Personality

အသက်ရှင်နေသမျှ
ကိုယ်ရှောင်ဖယ်လို့မရတဲ့သူက
“ကိုယ်”ပဲ။

တစ်နေ့ သင့်လုပ်ငန်း ပျက်ရင်ပျက်မယ်။ ကိုယ်ချစ်တဲ့သူတွေနဲ့ ကွေကွင်းရတာဖြစ်ကောင်းဖြစ်မယ်။အသက်ရှင်နေသမျှ အမျိုးမျိုးဖြစ်နိုင်တယ်။ သေချာတာတစ်ခုက အသက်ရှင်နေသမျှ ကိုယ်ရှောင်ဖယ်လို့မရတဲ့သူက “ကိုယ်”ပဲ။ ဒီတော့ နေ့စဉ် ကိုယ့်ကိုကိုယ်အကောင်းဆုံးတည်ဆောက်နေတာဟာ အကောင်းဆုံး မဟာဗျူဟာတစ်ခုဆိုရင်မမှားနိုင်ဘူး။ Phyo Paing @ Derek

အသက်ရှင်နေသမျှ
ကိုယ်ရှောင်ဖယ်လို့မရတဲ့သူက
“ကိုယ်”ပဲ။
Read More »

အကောင်းဆုံးသင် ဖန်တီးဖို့ အချက် ၆ ချက်

1. Self-analysis ကိုယ့်ကိုကိုယ် ပြန်လည်သုံးသပ်ရမယ်။ ကိုယ့်ကိုကိုယ်မှ မသုံးသပ် ၊ မဆန်းစစ်ရင် ပိုကောင်း၊ ပိုတော်အောင်လုပ်လို့ရမှာမဟုတ်ဘူး။ The unexamined life is not worth living. — Socretes ဘာတွေ ပြန်လည်ဆန်းစစ်ရမလဲ။ ကိုယ့်ရဲ့ အတိတ်ကို ပြန်လည်ဆန်းစစ်ရမယ်။ အတိတ်ဟာ ဖြစ်ခဲ့တဲ့ ဂုဏ်အယူဆုံးအရာတွေ၊ အောင်မြင်မှုတွေ၊ ပျော်ရွင်စရာ၊ ရင်ခုန်စရာတွေ ပါဝင်သလို ဒုက္ခတွေ၊ စိတ်ဆင်းရဲစရာတွေ ပါဝင်တယ်။ အရေးကြီးတဲ့အချက်က ပြဿနာကြုံလာတဲ့အခါ ဘယ်လို ဖြေရှင်းသလဲ၊ ပြဿနာကို ဘယ်လိုတုန့်ပြန်လဲဆိုတဲ့ အချက်တွေ အင်မတန်အရေးကြီးပါတယ်။ တချို့က ပြဿနာဖြစ်တဲ့အခါ စိတ်ဓာတ်ကျ ရှောင်ဖယ်တတ်တယ်။ တချို့က ဒီပြဿနာကို ကျော်လွှားဖို့ အဖြေရှာတယ်။ ပျော်ရွင်မှုဖြစ်ပြီဆိုရင်လဲ ဘယ်အချိန်မျိုးကျရင် ပျော်တတ်တယ်။ ဘယ်လိုအချိန်မျိုးကျရင် ဂုဏ်ယူတတ်တယ်။

အကောင်းဆုံးသင် ဖန်တီးဖို့ အချက် ၆ ချက် Read More »

