My philosophy

စကားလုံးတွေမှာ ပါဝါရှိတယ်။

ကိုယ့်ကိုကိုယ် ကျိန်စာမတိုက်ပါနဲ့။ကိုယ်ပြောတဲ့စကားလုံးတွေကိုဂရုစိုက်ပါ။စကားနောက် တရားပါတတ်တယ်။စကားလုံးတွေမှာ ပါဝါရှိတယ်။ ဖတ်တဲ့စာ၊ နားထောင်တဲ့သီချင်း၊ပေါင်းသင်းတဲ့သူ သူတို့တွေကကိုယ့်ရဲ့စကားလုံးတွေကိုလွှမ်းမိုးမှုရှိတယ်။​ Phyo Paing @ Derek

စကားလုံးတွေမှာ ပါဝါရှိတယ်။ Read More »

How you do anything is
How you do everything ဆိုတာ

လူတစ်ယောက် အရည်အချင်းရှိမရှိကိုများများစားစားသိပ်ကြည့်စရာမလိုဘူး။ဒီလူက ကိုယ်လိုချင်တာကိုဘယ်လို ရအောင်အကောင်အထည်ဖော်သွားလဲကိုပဲ ကြည့်လိုက်။ အထာကျကျ အကောင်အထည်ဖော်သွားတာလား။အိညောင် အိညောင်နဲ့ လား။ဘေးထိုင်ဘုပြောပြီး မဖြစ်နိုင်ဘူးငြီးနေတာလား။ How you do anything isHow you do everything ဆိုတာဒါမျိုးကို ခေါ်တာ။ Phyo Paing @ Derek

How you do anything is
How you do everything ဆိုတာ
Read More »

ဂျေးမီ ပြောသလို
ကိုယ့်ဘဝနဲ့ ကိုယ်ပဲ

သူများနဲ့ သွားနှိုင်းယှဉ်တာထက်ကိုယ့်ရဲ့ စမှတ်နဲ့ နှိုင်းယှဉ်ကြည့်။ဘယ်လိုစခဲ့သလဲ။ဘယ်နေရာရောက်နေပြီလဲ။ဘယ်ဆက်သွားမလဲ။လူတိုင်း ဂျေးမီပြောသလိုကိုယ့်ဘဝနဲ့ ကိုယ်ပဲ။ Phyo Paing @ Derek

ဂျေးမီ ပြောသလို
ကိုယ့်ဘဝနဲ့ ကိုယ်ပဲ
Read More »

တစ်နေရာထဲမှာပဲ တစ်သက်လုံးနေရအောင် ကိုယ်က သစ်ပင်မှ မဟုတ်တာ။

ဆယ်နှစ်လောက်ကြိုးစားတာ မအောင်မြင်ပဲ တစ်ချိန်ကျမှထအောင်မြင်တာမျိုးဖြစ်တတ်တာပဲ။ ကြီးကြီးကျယ်ကျယ် case study တွေကြည့်ရင်Bill Gates ဆိုလဲ Lakeside မှာ high school တက်ကတည်းက computer တွေသုံးလာတာ Microsoft ဖြစ်လာဖို့ မှန်ကန်တဲ့အချိန်မှာမှန်ကန်တဲ့ဆုံးဖြတ်ချက်ချတာတောင်အချိန် အများကြီးပေးခဲ့ရတာ။ Warren Buffet ဆိုလဲ ဆယ်ကျော်သက်ကတည်းကရင်းနှီးမြုပ်နှံမှုတွေလုပ်လာခဲ့တာသူ့ဆရာ Benjamin Graham ဆီမှာပညာသင်ခဲ့တာတောင် သူ့ကြွယ်ဝမှုအများစုက အသက် ၆၅ နောက်မှာဖြစ်တယ်။ Xiaomi ရဲ့ CEO Lei Jun ဆိုလဲKingsoft မှာ ၁၆ နှစ်လောက် အလုပ်လုပ်ခဲ့တာ။ Angel Investing တွေ အများကြီးလုပ်ပြီးမှာ Xiaomi ဆိုတာ ဖြစ်လာခဲ့တာ။ Jack Ma ဆိုလဲ China Yellow Page တို့ဘာလို့

တစ်နေရာထဲမှာပဲ တစ်သက်လုံးနေရအောင် ကိုယ်က သစ်ပင်မှ မဟုတ်တာ။ Read More »

