Personal Development

ကိုယ်နဲ့နေ့စဉ်တွေ့တဲ့သူတွေ
အရေးကြီးတယ်။

ကိုယ်နဲ့နေ့စဉ်တွေ့တဲ့သူတွေအရေးကြီးတယ်။လူတော်၊ လူကောင်းတွေနဲ့ဝန်းရံထားရင်ကိုယ့်ကိုကိုယ်ထားတဲ့စံနှုန်းတွေမြင့်လာမယ်။မမြင်သေးတဲ့ အခွင့်အလမ်းတွေမြင်စေတယ်။တိုးတက်မှုကိုအရှိန်မြင့်တင်ပေးနိုင်တယ်။ယုံံကြည်မှုတွေအပေါ်သက်ရောက်မှုရှိတယ်။ကိုယ့်အားသာချက်၊ အားနည်းချက်၊တန်ဖိုးထားမှု၊ အမူအကျင့်တွေကိုပြန်ပြီးမြင်စေတယ်။Choose your own tribe. Phyo Paing @ Derek

ကိုယ်နဲ့နေ့စဉ်တွေ့တဲ့သူတွေ
အရေးကြီးတယ်။
Read More »

ဥာဏ်ရှိရှိ
မျက်စိဖွင့်နားစွင့်လေ့လာ
လုပ်ဆောင်ကြည့်

တခါမှ မရဖူးသေးတဲ့ကောင်းမွန်တဲ့အရာတွေဘဝထဲရောက်လာဖို့တခါမှ မတွေးဖူးတဲ့အတွေး၊တခါမှ မခံစားဖူးတဲ့ ခံစားချက်၊တခါမှ မသွားဖူးတဲ့နေရာ၊တခါမှ မလုပ်ဖူးတဲ့ အလုပ်ဒါတွေကို ဥာဏ်ရှိရှိမျက်စိဖွင့်နားစွင့်လေ့လာလုပ်ဆောင်ကြည့်ဖို့လိုတတ်တယ်။ Phyo Paing @ Derek

ဥာဏ်ရှိရှိ
မျက်စိဖွင့်နားစွင့်လေ့လာ
လုပ်ဆောင်ကြည့်
Read More »

အနာဂတ်စိတ်သွားလမ်းအတွက်
ကြိုတင်စဉ်းစား။

စိတ်အမှိုက်ရှင်းဖို့တရားထိုင်။ကိုယ်အမှိုက်ရှင်းဖို့လေ့ကျင့်ခန်း။ စိတ်အားဖြည့်ဖို့စာကောင်းပေကောင်းဖတ်။ခန္ဓာကိုယ်အားဖြည့်ဖို့ကောင်ကောင်းအိပ်စက်အနားယူ။ အနာဂတ်စိတ်သွားလမ်းအတွက်ကြိုတင်စဉ်းစား။အနာဂတ်ကိုယ်အတွက်လိုအပ်တဲ့ကျွမ်းကျင်မှုတွေနေ့စဉ်ဖြည့်။ Phyo Paing @ Derek

အနာဂတ်စိတ်သွားလမ်းအတွက်
ကြိုတင်စဉ်းစား။
Read More »

အသက်က တစ်သက်လုံး
ငယ်နေမှာ မဟုတ်ဘူး။

ကိုယ်ဘာလိုချင်သလဲ။ကိုယ်လိုချင်တာရဖို့ကိုယ်နဲ့အဓိကဆိုင်တယ်။​ လိုချင်တာရဖို့နေ့စဥ် လိုချင်တာကို အဓိကအာရုံစိုက်နည်းလမ်းရှာ၊ စမ်းကြည့်၊အလုပ်ဖြစ်တဲ့လမ်းကိုရွေး။ဖြစ်အောင်လုပ်။ အသက်က တစ်သက်လုံးငယ်နေမှာ မဟုတ်ဘူး။ Phyo Paing @ Derek

အသက်က တစ်သက်လုံး
ငယ်နေမှာ မဟုတ်ဘူး။
Read More »

တိုးတက်ရင်ပျော်တယ်။

တကယ်ပျော်ချင်ရင်တိုးတက်အောင်လုပ်။ တိုးတက်ရင်ပျော်တယ်။ အောင်မြင်ရင် အောင်မြင်တဲ့ခဏပျော်တယ်။ တိုးတက်ရင် တိုးတက်တိုင်းပျော်ရတယ်။ Phyo Paing @ Derek

တိုးတက်ရင်ပျော်တယ်။ Read More »

