Personal Development

လူတစ်ယောက်ရဲ့ဘဝကို
အဆုံးအဖြတ်ပေးတဲ့အရာ သုံးခုရှိတယ်။

၁။ လူ၂။ နေရာ၃။ အိုင်ဒီယာ ၉ တန်းတုန်းက ဟန်မြင့်မောင်အဆောင်ရောက်တယ်။ဆရာဂျွန်ဆိုတဲ့ ဆရာနဲ့တွေ့တယ်။ သင်ယူခြင်းနဲ့ အင်္ဂလိပ်စာကို စချစ်ခဲ့တယ်။ ဘဝကို အပြောင်းအလဲကြီးဖြစ်စေခဲ့တယ်။ ဆေးကျောင်းရောက်သွားတယ်။ လူတော်တွေနဲ့တွေ့တယ်။ပြဿနာအဖြေရှာတဲ့အခါ သက်သေသာဓကနဲ့ဆုံးဖြတ်ရမယ့်အိုင်ဒီယာရခဲ့တယ်။ ၂၀၀၇ မှာ Active Media ခွေဆိုင်မှာTony Robbins ရဲ့ Personal Power II နဲ့How to Think like Leonardo Da Vin Ci Audiobook ဝယ်လာတယ်။ ဟာ လောကကြီးကို အဲ့လိုစဥ်းစားတာမိုက်လှချည်လား စနားလည်လာတယ်။ ကျောင်းပြီး Apex Business School ရောက်တယ်။ဆရာကျော်ဇောလင်းနဲ့တွေ့တယ်။ စီးပွားရေးစီမံခန့်ခွဲမှုကို သေချာနားလည်ခဲ့သလို ၂၀၁၃ မှာ ပြန်လည်သင်ကြားခွင့်ရခဲ့တယ်။ ကမ္ဘာ့ထိပ်တန်းဆေးကုမ္ပဏီရောက်တယ်။အရမ်းတော်တဲ့ trainer တွေ၊ coach တွေ၊ […]

လူတစ်ယောက်ရဲ့ဘဝကို
အဆုံးအဖြတ်ပေးတဲ့အရာ သုံးခုရှိတယ်။
Read More »

တိုးတက်ရင် စိတ်ချမ်းသာရတယ်။

နေ့စဥ် တိုးတက်မှုရှိနေရင်ဘဝက ရင်ခုန်စရာပါ။ ဘာကြောင့်လဲဆိုတိုးတက်ရင် စိတ်ချမ်းသာရတယ်။ဆုပ်ယုတ်နေရင် စိတ်ဆင်းရဲရတယ်။မတိုးတက်နေရင် ဆုပ်ယုတ်နေတာပဲ။ရပ်နေတယ်ဆိုတာတော့ မရှိဘူး။ Phyo Paing @ Derek

တိုးတက်ရင် စိတ်ချမ်းသာရတယ်။ Read More »

လူတိုင်းသူ့အားသာချက်နဲ့သူ၊
သူ့ပေးထားချက်နဲ့သူ။

မပြည့်စုံတဲ့လောကမှာပြည့်စုံတဲ့ပုံစံဟန်ဆောင်တာကမောပန်းစေတယ်။အရှိအရှိအတိုင်းပေါ့။လူတိုင်းသူ့အားသာချက်နဲ့သူ၊သူ့ပေးထားချက်နဲ့သူ။ကိုယ့်တာဝန်က ဒီဘဝရဲ့ပေးထားချက်ကို အကောင်းဆုံးအသုံးပြုဖို့ပဲ။ Phyo Paing @ Derek

လူတိုင်းသူ့အားသာချက်နဲ့သူ၊
သူ့ပေးထားချက်နဲ့သူ။
Read More »

တိုးတက်ပြောင်းလဲဖို့
အခက်ဆုံးသူကတော့
“ကိုယ့်အထင်အမြင်ကိုကိုယ်
အမြဲမှန်တယ်ထင်တဲ့သူပဲ။”

