လူတွေ မမှတ်မိလောက်အောင်
တိုးတက်ပြောင်းလဲဖို့
လူတွေ မမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲဖို့ နေ့စဥ် မပျက်မကွက်တကူးတက အချိန်ပေးလုပ်ဆောင်တဲ့လုပ်ငန်းဆောင်တာတွေရှိလား?တစ်ခု သာရှိခဲ့မယ်ဆို ဘာလေးဖြစ်နိုင်မလဲ?
လူတွေ မမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲဖို့ နေ့စဥ် မပျက်မကွက်တကူးတက အချိန်ပေးလုပ်ဆောင်တဲ့လုပ်ငန်းဆောင်တာတွေရှိလား?တစ်ခု သာရှိခဲ့မယ်ဆို ဘာလေးဖြစ်နိုင်မလဲ?
ကိုယ့်အိုင်ဒီယာကို ရှင်းရှင်းလင်းလင်းဖော်ပြနိုင်ရေးကမားကတ်တင်းအတွက်တင် မဟုတ်ပဲလုပ်ငန်းရှင်တိုင်းအတွက် အရေးကြီးတယ်။ စာနဲ့ ရေးရေး၊ စကားနဲ့ ပြောပြောကိုယ်ဆိုလိုချင်တာကို ကွက်ကွက်ကွင်းကွင်းရှင်းရှင်းလင်းလင်းသိဖို့ လိုတယ်။ ကျွန်တော့်မှာ အဲ့ပါရမီ မပါဘူး။ပါရမီ မပါတဲ့ ဘယ်အရာမဆိုစိတ်ရှည်သည်းခံရင် သင်ယူလေ့လာပြီးပြုစု ပျိုးထောင်လို့ရတယ်လို့ ယုံကြည်တယ်။ နေ့တိုင်း ဟုတ်သည်ရှိ မဟုတ်သည်ရှိစာရေးနိုင်အောင်နဲ့ရေးထားတာကို လူတွေဘယ်လိုတုန့်ပြန် feedback ပေးသလဲ လေ့လာဖို့လူမှုကွန်ယက်ပေါ်နေ့တိုင်းတင်တယ်။ ကိုယ့်ရဲ့ စွမ်းဆောင်ရေကို တိုးတက်စေသလိုလူတွေရဲ့ စဥ်းစားပုံ၊ တုန့်ပြန်ပုံ၊အပြုအမူ behavior တွေကိုလဲလေ့လာပြီး ဖြစ်သလို၊ဘယ်စကားလုံးက တာပိုသွားတယ်၊responsive ပိုဖြစ်တယ်၊ဘယ်လို အကြောင်းအရာ topic ကိုလူတွေ ဘယ်လို တုန့်ပြန်လေ့ရှိတယ်အပြင်၊ကိုယ့်ကို ဝေဖန်တဲ့အခါဘယ်လို ပုံစံမျိုးဝေဖန်လေ့ရှိသလဲ၊ဒီလို ဝေဖန်တဲ့အခါ ဘယ်လိုဆွမ်းကြီးဝင်လောင်းကြသလဲ 😀ဒါကို ဘယ်လို ဖြေရှင်းလို့ရသလဲ၊ဒီလို ဖြေရှင်းတဲ့ နည်းလမ်းတွေကိုမားကတ်တင်း ဗျူဟာပိုင်းတွေမှာဘယ်လို ပြန်သုံးမလဲ အပြင်၊မားကတ်တင်းမှာ ပြန့်နှံမှုအားကောင်းတဲ့philosophy အတွေးအခေါ်တစ်ခုကိုဖန်တီးပြန့်နှံ့စေဖို့ နည်းလမ်းတွေရှာရတယ်။
ကိုယ့်အိုင်ဒီယာကို ရှင်းရှင်းလင်းလင်းဖော်ပြနိုင်ရေးကမားကတ်တင်းအတွက်တင် မဟုတ်ပဲ Read More »
အလုပ်တစ်ခုတည်းမှာတော့ဖင်မြဲဖို့လိုတယ်။ အလုပ်တစ်ခုလုပ်တဲ့ အခါမကျွမ်းကျင်သေးတဲ့အဆင့်၊ကြည့်ကောင်းတဲ့အဆင့်၊ ကျွမ်းကျင်အဆင့်၊ဆရာ့ဆရာ အဆင့် အမျိုးမျိုးရှိတယ်။ တစ်ဆင့်ချင်းတက်ဖို့အတွက်Mastery level ရောက်ဖို့ နေ့တိုင်း လက်သွေး practice လုပ်နေဖို့လိုတယ်။ မားကတ်တင်းအပိုင်ဆိုပါတော့content ကို စာ၊ video ဒါမှ မဟုတ် graphic ပုံဘယ်လိုမျိုးပဲ ဖန်တီးတီးနေ့စဥ် တိုးတက်အောင် နည်းလမ်းရှာ၊လေ့ကျင့်၊ ပြင် နေဖို့လိိုတယ်လို့ထင်တယ်။ နောက် ကြော်ငြာလုပ်တဲ့အလုပ်တစ်ခုနဲ့တောင်သေချာ လုပ်ဆောင်နိုင်ရင်အသက်မွေးဝမ်းကြောင်းကောင်းကောင်းလုပ်လို့ရတယ်။ ဆရာကောင်းရှာ Mentor ရှိပြီဆိုရင်တစ်ဖက်ကမ်းခပ်ကျွမ်းကျင်မှု Mastery ရောက်အောင်နေ့တိုင်းလေ့ကျင့်။ ကိုယ့် mentor ထက် စကေးကြမ်းအောင်လုပ်။ လမ်းပျောက်နေတာ ကိုယ်လိုချင်တဲ့လမ်းကိုမတွေ့သေးတာဖြစ်နိုင်သလို၊ လမ်းတစ်ခုကို ထဲထဲဝင်ဝင် အာရုံမစိုက်သေးတာလဲ ဖြစ်နိုင်တယ်။ Phyo Paing @ Derek
ဘယ်အရာမဆို လေ့လာလို့ရတယ်။ကျွမ်းကျင်အောင်လုပ်လို့ရတယ်။ Self-taught လုပ်လို့ရတယ်။ ကိုယ့်ကိုယ်ကို ဘောင်မခပ်လိုက်မိဖို့အရေးကြီးတယ်။ ဒီဘွဲ့နဲ့ရတယ်။ ဒါပဲ လုပ်ရမယ်။ တစ်သက်လုံးဒါပဲ လုပ်ခဲ့တော့ဒါပဲလုပ်ရမယ်။ကိုယ်က ဒါအထူးပြုတော့ဒီတစ်ခုပဲလုပ်ရမယ်။ ကျွန်တော်တို့ ကျောင်းတတ်တုန်းကdigital marketing ဆိုတာလဲ မကြားဖူးဘူး။ နောက် ဘာ coach ညာ coach ဆိုတာလဲမရှိကြသေးဘူး။ Facebook စသုံးတုန်းက group ဆိုတာလဲ မရှိဘူး။Page ဆိုတာလဲ မရှိသေးဘူး။ နောက် cover photo ဆိုတာလဲ တင်လို့မရသေးဘူး။လက်မ တစ်ခုပဲရှိတယ်။ အသည်းတွေ၊ ဘာညာသာရကာမရှိသေးဘူး။ နောက် ဆယ်နှစ်မှာဖြစ်လာမည့်အလုပ်တွေကဒီနေ့မှာ ရှိနေတဲ့ အလုပ်တွေဖြစ်ချင်မှ ဖြစ်မှာ။ ကိုယ့်ကိုယ်ကို ဘောင်မခတ်မိဖို့လိုတယ်။ Phyo Paing @ Derek
ကိုယ်ဘာလိုချင်လဲဆိုတာ ပြတ်ပြတ်သားသား သိဖို့လိုတယ်။ အနာဂတ်အမြင်က အတိတ်ရဲ့ မှတ်ဥာဏ်ထက် ပိုရှင်းနေဖို့လိုတယ်။ နောက်ဆယ်နှစ်နေလို့ မသေကြသေးရင်အနာဂတ်အမြင်ရှိပြီး ကိုယ့်အနာဂတ်အတွက် နေ့တိုင်းကြိုးစားလေ့လာနေတဲ့သူနဲ့ဘဝကို ဖြစ်သလို ဖြတ်သန်းတဲ့သူ ကွာသွားမှာပဲ။ ကျွန်တော်တို့ ဒီနေ့အတွက်ပဲ အလုပ်လုပ်နေကြတာမှ မဟုတ်တာ။ ကိုယ်ဘယ်လောက် စွမ်းဆောင်နိုင်လဲဆိုတာသိဖို့အနာဂတ်ဖြစ်နိုင်ခြေ တံခါးပေါက်တွေကိုဖွင့်ဖို့လေ့လာကြိုးစား သင်ယူတိုးတက်အောင်လုပ်ဆောင်နေကြတာ မဟုတ်လား။ ဘဝမှာ တိုးတက်မှုမရှိရင်အပင်တောင် မရှင်သန်ဘူး။ တိုးတက်မှု ရပ်တန့်တဲ့ တစ်နေ့ကျဆုံးမှု စတင်တာပဲ။ Phyo Paing @ Derek
လောကအမြင်မတူ၊တန်ဖိုးထားမှုမတူ၊စဉ်းစားဆုံးဖြတ်တဲ့ပုံစံမတူ၊ခံယူချက်မတူ၊ယုံကြည်ချက်မတူ၊အမူအကျင့်မတူဘဝတွေ မတူဖြစ်သွားကြတယ်။ Different perspectives on life,Different values,Different ways of thinking and deciding,Different beliefs,Different behaviorslead to the divergence of lives. Phyo Paing @ Derek
