My philosophy

ခပ်ချေချေပဲ။

သူများတော့ မသိဘူး။တချို့ လူတွေကတော့ကိုယ့်ကိုယ်ကိုယ် ဆုလဒ်လို့ယုံကြည်တာပဲ။ကိုယ်နဲ့တွေ့တဲ့သူတိုင်းကိုအကောင်းဆုံးပေးတယ်။အာရုံနောက်စေတော့မယ်ဆိုရင်မနောက်ခင်ကတည်းက ban တာတို့၊စည်းခြားတာတို့ လုပ်လိုက်တယ်။ဘဝမှာ ကိုယ့်ကိုယ်ကိုယ် ဆုလဒ်လို့ခပ်ချေချေသာ ယူဆပြီးနေ့စဉ်လဲ တန်ဖိုးတက်အောင်လုပ်တာတချို့သူတွေရဲ့ ဘဝအတွေးအခေါ်ဖြစ်မယ်။ Phyo Paing @ Derek

ခပ်ချေချေပဲ။ Read More »

မြင်အောင် ကြည့်ဖို့လိုတယ်။

အောင်မြင်ဖို့ မြင်အောင် ကြည့်ဖို့လိုတယ်။အမြင့်မတူရင် အမြင်က မတူပြန်ဘူး။နေသလိုဖြစ်တဲ့ဘဝမှာ ဖြစ်သလိုမနေနဲ့။အရေးမပါတာကို အရာမပေးဖို့လိုတယ်။ပလန်မရှိရင် ပက်လက်လန်မယ်။ ဒီလိုစာရေးနည်းကို chiasmus လို့ခေါ်တယ်။ ကျွန်တော် တွေးရတာကြိုက်တယ်။စာလုံးပေါင်းတွေ မှန်အောင်ကြိုးစားရင်းရေးရတာလဲ ကြိုက်တယ်။ တွေးတဲ့ အခါ ရေးတဲ့အခါမှာလဲ နည်းစနစ်တွေရှိတဲ့အတွက် Chiasmus နည်းသုံးပြီးအတွေးအခေါ် တချို့ ရေးမိတယ်။ Phyo Paing @ Derek

မြင်အောင် ကြည့်ဖို့လိုတယ်။ Read More »

ကံတရားက အမြဲကိုယ့်ဖက်မှာရှိတယ်။

အဲ့လိုပဲ အကြွင်းမဲ့ယုံကြည်ထားတယ်။ ကိုယ်ဖြစ်ချင်တာ မဖြစ်ရင်ပိုကောင်းတာ ဖြစ်လိမ့်မယ်လို့လုံးဝဥဿုံ ယုံကြည်တယ်။ ယုံကြည်သလိုလဲ တကယ်ဖြစ်လာတယ်။ စိတ်ကူးထားသမျှ တော်တော်များများလက်တွေ့ဘဝမှာ မျက်ဝါးထင်ထင်ဖြစ်လာတယ်။ အချိန်လေးတော့ ခဏစောင့်ရတယ်။ဒီအတွက်လဲ စိတ်ရှည်တယ်။ တချို့က ဒါကို လျှို့ဝှက်ချက်လို့ခေါ်တယ်။တချို့က ဒါကို law of attraction လို့ခေါ်တယ်။တချို့က ဒါကို ဦးနှောက်ရဲ့ Reticular Activating System (RAS) ကကိုယ်ယုံကြည်တာကိုပဲ လိုက်ရှာတဲ့confirmation bias တဲ့။တချို့က manifestations တဲ့။ အဲ့ဒါတော့ မသိဘူး။ ကံတရားက ကိုယ့်ဖက်မှာ အမြဲရှိတယ်။ ဘဝမှာ ဒုက္ခရောက်ခဲ့ရင်တောင်ဒီဒုက္ခထက် ပိုကြီးတဲ့ သုခရောက်လာတယ်။ ကျွန်တော်ကတော့ ကံတရားကကိုယ့်ဖက်မှာ အမြဲရှိတယ်လို့ယုံကြည်ထားတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်အတွက်အကျိုးမှ မယုတ်တာ။ ကိုယ့်ကိုယ်ကို အမြဲ ပြောကြည့်ပါ။ ကံတရားက ကိုယ့်ဖက်မှာ အမြဲရှိတယ်။

