My philosophy

ငါ့ဒိန်ခဲကို ဘယ်သူရွှေ့သလဲ?

ဒိန်ခဲပုံပြင်နှင့် အပြောင်းအလဲ ဒေါက်တာ Spencer Johnson ရဲ့ “Who moved my cheese?” က အပြောင်းအလဲကို ဘယ်လို deal လုပ်ရမယ်ဆိုတာကို ဖော်ပြထားတဲ့ အကောင်းဆုံးစာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ဒီထဲမှာတော့ Sniff နဲ့ Scurry ဆိုတဲ့ ကြွက်လေးနှစ်ကောင်ရယ် Hem နဲ့ Haw လို့ခေါ်တဲ့ လူသေးသေးလေးနှစ်ယောက်ရယ် ဇာတ်ကောင်လေးယောက်ပါဝင်ပြီး သူတို့ဟာ ဝင်္ကပါထဲမှာ သူတို့အသက်ရှင်ဖို့ စားသောက်ဖို့လိုအပ်တဲ့ ချိစ်ကို လိုက်ရှာနေကြတာပါ။ ဒီနေရာမှာ ချိစ် ဆိုတာကတော့ ကျွန်တော်တို့ဘဝမှာ ကျွန်တ်ာတို့ လိုအပ်နေတဲ့ ကျွန်တော်တို့ကို ပျော်ရွှင်အောင်လုပ်နိုင်တဲ့ အရာတွေကို တင်စားထားတာပါ။ အလုပ်အကိုင် အချစ်ရေး ချမ်းသာကြွယ်ဝမှု လွတ်လပ်မှု ကျန်းမာရေး စသည်ဖြင့် ဘယ်အရာမဆိုဖြစ်နိုင်ပါတယ်။ တစ်ယောက်လိုချင်နေတဲ့ ဒါမှမဟုတ် ရှာဖွေနေတဲ့ […]

ငါ့ဒိန်ခဲကို ဘယ်သူရွှေ့သလဲ? Read More »

ဆိုက္ကားဘဲ ပြိုင်နင်းလို့ ပထမဖြစ်ရင်

အနင်းအမြန်ဆုံး ဆိုက္ကားသမားဘဲဖြစ်လာမယ်။Operational effectivenessကိုဘဲအာရုံစိုက်နေရင်Nokiaလိုဖြစ်သွားမယ်။ Phyo Paing @ Derek

ဆိုက္ကားဘဲ ပြိုင်နင်းလို့ ပထမဖြစ်ရင် Read More »

ဖြစ်ရပ်တိုင်းမှာ ရည်ရွယ်ချက်ကိုယ်စီရှိတယ်။

လူတွေထင်ကြတာ ဆေးကျောင်းတက်ပြီး ဆရာဝန်မလုပ်ရင် အလကားဖြစ်သွားပြီထင်ကြတာ။ လူအများစုက accounting သင်ယူပြီး accountant ဖြစ်ဖြစ်သွားတယ်။ ဥပဒေပညာသင်ပြီး ရှေ့နေလုပ်ရမယ်ဆိုတာ အများစု ယူဆကြတယ်။ တရုတ် communist ခေါင်းဆောင် အများစုဟာ engineer ဖြစ်တယ်။ Lee Kuan Yew ဟာ ရှေ့နေဖြစ်တယ်။ ပညာရပ်တစ်ခု သင်ပြီးသွားတဲ့အခါ attitude အနည်းနဲ့အများပြောင်းသွားသလို နောက်ပညာရပ်တစ်ခုပြန်သင်ယူတဲ့အခါ အင်မတန်လွယ်ကူလာတယ်။ ဦးနှောက်မှာ ရှိတဲ့ dendrite တွေဟာ ပညာရပ်တစ်ခုသင်ယူပြီးတဲ့အခါ axonal Connection တွေဖြစ်တယ်။ လေ့လာထားသမျှ အလကားမဖြစ်ဘူး။ တချိန်မှာ connecting the dots ဖြစ်မယ်။ Elon Musk လေ့လာခဲ့တဲ့ economics ဟာ သူ့လုပ်ငန်းမှာ များစွာအထောက်အကူပြုသလို Jack Ma ကျောင်းဆရာလုပ်ခဲ့တဲ့အတွက်

ဖြစ်ရပ်တိုင်းမှာ ရည်ရွယ်ချက်ကိုယ်စီရှိတယ်။ Read More »