DIY (Do-it-yourself) ကိုယ်ထူကိုယ်ထဆိုတာ ကျွမ်းကျင်မှုတစ်ခုမဟုတ်ဘူး။စိတ်နေစိတ်ထားတစ်ခုပဲ။ DIY စိတ်နေစိတ်ထားရှိတဲ့သူတွေအလုပ်ခန့်တဲ့အခါ အလုပ်ပြီးတာပိုမြန်တယ်။ ကွန်ပြူတာတစ်လုံးပေးလိုက်တယ်။ Video editing ကို အင်တာနက်ကကြည့်ပြီးလေ့လာဖို့ပြောလိုက်တယ်။ ၂ ပတ်ကြာတော့ ကိုယ်တိုင်ဖန်တီးထားတဲ့ကြော်ငြာတစ်ခုထွက်လာပြီ။ ဒီနေ့ခေတ် သတင်းအချက်အလက်အကုန်နီးပါးအင်တာနက်မှာရှိတဲ့ခေတ်မှာself-taught ဆိုတဲ့ စကားလုံးကအရေးကြီးသထက် အရေးကြီးလာပြီ။ DIY (Do-it-yourself) is not just a skill; it’s a mindset. People with a DIY mindset complete tasks faster when hired because they are proactive and willing to learn on their own. For instance, if given
self-taught ဆိုတဲ့ စကားလုံးက
အရေးကြီးသထက် အရေးကြီးလာပြီ။ Read More »
ကိုယ်လုပ်နေတဲ့အလုပ်၊နေ့စဥ်ကုန်သွားတဲ့အချိန်၊ကိုယ်နေတဲ့ နေရာ၊ကိုယ်နဲ့ပေါင်းသင်းဆက်ဆံတဲ့သူတွေ၊ ကိုယ့်ရဲ့လုပ်ငန်းအားလုံးတစ်သားတည်းဖြစ်နေဖို့လိုတယ်။ ဒီ တစ်သားတည်းဖြစ်နေခြင်းသည်တိုးတက်ခြင်းပဲ။ Work, time spent daily, the places inhabited, the people interacted with, and one’s business – all must align. This alignment is not just an arrangement, it is an evolution. Phyo Paing @ Derek
ခန္ဓာရှိသ၍ ဒဏ်ရှာရှိမှာပဲ ဒုက္ခနဲ့ သုခ ကြားက လွတ်မြောက်မှုကိုခန္ဓာရှိနေသမျှ ရဖို့မလွယ်ဘူး။ဒုက္ခရှိတဲ့အခါ လွတ်မြောက်ချင်တယ်။သုခရှိတဲ့အခါ စွဲလမ်းမှုဖြစ်တယ်။ပျောက်ကွယ်သွားမှာကြောက်တယ်။ ဒါတွေက အသိရှိလာတဲ့အခါပိုသတိ ပြုမိလာမယ်။ ဒါဆို အရှိကိုအရှိအတိုင်းလက်ခံနိုင်လာမယ်။ Phyo Paing @ Derek
မိုးလင်းတော့ ပြီးခဲ့တဲ့တစ်ရက်တာကို ပြန်လည်သုံးသပ်၊စာအုပ်ဖတ်၊ မှတ်စုထုတ်၊ စာရေး။အလုပ်နဲ့ပတ်သတ်တာလေ့လာ၊ဗီဒီယိုတစ်ပုဒ်ရိုက်။ကိုယ့်လုပ်ငန်းတွေအတွက် လုပ်စရာရှိတာဝန်ထမ်းတွေကို ညွှန်ကြား။အကြံပေးတဲ့ အလုပ်လုပ်။ညနေရောက်လေ့ကျင့်ခန်းလုပ်။ညရောက်တော့စာသင်စရာရှိတာသင်။သင်စရာမရှိရင်နား။ ကိုယ့်ရဲ့အကောင်းဆုံးဗားရှင်းနေ့စဉ်တည်ဆောက်နေတယ်။ အကောင်းဆုံးကိုယ်ဖြစ်မှတခြားသူတွေကို ပြန်လည်ကူညီနိုင်မှာ။ Phyo Paing @ Derek