Personality

Self-discipline ရှိမှ
Self-respect ရှိမယ်။

ကိုယ့်ကိုကိုယ်လေးစားဖို့ ကိုယ်လုပ်မယ်လို့ ဆုံးဖြတ်ချက်ချထားတဲ့အရာတွေကို ဘယ်လိုစိတ်အခြေအနေဖြစ်နေပါစေမဖြစ်ဖြစ်အောင် လုပ်တာကိုself-discipline လို့ခေါ်တယ်။ Phyo Paing @ Derek

Self-discipline ရှိမှ
Self-respect ရှိမယ်။
Read More »

Personal, Private, Public
ကျွန်တော်တို့မှာ
ဘဝသုံးခုရှိတယ်။

တစ်ခုက Personal ကိုယ်တွေးတာ၊ ခံစားရတာ ကိုယ်ပဲသိတယ်။ နောက်တစ်ခုက Private ကိုယ်တွေးတာ၊ ခံစားတာ၊ လုပ်ဆောင်တာ၊ကန့်သတ်စည်းအတွင်းဝင်ခွင့်ရတဲ့လူတစ်စုသိထားတဲ့ ဘဝ။ နောက်တစ်ခုက Public လူအများစုတွေ့မြင်ပုံဖော်တဲ့ကိုယ့်ရဲ့ဘဝ။ အရေးအကြီးဆုံးက ကိုယ့်ရဲ့Private Life ကို access ပေးတဲ့သူအရမ်း အရေးကြီးတယ်။ ကိုယ့်ကို အမှန်တကယ်နားလည်စေတနာထားတဲ့ဖြစ်ဖို့လိုတယ်။တကိုယ်ကောင်းဆန်ပြီး တစ်ဖက်သတ်အမြတ်ထုတ်ဖို့ပဲ မစဉ်းစားတဲ့သူဖြစ်ဖို့ အရေးကြီးတယ်။ Phyo Paing @ Derek

Personal, Private, Public
ကျွန်တော်တို့မှာ
ဘဝသုံးခုရှိတယ်။
Read More »

ကျွန်တော့်မှာ ယုံကြည်မှု ၇ ခုရှိတယ်။

ပိုရယူ သိလူကစား ဖြစ်အောင်လုပ်လို့ အတိုကောက်မှတ်လို့ရတယ်။ ၁။ အရာရာ ပိုကောင်းဖို့ဖြစ်လာတာပါ။ (ပို)၂။ အရှုံးဆိုတာမရှိဘူး။ ရလဒ်တွေပဲရှိတယ်။လုပ်ရပ်ပြောင်းရင် ရလဒ်ပြောင်းတယ်။(ရ)၃။ ဘာပဲဖြစ်ဖြစ် တာဝန်ယူပါ။ (ယူ)၄။ တစ်ခုခုအသုံးချဖို့အတွက် အကုန်သိနေစရာမလိုဘူး။ (သိ)၅။ လူကြောဆိုတာ ရွှေကြော။ (လူ)ကိုယ့်ကိုအောင်မြင်အောင်ကူညီပေးနိုင်တာလူတွေပဲ။ ၆။ အလုပ်ဆိုတာ ကစားတာ။ (ကစား)Game တစ်ခုလို စွဲစွဲလမ်းလမ်းလုပ်။၇။ လုပ်မယ်လို့ဆုံးဖြတ်ပြီးရင်ဖြစ်အောင်လုပ်။ (ဖြစ်အောင်လုပ်) လိုက်နာတဲ့ rule or guiding principles ကတော့ ၁။ ဘူကောင်တွေကို ရှောင်၂။ ကိုယ့်ကိုကိုယ် ဂုဏ်ယူရတဲ့အလုပ်တွေ နေ့စဉ်လုပ်၃။ အလုပ်ကို ပိုးစိုးပက်စက်လုပ်၄။ ဒူပဒေါပခေံ၅။ မယူခင်အရင်ပေး၆။ ယူတာထက်ပိုပေး၇။ ရှုံးနိုင်ခြေနဲ့ ဖြစ်နိုင်ခြေကို အမြဲတွက်၈။ ထွက်ငွေကိုဝင်ငွေအနေနဲ့ ပြန်ပြောင်း၉။ ကိုယ့်ကိုငွေရှာပေးမည့်အရာတွေမှာ ငွေသုံးဖို့ မနှမြောနဲ့။၁၀။ ကိုယ်နဲ့အလုပ်လုပ်တဲ့သူတိုင်း တိုးတက်သွားရမယ်။

ကျွန်တော့်မှာ ယုံကြည်မှု ၇ ခုရှိတယ်။ Read More »

