Personal Development

ဘဝက Do-It-Yourself
ကိုယ်ကြိုက်သလိုပုံဖော်တဲ့ဂိမ်းတစ်ခုပဲ။

Laptop တစ်လုံးLuggage တစ်လုံးနဲ့နေရာအစုံလျှောက်သွားနေတာ။ ကိုယ့်ဘဝရဲ့ အကြိုက်ဆုံးဘဲကji gong ကျိကုန်း။ဝိုင်လဲသောက်တယ်။တရားလဲကျင့်တယ်။unorthodox သမရိုးမကျဘူး။ သမရိုးကျမဖြစ်တွယ်တာမှုအနည်းဆုံးနဲ့ဘဝမှာ ကိုယ်မလုပ်ဘဲမနေနိုင်တဲ့အလုပ်တွေလုပ်ရင်းအသက်မွေးမှုပြုချင်တယ်။ အလုပ်ဆိုတာ ငွေကြေးတစ်ခုတည်းထက်ပိုတယ်။ကိုယ်ဘယ်သူလဲဆိုတာကိုဖော်ပြတဲ့ self-expression တစ်ခုလဲဖြစ်တယ်။ကိုယ့် identity ငါဘယ်သူလဲဆိုတာနဲ့လဲဆက်စပ်နေတယ်။ ဘဝက Do-It-Yourselfကိုယ်ကြိုက်သလိုပုံဖော်တဲ့ဂိမ်းတစ်ခုပဲ။ အသက်အရွယ်အလိုက်ဟော်မုန်းတွေ အတက်အကျနဲ့အတူစိတ်အပြောင်းအလဲတွေဖြစ်နေတယ်။ လူတော်တော်များများကလူအများလိုချင်တာကိုလိုချင်ကြတယ်။သူတို့ဘာကိုလိုချင်လဲသေချာ မသိကြဘူးတဲ့။ ဖရက်ဒရစ် နီးရှား (Friedrich Nietzsche) က “Few people have the independence of mind to resist the instincts of the herd.”— Human, All Too Human (1878) တဲ့။ ကိုယ့်ရဲ့စိတ်ကို ချုပ်နှောင်ထားတဲ့လူအများစုရဲ့ယုံကြည်မှု၊ အခြေခံယူဆချက်၊လောကအမြင်တွေထဲကထောင်ဖောက်ပြီး လွတ်မြောက်မှုကိုဖန်တီးဖို့က တော်တော်လေးမလွယ်ဘူး။ တခြားလူတွေလိုချင်တဲ့ဘဝကိုကိုယ်မလိုချင်ဘူး။ကိုယ်လိုချင်တဲ့ဘဝကိုသံသရာတစ်ကွေ့ ဒီနေ့မှာမျက်မြင်ကိုယ်တွေ့တည်ဆောက်ပြီးဖြတ်သန်းနေတယ်။​ဘယ်အရာနဲ့မှ မလဲနိုင်ဘူး။ […]

ဘဝက Do-It-Yourself
ကိုယ်ကြိုက်သလိုပုံဖော်တဲ့ဂိမ်းတစ်ခုပဲ။
Read More »

လူတိုင်းမှာ မွေးရာပါ ပါရမီရှိတယ်။

လူတိုင်းမှာ မွေးရာပါ ပါရမီရှိတယ်။တချို့တွေက စကားပြောကောင်းတယ်။တချို့တွေက ဥာဏ်အထူးကောင်းတယ်။တချို့က စျေးရောင်းတော်တယ်။တချို့က အတွက်အချက်ကျွမ်းတယ်။တချို့က လူတွေကို ဦးဆောင်တတ်တယ်။တချို့က နားထောင်ပေးတတ်တယ်။တချို့က ဖန်တီးနိုင်တယ်။တချို့က ထိန်းချုပ်နိုင်တယ်။ လူတိုင်းမှာ ပျိုးထောင်လို့ရတဲ့ကျွမ်းကျင်မှုတွေရှိတယ်။​စာရေးတာ။လူရှေ့သူရှေ့စကားထွက်ပြောတာ။ကိုယ့်အတွေးအခေါ်ကို ဗီဒီယိုရိုက်တာ။ဦးဆောင်တာ။ပေါင်းသင်းဆက်ဆံတာ။ မွေးရာပါ အားသာချက်တွေနဲ့ပြုစုပျိုးထောင်တဲ့ကျွမ်းကျင်မှုတွေnature နဲ့ nurture ပေါင်းစပ်ပြီးဘဝရဲ့ အောင်နိုင်ရေးဖော်မြူလာwinning formula တည်ဆောက်လို့ရနိုင်တယ်။ Phyo Paing @ Derek

