Personality

မနေ့ကဆိုတာကို မေ့လိုက်လို့မရဘူး။

မနေ့ကဆိုတာ ဒေတာပဲ။မနေ့ကကို သင်ခန်းစာယူမှပစ္စုပ္ပန်နဲ့ အနာဂတ်ကိုပိုကောင်းအောင် တည်ဆောက်နိုင်မှာ။ လူသုံးမျိုးရှိတယ်။တချို့က မနေ့ကဆိုတာကို မေ့လိုက်တယ်။တချို့က မနေ့ကဆိုတာမေ့ပြီး ပစ္စုပ္ပန်ကိုအာရုံစိုက်တယ်။တချို့က မနေ့ကဆိုတာကနေ သင်ခန်းစာယူတယ်။ပစ္စုပ္ပန်ကိုအာရုံစိုက်ပြီး၊ အနာဂတ်အတွက်စီမံကိန်းချတယ်။ ကိုယ်ကဘယ်လိုလူမျိုးလဲ။ Phyo Paing @ Derek

မနေ့ကဆိုတာကို မေ့လိုက်လို့မရဘူး။ Read More »

ကိုယ့်ဘဝရဲ့ အကောင်းဆုံး
ဖန်တီးမှုက “ကိုယ်” ပဲ။

နေ့စဥ် “သေချာ” ဖန်တီးနေဖို့လိုတယ်။ မနက်ဖြန်မှာဖြစ်လာမည့် “ကိုယ်” လောက်ရင်ခုန်စရာများများစားစား သိပ်မရှိဘူး။ Phyo Paing @ Derek

ကိုယ့်ဘဝရဲ့ အကောင်းဆုံး
ဖန်တီးမှုက “ကိုယ်” ပဲ။
Read More »

လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးဆိုတာ
လူတစ်ယောက်ရဲ့ မှတ်ဥာဏ်ပဲ။

အတိတ်မေ့ amnesia ဖြစ်သွားခဲ့ရင် သူ့ရဲ့အမူအကျင့်တွေ ပုံစံပြောင်းသွားနိုင်တယ်။ လောကကိုမြင်တဲ့ အထင်အမြင်ပေါင်းသင်းဆက်ဆံတဲ့ပုံစံပြုမူတဲ့ပုံစံတွေ အကုန်ပြောင်းသွားနိုင်တယ်။ ကျွန်တော့်ဘဝမှာ ကိုယ့်ကိုကိုယ် ၂ ခါ ကိုယ်ရည်ကိုယ်သွေးပြောင်းဖူးတယ်။ တက္ကသိုလ်တက်ကတည်းက သိတဲ့သူငယ်ချင်းတွေဆိုရင် ၂၀၁၅ မှာတစ်ခါကိုယ်ရည်ကိုယ်သွေးအကြီးအကျယ်ပြောင်းလဲခဲ့တာတွေ့ရလိမ့်မယ်။ ဒုတိယတစ်ကြိမ်က ၂၀၂၁ အောက်တိုဘာလမှာစပြီး ကိုယ်ရည်ကိုယ်သွေးအသစ်ပြန်ဒီဇိုင်းလုပ်ခဲ့တယ်။ ဒီလို ကိုယ်ရည်ကိုယ်သွေးအသစ်ပြန်ဒီဇိုင်းလုပ်ဖို့ ကိုယ်ဘယ်သူလဲဆိုတဲ့ identityနောက်လောကကိုမြင်တဲ့အမြင် perception အယူအဆအတွေးအခေါ် philsophyယုံကြည်မှု belief တွေအပြောင်းအလဲအများကြီးလုပ်ရတယ်။ အရေးအကြီးဆုံးအချက်ကကိုယ့်ရဲ့ အတိတ်ကမှတ်မိနေတဲ့ခံစားချက်နဲ့အတွေးအခေါ်တွေကိုမေ့ရတယ်။ ဥပမာ အားနာတတ်တဲ့ ခံစားချက်ကိုမေ့အောင်လုပ်ရတယ်။ကိုယ့်ကိုကိုယ် ဒုက္ခရောက်ခံပြီး သူများကို သနားတတ်တဲ့ခံစားချက်ကိုမေ့အောင်လုပ်ရတယ်။ နောက်ခံစားချက်အသစ်တွေဖြစ်တဲ့တုံးတိုက်တိုက်ကျားကိုက်ကိုက်လုပ်တာ၊ပြတ်သားကြမ်းတမ်းတဲ့ခံစားချက်၊ စမ်းသပ်မှုတွေလုပ်ပြီးရင်ခုန်တဲ့ခံစားချက်ပြန်ထည့်တယ်။ Breaking the habits of being yourself ကို 2013 မှာဖတ်ပြီး စမ်းသပ်မှုတွေပြုလုပ်ခဲ့တယ်။ Identity by Design သင်တန်းကို 2018

လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးဆိုတာ
လူတစ်ယောက်ရဲ့ မှတ်ဥာဏ်ပဲ။
Read More »

ဘဝဆိုတာ ခဏပဲ

ဘဝမှာ ကျေးဇူးတင်စရာတွေအများကြီးရှိတယ်။ ကိုယ်ဘာလုပ်လုပ် ကူညီပေးဖို့၊အားပေးဖို့ အဆင်သင့်ဖြစ်နေတဲ့လူတွေရှိတယ်။ အသက်ရှူနိုင်နေသေးတယ်။ ကောင်းမွန်စွာအိပ်စက်နေနိုင်သေးတယ်။ရောဂါဘယကင်းဝေးနေသေးတယ်။ ဒါတွေကို အမြဲ taking for granted အမြဲရနေမယ်လို့ ယူဆလို့မရဘူး။ ဘဝဆိုတာ ခဏပဲ။ ခဏလောက် အသက်ရှင်ခွင့်ပြုထားတဲ့အချိန်ကိုယ့်စိတ်ကူးတွေကို “တစ်နေ့နေ့”ဆိုတဲ့စကားလုံးကြီးနဲ့ မကန့်သတ်ထားစမ်းပါနဲ့။ လုပ်ချင်တာရှိရင် ချက်ချင်းသာကောက်လုပ်မနက်ဖြန်ဆိုတာ အရမ်းမသေချာဘူး။ Phyo Paing @ Derek

ဘဝဆိုတာ ခဏပဲ Read More »

လူတွေ အကြောင်းသေချာနားလည်ချင်တယ်

ဒီတော့ လူတွေအကြောင်းထိုးထွင်းသိမြင်နိုင်ဖို့ဘဝရဲ့ တစ်ကွေ့မှာ တွေ့ခဲ့တဲ့လူတွေအကြောင်းကို ဆက်စပ်ပြီးသုံးသပ် စဥ်းစားကြည့်တယ်။ဒီလို connecting the dots လုပ်တဲ့စနစ်ဟာထိုးထွင်းသိမြင်မှုကိုရစေတယ်။ ဘယ် လုပ်ပုံကိုင်ပုံ pattern တွေကတူတယ်။ ဘယ်ပုံတွေက ကွဲပြားတယ်။ ဒါတွေကို မတူညီကွဲပြားတဲ့ personality framework တွေနဲ့ ချိန်ဆကြည့်တယ်။ နောက်တစ်နည်းကတော့ မှားယွင်းတဲ့ ယူဆချက်တွေကိုရှာဖွေပြီးထိုးထွင်းသိမြင်နိုင်အောင်လုပ်တာပဲ။ ဥပမာ နယူတန်လက်ထက်က space နဲ့ time က တစ်သားမတ်ထဲဖြစ်နေတယ်ဆိုတဲ့ အယူအဆက အိုင်စတိုင်းကို နှစ်ပေါင်းများစွာတိုင်ပတ်စေခဲ့တယ်။1899 မှာ James Clerk Maxwell ကelectric and magnetic field အတွက်model နဲ့ equation ထုတ်လိုက်မှအိုင်စတိုင်းက space and time ကconstant မဟုတ်ဘူး။ relative ဖြစ်တယ်ဆိုတဲ့ တွေ့ရှိချက်တွေ့ပြီးrelativity

လူတွေ အကြောင်းသေချာနားလည်ချင်တယ် Read More »