“ကိုယ့်ပြဿနာကိုယ် အဖြေရှာတဲ့ပညာ”။

တခါတလေ ကိုယ်ကဟိုဟာလဲလေ့လာဒီဟာလဲလေ့လာဆိုတော့ကိုယ့်ကိုကိုယ် ပြန်မေးမိတယ်။ အားချန့် မင်းရဲ့ ပရော်ဖက်ရှင်နယ်ပညာက ဘာလဲ။ အမှန်တော့ ကျွန်တော့်ရဲ့ပရော်ဖက်ရှင်နယ်က“ကိုယ့်ပြဿနာကိုယ် အဖြေရှာတဲ့ပညာ”။ ကိုယ့်အစွမ်းအစကိုကိုယ်အကောင်းဆုံးအသုံးပြုနိုင်ဖို့စိတ်ပညာလေ့လာတယ်။ ပိုက်ဆံရှာဖို့ အရောင်းနဲ့မားကတ်တင်းပညာလေ့လာတယ်။ ကိုယ်နေ့စဥ်ဝင်မပါဘဲ ငွေရှာနိုင်ဖို့စီးပွားရေးနဲ့ စီမံခန့်ခွဲမှုပညာလေ့လာတယ်။ ရှုပ်နေတာတွေရှင်းသွားဖို့အတွေးအခေါ်ပညာလေ့လာတယ်။ ကျန်းမာရေးကောင်းဖို့ဇီဝကမ္မဗေဒနဲ့ကျန်းမာရေးအကြောင့်လေ့လာတယ်။ ကိုယ့်ပြဿနာကိုယ် အဖြေရှာဖို့ပညာရပ်တွေ သင်ယူတာ။ ပိုက်ဆံရှာဖို့အတွက်ပညာရပ်တစ်ခုတည်းသင်ယူတဲ့ခေတ်ကကုန်သွားပြီလို့ထင်တယ်။ ဘာကြောင့်လဲဆိုတော့အခုခေတ် AI ခေတ်ကmultidisciplinary ခေတ်မဟုတ်လား။ Phyo Paing @ Derek

“ကိုယ့်ပြဿနာကိုယ် အဖြေရှာတဲ့ပညာ”။ Read More »

ကိုယ့်ကို ရင်အခုန်စေဆုံးအရာကမရောက်သေးတဲ့အနာဂတ်။

ကိုယ့်ကို ရင်အခုန်စေဆုံးအရာကမရောက်သေးတဲ့အနာဂတ်။ကိုယ့်ကို ဂုဏ်အယူစေဆုံးအရာကပြီးသွားတဲ့ အတိတ်။ကိုယ့်ကို အအေးချမ်းစေဆုံးအရာကလက်ရှိပစ္စုပ္ပန်။ မနက်ဖြန်ရောက်လာမည့်အနာဂတ်ကိုစဥ်းစားတိုင်းကိုယ့်ကြိုတင်ကြံဆမှု၊ပြင်ဆင်မှုနဲ့ ရလာမည့်ရလဒ်တွေစဥ်းစားမိတဲ့အချိန်တိုင်းရင်ခုန်မှုတွေဖြစ်တယ်။ မနေ့တုန်းက အတိတ်မှာကိုယ့်အချိန်တွေကို အလေမလွင့်မရှိအကောင်းဆုံးအသုံးချပြီးကိုယ့်ရဲ့အကောင်းဆုံးပုံစံဖန်တီးခဲ့တဲ့အတွက်စဥ်းစားမိတိုင်း ဂုဏ်ယူမိတယ်။ လက်ရှိရှိနေတဲ့အချိန်မှာကိုယ့်အတွက် အဓိပ္ပာယ်ရှိတဲ့အလုပ်ကိုတန်ဖိုးထား အသိနဲ့ သတိရှိရှိအကောင်အထည်ဖော်ခွင့်ရတဲ့အတွက်အေးချမ်းမှုဖြစ်တယ်။ Phyo Paing @ Derek

ကိုယ့်ကို ရင်အခုန်စေဆုံးအရာကမရောက်သေးတဲ့အနာဂတ်။ Read More »

လောကမှာ
ကိုယ့်ရဲ့အသုံးဝင်မှုက
“စမ်းသပ်၊ လေ့လာ၊
သင်ကြား၊ အကြံပေး”
ဒီလေးခုပဲ။

အရာရာကို “အသုံးဝင်မှု”နဲ့တန်ဖိုးဖြတ်တယ်။​ ကိုယ့်ကိုကိုယ် ပြန်စဥ်းစားတယ်။ငါဘာအသုံးဝင်သလဲ။ ကိုယ့်မိသားစုအတွက်၊ကိုယ့်လူမျိုးအတွက်၊ကိုယ့်နိုင်ငံအတွက်၊ကမ္ဘာကြီးအတွက်။ ကိုယ်က ဝန်ပိစေတဲ့သူလား၊ကိုယ်က အသုံးဝင်တဲ့သူလား။ လောကမှာကိုယ့်ရဲ့အသုံးဝင်မှုက“စမ်းသပ်၊ လေ့လာ၊သင်ကြား၊ အကြံပေး”ဒီလေးခုပဲ။ ဒီလေးခုနဲ့ အသက်မွေးတယ်။ဒီလေးခုနဲ့ ဘဝကို တည်ဆောက်တယ်။ ဒါကြောင့် ဘဝရေးရာအဖြေရှာတဲ့အခါကိုယ့်ကိုကိုယ်တိုးတက်ရေး Personalကိုယ့်အသက်မွေးမှုတိုးတက်ရေး Professionalကိုယ့်စီးပွားရေးတိုးတက်ရေး Businessအသက်ရှင်ပြီး အသက်ဝင်မှု Spiritualဒီနယ်ပယ်လေးခုအတွက်“စမ်းသပ်၊ လေ့လာ၊သင်ကြား၊ အကြံပေး”ဒီလေးခုနေ့တိုင်းလုပ်တယ်။ Phyo Paing @ Derek

