My philosophy

ဖြစ်ချင်တာတွေဖြစ်လာဖို့ DRC

မြန်မာပြည်မှာ ဘယ်လောက်ကြိုးစားကြိုးစား ______________ မဖြစ်နိုင်ဘူး။ သင်တန်းတွေ တက်ပြီး Over-confident ဖြစ်နေတာနဲ့ ပတ်သက်လို့ ဘယ်လိုမြင်လဲ? ဒီနှစ်ပိုင်းကို ကြည့်တဲ့အခါ DRC Dream Dream အိပ်မက်တွေကြီးပြီး မဖြစ်နိုင်တာမရှိဘူးဆိုတာကတော့ ဟုတ်ပါတယ်။ အချိန်တစ်ခုပေးရင် ဘယ်မရာမဆိုဖြစ်တယ်။ ဒါပေမယ့် Reality Check ကတော့ လုပ်ပေးရမယ်။ Reality Check ဒါ့ကြောင့် ဆေးကုမ္ပဏီကြီးတွေ ပြည်တွင်းလာရင် data ကြည့်ပြီး ဖြစ်နိုင်ခြေကိုဆုံးဖြတ်တယ်။ သင်္ချာသင်တယ်ဆိုတာ အလကားသင်ထားတာမှ မဟုတ်တာ။ ဆေးရုံအရေအတွက်၊ ကုတက်အရေအတွက်၊ ဆေးရုံတက်နှုန်း Occupancy rate နဲ့ ဆေးဝါးရောင်းမည့်ရောဂါဖြစ်နှုန်း၊ ဒီနိုင်ငံကလူတွေရဲ့ ဝင်ငွေနဲ့ သုံးနိုင်စွမ်းအပြင် နောင်ငါးနှစ်အတွင်းဖြစ်လာနိုင်တဲ့ ဝင်ငွေ GDP per capita တွက်ချက်ပြီးမှဝင်တယ်။ ဒါ့ကြောင့်အိမ်မက်တွေကိုအကောင်အထည်ဖော်ဖို့ အရှိကို အရှိအတိုင်းမြင်ဖို့လိုတယ်။ […]

ဖြစ်ချင်တာတွေဖြစ်လာဖို့ DRC Read More »

Goal နဲ့ Desire ဘာကွာလဲ?

Billionaire ရင်းနှီးမြုပ်နှံသူ Ray Dalio ရဲ့ Principles စာအုပ်ထဲမှ ကြိုက်တာလေးတစ်ခုက ရည်မှန်းချက်ကြီးတဲ့သူတိုင်းမှာ priority ဦးစားပေးဆိုတာရှိရမယ်။ ဦးစားပေးရာမှာ ရည်မှန်းချက်ပန်းတိုင်နဲ့ စိတ်ဆန္ဒဆိုတာခွဲခြားနားလည်ရမယ်။ ရည်မှန်းချက် ပန်းတိုင်ဆိုတာ ကိုယ်မဖြစ်မနေ ဆွတ်ခူးမည့်အရာဖြစ်တယ်။ စိတ်ဆန္ဒဆိုတာကတော့ ရည်မှန်းချက်ပန်းတိုင်ရောက်အောင် အတားအဆီးပြုမည့်အရာဖြစ်တယ်။ ဥပမာ ကိုယ့်ရည်မှန်းချက်ပန်းတိုင်က ကျန်းမာသန်စွမ်းကျစ်လစ်တဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်ဖို့ ဖြစ်ပြီး စိတ်ဆန္ဒကတော့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အစားအစာ စားချင်တာဖြစ်ပါတယ်။ အလုပ်ရွေးချယ်တဲ့နေရာမှာတော့ ရည်မှန်းချက်ပန်းတိုင်နဲ့ စိတ်ဆန္ဒနဲ့ တစ်သားတည်းဖြစ်နိုင်ပါတယ်။ ဥပမာ ကျွန်တော့်အနေနဲ့ ဆိုင်ထိုင်ပြီး စီးပွားရေးလုပ်မည့်အစား တိုးတက်ဖို့ အမြဲလေ့လာချင်သလို စွန့်ဦးတီထွင်တွေ၊ အလုပ်ခွင်ဝင် Working professionals တွေကို ကိုယ်လေ့လာထားတာပြန်ရှယ်ပေးချင်တယ်။ ဒီတော့ Working Professional နဲ့ Entrepreneurs တွေအတွက် သင်တန်းပေးဖြစ်တယ်။ ဒါ့ကြောင့် အလုပ်ရွေးချယ်တဲ့နေရာမှာ

Goal နဲ့ Desire ဘာကွာလဲ? Read More »

