Personality

နေ့လည်အကြာကြီး အိပ်လိုက်ရင် အိပ်ချင်မူးတူးဖြစ်နေပြီး Productivity အပေါ် သက်ရောက်မှာရှိတယ်။

ဦးနှောက်အဓိက အသုံးပြုအလုပ်လုပ်ရတဲ့အခါဦးနှောက်ပင်ပန်းနွယ်နယ်မှု အဆင့်တစ်ခုကိုအမြဲ ဖြတ်သန်းရတယ်။ အဲ့ဒီအချိန်မှာ ဦးနှောက်လှိုင်းကTheta brain wave အခြေအနေမှာရှိတယ်။ ဒါကို recharge လုပ်တဲ့နည်းက ၁၅ မိနစ်အိပ်တာပဲ။အဲ့ဒီအချိန်မှာ သတိထားရတာ မိနစ် ၃၀ ထက်မကျော်ဖို့ပဲ။ မဟုတ်ရင် တိုင်ပတ်ပြီ။ ဘာကြောင့်လဲဆိုတော့ တခါတလေ နေ့လည်မှာ အရမ်းအိမ်ပျော်သွားပြီး အလုပ်အတွက် မထချင်တာမျိုးကြုံဖူးလိမ့်မယ်။ ဒါဘာကြောင့်လဲဆိုတော့ sleep cycle ထဲရောက်သွားလို့။အိပ်ဆက်ပြီဆိုရင် Sleep Cycle တစ်ပတ်ပြည့်ဖို့မိနစ်ကိုးဆယ်ကြာတယ်။ အဆင့်ငါးဆင့်ကို ဖြတ်သန်းရတယ်။အဲ့ဒီ sleep cycle ထဲရောက်သွားရင် မိနစ်ကိုးဆယ်ပြည့်တဲ့အထိ လူကနှုံးနေတတ်တယ်။ဒါကြောင့် နေ့လည်ခဏအိပ်တာ ၁၅-၂၀ မိနစ်ကတော့အကောင်းဆုံးပါပဲ။ ခဏနဲ့ အိပ်မပျော်ရင်နောက်တစ်နည်းကတော့ ဦးနှောက်လှိုင်း Gamma wave ကိုပြောင်းဖို့ တရားထိုင်တာပဲ။ ပုံမှန် ဝိပ္ပဿနာနည်းထက် Headspace နဲ့ Balance […]

နေ့လည်အကြာကြီး အိပ်လိုက်ရင် အိပ်ချင်မူးတူးဖြစ်နေပြီး Productivity အပေါ် သက်ရောက်မှာရှိတယ်။ Read More »

ကိုယ့်ကိုကိုယ် ကျေးဇူးတင်ကြည့်ပါ။

အရင်က ကျေးဇူးတင်တဲ့လူစာရင်းထဲမှာကိုယ် မပါဘူး။ နောက်ပိုင်း ကိုယ့်ကိုကိုယ် ကျေးဇူးတင်တဲ့concept ကို စလုပ်ကြည့်တယ်။ အဓိက အခြေခံ concept ကတော့ soul နဲ့ body ကို ခွဲလိုက်တယ်။ ဝိညာဉ် နဲ့ ခန္ဓာကိုယ် ဆိုပါတော့။ I am not a body with a soul. I am a soul with a body ဆိုတဲ့ concept ပါ။ ကျွန်တော်တို့ ခန္ဓာကိုယ်ဟာ ရလဒ်တစ်ခုပဲ။ ဒီ ခန္ဓာကို ခိုင်းစေတာက ဝိညာဉ် ပဲဖြစ်တယ်။ ဒီ idea ကို 25 August 2015 Dr. Wayne

ကိုယ့်ကိုကိုယ် ကျေးဇူးတင်ကြည့်ပါ။ Read More »