ကံတရားက အမြဲကိုယ့်ဖက်မှာရှိတယ်။ Read More »

ကျေးဇူးတင်စိတ်ထားတယ်။

ရောက်တဲ့နေရာတိုင်းကိုချစ်တယ်။ကျေးဇူးလဲတင်တယ်။ကိုယ်နေတဲ့နေရာ၊တွေ့တဲ့သူ၊လုပ်နေတဲ့အလုပ် အခုအချိန်အတွက် အကောင်းဆုံးပဲ။အဆင်မပြေရင်ပြောင်းတယ်။ရောက်နေလုပ်နေတာကိုတော့ကျေးဇူးတင်စိတ်ထားတယ်။ Phyo Paing @ Derek

ကျေးဇူးတင်စိတ်ထားတယ်။ Read More »

တန်ဖိုးတော့ မတူဘူး။

အလုပ်ကြိုးစားတိုင်းမအောင်မြင်ဘူး။အလုပ် လုပ်တတ်မှ လိုရာခရီးရောက်မှာ။ အလုပ်လုပ်တတ်ဖို့ ကြံစည်တတ်ရမယ်။ကြံစည်တတ်ဖို့ တွေးတတ်ရမယ်။အတွေး၊ အကြံ၊ အလုပ် ကောင်းဖို့လိုတယ်။ ဘယ်လိုတွေးလဲ၊ဘယ်လိုကြံစည်သလဲ၊ဘယ်လို အလုပ်လုပ်သလဲပေါ်မူတည်တယ်။ အတွေးကောင်းဖို့ ပညာသင်တယ်။ ပညာတိုင်း တန်ဖိုးရှိတယ်။ဒါပေမယ့် တန်ဖိုးတော့ မတူဘူး။ Phyo Paing @ Derek

တန်ဖိုးတော့ မတူဘူး။ Read More »

ဖြစ်သလို မနေပါနဲ့။

ကိုယ်မချစ်တဲ့အလုပ်ကို ရှောင်လွဲလို့မရ လုပ်နေတဲ့အချိန်။ အဆင်မပြေတဲ့ အချစ်ရေး relationship မှာဘာမှ လုပ်မရ ပိတ်မိနေတဲ့အချိန်။ ဆပ်စရာအကြွေးတွေနဲ့ ပိတ်မိနေတဲ့အချိန်။ ခန္ဓာကိုယ်က ဝိတ်တွေအရမ်းတက်ပြီးကိုယ့်ကျန်းမာရေးကို စိတ်တိုင်းမကျတဲ့အချိန်။ ပျော်ရာမှာ မနေရ တော်ရမှာနေနေရတဲ့အချိန်။ လုပ်ချင်တာတစ်မျိုး လုပ်နေရတာတစ်မျိုး ဖြစ်နေတဲ့အချိန်။ ဒီလို အချိန်က ကိုယ်ပြန်လည်မွေးဖွားဖို့reborn လုပ်ဖို့ သန္ဓေတည်တဲ့အချိန်ဖြစ်ပါတယ်။ ဒီကမှတဆင့်ကိုယ်လုပ်တဲ့အလုပ်မှာ ၁။ ပျော်နေတယ်။၂။ တော်နေတယ်။၃။ ပွားနေတယ်။ (ငွေကြေး)၄။ ပေးနေတယ်။ (လူတွေအကျိုးရှိအောင် ပေးနေတယ်။) ဒီအဆင့်ရောက်လာမယ်။ ဒီကမှ တဆင့် အိပ်မက်တွေကိုအကောင်အထည်ဖော်ကြမယ်။ လူတွေ မမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲဖို့နေသလိုဖြစ်တဲ့ဘဝမှာ ဖြစ်သလို နေတာ အချိန်တစ်ခုထိပဲကောင်းပါတယ်။ ဒါကြောင့် နေသလိုဖြစ်တဲ့ဘဝမှာ ဖြစ်သလို မနေပါနဲ့။ Phyo Paing @ Derek

