Laptop တစ်လုံးLuggage တစ်လုံးနဲ့နေရာအစုံလျှောက်သွားနေတာ။ ကိုယ့်ဘဝရဲ့ အကြိုက်ဆုံးဘဲကji gong ကျိကုန်း။ဝိုင်လဲသောက်တယ်။တရားလဲကျင့်တယ်။unorthodox သမရိုးမကျဘူး။ သမရိုးကျမဖြစ်တွယ်တာမှုအနည်းဆုံးနဲ့ဘဝမှာ ကိုယ်မလုပ်ဘဲမနေနိုင်တဲ့အလုပ်တွေလုပ်ရင်းအသက်မွေးမှုပြုချင်တယ်။ အလုပ်ဆိုတာ ငွေကြေးတစ်ခုတည်းထက်ပိုတယ်။ကိုယ်ဘယ်သူလဲဆိုတာကိုဖော်ပြတဲ့ self-expression တစ်ခုလဲဖြစ်တယ်။ကိုယ့် identity ငါဘယ်သူလဲဆိုတာနဲ့လဲဆက်စပ်နေတယ်။ ဘဝက Do-It-Yourselfကိုယ်ကြိုက်သလိုပုံဖော်တဲ့ဂိမ်းတစ်ခုပဲ။ အသက်အရွယ်အလိုက်ဟော်မုန်းတွေ အတက်အကျနဲ့အတူစိတ်အပြောင်းအလဲတွေဖြစ်နေတယ်။ လူတော်တော်များများကလူအများလိုချင်တာကိုလိုချင်ကြတယ်။သူတို့ဘာကိုလိုချင်လဲသေချာ မသိကြဘူးတဲ့။ ဖရက်ဒရစ် နီးရှား (Friedrich Nietzsche) က “Few people have the independence of mind to resist the instincts of the herd.”— Human, All Too Human (1878) တဲ့။ ကိုယ့်ရဲ့စိတ်ကို ချုပ်နှောင်ထားတဲ့လူအများစုရဲ့ယုံကြည်မှု၊ အခြေခံယူဆချက်၊လောကအမြင်တွေထဲကထောင်ဖောက်ပြီး လွတ်မြောက်မှုကိုဖန်တီးဖို့က တော်တော်လေးမလွယ်ဘူး။ တခြားလူတွေလိုချင်တဲ့ဘဝကိုကိုယ်မလိုချင်ဘူး။ကိုယ်လိုချင်တဲ့ဘဝကိုသံသရာတစ်ကွေ့ ဒီနေ့မှာမျက်မြင်ကိုယ်တွေ့တည်ဆောက်ပြီးဖြတ်သန်းနေတယ်။ဘယ်အရာနဲ့မှ မလဲနိုင်ဘူး။