လိုချင်တဲ့ personality ကိုလဲ
design လုပ်လို့ရလာတယ်။

တစ်ရက်တာကို အလဟဿဖြုန်းလိုက်မိတဲ့အချိန်တိုင်းတိုင်နဲ့ ခေါင်းနဲ့ဆောင့်ပြစ်ချင်ခဲ့တယ်။ ဘဝ ၂၄ နာရီထက်ပိုလိုတယ်လိုပြောတာလူညံ့တွေရဲ့လေသံလို့ထင်တယ်။​ကိုယ်လဲအမြဲ အဲ့လိုစဥ်းစားဖူးတယ်။ နောက်ပိုင်း မဟုတ်သေးပါဘူးလေ။ငါဘာလိုနေလို့လဲ စဥ်းစားကြည့်တော့စွမ်းဆောင်ရည်မြင့်ဖို့လိုနေတာသွားတွေ့တယ်။ အရင်းအမြစ်ကိုလိုက်ရှာတော့စိတ်ခံစားမှုတွေကို မလွမ်းမိုးနိုင်တာကစတယ်။စိတ်မပါရင် အလုပ်မလုပ်ဘူး။စိတ်ညစ်နေရင် အလုပ်မလုပ်ဘူး။ဒီ စိတ်ခံစားမှုတွေက အလုပ်ပြီးမြောက်ဖို့အတားအဆီးဖြစ်နေတယ်။ ဒီလောက်တောင်ဖြစ်ရတာကွာဆိုပြီးအဲ့ဒီ စိတ်နဲ့ ပတ်သက်တာမှန်သမျှလိုက်လေ့လာတယ်။ လူတွေ ဘယ်လိုအချိန် motivation ရသလဲ၊ဘယ်လိုအချိန်မှာ စိတ်ညစ်သလဲ၊ဒါကို ဘယ်လိုဖြေမလဲ၊အမြဲဘဝကြီးက အထာကျနေအောင်စိတ်ကို ဘယ်လိုထားမလဲ၊စိတ်ဒဏ်ရာတွေကို ဘယ်လိုကုစားမလဲ၊အမြဲစွမ်းဆောင်ရည်မြင့်ဖို့စိတ်ခံစားမှုကောင်းတွေကိုဘယ်လို program ထည့်မလဲဒါတွေတွေ့လာတယ်။ နောက်အပြုအမူဆိုင်ရာအပိုင်းတွေလေ့လာတယ်။အဲ့မှာ အရေးကြီးတာ identity ဆိုတဲ့အပိုင်းက အမူအကျင့်ပေါ်သက်ရောက်မှုကြီးတာကိုတွေ့ရတယ်။ကိုယ်ဘယ်သူလဲဆိုတဲ့identity ကို design လုပ်ဖို့ နည်းလမ်းပြန်ရှာတယ်။ အများစု ဖက်တီးတွေ ဝိတ်ချမရတာဒီ ဖက်တီး identity ကိုမပြင်နိုင်လို့ဆိုတာသွားတွေ့တယ်။​ဒါနဲ့ breaking the habits of being yourselfဖြစ်ဖို့ identity ကို အသစ် designပြန်လုပ်ရတယ်။​

လိုချင်တဲ့ personality ကိုလဲ
design လုပ်လို့ရလာတယ်။
Read More »

နေ့စဥ်ကိုယ့်ကိုကိုယ် train နေမှ။

တချို့လူတွေက သေဖို့အတွက် သံသရာထဲက လွတ်မြောက်ဖို့ နေ့စဥ် တရားအားထုတ်ပြီး train တယ်။တချို့လူတွေက နေဖို့အခါနေ့စဥ် ဘဝလတ်ဆတ်ဖို့ train တယ်။ဘယ်လိုနေနေ ဘဝက နေ့စဥ် train နေရမှာ။ Use it or Lose it ပဲ။ ဘာသာစကားတစ်ခု မသုံးတာကြာရင်မေ့မယ်။ကြွက်သားတွေလိုပဲ မ train တာကြာရင် ပျော့တွဲသွားမယ်။ဦးနှောက်လိုပဲ မသုံးတာကြာရင် သံချေးတက်သွားမယ်။ ဘဝမှာ အခြေခံလိုအပ်တယ်လို့ယူဆထားတာဘာသာစကား – အင်္ဂလိပ်၊ တရုတ်၊ မြန်မာ။နောက်ကျန်းမာရေး။ ကိုယ်အိပ်နေလဲ ငွေဝင်အောင်ရှာပေးနေတဲ့လုပ်ငန်းတွေဖန်တီးနိုင်ထားနိုင်ဖို့။ ပေါင်းတတ်သင်းတတ်တဲ့ လူရာဝင်ဖို့၊ လူရှေ့သူရှေ့မှာ ကိုယ့် idea ကိုချပြနိုင်ဖို့၊ ကိုယ့်ကိုကိုယ် ဂုဏ်ယူတဲ့အလုပ်တွေနေ့စဥ်လုပ်ဖို့၊ဘဝမှာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်တဲ့အရာတစ်ခုရှိဖို့။ ဘဝမှာ ဖြတ်သန်းခဲ့တဲ့ metrics တွေကိုပြန်ကြည့်ရင်သာမာန်မဖြစ်ချင်ဘူး။ပညာရေး၊ စီးပွားရေး၊ လူမှုရေး အရာရာပေါ့။ဒီလို မဖြစ်ဖို့

နေ့စဥ်ကိုယ့်ကိုကိုယ် train နေမှ။ Read More »