ဖြစ်သလို မနေပါနဲ့။ Read More »

ပြင်းပြတဲ့ စိတ်ဆန္ဒ

ပြင်းပြတဲ့ စိတ်ဆန္ဒမရှိပဲသာမာန်ထက်ကျော်တဲ့အရာတွေကို တည်ဆောက်ဖန်တီးလုပ်ဆောင်နိုင်ဖို့မလွယ်ဘူး။ ပြင်းပြတဲ့ စိတ်ဆန္ဒ၊ စူးစမ်းလိုစိတ်၊ သတ္တိ၊ လဲကျပြန်ထရဲတဲ့စိတ်၊ အဖြေရှာလိုစိတ်၊ ကျေးဇူးတင်စိတ်၊နေ့စဥ်အလုပ်တွေလုပ်ရင်းပြဿနာတွေကို အဖြေရှာရင်းပျော်တဲ့စိတ်ဒီ စိတ်ဓာတ်တွေကဘဝကို ဆေးရောင်စုံလှလှ ခြယ်ပေးတယ်။ Phyo Paing @ Derek

ပြင်းပြတဲ့ စိတ်ဆန္ဒ Read More »

ဆွဲဆန့်ပါ။

ကိုယ်ကျွမ်းကျင်တာထက်နည်းနည်းပို ခက်တဲ့အလုပ်လုပ်ရရင်ကိုယ့်ရဲ့ အရည်အချင်းလုပ်ဆောင်နိုင်စွမ်းကို ဆွဲဆန့်ရပြီ။ ဒီနေရာမှာ ဖိစီးမှု အနည်းငယ်ဖြစ်တယ်။ ဒီဖိစီးမှုက ကိုယ့်ကို တိုးတက်စေတယ်။ ဒီတိုးတက်မှုက ပျော်စေတယ်။ ဒါကြောင့် လွယ်တဲ့အလုပ်တွေပဲထိုင်လုပ်မနေပါနဲ့။ ကိုယ့်ကို စိန်ခေါ်တဲ့ အလုပ်တွေလဲလုပ်ကြည့်ပါ။ ရေမကူးတတ်ပဲ ရေထဲခုန်ချတာမျိုးမဟုတ်ဘူး။ရေနက်တဲ့နေရာလေး တစ်လှမ်းချင်းသွားပြီးသွားလိုက် ပြန်ကူးလာလိုက်လေ့ကျင့်တာမျိုး။ Phyo Paing @ Derek

ဆွဲဆန့်ပါ။ Read More »

တန်ဖိုး

တန်ဖိုးဆိုတာ လိုအပ်ချက်ကြောင့်ဖြစ်လာတယ်။လိုအပ်လေလေ တန်ဖိုးပိုရှိလေလေ။အစားထိုးမရလေ တန်ဖိုးပိုရှိလေလေ။ရှားပါးလေ တန်ဖိုးပိုရှိလေလေ။ ဒါကြောင့် လူတွေရဲ့လိုအပ်ချက်ကိုရှားရှားပါးပါး အစားထိုးမရတဲ့သူဖြစ်လေလေတန်ဖိုးရှိသူ ဖြစ်လေလေ။ ကိုယ်လုပ်နေတဲ့အလုပ်မှာနိုးတူး (နှစ်ယောက်မရှိ) ဖြစ်အောင်လုပ်။ Phyo Paing @ Derek

တန်ဖိုး Read More »