ကျွန်တော်ဟာ အစမ်းသပ်ခံ လူသားသာ။

ကျေးဇူးအရမ်းတင်ရတဲ့ ဆရာကြီးရှိတယ်။လွန်ခဲ့တဲ့ နှစ်ပေါင်း 139 နှစ်5 Nov 1883 ပဲခူးတိုင် သုံးဆယ်မြို့မှာလူတစ်ယောက် မွေးဖွားလာတယ်။ အဲ့ဒီ စာရေးဆရာ အရေးအသားတွေကကျွန်တော့် ငယ်ဘဝကို လွမ်းမိုးခဲ့တယ်။ လောကအမြင်ကို ပြောင်းပေးခဲ့တယ်။အဲ့လိုပဲ တခြားသူတွေကို ပြန်လည်ကူညီပေးဖို့ ကိုယ့်မှာတာဝန်ရှိတယ်လို့အပြည့်အဝ ခံယူထားတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်က အစမ်းသပ်ခံပဲ။အစမ်းသပ်ခံ ကြွက်ကလေးလိုအစမ်းသပ်ခံ လူသားတစ်ယောက်ပဲ။အဲ့လို ပဲ ကိုယ့်ကိုကိုယ်ခံယူတယ်။ ကိုယ့်ရဲ့အကောင်းဆုံးပုံစံကိုဘယ်လိုတည်ဆောက်မလဲဆိုတာနည်းလမ်းမျိုးစုံနဲ့စမ်းသပ်တယ်။ဒီစမ်းသပ်မှုနာမည်က Best Version Project ဖြစ်တယ်။ အချိန်ကာလက အသက်မသေမချင်းပေါ့။ စမ်းသပ်မှုကာလမှာ တွေ့ရှိချက်တွေကိုကိုယ့်ရဲ့ Best Version ကိုတည်ဆောက်ချင်သူတွေကို မျှဝေမယ်။ဒီလောက်ပဲ စဉ်းစားထားတယ်။ စမ်းသပ်မှု ပြုလုပ်တဲ့နယ်ပယ်ကသုံးခု အဓိကထားတယ်။ Personal, Professional, Business တိုးတက်ရေးဆိုပါတော့။ အရာရာ ဆုပ်ယုတ်နေတဲ့ နေရာမှာတိုးတက်မှုဆိုတာက ဟာသလိုကြီးဖြစ်ကောင်းဖြစ်နေနိုင်တယ်။ ရိုက်ခတ်မှုပေါင်း များစွာထဲမှာစမ်းသပ်မှုကနေ

ကျွန်တော်ဟာ အစမ်းသပ်ခံ လူသားသာ။ Read More »

ဒီ Best Self တည်ဆောက်ရေးကတော့
ကျွန်တော့် တစ်ဘဝလုံး ဒီထဲမှာ
မြုပ်နှံထားမှာပဲ။

ကိုယ့်ကိုကိုယ် တန်ဖိုးရှိမရှိတော့ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်မှာကိုယ်ရှိတဲ့အခါနဲ့ မရှိတဲ့အခါ ဘာလေးတွေကွာခြားသွားနိုင်မလဲစဥ်းစားကြည့်တယ်။ ကိုယ့်ရဲ့ Best Self ဖြစ်အောင်ဖန်တီးရင်း ဒီအတွေ့အကြုံကိုပြန် share ပေးတာဟာ ဒါ ကုသိုလ်ရတာပဲလို့ယူဆထားတယ်။ Best Self ဖြစ်ဖို့Personal အတွက်ဆို စိတ်နဲ့ ကိုယ်ကျန်းမာရေး၊ တိုးတက်ရေး၊ စဥ်းစားတွေးခေါ်နိုင်ရေး၊ ပေါင်းသင်းဆက်ဆံရေး၊တစ်ကိုယ်ရေ စီမံခန့်ခွဲမှုတွေပါတယ်။ လူတွေ မမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲနိုင်တဲ့ အချက်တွေပေါ့။ Professional မှာတော့ ကိုယ်လုပ်တဲ့အလုပ်ကို တစ်ဖက်ကမ်းခပ်ကျွမ်းကျင်ဖို့ mastery level ရောက်အောင်ကြိုးစားအားထုတ်မှုတွေပါမယ်။ Business မှာတော့လုပ်ငန်းဆောင်တာတွေဖြစ်တဲ့ဝန်ထမ်းစီမံခန့်ခွဲတာ၊ စျေးကွက်ရှာပညာ၊စာရင်းဇယား၊ မဟာဗျူဟာနဲ့ ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတည်ဆောက်တာတွေပါမယ်။ ကျန်တာတော့ များများစားစားကျွန်တော်လဲသိချင်မှ သိလိမ့်မယ်။ ဒီ Best Self တည်ဆောက်ရေးကတော့ကျွန်တော့် တစ်ဘဝလုံး ဒီထဲမှာ မြုပ်နှံထားမှာပဲ။ ဒါကြောင့် ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်အတွက်အကျိုးရှိလိမ့်မယ်လို့တော့ ယူဆတာပဲ။

