ကိုယ့်အကြောင်းကိုယ်အသိဆုံးဖြစ်ရမယ်၊
ကိုယ့်ကိုယ်ကို မြင်တဲ့ အထင်အမြင်က တခြားသူတွေကိုယ့်ကိုမြင်တဲ့အထင်အမြင်ထက်ပိုခိုင်မာရှင်းလင်းနေဖို့လိုတယ်။ ကိုယ့်အကြောင်းကိုယ်အသိဆုံးဖြစ်ရမယ်။ Phyo Paing @ Derek
ကိုယ့်အကြောင်းကိုယ်အသိဆုံးဖြစ်ရမယ်၊ Read More »
ကိုယ့်ကိုယ်ကို မြင်တဲ့ အထင်အမြင်က တခြားသူတွေကိုယ့်ကိုမြင်တဲ့အထင်အမြင်ထက်ပိုခိုင်မာရှင်းလင်းနေဖို့လိုတယ်။ ကိုယ့်အကြောင်းကိုယ်အသိဆုံးဖြစ်ရမယ်။ Phyo Paing @ Derek
ကိုယ့်အကြောင်းကိုယ်အသိဆုံးဖြစ်ရမယ်၊ Read More »
ဘဝမှာ အရေးအကြီးဆုံးကကိုယ့်ကိုယ်ကိုရဲ့ လေးစားမှုပဲ။ တခြားသူတွေရဲ့ အထင်အမြင်ထက်အဆ ၁၀၀ မက အရေးကြီးတယ်။ အချိန်တွေ အလဟသ ဖြုန်းလိုက်ရင်ကိုယ့်ကိုကိုယ် မလေးစားဘူး။ လုပ်မယ်လို့ ဆုံးဖြတ်ထားပြီးပျင်းလို့ မလုပ်လိုက်နိုင်ရင်လဲ မလေးစားဘူး။ ဒါမလုပ်သင့်ဘူးလို့စဥ်းစားလိုက်တယ်။ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်ပဲလုပ်မိရင်လဲ မလေးစားဘူး။ ဇွဲမရှိပဲ ခဏလေးလက်လျော့သွားရင်လဲမလေးစားဘူး။ အချိန်မလေးစားရင်လဲ မလေးစားဘူး။ ဘာဖြစ်ချင်မှန်းမသိအလေလိုက်နေရင်လဲ မလေးစားဘူး။ အားနာပြီး ကိုယ်ပြောချင်တာကိုမပြောလုပ်ချင်တာ မလုပ်လိုက်ရင်လဲ မလေးစားဘူး။ နေ့စဥ် ကိုယ့်အသက်မွေးဝမ်းကြောင်းပညာကိုမလေ့လာဖြစ်ရင်လဲ မလေးစားဘူး။ ကိုယ့်ကိုယ်ကို လေးစားတဲ့အလုပ်တွေနေ့စဥ်လုပ်နေဖို့လိုတယ်။ Phyo Paing @ Derek
ကိုယ့်ကိုယ်ကို လေးစားတဲ့အလုပ်တွေနေ့စဥ်လုပ်နေဖို့လိုတယ်။ Read More »
ဘဝဆိုတာ “Or” game မဟုတ်ဘူး။ဘဝဆိုတာ “And” game. ဒီအယူအဆထားလိုက်တဲ့အခါအမြင်ကျယ်လာတယ်။ နင်ဆရာဝန်လုပ်မှာလား၊ စီးပွားရေးလုပ်မှာလား၊ စာသင်မှာလား။ တစ်ခုသေချာရွေး။ ကျွန်တော်က အကုန်လုပ်ချင်တာ။ လူတွေရဲ့ productivity ကို မြင့်တင်ဖို့ဇီဝကမ္မဖြစ်စဥ်တွေ အလုပ်လုပ်ပုံ၊ဦးနှောက်မှာရှိတဲ့ ဆဲလ်တွေအလုပ်လုပ်ပုံ၊ neurotransmitter တွေအကြောင်းသိဖို့လိုတယ်။နောက် ကျန်းမာကြံ့ခိုင်ရေးအတွက်ခန္ဓာဗေဒ အရိုး၊ အကျောဖွဲ့စည်းပုံတွေသိဖို့လိုတယ်။စိတ်ပညာအကြောင်းသိဖို့လိုတယ်။ စီးပွားရေးအတွက် အတွေးအခေါ်ပညာ၊စဥ်းစားနည်းပညာ၊ သင်္ချာပညာ၊ ဦးဆောင်မှု၊ ပေါင်းသင်းဆက်ဆံမှုပညာလိုတယ်။ စာသင်ဖို့အတွက် စာသင်နည်းစနစ်၊နည်းပညာအသုံးပြုမှုစနစ်၊ သင်ယူခြင်း၊ သင်ကြားခြင်းစနစ်လိုတယ်။ ဘဝဆိုတာ နှစ်ခုထဲကတစ်ခုရွေးရတဲ့Or Game မဟုတ်ဘူး။ ဘဝဆိုတာ တစ်ခုထက်ပိုရွေးလို့ရတဲ့And Game လို့ပဲ အမြဲခံယူတယ်။ Phyo Paing @ Derek
