ကိုယ်နဲ့ ဓာတ်ပြုတဲ့အရာတွေကို
ဂရုစိုက်ဖို့လိုတယ်။
လူကို ဓာတ်တစ်ခုလိုမြင်တယ်။မတူညီတဲ့ လူတွေနဲ့တွေ့ရင်မတူညီတဲ့ ဓာတ်တွေဖြစ်တယ်။ ဒါကို chemistry လို့ခေါ်တယ်။ မတူညီတဲ့ အိုင်ဒီယာတွေနဲ့ထိတွေ့ရင်မတူညီတဲ့ ဓာတ်တွေဖြစ်တယ်။ “ငါ” ဆိုတဲ့ အရာက အမြဲပြောင်းနေတဲ့အရာ။ အချိန်ပေါ်မူတည်ပြီး ပြောင်းတယ်။ ပတ်ဝန်းကျင်ပေါ်မူတည်ပြီးပြောင်းတယ်။ကိုယ်နဲ့တွေ့တဲ့လူတွေ အပေါ်မူတည်ပြီးပြောင်းတယ်။ခေါင်းထဲထည့်တဲ့ အိုင်ဒီယာအပေါ်မူတည်ပြီးပြောင်းတယ်။ လူဆိုတာ ရေလိုပဲသံပုရာသီးနဲ့ သကြားပေါင်းရင် သံပုရာရည်ဖြစ်တယ်။ကော်ဖီမုန့်၊ ရေနဲ့ အပူပေါင်းရင် ကော်ဖီဖြစ်တယ်။ရေခွက်ထဲထည့်ထားရင် ရေခွက်ထဲကရေရေကန်ထဲထည့်ထားရင် ရေကန်ထဲကရေ။ ကိုယ်နဲ့ ဓာတ်ပြုတဲ့အရာတွေကိုဂရုစိုက်ဖို့လိုတယ်။ Phyo Paing @ Derek
ကိုယ်နဲ့ ဓာတ်ပြုတဲ့အရာတွေကို
ဂရုစိုက်ဖို့လိုတယ်။ Read More »