ဒီ Best Self တည်ဆောက်ရေးကတော့
ကျွန်တော့် တစ်ဘဝလုံး ဒီထဲမှာ
မြုပ်နှံထားမှာပဲ။
Read More »

အကောင်းဆုံး version
တည်ဆောက်ဖို့က ကိုယ့်ရဲ့တာဝန်ပဲ။

အသက်ရှင်နေတုန်း ကိုယ့်ရဲ့အကောင်းဆုံး version တည်ဆောက်ဖို့က ကိုယ့်ရဲ့တာဝန်ပဲ။ကိုယ့်ကိုကိုယ် တန်ဖိုးထားတတ်ဖို့လိုတယ်။ ကိုယ့်နဲ့ အကောင်းဆုံးတွေပဲထိုက်တန်တယ်ဆိုတာ သိဖို့လိုတယ်။ဒီအသိနဲ့ အလုပ်ကို သေချာလုပ်ဖို့လိုတယ်။ Phyo Paing @ Derek

အကောင်းဆုံး version
တည်ဆောက်ဖို့က ကိုယ့်ရဲ့တာဝန်ပဲ။
Read More »

ကိုယ်ကိုကိုယ် လက်ခံပါ။

ကိုယ့်ရဲ့ဖြစ်တည်မှုကို ဂုဏ်ယူပါ။ဘယ်သူ့ ခေါင်းငြိမ့်မှုမှ စောင့်မနေနဲ့။တချို့အရာတွေက လူတိုင်းကိုအသေးစိတ်ရှင်းပြနေစရာမလိုဘူး။လူတွေ အထင်ကြီးဖို့စျေးကြီးတာတွေဝယ်ပြီး ကြွားဖို့လဲအစီအစဉ်မရှိဘူး။ကိုယ့်အထာနဲ့ ကိုယ်ပဲ။ Phyo Paing @ Derek

ကိုယ်ကိုကိုယ် လက်ခံပါ။ Read More »

အခုလိုချိန်မှာ ကိုယ့်ကိုကိုယ် ပိုပြီးဂရုစိုက်ပါ။

အခုချိန်မှာ လူတွေစိတ်ဓာတ်ကျတာကိုပိုဆိုးစေတဲ့အချက်သုံးချက်က ၁။ အလုပ် ၂။ ဝင်ငွေ ၃။ တိုးတက်မှု အလုပ်နဲ့လက်နဲ့ မပျက်ရင် စိတ်ညစ်တာတွေ စဥ်းစားဖို့သိပ်အချိန်မရဘူး။ အဓိပ္ပာယ်ရှိတဲ့ အလုပ်လုပ်နေရရင်စိတ်ညစ်စရာသိပ်စဥ်းစားမိမှာမဟုတ်ဘူး။ ဝင်ငွေမရှိရင် အော်တိုမစ်တစ် စိတ်ညစ်လိမ့်မယ်။ဝင်ငွေပိုတိုးအောင်လုပ်မလား၊ သေချာစီစစ်ပြီး သုံးစွဲမလား၊ နှစ်ခု စလုံးလုပ်မှာလား စဥ်းစားရမယ်။ တတိယတစ်ချက်မှ တိုးတက်မှုလာတယ်။ပထမနှစ်ခုမရှိရင် တတိယလဲမရှိဘူး။ တတိယမရှိရင် မပျော်ဘူး။ အနာဂတ်က စိတ်ဓာတ်ကျစရာပိုကောင်းလာမယ်။တိုးတက်နေဖို့ သင်တန်းပဲတက်နေလို့မရဘူး။ အလုပ်နဲ့ ဝင်ငွေရှိနေဖို့လဲ လိုတယ်။ ကိုယ့်ကိုကိုယ် ကယ်တင်ပြီးမှ တခြားသူတွေကို ကယ်တင်နိုင်မှာဖြစ်တဲ့အတွက်အခုလိုချိန်မှာ ကိုယ့်ကိုကိုယ် ပိုပြီးဂရုစိုက်ပါ။ Phyo Paing @ Derek