လူတိုင်းမှာ မွေးရာပါ ပါရမီရှိတယ်။ Read More »

ခေတ်၊ စနစ်နဲ့စကေး

ကိုယ့်ဘဝမှာ ပြိုင်ဆိုင်ဖို့စိတ်မဝင်စားဘူး။အဲ့လောက်လဲ မတုံးအဘူး။ကိုယ်စိတ်ဝင်စားတာခေတ်၊ စနစ်နဲ့ စကေးပဲ။ ဘယ်ခေတ်မှာဘယ်စနစ်ဖြစ်မလဲ။ကိုယ့်မှာ ဘာစကေးရှိရမလဲ။ အရင်က လူမှုကွန်ယက်ခေတ်မှာလူမှုကွန်ယက်စကေး။App ခေတ်မှာApp က စီးပွါးရှာစကေး။အခု အေအိုင်ခေတ်အေအိုင်အသုံးချစကေး။ ခေါင်းထဲမှာ အရမ်းရှင်းတယ်။ ဘယ်သူ့ဘဝမှလဲ စိတ်မဝင်စားဘူး။ကိုယ့်ဘဝပဲ ကိုယ်စိတ်ဝင်စားတာများတယ်။ Phyo Paing @ Derek

ခေတ်၊ စနစ်နဲ့စကေး Read More »

အမြင်ကျယ်ဖို့

အမြင်မကျယ်ရင်အကျယ်မမြင်ဘူး။အကျယ်မမြင်ရင်ရွေးချယ်လို့ရတဲ့လမ်းတွေမမြင်ဘူး။ ရွေးချယ်စရာများမှန်းမသိရင်ဘဝမှာ ကျဥ်းထဲကြပ်ထဲရောက်နေတယ်လို့မြင်တတ်တယ်။ပြဿနာတွေကို အထိရောက်ဆုံးအဖြေရှင်းတတ်ဘူး။ အမြင်ကျယ်ဖို့ ၁။ စာကောင်းပေကောင်းနေစဥ်ဖတ်ဖို့လိုတယ်။ ၂။ တခြားနိုင်ငံနဲ့လူမျိုးတွေဆီ ခရီးသွားကြည့်ဖို့လိုတယ်။ ၃။ အသစ်ဖြစ်ပေါ်နေတဲ့ နည်းပညာနဲ့သတင်းတွေကိုလေ့လာနေဖို့လိုတယ် ၄။ ဘာသာစကားနှစ်ခုလောက်တော့ကောင်းကောင်းတတ်ဖို့လိုတယ်။​(အထူးသဖြင့် အင်္ဂလိပ်လိုပါဝင်တယ်။) ၅။ ကိုယ့်အထင်အမြင်တိုင်းအမှန်မဟုတ်ဘူးဆိုတဲ့open-minded ဖြစ်ဖို့ လိုတယ်။ Phyo Paing @ Derek

အမြင်ကျယ်ဖို့ Read More »