တိုးတက်ပြောင်းလဲဖို့အခက်ဆုံးသူကတော့“ကိုယ့်အထင်အမြင်ကိုကိုယ်အမြဲမှန်တယ်ထင်တဲ့သူပဲ။” Self-awareness အားနည်းရင်ကိုယ့်ကိုကိုယ် သေချာပြန်မသုံးသပ်နိုင်ဘူး။ကိုယ့်အထင်အမြင်ကိုပြန်မဆန်းစစ်နိုင်ဘူး။ ကိုယ့်အထင်အမြင်ကိုအမှန်လို့ထင်တဲ့အခါတကယ်ဖြစ်နေတဲ့လောကreality နဲ့ အမှန်ဆုံးဖြစ်အောင်မချိန်ငြိနိုင်ဘူး။ လူတိုင်းမှာ ကိုယ့်အထင်အမြင်ရှိတယ်။လောကမှာ တကယ့်လက်တွေ့မြေပြင်အခြေအနေရှိတယ်။ အထင်အမြင်နဲ့ မြေပြင်မတူတဲ့အခါကိုယ်ထင်ထားသလိုဖြစ်မှာမဟုတ်ဘူး။ ကိုယ့်အထင်အမြင်ကမြေပြင်နဲ့ အနီးစပ်ဆုံးဖြစ်ဖို့လိုအပ်ရင် ကိုယ့်အထင်အမြင်ကိုချိန်ငြိ update လုပ်ဖို့လိုနိုင်တယ်။ Phyo Paing @ Derek

တိုးတက်ပြောင်းလဲဖို့
အခက်ဆုံးသူကတော့
“ကိုယ့်အထင်အမြင်ကိုကိုယ်
အမြဲမှန်တယ်ထင်တဲ့သူပဲ။”
Read More »

ဘဝမှာ ရည်မှန်းချက်
ဘယ်လောက်ကြီးကြီး
အထောက်အပံ့မရှိရင်
လိုရာခရီးမရောက်ဘူး။

ဘဝမှာ ရည်မှန်းချက်ဘယ်လောက်ကြီးကြီးအထောက်အပံ့မရှိရင်လိုရာခရီးမရောက်ဘူး။ ၂၄ ပစ္စည်းထဲကအဓိပတိပစ္စယောဆိုတဲ့အတိုင်းဆန္ဒ (လုပ်ချင်စိတ်)၊စိတ် (စိတ်ဓာတ်)၊ဝီရိယ (အားထုတ်မှု)၊ဝိမံသာ (စူးစမ်းဆင်ခြင်တတ်တဲ့ပညာ) ကနေအခြားတရားတွေကို အစိုးရပြီးဖြစ်ပေါ်လာခြင်းကို ဆိုလိုပါတယ်။ ရည်မှန်းချက် ဆန္ဒတွေဖြစ်ပေါ်ဖို့စိတ်ဓာတ်ပြင်းပြပြီလား၊အားထုတ်မှုရှိပြီလား၊အရေးပါတာကို အရာပေးနိုင်ဖို့ပညာရှိပြီလား။ ဒီအထောက်အပံ့မရှိရင်အိမ်မက်တစ်ခုအနေနဲ့ပဲဆက်ရှိသွားနိုင်တယ်။ နေ့တိုင်း စိတ်ဓာတ်ကိုလေ့ကျင့်နေလား၊နေ့တိုင်း အားထုတ်မှုဝိရိယရှိသလား၊နေ့တိုင်း ပညာတိုးပွားနေသလား။ဒီအထောက်အပံ့တွေ အရေးကြီးတယ်။ Phyo Paing @ Derek

ဘဝမှာ ရည်မှန်းချက်
ဘယ်လောက်ကြီးကြီး
အထောက်အပံ့မရှိရင်
လိုရာခရီးမရောက်ဘူး။
Read More »

