ပုဒ်လိုပဲ ပေးထားချက်ကိုမှ သေချာမတွေ့ရှိ နားမလည်မှတော့အဖြေကလဲ ဝေးနေမှာပဲ။ ပေးထားချက် မမှန်မှတော့ငါတွက်နည်းမှန်တယ်၊နင့်တွက်နည်းမှန်တယ်ဆိုတာအလကားပဲ။ အရှိကို အရှိအတိုင်းအနီးစပ်ဆုံးမြင်နိုင်ဖို့ အတ္တတွေဘေးဖယ်ထားဖို့ လိုတယ်။ ကိုယ့်ယုံကြည်မှု၊ တွေးခေါ်ကြံဆမှုတွေကိုဘေးမှာ ခဏချပြီးမျက်စိဖွင့်၊ နားစွင့်ကြည့်ဖို့လိုတယ်။ ပြဿာနာ အဖြေရှာဖို့လိုတယ်။ငါလိုချင်တာဘာလဲပြန်မေးကြည့်။ ဒါကို ရဖို့ နည်းလမ်းတွေစဥ်းစားကြည့်။ နည်းလမ်းတိုင်းရဲ့ အောင်မြင်နိုင်ခြေကိုအရှိအရှိအတိုင်း ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်ကြည့်။ အောင်မြင်နိုင်ခြေအရှိဆုံးနည်းလမ်းကို ရွေးရမှာပဲ။ Phyo Paing @ Derek

အရှိကိုအရှိအတိုင်းမမြင်နိုင်တာ
ပြဿနာပေါင်းစုံရဲ့
တရားခံပဲ။
Read More »

မသိစိတ်ရဲ့စွမ်းအားကို လျော့မတွက်နဲ့။

ခေါင်းထဲမှာရှိတဲ့အသံတွေရှိတယ်။ခေါင်းထဲက အသံတွေကို နားထောင်တယ်။အဲ့ဒါလုပ်လိုက်လို့ပြောရင် လုပ်လိုက်တယ်။ Michael A. Singer ရဲ့ The Surrender Experiment ကိုဖတ်ပြီးဒီ inner voice ဘယ်လောက်အရေးကြီးလဲဆိုတာ ပိုသဘောပေါက်လာတယ်။ဒီ power ကို အသုံးပြုနိုင်ဖို့လိုတယ်။ Feb လဆန်း 2014 မနက် အိမ်ကထွက်လာပြီး၂၆ လမ်း၊ လမ်း ၈၀ ထောင့်ရောက်တော့မင်းအလုပ်ထွက်လိုက်တော့တဲ့။ ဘယ်က ဘယ်လိုအတွေးရောက်လာလဲမသိဘူး။ရုံးရောက်ရောက်ချင်း March လ ကုန်ထွက်မယ်ဆိုပြီး resign တင်လိုက်တယ်။အဲ့အချိန်က တော်တော်ကောင်းတဲ့အလုပ်လို့ပြောရင် မမှားဘူး။နောက် 1 April 2014 မှာ ဆိုင်စဖွင့်တယ်။ ဆိုင်ထိုင်နေရင်းနဲ့ ငါဘာလုပ်ရင်ကောင်းမလဲစဉ်းစားကြည့်တော့ သင်တန်းကျောင်းဖွင့်ဆိုတော့1 June 2015 မှာ စလိုက်တာပဲ။ ပုံမှန် အကြံပေး Mini-MBA ဖွင့်ဖို့စဉ်းစားနေတာ ကြာပြီ။၁၂ ပတ်

မသိစိတ်ရဲ့စွမ်းအားကို လျော့မတွက်နဲ့။ Read More »

Spirituality ဆိုတာ

ကိုယ့်ရဲ့နောက်တစ်ခြမ်းSoulmate ကို ကိုယ့်ဆီမှာကိုယ် ပြန်ရှာတာ။ လိုအပ်ချက်တွေကို အပြင်မှာရှာပြီး ဟုတ််လိုလိုနဲ့ တချိန်ရောက်တော့ မဟုတ်ဘူးဆိုတာ တဖြည်းဖြည်းသိလာရော။ အမှန်တရားကိုရှာဖွေတဲ့အခါကိုယ့်ကိုကိုယ်ထဲမှာ ပြန်တွေ့ရော။ လှတာ၊ ချောတာ၊ မိုက်တာ၊ချမ်းသာ၊ ပညာတတ်၊ ဥာဏ်ကောင်း၊နားလည်တာတွေက အပေါ်ယံတွေ ဖြစ်ကောင်းဖြစ်မယ်။ ရင်ခုန်မှု၊ ပျော်ရွင်မှု၊ ငြိမ်းချမ်းမှုအတွေ့အကြုံတွေ မတူကြဘူး။ Phyo Paing @ Derek

Spirituality ဆိုတာ Read More »

စဉ်းစားကြည့်ကြည့်။

တစ်ယောက်ထဲ တစ်ခါတည်း၈ နာရီလောက်တရားထိုင်ရင်းစိတ်အေးချမ်းတည်ငြိမ်နေတဲ့သူ။ နောက်တစ်ယောက်ကသန်းပေါင်းများစွာချမ်းသာပြီးဇယားအတက်အကျတွေကြားပျော်လိုက်၊ တက်ကြွလိုက်ဝမ်းနည််းကြေကွဲလိုက်။ ပုထုဇဉ်ဆိုတော့ လိုအပ်ချက်ကိုတခြားလူတွေဆီက ရှာတယ်။အပြင် အရာဝတ္ထုတွေကရှာတယ်။ဒါက လောကီ level ပေါ့။ တစ်ယောက်တည်းအထာကျကျနေပြီး ပစ္စုပ္ပန်တည့်တည့်ရှုနိုင်တာခန္ဓာကိုယ်တပ်မက်မှုလှုံဆော်မှုတွေကို ရှုမှတ်ကျော်လွှားနိုင်တာလောကုတ္တရာ level ပေါ့။ Level တစ်ခုက တစ်ခုကူးဖို့training တစ်ခုတော့လိုတယ်။ တချို့လူတွေက ကော်တယ်။လုပ်ချင်တာလုပ်ပြီးဘဝနေဝင်ချိန်ကျ သံယောဇဉ်ဖြတ်ပြီးအပြီးပြောင်းသွားတယ်။ အဲ့လိုပြောင်းနိုင်ဖို့ အခြေခံ level မှာလုပ်ချင်၊ ဖြစ်ချင်တာတွေလုပ်ခဲ့လိုက်။ Phyo Paing @ Derek

စဉ်းစားကြည့်ကြည့်။ Read More »