နေ့စဥ် “တော်၊ ပျော်၊ ပွား၊ ပေး”။

တစ်နှစ်ကို ဝင်ငွေ ဒေါ်လာ ၁ သိန်းဒီအထိက ဝင်ငွေတိုးတက်လာလေ ပျော်လေလို့သုတေသနအများစုက တွေ့ရှိထားကြတယ်။ ဒီထက်ကျော်သွားတဲ့အခါများများတိုးတက်သလောက်များများပျော်တာနည်းသွားတယ်။ဒါကို diminishing return လို့ခေါ်တယ်။ ဒါက ဝင်ငွေများတဲ့ high income economy တွေမှာ။ တချို့ social democracy ကျင့်သုံးတဲ့Finland (ဖင်လန်), Denmark (ဒိန်းမတ်), Norway (နော်ဝေ) နှင့် Sweden (ဆွီဒင်) Scandinavian နိုင်ငံတွေကလူနေမှုအဆင့်အတန်း အမြင့်မားဆုံးထဲပါပြီးပျော်ကြတယ်။ မြန်မာနိုင်ငံအတွက်ဆိုရင် အခြေခံစားဝတ်နေရေးအတွက် $250 အလယ်အလတ်ဆို $500 – $1000ပေါပေါများများနေဖို့ဆို $2500တစ်နှစ် $20000 – $30000 လောက်လိုတယ်။ ပျော်ရွင်မှုကို အထူးခံစားဖို့ အမှတ်တွေကမြန်မာအတွက် $30,000ထိုင်းအတွက်ဆို တစ်နှစ်$60,000 USD မလေးအတွက်ဆို $70,000ဂျပန်အတွက်ဆို $100,000 စလုံးအတွက်ဆို

နေ့စဥ် “တော်၊ ပျော်၊ ပွား၊ ပေး”။ Read More »

ဘဝမှာ အရေးအကြီးဆုံးကတော့
စိတ်ချမ်းသာဖို့ပဲ။

ဘဝမှာ အရေးအကြီးဆုံးကစိတ်ချမ်းသာဖို့။ တိုးတက်နေရင် စိတ်ချမ်းသာတယ်။စိတ်ငြိမ်းချမ်းနေရင် စိတ်ချမ်းသာတယ်။ အသစ်တွေ လေ့လာနေရရင်တိုးတက်နေတယ်။သေချာလေ့ကျင့်နေရင်တိုးတက်နေတယ်။စည်းကမ်းရှိရှိနဲ့အတွေး၊ အကြံ၊ အလုပ်အပြုအမူတွေကိုသတိနဲ့ ပြုမူရင် တိုးတက်နေတယ်။ နေသလို ဖြစ်တဲ့ဘဝမှာဖြစ်သလို မနေနေရင် တိုးတက်နေတယ်။မှန်ကန်တဲ့အချိန်မှန်ကန်တဲ့နေရာမှာမှန်ကန်တဲ့အလုပ်လုပ်နေရင် တိုးတက်တယ်။ ကိုယ့်ကိုကိုယ် နားလည်ရင်စိတ်ချမ်းသာတယ်။လူတွေကို နားလည်ရင်လဲစိတ်ချမ်းသာတယ်။စိတ်ထားတတ်ရင်လဲစိတ်ချမ်းသာတယ်။ ဘဝမှာ အရေးအကြီးဆုံးကတော့စိတ်ချမ်းသာဖို့ပဲ။ Phyo Paing @ Derek

ဘဝမှာ အရေးအကြီးဆုံးကတော့
စိတ်ချမ်းသာဖို့ပဲ။
Read More »

“အသက်ရှင်ပြီး အသက်ဝင်နေဖို့လိုတယ်။”