ဘဝရဲ့အိမ်မက်မှတ်တမ်း dream list

ဘဝရဲ့အိမ်မက်မှတ်တမ်း dream list တွေထဲကတစ်နှစ်ကို တစ်ခု အာရုံစိုက်ခပ်ကြမ်းကြမ်း အကောင်အထည်ဖော်ပြီးပြီးမြောက်သွားတာလောက်အရသာရှိတာ မရှိဘူး။တချို့ ရည်မှန်းချက်တွေအတွက်ကသုံး၊ လေး၊ ငါးနှစ်ကြာတတ်တယ်။ ဘဝမှာ သွားချင်တဲ့နေရာတော်တော်များများရောက်ဖူးပြီ။ဟိုးငယ်ငယ်က တွေ့ကြုံချင်တဲ့အတွေ့အကြုံတော်တော်များများလဲတွေ့ကြုံပြီးပြီ။ ထပ်ပြီးစမ်းသပ်ချင်တဲ့အရာလုပ်ဆောင်ချင်တဲ့ရည်ရွယ်ချက်တွေအတွက်အာရုံကို အာဏာကုန်စိုက်ပြီးဖြစ်အောင်လုပ်ရတဲ့ခံစားချက်ကတော်တော်လေး ကောင်းတယ်။ Phyo Paing @ Derek

ဘဝရဲ့အိမ်မက်မှတ်တမ်း dream list Read More »

ကိုယ်တိုင်က အသုံးဝင်နေဖို့
တိုးတက်နေဖို့လိုတယ်။

တခြားသူတွေကို တိုးတက်အောင်ကူညီပေးရင်းကိုယ်ကလဲ တိုးတက်နေဖို့လိုတယ်။ကိုယ်တိုင်က အသုံးဝင်နေဖို့တိုးတက်နေဖို့လိုတယ်။ Phyo Paing @ Derek

ကိုယ်တိုင်က အသုံးဝင်နေဖို့
တိုးတက်နေဖို့လိုတယ်။
Read More »

လူတစ်ယောက်ဘဝအပြောင်းအလဲ
ဖြစ်စေတဲ့အရာသုံးခု

လူတစ်ယောက်ဘဝအပြောင်းအလဲဖြစ်စေတဲ့အရာသုံးခု၁။ လူ၂။ အိုင်ဒီယာ၃။ နေရာ Phyo Paing @ Derek

လူတစ်ယောက်ဘဝအပြောင်းအလဲ
ဖြစ်စေတဲ့အရာသုံးခု
Read More »