Read-Think-Do

သင်တန်းတွေတက်ပြီး ဘာလို့မပြောင်းလဲသေးတာလဲ? သင်တန်းဆိုတာ ဘာတွေလုပ်ရမလဲဆိုတာသိသွားအောင် အစပဲဖြစ်တယ်။ Complete Solution မဟုတ်တဲ့အတွက် 1. Read စာဖတ်ရမယ်။ သက်ဆိုင်ရာနယ်ပယ်မှ စာတွေကို ဖတ်ရမယ်။ 2. Think စဉ်းစားရမယ်။ စဉ်းစားတွေးခေါ်နည်းသိရမယ်။ စဉ်းစားရမယ်။ 3. Do လုပ်ဆောင် ပြင်းထန်တဲ့ လှုပ်ရှားမှုမရှိရင် ရလဒ်ကောင်းတွေမရှိဘူး။ Phyo Paing @ Derek

Read-Think-Do Read More »

Donald Trump အသုံးပြုနေတဲ့ Laws of Power

ပုံမှန်အားဖြင့် US သမ္မတတွေအားလုံးဟာ Rule of Strategy ကိုလိုက်နာလေ့ရှိတယ်။ ဥပမာအားဖြင့် ၁. မဟာဗျူဟာတစ်ခုအတွက် ရည်မှန်းချက်ပန်းတိုင်ရှိရမယ်။ ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ပြိုင်ဖက်တွေ၊ မဟာမိတ်တွေသိမှ အပေးအယူလုပ် Strategy ဆွဲလို့ရမယ်။ Game Theory အရ well-defined outcome ရှိရမယ်။ ၂. မဟာမိတ်တွေကို စုစည်းပြီး၊ အခက်ခဲများကို ကျော်ဖြတ်ရမယ်။ ၃. တတိယမဟာဗျူဟာစည်းမျဉ်းကတော့ ကိုယ့်ကိုတိုက်ခိုက်လာရင် ကိုယ်ကပြန်တုန့်ပြန်မှုက ပြိုင်ဖက်ကို ကြီးမားတဲ့ခြိမ်းခြောက်မှုဖြစ်စေရမယ်။ ရွေးချယ်စရာလမ်းပေးရမယ်။ Donald Trump ကတစ်ခုမှ မလိုက်နာဘူး။ အမှန်တော့ Donald Trump ဘာလုပ်နေလဲ နားမလည်တာနဲ့ သတင်းတွေဖတ် Research လုပ်ကြည့်ရင်း အရင်ကဖတ်ဖူးတဲ့ 48 Laws of Power နဲ့ ချိတ်ဆက်ကြည့်တော့မှ

Donald Trump အသုံးပြုနေတဲ့ Laws of Power Read More »

You are right!

ကိုယ့်ကိုကိုယ်အမြဲမှန်တယ် ထင်တဲ့သူ၊အခြေအနေအရ အကောင်းဆုံးလုပ်ခဲ့တာလို့ထင်တဲ့သူ ၊မိမိကိုယ်ကို ခွင့်လွတ်တတ်သူ၊ မိမိကိုယ်ကို အကောင်းမြင်တတ်သူတွေက စိတ်ဓာတ်သိပ်ကျလေ့မရဘူး။ တခါတခါတော့ လူမုန်းခံရတတ်တာပေါ့။ တချို့လူငယ်တွေက အမြဲ ကိုယ်လုပ်လိုက်မိတဲ့အရာတွေကို အမှားလို့ထင်ပြီးစိတ်ညစ်နေတတ်ကြတယ်။ ဘာပဲလုပ်လုပ် You are right ပါ၊ အခြေနေပေါ်မှာ အကောင်းဆုံးထင်တာလုပ်ခဲ့တာဘဲလေ။ You are right!စိတ်မညစ်ပါနဲ့။ Phyo Paing @ Derek

You are right! Read More »

အောင်မြင်မှုဆိုတာ စွဲလမ်းတတ်တဲ့အကျင့်ရှိတယ်။

အတန်းထဲမှာ ပထမရဖူးတဲ့သူက ဒါကိုစွဲလမ်းသွားတယ်။လုပ်ငန်းစတဲ့အခါ အောင်မြင်ဖူးသွားရင်စီးပွားရေးလုပ်ရတာကို စွဲလမ်းသွားပြန်တယ်။အရေးကြီးဆုံးက ပထမဆုံးအောင်မြင်မှု တစ်ခုရဖို့ပဲ။ပြီးရင် အောင်မြင်မှုက အောင်မြင်မှုကို မွေးဖွားတယ်လို့ဆိုတယ်။Phyo Paing @ Derek

အောင်မြင်မှုဆိုတာ စွဲလမ်းတတ်တဲ့အကျင့်ရှိတယ်။ Read More »

ကိုယ့်ရဲ. superpower က ဘာလဲ?