ဘဝမှာ အရေးကြီးဆုံးကဘဝရဲ့ အရည်အသွေး။Quality of Life.အသက်ရှင်ပြီးအသက်ဝင်ဖို့ အရေးကြီးတယ်။ အသက် ၁၇ မှာဆေးကျောင်းပထမနှစ်စတက်တယ်။ (၂၀၀၆ ဂျန်)အသက် ၂၃ နှစ်လောက်မှကျောင်းပြီးတယ်။ (၂၀၁၂ ဂျန်)အသက် ၂၇ လောက်မှာကိုယ်အသက်မွေးမည့်အလုပ်မှာနေရာတစ်ခုစရလာတယ်။ (၂၀၁၆ ဂျန်)အသက် ၃၁ မှာကိုယ့်ဘဝသွားနေတဲ့လားရာကိုစိတ်တိုင်းလုံးဝမကျလို့အသစ်က ပြန်လည်စတင်တယ်။ (၂၀၂၀ ဂျန်) မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြားကာလက“ဘဝ” ပဲ။ဘဝဆိုတာ “ရှင်သန်ခြင်း” ပဲ။“ရှင်” ဆိုတဲ့ survive ပါတယ်။“သန်”ဆိုတဲ့ သန်မာတဲ့ thrive ပါတယ်။ ကိုယ့်ရှင်သန်မှုကို ဘယ်လိုပျိုးထောင်မလဲစဥ်းစားကြည့်တယ်။ဘယ်လို မရှင်သန်ဖူးလဲစဥ်းစားကြည့်တယ်။ ဘဝမှာ အသက်ရှင်ပြီးအသက်ဝင်ချင်တယ်။ နေ့စဥ်ဘဝအရည်အသွေးကိုထိခိုက်စေတဲ့ အလုပ်တွေလုပ်ပြီးမရှင်သန်ချင်ဘူး။ကိုယ့်အတွက် အရေးမပါတဲ့အရာတွေကိုအရာပေးပြီး ဘဝကို မဖြတ်သန်းချင်ဘူး။ ရှင်ပြီး မသန်နေတဲ့အသက်ရှင်ပြီး အသက်မဝင်နေတဲ့ကျန်းမာကြံ့ခိုင်ရေး၊အလုပ်စီးပွား၊ ငွေကြေးဥစ္စာ၊အချစ်၊ အိမ်ထောင်၊ မိသားစုရေးတိုးတက်ကြီးပွားရေးတွေမလိုချင်ဘူး။ ဘဝမှာ ဘယ်လိုပြင်ပေးပေးပြင်ပေးလို့မရတဲ့ကိုယ်နဲ့အရင်းနီးဆုံးလူတွေကိုထားခဲ့လိုက်တယ်။မပြင်ချင်တဲ့လူကို ပြင်ပေးလို့မရဘူးဆိုတဲ့သင်ခန်းစာကောင်းကောင်းတစ်ခုရခဲ့တယ်။ဒါကြောင့် ဘယ်သူ့ကိုမှသူ့စိတ်ဆန္ဒမပါဘဲ

“အသက်ရှင်ပြီး အသက်ဝင်နေဖို့လိုတယ်။” Read More »

ဖြည့်တိုင်း မပြည့်တဲ့အိုးက
ဆန္ဒဆိုတဲ့ အိုးပဲ။

ဖြည့်တိုင်း မပြည့်တဲ့အိုးက ဘာအိုးလဲ။ဖြည့်တိုင်း မပြည့်တဲ့အိုးကဆန္ဒဆိုတဲ့ အိုးပဲ။ ဆန္ဒတွေ ဖြည့်တိုင်းမပြည့်ရင် ဒေါသ။ဆန္ဒတွေ အပြည့်လွန်ရင် မာနဖြစ်တယ်။ဒီနှစ်ခုကြားမှာ အလယ်အလတ်အထာကျဖို့ ချိန်ငြိရပြန်တယ်။ ဆန္ဒတွေနဲ့ ဆာလောင်မှုတွန်းအားနဲ့အတူနေ့စဉ်ဘဝ ဖြတ်သန်းမှုအတွက်လောင်စာတွေလိုတယ်။ ဒီလောင်စာတွေက ကျန်းမာကြံ့ခိုင်ရေး၊အချစ်နဲ့ မိသားစု။လိုအပ်တဲ့ ငွေကြေးနဲ့ ဘဝအခြေအနေခိုင်ဖို့။ လူလုပ်ရတာကဆန္ဒ နဲ့ ဘဝကို ပညာသားပါပါငြိယူရတာပဲ။ Phyo Paing @ Derek

ဖြည့်တိုင်း မပြည့်တဲ့အိုးက
ဆန္ဒဆိုတဲ့ အိုးပဲ။
Read More »

ဘဝရဲ့ ဖြတ်သန်းမှု
အတိတ်တွေက
လိုတာထက် ဘဝကို ပုံသွင်းနေတယ်။

လူမှုရေးညံ့တဲ့ ကိုယ်နဲ့လူတွေနဲ့ အံဝင်ဖို့လူဘောင်ထဲကဥပဒေသတွေကိုလိုက်ဖို့ရိုးသားစွာကြိုးစားရင်အကျိုးများတာသိပေမယ့်မိုးခါးရေမသောက်။ဘဝရဲ့ ဖြတ်သန်းမှုအတိတ်တွေကလိုတာထက် ဘဝကို ပုံသွင်းနေတယ်။ Phyo Paing @ Derek

