ချစ်တဲ့ အလုပ်ကို လုပ်မှာလား။
ဒါမှ မဟုတ် လုပ်တဲ့ အလုပ်ကို ချစ်မှာလား။
စဥ်းစားကြည့်ကြည့်လူအများစု တစ်ရက် ၈ နာရီအိပ်တယ်။အလုပ်ထဲမှာ ၈ နာရီနဲ့ ၁၀ နာရီကြားကုန်တတ်တယ်။ကျန်တဲ့ ၆ နာရီက ရေချိုး၊ မုန့်စား၊တခြား ဝေရာဝိစ္စတွေနဲ့ အချိန်ကုန်တယ်။ အချိန်အများစုက အလုပ်နဲ့ကုန်တယ်။အလုပ်မှာ မပျော်ရင် ဘဝကလဲ မပျော်ဘူး။အလုပ်မှာ ရင်ခုန်စရာမကောင်းရင်ဘဝကလဲ ပျင်းစရာကောင်းနေမှာ။ ဒါကြောင့် ကိုယ့်အလုပ်ကို game တစ်ခုလိုရင်ခုန်နေမှသာ ဘဝက အဓိပ္ပာယ်ရှိမှာ။ ဒါကြောင့်ချစ်တဲ့ အလုပ်ကို လုပ်မှာလား။ဒါမှ မဟုတ် လုပ်တဲ့ အလုပ်ကို ချစ်မှာလား။ ချစ်တဲ့အလုပ်ကို လုပ်ပိုင်ခွင့်မရှိသေးရင်လုပ်တဲ့အလုပ်ကို အရင်ချစ်လိုက်။ပြီးမှ တဖြည်းဖြည်း ချစ်တဲ့အလုပ်ကိုလုပ်။ Phyo Paing @ Derek
ချစ်တဲ့ အလုပ်ကို လုပ်မှာလား။
ဒါမှ မဟုတ် လုပ်တဲ့ အလုပ်ကို ချစ်မှာလား။ Read More »