ဘဝဆိုတာ နှစ်ခုထဲကတစ်ခုရွေးရတဲ့
Or Game မဟုတ်ဘူး.. Read More »
၂၀၁၃ တုန်းက ကုမ္ပဏီမှာအလုပ်တစ်ဖက်နဲ့ညနေပိုင်း အချိန်ပိုင်းစာသင်ညဖုန်းဆော့ဝဲလ်တွေလုပ်ပေးတရုတ်ကပစ္စည်းတွေသွင်းပေးစနေ၊ တနင်္ဂနွေ MBA တက်။ ရန်ကုန်ကိုရောက်တိုင်းငါအများကြီး ကြိုးစားဖို့လိုသေးတယ်လို့အမြဲကိုယ့်ကိုကိုယ် ပြန်ပြောတယ်။ ၂၀၂၃ ရောက်တဲ့အခါတိုးတက်မှုက အဆ ၁၀၀ လောက်ရှိတယ်ဆိုမမှားဘူးလို့ထင်တယ်။ ဆယ်နှစ်ရဲ့အချိန်ကို လျော့တွက်လို့မရဘူး။ လူတွေကို ကန့်သတ်ထားတာသူတို့ရဲ့အတွေးဆိုတာ အမှန်ပဲ။ ကိုယ့်အိမ်မက်တွေကိုယ်တိုင်အကောင်အထည်မဖော်ရင်ဖော်ပေးမည့်သူရှိမှာ မဟုတ်ဘူး။ ဘဝမှာ ဆယ်နှစ်အတွင်း ကိုယ့်ဘဝကို အပြောင်းအလဲဖြစ်စေတဲ့အချက် ၃ ချက် ၁။ Mastery ပညာရပ်တစ်ခုကိုတစ်ဖက်ကမ်းခပ်ကျွမ်းကျင်အောင်နေ့တိုင်းလေ့ကျင့်တာ ၂။ Marketing မားကတ်တင်းပညာကိုထဲထဲဝင်ဝင် လေ့လာကျင့်သုံးခဲ့တာ ၃။ Management စီမံခန့်ခွဲမှုပညာကိုအချိန်အများကြီးပေး လေ့လာကျင့်သုံးမျှဝေဖြစ်တာ။ Phyo Paing @ Derek
ဘဝမှာ ဆယ်နှစ်အတွင်း
ကိုယ့်ဘဝကို အပြောင်းအလဲဖြစ်စေတဲ့အချက် ၃ ချက် Read More »
အချစ်ရေး အဆင်မပြေရင်ဘဝ စစ်ရေးမှာလဲအဆင်ပြေဖို့မလွယ်ဘူး။ အဆင်ပြေချင်ရင် အချစ်ကို အစားထိုးတဲ့Emotional Safety Netစိတ်ခံစားမှုလှုံခြုံရေးစနစ်လိုတယ်။ Phyo Paing @ Derek
အချစ်ကိုအစားထိုးတဲ့ .. Read More »
နေ့တိုင်းက စုဗူးပဲ။ဒီနေ့ကိုယ်ဘာတွေစုမလဲ။ကုသိုလ်လား၊ အကုသိုလ်လား။အတွေး၊ အကြံ၊ အလုပ်ပွားများရမယ်။ Phyo Paing @ Derek
ဒီနေ့ကိုယ်ဘာတွေစုမလဲ.. Read More »
လောကမှာ အခက်ဆုံးအလုပ်တစ်ခုက“ကိုယ့်ကိုကိုယ် နားလည်အောင်” လုပ်တာပဲ။ ကိုယ့်ကိုကိုယ် နားလည်အောင်“စိတ်” နဲ့ “ခန္ဓာ” ကိုလေ့လာကြတယ်။ စိတ်ကိုလေ့လာဖို့ တချို့က အဘိဓမ္မာကိုလေ့လာကြတယ်။တချို့က သိပ္ပံစိတ်ပညာကိုလေ့လာတယ်။တချို့က နှစ်ခုစလုံးကို အမြင်ကျယ်ကျယ်ထားပြီးလေ့လာတယ်။အတွေ့အကြုံရအောင် လုပ်ကြည့်တယ်။ နောက်တစ်ခုက ခန္ဓာ။ သေချာစဥ်းစားကြည့် ကိုယ်ကလူသာဖြစ်နေသာကိုယ့်ခန္ဓာကိုယ်မှာ အရိုးဘယ်နှစ်ချောင်းရှိလဲ၊ဘယ်ကြွက်သားက ဘာအလုပ်လုပ်လဲ၊ဘာအင်္ဂါတွေရှိလဲ၊တစ်မိနစ်ကို