လောကမှာ
ကိုယ့်ရဲ့အသုံးဝင်မှုက
“စမ်းသပ်၊ လေ့လာ၊
သင်ကြား၊ အကြံပေး”
ဒီလေးခုပဲ။
Read More »

ဘဝမှာ ပထမဆုံး
ဖြေရှင်းရတဲ့ အဓိကပြဿနာက

ဘဝမှာ ပထမဆုံးဖြေရှင်းရတဲ့ အဓိကပြဿနာက“ပျက်စီးနေတဲ့ ကိုယ့်ကိုကိုယ် ပြင်တာ”။ ဒေါသကြီးတာလျော့တာ။စိတ်ခံစားမှုအရှိန်တက်မှုကို မချုပ်ထိန်းနိုင်တာ။ အချိန်ဆွဲတာ။ တစ်ခုခုလုပ်တော့မယ်ဆိုချိတုန်ချတုန်ဖြစ်တာ။ ဦးနှောက်က ဖြစ်ချင်သလောက်မကောင်းတာ။ ပေါင်းသင်းဆက်ဆံရေးညံ့တာ။လူတွေကို ကိုယ့်အတွေးအခေါ်ကောင်းကောင်းမပြောပြနိုင်တာ။ ကျန်းမာကြံ့ခိုင်အောင်မနေပဲစားချင်တာ လျှောက်စား၊လေ့ကျင့်ခန်းမလုပ်၊စည်းကမ်းမရှိတာ။ လုပ်သင့်တာမလုပ်ပဲရှောင်ဖယ်နေတတ်တာ။ တခြားသူတွေကို အားနေအပြစ်တင်ချင်နေတာ။ ကိုယ့်ကိုကိုယ် ပြင်ဖို့ခက်ပြီးသူများကိုပဲ အပြစ်ရှာတတ်တာ။ ဒါကို ဖြေရှင်းပြီးသလောက်ဖြစ်အောင်စိတ်ပညာနဲ့ တိုးတက်ရေးတက်ကျမ်းပေါင်းစုံဖတ်ပြီးပြုပြင်ခဲ့တယ်။ Personal Development အတိုင်းအတာတစ်ခုရောက်တော့ကျန်းမာကြံ့ခိုင်လာတယ်။ပေါင်းသင်းဆက်ဆံရေး၊အချစ်ရေး၊ မိသားစုရေးအဆင်ပြေလာတယ။ ဒုတိယဖြေရှင်းတဲ့ပြဿနာက“တစ်ဖက်ကမ်းခပ် ကျွမ်းကျင်မှု”မရှိတာ။ဆေးကျာင်းနဲ့ဘွဲ့ရတယ်။ ဘယ်အပိုင်းအကျွမ်းကျင်ဆုံးလဲမေးတဲ့အခါ ကိုယ့်မှာမရှိဘူး။ စီးပွားစီမံပညာသင်တယ်။ နောက် အရောင်းသမားလဲလုပ်တယ်။ဆိုင်လဲဖွင့်သလို၊ စာလဲသင်တယ်။ ဖုန်းဆိုင်နဲ့ အီလက်ထရောနစ်တွေလဲလုပ်တယ်။ ငယ်ငယ်တည်းက သီချင်းတိပ်ခွေတွေရောင်းခဲ့ဖူးတော့။ ကိုယ့်ရဲ့ Professional Development အတွက်ငါအဓိက လုပ်ဆောင်မှာဘာတွေဖြစ်မလဲ စဥ်းစားကြည့်တယ်။ ကိုယ်လေ့လာခဲ့တဲ့နယ်ပယ်အစုံကိုပေါင်းအရမ်းကျွမ်းကျင်တယ်လို့ယူဆထားတဲ့လူမှုစိတ်ပညာအခြေပြုမားကတ်တင်းပညာကိုအခြေခံပြီးအကြံပေးခြင်း၊ သင်ကြားခြင်းကိုProfessional Development အဖြစ်တည်ဆောက်ခဲ့တဲ့အခါကိုယ့်နယ်ပယ်မှာ လူရိုသေရှင်ရိုသေဖြစ်လာပြီးဘဝကောင်းကောင်းရပ်တည်လို့ရတဲ့ အသက်မွေးမှုဖြစ်လာတယ်။ တတိယပြဿနာက “ကိုယ်အလုပ်မလုပ်နိုင်ရင်တောင်ငွေရှာပေးနေမည့်လုပ်ငန်း မရှိတာ”။ဒါကို

ဘဝမှာ ပထမဆုံး
ဖြေရှင်းရတဲ့ အဓိကပြဿနာက
Read More »