အသက်ရှင်နေသ၍
အရာရာဖြစ်နိုင်ပါသည်။

အိုင်းစတိုင်းသည် နူးကလိယစွမ်းအင်ဆိုတာ ဘယ်လိုမှ ထုတ်ယူနိုင်မှာ မဟုတ်ဘူးလို့ဆိုခဲ့ဖူးတယ်။ IBM Chairman Thomas Watsonကကမ္ဘာ့ Computer ဈေးကွက်ဟာကွန်ပျူတာငါးလုံးသာ ရောင်းရနိုင်တယ်လို့ခန့်မှန်းခဲ့ဖူးတယ်။ William Preece,British Post Office ကအမေရိကန်တွေကသာ Telephone လိုတာငါတို့မှာ messenger boy တွေရှိတဲ့အတွက် မလိုဘူးလို့ ဆိုခဲ့ဖူးတယ်။ သင့်ကိုမဖြစ်နိုင်ဘူးပြောတာတွေကိုမယုံကြည်ပါနဲ့။အသက်ရှင်နေသ၍အရာရာဖြစ်နိုင်ပါသည်။ Phyo Paing @ Derek

အသက်ရှင်နေသ၍
အရာရာဖြစ်နိုင်ပါသည်။
Read More »

သူများကိုဝေဖန်တာ သင့်အပြစ်မဟုတ်ဘူး။

သူများကိုသာ ဝေဖန်ပြီးသင် အဝေဖန်မခံရတာက သင့်အပြစ်ဖြစ်သွားပြီ။ဘာကြောင့်လဲဆိုတော့အပြစ်ပြောစရာရှိလောက်အောင်အဖြစ်ရှိအောင် မကြိုးစားသေးလို့။ Phyo Paing @ Derek

သူများကိုဝေဖန်တာ သင့်အပြစ်မဟုတ်ဘူး။ Read More »

What is a vision?

iPhone မထွက်ခင် နှစ်နှစ်အလို Apple က လျို့ဝှက်ထုတ်လုပ်ဆဲ ကာလမှာ iPod ကို ဖုန်းနဲ့ပေါင်းပြီး စာရွက်တစ်ရွက်နဲ့ရေးဆွဲပြီး Steve Jobs နဲ့တွေ့တယ်။ တကယ်လို့ဖုန်းထွက်လာတဲ့အချိန်Japan မှာရှိတဲ့ သူ့ carrier အတွက် iPhone ရဲ့ တစ်ခုတည်းသော partner ဖြစ်ချင်တယ်။ အဲ့အချိန်သူ့ မှာ Ooredoo တို့ Telenor တို့လို Carrier မရှိသေးဘူး။ မထွက်ရသေးတဲ့ iPhone နဲ့မရှိသေးတဲ့ Carrier ကို စတိနဲ့ စာချုပ်ချုပ်ခဲ့နိုင်တယ်။ (Vodafone ကို ဝယ်ဖို့ $10 billion မှာ Softbank CEOသူ့ မှာ $2 billion ဘဲရှိတယ်။ ဒါကလည်း Dot Com Bubble

What is a vision? Read More »

သင့်ကို အသေမသတ်တဲ့အရာက သင့်ကိုပိုသန်မာစေပါတယ်။

Trainer ပေါက်စဘဝက negative feedback တွေတွေ့တဲ့အခါ ကမ္ဘာ့အဝေးဆုံးကို ထွက်ပြေးသွားချင်မိခဲ့ဖူးတယ်။ ဘဝရဲ့ စိတ်ဓာတ်ကျတဲ့အခါတွေကြုံတိုင်းမှာ ဝမ်းနည်းခဲ့ဖူးတယ်။ တဖြည်းဖြည်းရင့်ကျက်လာတော့ This is not the end of the world ကမ္ဘာကြီးအဆုံးမဟုတ်သေးဘူး။ ကိုယ့်ကိုအသေမသတ်နိုင်တဲ့အရာက ကိုယ့်ကိုပိုမိုသန်မာလာအောင်လုပ်ပေးတယ်ဆိုတာ နားလည်လာတယ်။ စစ်သားတွေ စစ်မတိုက်ခင် Training ဆင်းရသလို ဘဝဆိုတာလည်းကိုယ့်ကို lessons တွေပေးတဲ့နေရာတစ်ခုပါ။ ဒီ lessons တွေဟာ သူများဆီကလေ့လာယူရသလို ကိုယ်တွေ့တွေကနေတဆင့်သင်ယူကြတယ်။ ဘဝရဲ့ အရွယ်သုံးပါးမှာ ဘဝကို ဖြတ်သန်းနေရင်း ပိုမိုသန်မာလာဖို့လိုတယ်။ ဒါကြောင့် ၁. ပညာရပ်တစ်ခုကို တစ်ဖက်ကမ်းခတ်ကျွမ်းကျင်ဖို့လိုတယ်။ Pro ဖြစ်ရမယ်။ Specialized knowledge ရှိရမယ်။ ၂. ကိုယ်အလုပ်မလုပ်နိုင်တော့ရင်တောင် ဝင်ငွေရှာပေးနေတဲ့ income sources သုံးခုရှိရမယ်။