အရည်အချင်း ဆိုတာ အလကားမဖြစ်လာဘူး။

အရည်အချင်းဆိုတာ ပြဿနာတွေဖြေရှင်းရင်းနဲ့မှ ဖြစ််လာတာ။ လုပ်ငန်းတစ်ခု အောင်မြင်ဖို့၊ နယ်ပယ်တစ်ခုမှာနေရာတစ်ခုရဖို့ အရမ်းလွယ်တယ်လို့ဘေးကကြည့်ပြီး ထင်ကောင်းထင်လိမ့်မယ်။ နယ်ပယ်တစ်ခုမှာ နေရာတစ်ခုရောက်နေတဲ့လူတွေအားရင် ခေါင်းထဲ သူ့လုပ်ငန်း၊ နယ်ပယ်အကြောင်းပဲတွေးနေတာ ဘေးလူတွေ သတိမထားတတ်မိကြဘူး။ ရေချိုးရင်းအိုင်ဒီယာရလို့ ချက်ချင်းပြေးလုပ်တာတွေဘေးလူတွေ သိချင်မှ သိမယ်။ ပြဿနာပေါင်းတစ်သောင်းခြောက်ထောင်ကို အစပိုင်းမှာ လက်လျှော့လိုက်ရင်ကောင်းမလားကိုယ့်ကိုကိုယ် ဒွိဟတွေနဲ့ ငြင်းခုန်မှုတွေကို ကျော်လွန်ဖို့ အပြင်းအထန်ကြိုးစားရတာ ဘေးလူတွေ သိချင်မှသိမယ်။ နယ်ပယ်တစ်ခုမှာ လူရိုသေရှင်ရိုသေဖြစ်ဖို့ စတေးရတဲ့အရာတွေ၊ ပေးဆပ်မှုတွေကို ဘေးလူတွေ နားလည်ပေးချင်မှ နားလည်မယ်။ ရှေ့ဆုံးက ပြေးနေနိုင်ဖို့ မရှိသေးတဲ့အရာတွေရှိဖို့၊ရှိပြီးသားအရာတွေ တည်တံ့ဖို့၊ တည်တံပြီးသားအရာတွေ ဆပွားတိုးတက်ဖို့ အမြဲ အကြံထုတ်နေရတာ တခြားသူတွေ သိချင်မှ သိမယ်။ တချို့အချိန်တွေမှာ တချို့ပြဿနာတွေကို သိပေမယ့် မသိသလို လျစ်လျူရှုစောင့်ကြည့်တဲ့စိတ်ရှည်မှုမျိုးတွေ ထားရတဲ့အချိန်တွေရှိတာ တခြားသူတွေ သိချင်မှ သိမယ်။

အရည်အချင်း ဆိုတာ အလကားမဖြစ်လာဘူး။ Read More »

ကိုယ့်ကိုကိုယ် product တစ်ခုလို
စဥ်းစားကြည့်လိုက်။

Version 1.0, 2.0, 3.0 အစရှိသည်update လုပ်နေရမှာပဲ။ ဘယ်တော့မှလဲ ပြီးပြည့်စုံတယ်ဆိုတာရှိမှာမဟုတ်ဘူး။အရေးကြီးတာ ပြီးပြည့်စုံဖို့ထက်အရင် version ထက် ပိုကောင်းနေဖို့ပဲ။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် product တစ်ခုလို
စဥ်းစားကြည့်လိုက်။
Read More »