ပုံမှန် အသက်ဘယ်လောက်ရှူသလဲ၊တစ်မိနစ်နှလုံးခုန်နှုန်းဘယ်လောက်ရှိသလဲ၊ခန္ဓာကိုယ်ကြီး ဘယ်လိုလည်ပတ်နေလဲ၊သိထားဖို့လိုသလား။ ကိုယ့်ကိုကိုယ် နားလည်ချင်ရင်တီးမိခေါက်မိတော့ရှိဖို့လိုတယ်။ တကယ်တမ်းက လောကမှာကိုယ့်ကိုကိုယ်တောင် သေချာနားမလည်သေးတာ၊သူများဘဝအခြေအနေတွေကိုအပေါ်ယံအမြင်နဲ့ အကဲခတ်ဆုံးဖြတ်လောက်တဲ့ဥာဏ်ရှိဖို့ အများကြီး ကြိုးစားရအုံးမယ်။ Phyo Paing @ Derek
ကိုယ့်ကိုကိုယ် နားလည်ချင်ရင်
တီးမိခေါက်မိတော့ရှိဖို့လိုတယ်။ Read More »
အားတီ၊ အားမေတို့ရေငွေကြေးတွေ အသစ်ထွက်၊အပြောင်းအလဲ များပြီးကတိတွေပေးပြီး ဗလောင်းဗလဲများတဲ့လောကကြီးမှာ တခါတလေ ကိုယ့်ဘဝကိုယ်ကို စာရင်းစစ်ဖို့ မေ့နေတတ်တယ်။ ကျွန်တော်တို့ ကိုယ့်ဘဝကိုယ်ကိုစာရင်းစစ် လေ့ကျင့်ခန်းလေးလုပ်ကြည့်ရအောင်။ ၁ ကနေ ၁၀ ထိ အမှတ်ပေးကြည့်ကြည့်။ ၁ က အနဲဆုံး။၁၀ က အများဆုံး။ အခုဆိုရင် ၁။ ကိုယ့်ကျန်းမာရေးနဲ့ ကြံ့ခိုင်ရေးကို၁ က နေ ၁၀ ဆို ဘယ်လောက်အမှတ်ပေးမလဲ? ၂။ ကိုယ့်အလုပ်အကိုင်နဲ့ စီးပွားရေးအတွက် ၁ က နေ ၁၀ ဆို ဘယ်လောက်အမှတ်ပေးမလဲ? ၃။ ကိုယ့်အချစ်ရေးအတွက် ၁ က နေ ၁၀ ဆို ဘယ်လောက်အမှတ်ပေးမလဲ? ၄။ ကိုယ့်ငွေကြေးပိုင်ဆိုင်မှုနဲ့ပတ်သက်လို့၁ က နေ ၁၀ ဆို ဘယ်လောက်အမှတ်ပေးမလဲ?
တခါတလေ ကိုယ့်ဘဝကိုယ်ကို
စာရင်းစစ်ဖို့ မေ့နေတတ်တယ်။ Read More »
ကိုယ့်ရဲ့ အကောင်းဆုံး version တည်ဆောက်ဖို့။ ကိုယ့်ရဲ့အကောင်းဆုံး ဗားရှင်းတည်ဆောက်တဲ့ ဖြစ်စဉ်တိုင်းမှာအပြောင်းအလဲတွေရှိတယ်။ ဒါကတော့လူတွေ မမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲတဲ့အပြောင်းအလဲ။ လူတွေ မမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲဖို့၁။ Personal Development ၂။ Professional Development၃။ Business Development လိုတယ်။ Phyo Paing @ Derek
ဘဝရဲ့ ရည်မှန်းချက်ပန်းတိုင်က Read More »
မနေ့ကဆိုတာ ဒေတာပဲ။မနေ့ကကို သင်ခန်းစာယူမှပစ္စုပ္ပန်နဲ့ အနာဂတ်ကိုပိုကောင်းအောင် တည်ဆောက်နိုင်မှာ။ လူသုံးမျိုးရှိတယ်။တချို့က မနေ့ကဆိုတာကို မေ့လိုက်တယ်။တချို့က မနေ့ကဆိုတာမေ့ပြီး ပစ္စုပ္ပန်ကိုအာရုံစိုက်တယ်။တချို့က မနေ့ကဆိုတာကနေ သင်ခန်းစာယူတယ်။ပစ္စုပ္ပန်ကိုအာရုံစိုက်ပြီး၊ အနာဂတ်အတွက်စီမံကိန်းချတယ်။ ကိုယ်ကဘယ်လိုလူမျိုးလဲ။ Phyo Paing @ Derek
မနေ့ကဆိုတာကို မေ့လိုက်လို့မရဘူး။ Read More »