ကိုယ့်ရဲ့ Super Power ကိုသိဖို့ flow ကိုသိဖို့လိုပါတယ်။ Flow ကိုအလွယ်ရှင်းရမယ်ဆိုရင် အလုပ်တစ်ခုမှာ စိတ်အာရုံဝင်စားတဲ့အတွက် အချိန်ကိုမေ့ပြီး ဒီအလုပ်မှာဘဲနစ်မျောသွားတဲ့ အခြေအနေပါ။ လူတွေရဲ့ သူတို့မှာ flow တွေရှိကြတယ်။ ဒီအရာနဲ့ကိုက်ရင် အလုပ်အကိုင်၊ ပညာရေး၊ အချစ်ရေးနဲ့ လူမှုရေးမှာ အဆင်ပြေလာမယ်။ တနည်းအားဖြင့် ကိုယ်စွမ်းကိုယ်စ ထွက်တာမြန်နှုန်းမြင့်လာမယ်။ ကိုယ့်ရဲ့ super power ကိုသိဖို့ ကိုယ့်ကိုကိုယ် ၁ ကနေတစ်ဆယ်အတွင်း ဘယ်လောက်သိလည်းဆိုတာ rating လုပ်နိုင်ပါတယ်။ 1. Your Talent မွေးရာပါ ကျွမ်းကျင်မှု 2. Your Passions ကိုယ်ကြိုက်တဲ့အလုပ်တွေကိုသိမှု3. Your Knowledge ပထမနှစ်ခုအတွက်လိုအပ်တဲ့အသိပညာရှိမှု4. Your Network ပထမသုံးခုကိုရောင်းဖို့ အချိပ်အဆက်5. Your Character ကိုယ်ဘာကိုကိုယ်စားပြုသလည်းသိဖို့6.

ကိုယ့်ရဲ. superpower က ဘာလဲ? Read More »

တိုးတက်မှု = ပျော်ရွှင်မှု

Game ကစားတဲ့အခါ၊ တောင်တက်တဲ့အခါ၊Mission တစ်ခု၊ Goal တစ်ခုကိုအကောင်ထည်ဖော်တဲ့အခါ တောင်ထိပ်ရောက်မှ ပျော်ရတာမဟုတ်ပါဘူး။တောင်ပေါ်တက်ရင်း တောင်ထိပ်နဲ့နီးလာလေလေ ပျော်လာလေလေပဲ။ Phyo Paing @ Derek

တိုးတက်မှု = ပျော်ရွှင်မှု Read More »

ကိုယ့်ကိုကိုယ်မရှာပါနဲ့။

တွေ့မှာ မဟုတ်ဘူး။ကိုယ်ဖြစ်ချင်တဲ့သူ ဖြစ်အောင်ဖန်တီးပါ။ယနေ့သင်သည် လွန်ခဲ့တဲ့အတိတ်ကဖန်တီးခဲ့လို့ဖြစ်တယ်။မရှာပါနဲ့။ဖန်တီးပါ။Phyo Paing @ Derek

ကိုယ့်ကိုကိုယ်မရှာပါနဲ့။ Read More »

လူသစ်၊ စိတ်သစ်၊ အနာဂတ်သစ်

Facebook comment တွေအောက်မှာ တစ်ယောက်က ဘရုပ်သုတ်ခပြောလိုက်ရင် တခြားသူတွေလိုက်ရေးကြတာကို မြင်ဘူးပါသလား? မနက် စျေးဦးလှန်သွားရင် (စျေးဦးပေါက်မကောင်းရင်) တစ်နေ့လုံး အဆင်မပြေဖြစ်တတ်တဲ့ သဘောတရားကြုံဖူးပါသလား ? Psychology မှာ Priming လို့ခေါ်ကြပါတယ်။ ကုန်ပစ္စည်းရောင်းတဲ့နေရာမှာလည်းသုံးကြတယ်။ ဥပမာ customer တစ်ယောက် စျေးလာဝယ်တဲ့အခါ Dear Customer ခင်ဗျားအကြိုက်ဆုံး product က ဘယ်လိုပုံရှိမလည်းဆိုတဲ့ ပုံဖော်ခိုင်းပြီး ကိုယ့် product ကိုရောင်းနိုင်သလို ကျွန်တော်တို့ မနက်ထထခြင်း မင်္ဂလာရှိဖို့ တရားခွေဖွင့်ကြတာဟာ priming effect ကြောင့်ပါ။ စောစောစီးစီး ကျက်သရေမရှိတာတွေ မပြောနဲ့ဆိုတဲ့ စကားလည်းကြားဘူးမှာပါ။ မနက်ထထခြင်းမှာ ကျွန်တော်တို့ brain ဟာ သာမန်အချိန်တွေထက် အနည်းနဲ့အများ fresh ဖြစ်နေလေ့ရှိပါတယ်။ ဒီအချိန်မှာ stupid questions

လူသစ်၊ စိတ်သစ်၊ အနာဂတ်သစ် Read More »