မလိုချင်တာတွေပဲ ကာယကံ၊ ဝဇီကံ၊ မနောကံနဲ့ တွေးနေ၊ ပြောနေ၊ လုပ်နေရင် မလိုချင်တာတွေပဲ ရောက်လာနိုင်တယ်။
ကျွန်တော် ခိုလိုညည်းပြီးဘေးထိုင်ဘုပြောတာကိုမကြိုက်ဘူး။ ရည်မှန်းချက်ပန်းတိုင်တွေချပြီးဖြစ်အောင်လုပ်ရတာကြိုက်တယ်။ ကိုယ့်ကိုကိုယ် ဂုဏ်ယူတဲ့အလုပ်တွေနေ့တိုင်းလုပ်ရတာကြိုက်တယ်။ ဒီလိုစာတွေရေးပြီး တချို့မိတ်ဆွေတွေအကျိုးရှိတယ်ဆိုပြီး အပြင်မှာတွေ့တိုင်းကျေးဇူးလာတင်တဲ့အခါတိုင်းပီတိဖြစ်စေတယ်။Message တွေ ထောင်ချီပို့ပြီးကျေးဇူးတင်တဲ့အတွက် ပီတိဖြစ်ရတယ်။ မလိုချင်တာတွေပဲ ကာယကံ၊ ဝဇီကံ၊ မနောကံနဲ့တွေးနေ၊ ပြောနေ၊ လုပ်နေရင်မလိုချင်တာတွေပဲ ရောက်လာနိုင်တယ်။ လိုချင်တာတွေကိုပိုတွေးပိုပြော၊ ပိုလုပ်ပါ။ Phyo Paing @ Derek