အခုလိုချိန်မှာ ကိုယ့်ကိုကိုယ် ပိုပြီးဂရုစိုက်ပါ။ Read More »

လောကမှာ ကိုယ်ရှောင်ပြေးလို့
မရတဲ့သူက ကိုယ်တိုင်ပဲ။

နေ့တိုင်း Training ဆင်းနေတယ်လို့ခံယူထားတယ်။နေ့စဉ်လုပ်တဲ့အလုပ်တိုင်းက ပိုကောင်းတဲ့ကိုယ်ဖြစ်လာစေတယ်။လောကမှာ ကိုယ်ရှောင်ပြေးလို့မရတဲ့သူက ကိုယ်တိုင်ပဲ။ Phyo Paing @ Derek

လောကမှာ ကိုယ်ရှောင်ပြေးလို့
မရတဲ့သူက ကိုယ်တိုင်ပဲ။
Read More »

ကိုယ့်ကိုကိုယ် အရှိအရှိအတိုင်း
ဖော်ပြရမှာ မကြောက်ပါနဲ့။

ကိုယ့်ကိုလူတိုင်းသဘောကျမှာမဟုတ်ဘူး။ကျစရာမလဲမလိုဘူး။ အဓိကအရေးကြီးတာအရှိကို အရှိအတိုင်းဖော်ပြတဲ့သူဖြစ်ဖို့ပဲ။ဒီ self-expression ဟာ လူတစ်ယောက်ဖွင့်ဖြိုးတိုးတက်မှုအတွက်အရေးကြီးတယ်။ လူတစ်ယောက်ဟာ သူဘာစဉ်းစားတယ်၊ဘာကိုယုံကြည်တယ်၊ သူဘယ်သူဆိုတာ မဖော်ပြရဲတာဟာinsecurity ကြောင့်ဖြစ်တယ်။ ဒါကြောင့် အရှိကိုအရှိအတိုင်းပြောရင်လူတွေအထင်သေးမှာ စိုးတယ်။ အဲ့မှာ တိုင်စပတ်တာပဲ။ ကိုယ့်ကိုကိုယ် အရှိအရှိအတိုင်းဖော်ပြရမှာ မကြောက်ပါနဲ့။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် အရှိအရှိအတိုင်း
ဖော်ပြရမှာ မကြောက်ပါနဲ့။
Read More »

ကိုယ့်အတွေး၊ အာရုံ၊ အပြုအမူအကျင့်
ကိုယ်တိုင်လွမ်းမိုးနိုင်ဖို့
self-discipline လိုတယ်။

ကိုယ့်ကိုကိုယ် ကတိမတည်ရင်ကိုယ့်ကိုကိုယ်လဲ မလေးစားသလိုတခြားသူလဲ လေးစားမှာ မဟုတ်ဘူး။ Phyo Paing @ Derek

ကိုယ့်အတွေး၊ အာရုံ၊ အပြုအမူအကျင့်
ကိုယ်တိုင်လွမ်းမိုးနိုင်ဖို့
self-discipline လိုတယ်။
Read More »