ဘဝကို ရင်ခုန်စွာနဲ့ဖြတ်သန်းချင်ရင်
ဒီအမူအကျင့်လိုတယ်။

ဘဝကို ရင်ခုန်စွာနဲ့ဖြတ်သန်းချင်ရင်ဒီအမူအကျင့်လိုတယ်။ ငယ်တုန်းမှာ ဒီအကျင့်ရှိပေမယ့်အသက်ကြီးလာတဲ့အခါတဖြည်းဖြည်းနည်းလာတတ်ကြတယ်။ ဒီအမူအကျင့်က တက်ကြွမှုမော်တီဗေးရှင်းကိုဖြစ်နေတယ်။အသစ်သင်ယူမှုကိုလဲဖြစ်စေတယ်။ရင်ခုန်မှုကိုလဲဖြစ်စေတယ်။မှတ်ဥာဏ်တွေကိုလဲ​ ပိုကောင်းစေတယ်။​ဘူဓာတ်တွေကိုလဲ ကျဆင်းစေတယ်။တွေ့ရှိမှုအသစ်တွေ၊​နားလည်မှုအသစ်တွေဖြစ်တိုင်းဘဝကို ပိုစိတ်ကျေနပ်စေတယ်။ ဘာကြောင့်လဲဆိုဒီအမူအကျင့်ကိုလုပ်တိုင်းဒါလေးတွေပိုထုတ်လွတ်တယ်။Dopamine – “ရှာဖွေမှု”Norepinephrine (Noradrenaline) – “အာရုံစူးစိုက်မှု”Acetylcholine – “သင်ယူမှု”Serotonin – “စိတ်ခံစားမှု”GABA နှင့် Glutamate – “ဟန်ချက်ညီမှု”Endorphins နှင့် Enkephalins – သဘာဝ “ကောင်းမွန်သော ခံစားမှု”ဒီ ဦးနှောက်ဆဲလ်လေးတွေအချင်းချင်းဆက်သွယ်မှုမှာအသုံးပြုတဲ့မော်လီကျူးလေးတွေထွက်တယ်။ဒါကို neurotransmitters နူရိုထရမ်မစ်တာလို့ခေါ်တယ်။ ဒီအမူအကျင့်ကို သိပ္ပံပညာရှင်တွေမှာလဲတွေ့ရတယ်။အောင်မြင်တဲ့ စီးပွားရေးသမားတွေမှာလဲတွေ့ရတယ်။သူ့နယ်ပယ်မှာ ထိပ်ဆုံးရောက်နေတဲ့သူတွေမှာလဲတွေ့ရတယ်။​လီယိုနာဒို ဒါဗင်ချီရဲ့ ပထမဆုံးလက်ကိုင်ထားတဲ့အချက်လဲဖြစ်တယ်။ ဒါကတော့ စူးစမ်းလေ့လာမှုCuriosity ပဲဖြစ်ပါတယ်။ စူးစမ်းလေ့လာဖို့မေးခွန်းကောင်းတွေမေးကြည့်ပါ။စမ်းသပ်ကြည့်ပါ။အမြဲမပြတ်သင်ယူပါ။မတူညီတဲ့နေရာတွေသွားကြည့်ပါ။​မတူညီတဲ့ အိုင်ဒီယာတွေနဲ့ထိတွေ့ပါ။တစ်ခုခုဆိုဘာကြောင့်လဲဆိုတဲ့မေးခွန်းကိုမေးကြည့်ပါ။ငါသိ၊ ငါတတ်ပြီးသား မလုပ်ပါနဲ့။စိတ်တံခါးတွေကို မပိတ်ထားပါနဲ့။ကိုယ့်ဘဝမှာ သိချင်ပြီးမသိသေးတဲ့မေးခွန်းတွေကိုချရေးထားပါ။ သိဒ္ဓတ္ထမင်းသားဘဝကနိမိတ်ကြီးလေးပါးဖြစ်တဲ့လူအို၊ လူနာ၊ လူသေ၊ ရဟန်းကိုမြင်တွေ့ပြီးပထမသုံးခုဖြစ်တဲ့ လူသားတို့ရဲ့ဒုက္ခဆင်းရဲဖြစ်တဲ့ အမှန်တရားကိုရှာဖွေဖို့၂၉ နှစ်မှာ တောထွက်ရဟန်းကျင့်ခဲ့တယ်။ဒီစူးစမ်းအဖြေရှာစိတ်နဲ့

ဘဝကို ရင်ခုန်စွာနဲ့ဖြတ်သန်းချင်ရင်
ဒီအမူအကျင့်လိုတယ်။
Read More »

တိုးတက်ချင်ရင်
အပြစ်မတင်ဘဲအဖြေရှာပါ။

ဘဝကို အပြောင်းအလဲဖြစ်စေခဲ့တဲ့အရာက“အပြစ်မတင်ဘဲ အဖြေရှာ”တာပါပဲ။ပြဿနာအဖြေရှာဖို့ကိုယ့်ဥာဏ်ပညာနဲ့စဉ်းစားကြံဆရတယ်။ကိုယ့်ဥာဏ်ပညာနဲ့ မဖြေရှင်းနိုင်တဲ့အခါသင်ယူလေ့လာမှု ပြုလုပ်ရတယ်။ နည်းလည်မှု၊စဉ်းစားတွေးခေါ်ပုံ၊လုပ်ဆောင်ပုံဒါတွေကို အပြောင်းအလဲလုပ်ပြီးပြဿနာ အဖြေရှာရင်းတိုးတက်မှုရတယ်။ တိုးတက်ချင်ရင်အပြစ်မတင်ဘဲအဖြေရှာပါ။ Phyo Paing @ Derek

တိုးတက်ချင်ရင်
အပြစ်မတင်ဘဲအဖြေရှာပါ။
Read More »