နိဗ္ဗာန်ဆိုတာ နေရာမဟုတ်ဘူး။
နိဗ္ဗာန်ဟာ အသိဥာဏ် (ပညာ) ဆိုတာပဲ။
ငယ်ငယ်က နိဗ္ဗာန်ဆိုတာ နေရာလို့ထင်နေတာ။ နိဗ္ဗာန်ဆိုတာကြီးရောက်ပြီးရင်သံသရာထဲပြန်လာလို့ရသလား။ပေါက်ပေါက်ရှာရှာမေးကြည့်တယ်။ ဆရာတော်ဘုရားကပြန်လာလို့မရဘူးဆိုတော့။ ဒါဆို သံသရာထဲရောက်ပြီးသူကနိဗ္ဗာန်ကိုသွားလို့ရပြီး၊နိဗ္ဗာန်ရောက်ပြီးသူကသံသရာပြန်လာလို့မရတော့ဘူးပေါ့။ဒီလိုပေါက်ပေါက်ရှာရှာစဥ်းစားဖူးတယ်။ ဆရာတော်ဘုရားကနိဗ္ဗာန်ရောက်ပြီးသူက ဘယ်သူမှ ပြန်မလာချင်ဘူးလို့ဆုံးမတယ်။ နောက်ပိုင်တော့တဖြည်းဖြည်းနားလည်လာတာနိဗ္ဗာန်ဆိုတာ နေရာမဟုတ်ဘူး။နိဗ္ဗာန်ဟာ အသိဥာဏ် (ပညာ) ဆိုတာပဲ။ ဥပမာ ဆယ်ကျော်သက်ကလေးဟော်မုန်းတွေသောင်းကြမ်းနေတဲ့အချိန်မှာနိဗ္ဗာန်အကြောင်းပြောလဲသူစိတ်ဝင်စားချင်မှ စိတ်ဝင်စားလိမ့်မယ်။ လောကရဲ့အထုအထောင်းတွေကြုံပြီးသွားရင်မာန်တွေကျသွားတဲ့အခါပြောပြတာနဲ့မရတဲ့လောကသဘာဝကို နားလည်စပြုလာတတ်တယ်။ ဗုဒ္ဓက နိဗ္ဗာန်ရောက်ဖို့ဥာဏ်စဥ် ၁၆ ပါးရှိတယ်လို့ဟောခဲ့တယ်။ဒီဥာဏ်စဥ်တက်ဖို့ အတန်းပညာလိုပဲ လေ့ကျင့်ဖို့လိုတယ်ကိုးကွယ်ယုံနဲ့မရဘူးဆိုတာလဲဟောကြားခဲ့တယ်။ နိဗ္ဗာန်ဆိုတာ ဥာဏ် ၁၆ ပါးနဲ့သိရတဲ့အဆင့်ဆင့်တွေလို့ဟောကြားခဲ့တယ်။ ၁။ နာမရူပပရိစ်ဆဒေဥာဏျရုပ်နဲ့နာမ်ကို ပိုင်းခြားသိတဲ့ဥာဏ်ခန္ဓာငါးပါးကို သိမြင်နိုင်တဲ့ဥာဏ်ဥပမာ – စားပွဲတစ်လုံးကို မြင်တဲ့အခါ “စားပွဲရဲ့ပုံသဏ္ဍာန်က ရုပ်၊ စားပွဲလို့သိတာက နာမ်” လို့ ခွဲခြားသိခြင်း ၂။ ပစ္စယပရိဂ္ဂဟဥာဏ်အကြောင်းအကျိုးဆက်စပ်မှုကို သိတဲ့ဥာဏ်ပဋိစ္စသမုပ္ပါဒ်ကို သိမြင်တဲ့ဥာဏ်ဥပမာ – အပင်တစ်ပင် ကြီးထွားလာတာကို ကြည့်ပြီး “မျိုးစေ့၊ မြေ၊ ရေ၊ နေရောင် […]
နိဗ္ဗာန်ဆိုတာ နေရာမဟုတ်ဘူး။
နိဗ္ဗာန်ဟာ အသိဥာဏ် (ပညာ) ဆိုတာပဲ။ Read More »