သင့်ကို အသေမသတ်တဲ့အရာက သင့်ကိုပိုသန်မာစေပါတယ်။ Read More »

လူနဲ့ “အ”သုံးလုံး

လူချင်းတူပေမယ့် လူတွေကို ကွဲပြားခြားနားစေတဲ့ “အ”သုံးလုံး၁.အတွေးလူတွေအားလုံး အစိုးရတဲ့တစ်ခုတည်းသောအရာ အတွေး။ကိုယ် အာရုံစိုက် တွေးခေါ်စဥ်းစားချင်တာကိုလွတ်လပ်စွာ တွေးခေါ်နိုင်တယ်။လူတွေကို ဘာတွေးရမယ်လို့တိုက်ရိုက် ကန့်သတ်ထားလို့မရ။လူတိုင်းလူတိုင်းဟာသူတွေးတဲ့အတွေးတွေရဲ့ ရလဒ်တွေဖြစ်တယ်။ ၂.အဓိပ္ပာယ်အတွေးချင်းတူပေမယ့် အဓိပ္ပာယ်ဖွင့်ဆိုတာ တူချင်မှတူလိမ့်မယ်။အသက်ငယ်တာအတူတူငါက အသက်ငယ်လို့ မအောင်မြင်နိုင်ဘူး။အတွေ့အကြုံမရှိဘူးလို့ အဓိပ္ပာယ်ဖွင့်ဆိုနိုင်သလိုအသက်ငယ်တော့ ခွန်အားပိုရှိတယ် ပိုလေ့လာနိုင်တယ်ပိုကြိုးစားနိုင်တယ်၊ပိုတက်ကြွတယ်အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ မတူနိုင်ပါဘူး။ ၃.အက်ရှင်(အကောင်အထည်ဖော်မှု)လူတွေကို ကွဲပြားခြားနားစေတဲ့အရာကအက်ရှင်လုပ်ရပ်ဖြစ်ပါတယ်။သိပြီးအသုံးမချတာနဲ့မသိတာနဲ့ အတူတူပါပဲ။ဒါကြောင့် ဘဝမှာ အပြောင်းအလဲလုပ်ချင်ရင်ပြင်းထန်တဲ့လှုပ်ရှားအားထုတ်မှုတွေလိုပါတယ်။ အသုံးလုံးဟာ တစ်ဆင့်ပြီးမှ တစ်ဆင့်လာပါတယ်။ အတွေး၊ အဓိပ္ပာယ် တွေရဲ့နောက်မှာ အက်ရှင်ဖြစ်လာတယ်။ ဥပမာ။အတွေး- ငါစာဖတ်ရမယ်။အဓိပ္ပာယ်- အောင်မြင်ချင်ရင်စာမဖတ်လို့မရဘူး။အက်ရှင်- တကယ်စာဖတ်မယ်။ Phyo Paing @ Derek

လူနဲ့ “အ”သုံးလုံး Read More »

လူတိုင်းက လိုချင်တာမရဘူး။

သူတို့နဲ့ထိုက်တန်တာပဲရတယ်။ကိုယ်လိုချင်တဲ့အရာ ကိုယ့်ဆီရောက်လာဖို့ကိုယ့်ရည်မှန်းချက်နဲ့ထိုက်တန်တဲ့သူဖြစ်အောင်ကြိုးစားဖို့လိုတယ်။Phyo Paing @ Derek

လူတိုင်းက လိုချင်တာမရဘူး။ Read More »

လူတစ်ယောက်ရဲ့ သက်တမ်း

လူတစ်ယောက်ရဲ့ သက်တမ်းဟာအကြမ်းဖျင်း ရက်ပေါင်း ၃၀၀၀၀ ရှိတယ်။ဒါကြောင့် ကိုယ်စိတ်မဝင်စားတဲ့ အလုပ်တစ်ခုကိုလုပ်ပြီးအချိန်ဖြုန်းနေတာထက် စိတ်ဝင်စားပြီးPassionate ဖြစ်တဲ့ အလုပ်ကိုလုပ်တာဘဝက  ပိုအဓိပ္ပာယ်ရှိမယ်ထင်တယ်။Phyo Paing @ Derek

လူတစ်ယောက်ရဲ့ သက်တမ်း Read More »