လူအများစုက မသိလိုက်ပဲ
လုပ်နေကျ၊ စဥ်းစားနေကျ pattern တွေ

လူတစ်ယောက်နဲ့ အလုပ်မလုပ်ခင်အရင်ဆုံးလေ့လာတာဒီလူနဲ့ အရင်အလုပ်လုပ်ခဲ့တဲ့သူတွေကဘူသွားသလား၊ အောင်မြင်သွားသလား။ဒီအချက်က အရမ်းအရေးကြီးတယ်။လူအများစုက မသိလိုက်ပဲလုပ်နေကျ၊ စဥ်းစားနေကျ pattern တွေနဲ့ထပ်နေတတ်တယ်။ Phyo Paing @ Derek

လူအများစုက မသိလိုက်ပဲ
လုပ်နေကျ၊ စဥ်းစားနေကျ pattern တွေ
Read More »

You will make or break you.

ဘဝမှာ အပြောင်းအလဲ ဖြစ်တဲ့အချိန်တွေပြန်ကြည့်ကြည့်။လူတစ်စုံတစ်ယောက်နဲ့တွေ့ပြီးနောက်ကိုယ့်ဘဝလားရာ trajectoryပြောင်းသွားတာကြီးပဲ။ကိုယ့်အနားမှာထားတဲ့သူတွေကိုအထူးဂရုစိုက်ပါ။You will make or break you. Phyo Paing @ Derek

You will make or break you. Read More »

အလုပ်လုပ်နေရင် ပြဿနာတွေ့မှာပဲ။

ကိုယ်ဘေးမှာ တစ်လလောက်နေနေတဲ့သူကကိုယ်နေ့စဉ် ဖြေရှင်းနေရတဲ့ပြဿနာတွေတွေ့တော့ အံ့ဩသွားတယ်။ဘဝက အဲ့လောက် ပြဿနာတွေများလားပေါ့။အလုပ်လုပ်နေရင် ပြဿနာတွေ့မှာပဲ။ဒါကို ခံစားအရှုံးပေးပြီး ဒုက္ခအနေနဲ့မပြောင်းလိုက်ဖို့ပဲ။ဖြေရှင်းလိုက်တဲ့ ပြဿနာတွေကကိုယ့်ကို next level ရောက်စေတာပဲ။ Phyo Paing @ Derek

အလုပ်လုပ်နေရင် ပြဿနာတွေ့မှာပဲ။ Read More »

ကိုယ့်အတွက် ကျည်ဆံက
အချိန်ပဲ

ယောကျာ်းတစ်ယောက်မှာဆာလောက်မှု လိုတယ်။ဘဝဖြတ်သန်းမှုမှာ ထမ်းရတဲ့ဝန်နဲ့လူ့ဘောင်ထဲ လူရိုသေရှင်ရိုသေဖြစ်ဖို့ကမ္ဘာ့ဘိတ်ချီးနိုင်ငံမှာလို့ပိုလို့တောင် အလုပ်လုပ်ရအုံးမယ်။ အသက်ကြီးရင် တက်ကြွမှုကလျော့လာမယ်။တုံးတိုက်တိုက် ကျားကိုက်ကိုက်လုပ်တဲ့စိတ်နည်းလာတတ်ကြတယ်။ ဒါကြောင့်အိမ်မက်တွေအတွက်ဒူပေဒါပေခံပြီး ခပ်ကြမ်းကြမ်းအလုပ်လုပ်ဖို့က 20, 30, 40 ကအကောင်းဆုံးအချိန်ပဲ။50 ကျော်ရင်တောင် နည်းနည်းအိုလာပြီ။အားနည်းနည်း လျော့လာတတ်တယ်။ဒီလိုမဖြစ်ဖို့ကလည်း ငယ်ကတည်းကကြိုပြင်ထားမှ။ စိတ်ဓာတ်ပြင်းထန်မှုက 20, 30 နဲ့မတူတော့ဘူး။ဒါကြောင့် ဘူပိတ်ပြီး စိတ်ညစ်မနေနဲ့။ကိုယ့်အတွက် ကျည်ဆံကအချိန်ပဲ။ မဟုတ်လို့ အသက်အရွယ်တစ်ခုရောက်လို့အဖြစ်မရှိတဲ့အခါ သူငယ်ချင်းတွေကြားသွားရင်တောင် မျက်နှာငယ်နေရလိမ့်မယ်။ Phyo Paing @ Derek

ကိုယ့်အတွက် ကျည်ဆံက
အချိန်ပဲ
Read More »