ကိုယ့်ကိုကိုယ် ချစ်ပါ။

ကိုယ့်ကိုကိုယ် ခွင့်လွတ်ပါ။ကိုယ့်ကိုကိုယ် တန်ဖိုးထားပါ။ကိုယ့်ကိုကိုယ် ပျော်အောင်ထားပါ။ကိုယ့်ကိုကိုယ် မညင်းဆဲပါနဲ့။ ကိုယ့်ကိုကိုယ် ချီးမွန်းပါ။ ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ။ ကိုယ့်ကိုကိုယ် အကောင်းဆုံးဖြစ်အောင်တည်ဆောက်ပါ။ ကိုယ့်အကြောင်းကို အချိန်အများစုတွေးပါ။ တခါတလေ ကိုယ့်ကိုကိုယ်ချစ်ဖို့ လူအများစုမေ့နေတတ်ကြတယ်။တစ်သက်မှာ တခါလူလာဖြစ်တာကိုယ့်ကိုကိုယ် ပျော်အောင်ထားပါ။ လူတိုင်းက တစ်ကိုယ်ကောင်းဆန်ကြတယ်ဆိုတာစဥ်းစားကြည့်လေလေ သိလေလေ ဖြစ်လိမ့်မယ်။များတာနဲ့ နည်းတာပဲကွာတယ်။ကိုယ့်ကိုကိုယ် ချစ်တာ တစ်ကိုယ်ကောင်းဆန်တယ်မဟုတ်ဘူး။ကိုယ့်ကိုကိုယ်တကယ်ချစ််မှတခြားသူတွေကို မေတ္တာစစ်စစ်ကိုလိပ်ပြာသန့်သန့်နဲ့ ပေးနိုင်မှာ။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် ချစ်ပါ။ Read More »

ကိုယ့်ကိုကိုယ် respect မရှိရင်
ကျန်တာလုပ်ဖို့ ခက်တယ်။

မထချင်လဲ ကုန်ရုန်းထရတဲ့နေ့တွေအများကြီးရှိမယ်။အဓိက ကတော့ ကိုယ့်ကိုကိုယ်ကတိပေးထားတဲ့ self-discipline ပဲ။ Discipline is destiny ဆိုလဲ မမှားဘူး။ကိုယ်သတ်မှတ်ထားတဲ့ စည်းကမ်းကိုယ်မလိုက်နာရင် ကိုယ့်ကိုကိုယ်respect ရှိမှာမဟုတ်ဘူး။ကိုယ့်ကိုကိုယ် respect မရှိရင်ကျန်တာလုပ်ဖို့ ခက်တယ်။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် respect မရှိရင်
ကျန်တာလုပ်ဖို့ ခက်တယ်။
Read More »

နေသလို ဖြစ်တဲ့ဘဝမှာ
ဖြစ်သလို မနေပါနဲ့

ကိုယ့်ဘဝကိုကိုယ်တန်ဖိုးထားတတ်လာတဲ့အချိန်ကစလို့ဖြစ်သလို မနေတော့ဘူး။ဖြစ်သလို မစားတော့ဘူး။ ကိုယ့်အတွက် အကျိုးမရှိစေတဲ့အတွေးအခေါ် ခေါင်းထဲမထည့်မိတတ်တော့ဘူး။မလိုချင်တာတွေပဲစဥ်းစားပြီးစိတ်ညစ် မနေတော့ဘူး။အချိန်ကို မလဟသ မဖြုန်းတော့ဘူး။ပစ္စုပ္ပာန် သာယာမှုတွေမှာပဲအချိန် မကုန်တော့ဘူး။ စည်းကမ်းတကျ နေလာတယ်။စနစ်တကျ စားလာတယ်။အတွေးအခေါ်ကို ဂရုပြုလာတယ်။ကိုယ်ဘာလိုချင်တာလဲကိုပဲအဓိက အာရုံပြုပြီးအချိန်ကို အကောင်းဆုံးအသုံးချတယ်။ကိုယ့်ကိုကိုယ် ဒုက္ခရောက်စေတဲ့အရာတွေ မလုပ်တော့ဘူး။ ကိုယ့်ကိုကိုယ် တကယ်ချစ်ဖို့တန်ဖိုးထားဖို့ အရေးကြီးတယ်။ကိုယ့်ကိုကိုယ်မှ အရင်တန်ဖိုးမထားရင်ဘယ်သူမှ တန်ဖိုးလာထားမှာမဟုတ်ဘူး။ နေသလို ဖြစ်တဲ့ဘဝမှာဖြစ်သလို မနေပါနဲ့ဆိုတာလဲအားလုံးကြားဖူးကြမှာပဲ။ Phyo Paing @ Derek

နေသလို ဖြစ်တဲ့ဘဝမှာ
ဖြစ်သလို မနေပါနဲ့
Read More »