2012 Feb တိုင်စပတ်တဲ့အချိန်ပေါ့။

ဘွဲ့လဲရပြီ။ ဆေးလဲမကုဘူး။ ဒါက သေချာတယ်။ခြောက်နှစ်လောက်သင်ခဲ့တာနဲ့ အသက်မမွေးဘူးဆိုမှတော့ သုညက ပြန်စရမှာပေါ့။ အသက်ရှူတောင် သိပ်မဝချင်ဘူး။အဲ့အချိန်ကပေါ့။ သင်တန်းတွေ အစုံလဲ လိုက်တက်ကြည့်ဖူးတယ်။နောက်ဆုံး Business Management ကိုလေ့လာမယ်ဆိုပြီး Awarding Body တစ်ခုကပေးတဲ့ Ofqual Graduate Diploma ကို ရွေးလိုက်တယ်။ အဲ့တုန်းက ဘာသာရပ် ငါးခုပါတယ်။ငါးလလောက်အချိန်ပေးပြီးexam ဖြေဖို့လုပ်လိုက်တယ်။ကံကောင်းတာ တစ်ခုက စိတ်ဝင်စားတဲ့ textbook တွေဖတ်ပြီးရင်ဘယ်စာ ဘယ်နားပါတယ်ဆိုတာ မှတ်မိနေတတ်တယ်။ အဲ့ဒီ awarding body ကတော့ ABE (UK) ပဲ။ ABE စာအုပ်တွေက ဖွဲ့စည်းထားတာတော်တော်လေး structure ကျတယ်။ အဲ့ဒီ အခြေခံတွေက MBA တက်တဲ့အခါတော်တော်လေး အထောက်အကူပြုသလိုအောက်သက်ကြေစေတယ်။ အဲ့ဒီအချိန်ကတော့ ABE ပြီးရင် MBA ကို

2012 Feb တိုင်စပတ်တဲ့အချိန်ပေါ့။ Read More »

ကိုယ်ကိုးကွယ်နေတဲ့
motivational speaker လဲ

ဒီကာလမှာ ကြိတ်ပြီး စိတ်ဓာတ်မကျနေဘူးလို့မပြောနိုင်ဘူး။ ဒါကြောင့် ဗုဒ္ဓဟောကြားတဲ့အတိုင်းမိမိကိုယ်သာ ကိုးကွယ်ရာပါ။ Phyo Paing @ Derek

ကိုယ်ကိုးကွယ်နေတဲ့
motivational speaker လဲ
Read More »

ဘဝ နောက်ပြန်လည့်ကြည့်ရင်
ပြင်ချင်စရာ မရှိဘူးလို့တောင်
ပြောရမယ်။

ဘာကြောင့်လဲဆိုတော့ ဘဝမှာ လက်ကိုင်ထားပြီးနေ့စဉ်အမြဲ update လုပ်နေတဲ့ဘဝနေထိုင်မှု ဥပဒေသတွေကြောင့်ပဲ။ ဒါကတော့ တစ်ခုခု ဆုံးဖြတ်ချက်ချစရာရှိရင်လုပ်မလား၊ မလုပ်ဘူးလား။တွေဝေမနေနဲ့။တွေဝေနေလို့ပဲ ဆုံးဖြတ်ချက်ပိုကောင်းလာမှာ မဟုတ်ဘူး။ စဉ်းစားနည်းစနစ်ကို အသုံးပြုချက်ချင်းဆုံးဖြတ်ချက်ချ။ နောက်တစ်ခုက အချိန်ကို အလဟဿ မဖြုန်းနဲ့။ အလုပ်ကို ပိုးစိုးပက်စက်လုပ်၊ နားရင် ပိုးစိုးပက်စက်နား။ အနားယူဖို့ plan လုပ်မနေနဲ့ပင်ပန်းတယ်ထင်ရင် နားလိုက်။ပြန်ကောင်းရင် အလုပ်ကိုပိုးစိုးပက်စက်ပြန်လုပ်။ ဘဝမှာ ကိုယ်တိုင်ထားတဲ့ personal rules တွေအရေးကြီးတယ်။ Phyo Paing @ Derek

ဘဝ နောက်ပြန်လည့်ကြည့်ရင်
ပြင်ချင်စရာ မရှိဘူးလို့တောင်
ပြောရမယ်။
Read More »

ကိုယ့်ကိုကိုယ် ကျေးဇူးတင်တဲ့
အလုပ်တွေ လုပ်နိုင်ဖို့အတွက်
THANK ကို ဂရုစိုက်ဖို့လိုတယ်။

T – Thinking 💭 အတွေး H – High Income Skill 👨‍💻 ငွေများများရှာပေးတဲ့ အတတ်ပညာA – Action လုပ်ရပ်N – Network အပေါင်းအသင်းK – Knowledge အသိပညာ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် ကျေးဇူးတင်တဲ့
အလုပ်တွေ လုပ်နိုင်ဖို့အတွက်
THANK ကို ဂရုစိုက်ဖို့လိုတယ်။
Read More »