လဲပြို မသွားဖို့ Structure လိုတယ်

အခုချိန် ပြည်တွင်းမှာရှိနေတဲ့သူတွေအများစုဟာ Stress ဒဏ်ကို အနည်းနဲ့ အများခံကြရတယ်လို့ယူဆတယ်။ တိုးမြင့်လာတဲ့ ဒေါ်လာ၊ ဘတ်၊ ယွမ်နဲ့ကျဆင်းလာတဲ့ ငွေစျေးနှုန်း။ ရောင်းရမလား၊ ရပ်ထားရမလားအပြင်ခိုးဆိုးလုယှက်မှုတွေနဲ့ လုပ်ငန်းအရေး၊ သားသမီးရေးအရဒီမှာပဲ ဆက်နေရမလား၊ ပြောင်းရမလား စဥ်းစားရင်းဒီမှာက အခြေကျနေပြီးနေရာတစ်ခုမှာ ဘဝအသစ်စတယ်ဆိုတာအချိန်တစ်ခု ပေးရတာဖြစ်တဲ့အတွက်တွန့်ဆုတ်နေရတာမျိုးတွေလဲဖြစ်နိုင်တယ်။ ဒီလို ပြဿနာတွေကြားမှာ စိတ်ခံစားမှုတွေနောက်ပဲလိုက်နေ့စဥ် ဘူနေတာကို ကျော်လွှားနိုင်ဖို့နေ့စဥ် reset လုပ်တာ ထိရောက်မှုတစ်ခုတော့ ရှိတယ်လို့ မြင်တယ်။ အများစုက ညနေမှာ ဝိုင်လေးသောက်၊သူငယ်ချင်းတွေနဲ့ တွေ့ပြီးreset လုပ်ကြတယ်။ နောက်ပြီးမနက်ထတိုင်း တရားထိုင်တာဒါက reset လုပ်တာပဲ။ စာအုပ်ဖတ်၊ လေ့ကျင့်ခန်းလုပ်တာreset လုပ်တာပဲ။ ဒီနေ့ တစ်နေ့တော့ပြီးသွားပြီjournaling လုပ် ပြန်သုံးသပ်တာ reset လုပ်တာပဲ။ ဒီလို reset လုပ်ဖို့ structure လိုတယ်။ဘဝမှာ structure

လဲပြို မသွားဖို့ Structure လိုတယ် Read More »

မသေခင် လုပ်ချင်တာတွေ
လုပ်နိုင်သမျှ လုပ်ခဲ့နိုင်ဖို့က
ကိုယ့် တာဝန်ပဲ

လူဖြစ်နေသမျှ ပြဿနာကရှိနေမှာပဲ။ ကျွန်တော်တို့ တာဝန်ကပြဿနာမရှိတဲ့ ဘဝကို နေထိုင်ဖို့မဟုတ်ဘူး။ ပြဿနာတွေထက် သန်မာတဲ့လူတစ်ယောက်ဖြစ်ဖို့လို့မြင်တယ်။ ပြဿနာဆိုတာ စိတ်နဲ့ ခန္ဓာကဖြစ်တယ်။ စိတ်မထားတတ်ရင် ပြဿနာက ဒုက္ခဖြစ်သွားမယ်။ခန္ဓာကလဲ သေချာမထိန်းသိမ်းနိုင်ရင်ဒုက္ခဖြစ်သွားနိုင်တယ်။ အဲ့ဒီ စိတ်နဲ့ ခန္ဓာကို သေချာတိုးတက်ကောင်းမွန်အောင် အချိန်ပေးထိန်းသိမ်းဖို့လိုတယ်။ သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက်အလုပ်စီးပွား ရှာတာအပြင် စိတ်အတွက်စာဖတ်၊ တရားထိုင်၊ခန္ဓာအတွက် လေ့ကျင့်ခန်းလုပ်၊အစားအသောက်ဆင်ခြင်။ ဘဝမှာ တစ်နေ့သေမှာပဲ။ မသေခင် လုပ်ချင်တာတွေလုပ်နိုင်သမျှ လုပ်ခဲ့နိုင်ဖို့က ကိုယ့် တာဝန်ပဲ ဘဝဆိုတာ အိမ်ထောင်ကျသားမွေး၊ အို၊ နာ၊ သေထက်အများကြီးပိုတယ်လို့ယူဆထားတယ်။ Phyo Paing @ Derek

မသေခင် လုပ်ချင်တာတွေ
လုပ်နိုင်သမျှ လုပ်ခဲ့နိုင်ဖို့က
ကိုယ့် တာဝန်ပဲ
Read More »