ဘဝရဲ့ ဖြတ်သန်းမှု
အတိတ်တွေက
လိုတာထက် ဘဝကို ပုံသွင်းနေတယ်။
Read More »

သာမာန်မဖြစ်ချင်ရင်
ဘောင်ထဲဝင်ပြီး
ဘောင်ပြင်ပြန်ထွက်တတ်ဖို့လိုတတ်တယ်။

ဘယ်နိုင်ငံသားဖြစ်ဖြစ်လူတစ်ယောက်ရဲ့ဘဝအတွက်ပညာရေးနဲ့ နည်းပညာကဘဝပြောင်းလဲရေးလက်နက်ပဲ။ ကျောင်းနဲ့ ပညာရေးကိုမရောမိဖို့လိုတယ်။ကျောင်းက စာသင်တာ။အလုပ်ခွင်ဝင်ဖို့။ပညာက နေရာအစုံကသင်လို့ရတယ်။ ပညာဆိုတာ သင်၊ မြင်၊ ပြင်။အကြား၊ အမြင်၊ လက်တွေ့ကနေသင်ယူပြီးအရင်မမြင်တာတွေမြင်လာမယ်။ဒီတော့ဘဝမှာ လုပ်ရိုးလုပ်စဥ်ကနေပြင်စရာရှိ ပြင်လာမယ်။​ အတန်းရှေ့မှာ ပြောတာနားထောင်မှပညာရတာမဟုတ်ဘူး။မထင်မှတ်ထားတဲ့နေရာတွေကလဲပညာရတယ်။ တခါတလေ စာတွေ့ပဲရှိပြီးငါတွေ့မရှိရင်ဘဝမှာ အလုပ်မဖြစ်ဘူး။ ဥပမာ အင်္ဂလိပ်စာကို ငယ်ကတည်းကစာတွေ့ရှိတယ်။လက်တွေ့ပြောဆို၊ ရေးသားတဲ့ငါတွေ့မရှိတဲ့အခါ အခက်ဖြစ်နိုင်တယ်။ ကျွန်တော်ကတော့လူတစ်ယောက်က ဘယ်လိုအခြေအနေဖြစ်ဖြစ်သူ့ပြဿနာသူဖြေရှင်းဖို့ပညာလိုတယ်လို့မြင်တယ်။ ပညာ knowledge ကknow သိခြင်း ledge အခြေအနေကို ခေါ်တာ။ ကိုယ့်ရဲ့အတွေ့အကြုံ ဥာဏ်နဲ့ပညာနဲ့ပေါင်းရင် ဥာဏ်ပညာ wisdom ဖြစ်တယ်။ တစ်နေရာကနေ တစ်နေရာရောက်ဖို့ကားမောင်းချင်ရင်ကားမောင်းတတ်တဲ့ တတ်သိပညာလိုတယ်။ကားပျက်ရင်ပြင်ဖို့ကျတော့ကားအကြောင်းတတ်သိပညာလိုပြန်တယ်။ ပညာကို ကျောင်းမှာပဲရှာတာဟာဘဝရဲ့ အကြီးမားဆုံးအမှားအချက်တစ်ချက်ဖြစ်နိုင်တယ်။ ကမ္ဘာ့နဲ့နိုင်ငံ ထိပ်တန်းကျောင်းမဟုတ်တဲ့သာမာန်ကျောင်းအများစုကလူ့ဘဝထဲ လူ့ဘောင်ဝင်အောင်အလုပ်ခွင်ဝင်နိုင်တဲ့အဆင့်မြင့်သိုးကလေးတွေ မွေးထုတ်ပေးတဲ့နေရာ။ ဘောင်ဝင်ပြီး ဘောင်ပြင်ပြန်ထွက်ဖို့ကဘဝမှာ ကိုယ်တိုင်စဥ်ဆက်မပြတ်သင်ယူနေဖို့လိုတယ်။ စဥ်ဆက်မပြတ်သင်ယူမှု မလုပ်နေတဲ့ဆရာ၊ ကျောင်းသား၊ အလုပ်သမား၊လုပ်ငန်းရှင်

သာမာန်မဖြစ်ချင်ရင်
ဘောင်ထဲဝင်ပြီး
ဘောင်ပြင်ပြန်ထွက်တတ်ဖို့လိုတတ်တယ်။
Read More »