ရေရှည်အတွက် ဒူပေဒါပေခံပြီး
သက်လုံကောင်းဖို့ အရေးကြီးတယ်။

ကိုယ့် Industry ထဲမှာ ကိုယ်အားကျခဲ့တဲ့ လုပ်ငန်းရှင်တွေကနောက်ဆယ်နှစ်နေရင် ကိုယ့်ကိုပြန်အားမကျဘူးလို့ မပြောနိုင်ဘူး။ရေရှည်အတွက် ဒူပေဒါပေခံပြီးသက်လုံကောင်းဖို့ အရေးကြီးတယ်။ Phyo Paing @ Derek

ရေရှည်အတွက် ဒူပေဒါပေခံပြီး
သက်လုံကောင်းဖို့ အရေးကြီးတယ်။
Read More »

အကြွားသန်ဖို့ထက် အမှန်တတ်ဖို့
ပိုအရေးကြီးတယ်လို့ ယူဆထားတယ်။

ဂုတ်တွေ ကွန်ပြူတာတွေနဲ့ဟိတ်ကြီးဟန်ကြီးနဲ့ ဓာတ်ပုံတွေရိုက်Congratulations တွေတင်Billboard တွေ ထောင်ပြီးBusiness Plan လောက်တောင်မဆွဲတတ်၊ Financial Projections မလုပ်တတ်တာကို လူ့ပေါက်ပန်းလို့နာမည်ပေးထားတယ်။အဲ့လို အဟန်ပဲရှိပြီး အဆံမရှိတဲ့Culture ကို တိုက်ဖျက်ချင်တယ်။ဒီခံယူချက်နဲ့ အလုပ်လုပ်နေတာပဲ။အကြွားသန်ဖို့ထက် အမှန်တတ်ဖို့ပိုအရေးကြီးတယ်လို့ ယူဆထားတယ်။ Phyo Paing @ Derek

အကြွားသန်ဖို့ထက် အမှန်တတ်ဖို့
ပိုအရေးကြီးတယ်လို့ ယူဆထားတယ်။
Read More »

ရေရှည်သွားရမည့်ခရီးလမ်းတိုင်းကို
စိတ်ရှည်မှု၊ ဇွဲနဲ့ သည်းညည်းခံပြီး
ဖြတ်သန်းနိုင်တဲ့ grit လိုတယ်။

စိတ်ရှည်ဇွဲသန် သည်းညည်းခံပြုရန် သာသနာဆိုပြီးငယ်ငယ်ရှင်ပြုတုန်းကတွေ့လိုက်တယ်။ ဒီအချက်ကို ငါဘယ်နေရာမှာသုံးနိုင်မလဲ စဥ်းစားကြည့်တယ်။ ဗုဒ္ဓသာသနာကို နှစ်ပေါင်း၂၅၀၀ တိုင်အောင် တည်တံ့အောင်လုပ်နိုင်ခဲ့တာ ဒီ core values ကြောင့်ဖြစ်နိုင်တယ်လို့စဥ်းစားမိတယ်။ အာသောကမင်းလက်ထက်မှာတတိယသင်္ဂါယနာ တင်တယ်။ရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်မြတ် တို့ကကိုးတိုင်း ကိုးဌာန ပြည်နယ်တို့ကိုဥပသမ္ပဒကံဆောင်နိုင်စေရန်ခေါင်းဆောင်တစ်ပါးနှင့်သံဃာငါးပါးစီကို စေလွှတ်ကြွချီတော်မူတယ်။ ဒီလို Propagation ဖြစ်ဖို့ သာမာန်ဇွဲနဲ့မရဘူး။စိတ်ရှည်ရတယ်။​ဇွဲသန်ရတယ်။​သည်းငြင်းခံရတယ်။စော်ကားခံရတဲ့ အချိန် ပြုံးပြုံးလေးနဲ့မသိချင်ယောင်ဆောင်သည်းခံရတဲ့ အချိန်တွေရှိကောင်းရှိနိုင်တယ်။​ ကျွန်တော်တို့က တချို့ကိစ္စတွေကိုခွင့်လွတ်လို့ရတယ်။မေ့လိုက်လို့မရဘူး။ဒါကနေ သင်ခန်းစာယူပြီးရှေ့ဆက်ဖို့လိုတယ်။ ရေရှည်သွားရမည့်ခရီးလမ်းတိုင်းကိုစိတ်ရှည်မှု၊ ဇွဲနဲ့ သည်းညည်းခံပြီးဖြတ်သန်းနိုင်တဲ့ grit လိုတယ်။ Phyo Paing @ Derek

ရေရှည်သွားရမည့်ခရီးလမ်းတိုင်းကို
စိတ်ရှည်မှု၊ ဇွဲနဲ့ သည်းညည်းခံပြီး
ဖြတ်သန်းနိုင်တဲ့ grit လိုတယ်။
Read More »