Relationship တစ်ခုမှာ ကျေးဇူးတင်တတ်တဲ့စိတ်မထားတတ်ရင် ရေရှည်အဆင်မပြေနိုင်ဘူး။

ကိုယ်ရှိထား၊ ပိုင်ဆိုင်ထားတာကိုကျေးဇူးတင်စိတ်နဲ့ နေထိုင်ဖြတ်သန်းနိုင်ဖို့လိုတယ်။ နောက်တစ်ခုက relationship လို့ဆိုလိုက်ရင်လူတိုင်းက ကိုယ်လိုချင်တာကိုပဲ စဉ်းစားကြတယ်။ဘယ်လိုပုံစံ၊ ဘာအရည်အချင်း၊ချမ်းသာကြွယ်ဝမှုဘယ်လို၊ငါ့အပေါ်ဘာတွေလုပ်ပေးရမယ်။Relationship ဆိုတာကိုယ်သွားယူရတဲ့အရာမဟုတ်ဘူး။လူတစ်ယောက်ကိုချစ်ရင်ပေးဆပ်ဖို့စဉ်းစားတဲ့နေရာ။ တိုနီပြောတာ သဘောကျလို့။Relationship is not a place you go and take.It’s a place you go and give တဲ့။ Phyo Paing @ Derek

Relationship တစ်ခုမှာ ကျေးဇူးတင်တတ်တဲ့စိတ်မထားတတ်ရင် ရေရှည်အဆင်မပြေနိုင်ဘူး။
Read More »

အခုချိန်မှာ လူတွေစိတ်ဓာတ်ကျတာကို
ပိုဆိုးစေတဲ့အချက်သုံးချက်

အခုချိန်မှာ လူတွေစိတ်ဓာတ်ကျတာကိုပိုဆိုးစေတဲ့အချက်သုံးချက်က ၁။ အလုပ် ၂။ ဝင်ငွေ ၃။ တိုးတက်မှု အလုပ်နဲ့လက်နဲ့ မပျက်ရင် စိတ်ညစ်တာတွေ စဥ်းစားဖို့သိပ်အချိန်မရဘူး။ အဓိပ္ပာယ်ရှိတဲ့ အလုပ်လုပ်နေရရင်စိတ်ညစ်စရာသိပ်စဥ်းစားမိမှာမဟုတ်ဘူး။ ဝင်ငွေမရှိရင် အော်တိုမစ်တစ် စိတ်ညစ်လိမ့်မယ်။ဝင်ငွေပိုတိုးအောင်လုပ်မလား၊ သေချာစီစစ်ပြီး သုံးစွဲမလား၊ နှစ်ခု စလုံးလုပ်မှာလား စဥ်းစားရမယ်။ တတိယတစ်ချက်မှ တိုးတက်မှုလာတယ်။ပထမနှစ်ခုမရှိရင် တတိယလဲမရှိဘူး။ တတိယမရှိရင် မပျော်ဘူး။ အနာဂတ်က စိတ်ဓာတ်ကျစရာပိုကောင်းလာမယ်။တိုးတက်နေဖို့ သင်တန်းပဲတက်နေလို့မရဘူး။ အလုပ်နဲ့ ဝင်ငွေရှိနေဖို့လဲ လိုတယ်။ ကိုယ့်ကိုကိုယ် ကယ်တင်ပြီးမှ တခြားသူတွေကို ကယ်တင်နိုင်မှာဖြစ်တဲ့အတွက်အခုလိုချိန်မှာ ကိုယ့်ကိုကိုယ် ပိုပြီးဂရုစိုက်ပါ။ Phyo Paing @ Derek

အခုချိန်မှာ လူတွေစိတ်ဓာတ်ကျတာကို
ပိုဆိုးစေတဲ့အချက်သုံးချက်
Read More »

Artist စစ်တွေကို လေးစားတယ်။

သူတို့က ခေတ်တစ်ခေတ်ရဲ့ ယဥ်ကျေးမှုကို ဖော်ပြပေးတယ်။ဖန်တီးမှုထဲမှာ စျာန်ဝင်နိုင်တယ်။ လက်ရှိမွန်းကြပ်မှုတွေထဲက ထွက်ပေါက်အနုပညာကမ္ဘာထဲမှာ စိတ်ကျက်စားနိုင်တယ်။ ဒီစိတ်ဓာတ်ကို လူတိုင်းကျင့်သုံးလို့ရတယ်။ ကိုယ်လုပ်နေတဲ့အလုပ်ကို art တစ်ခုအဖြစ်မြင်လို့ရတယ်။ Content တွေဖန်တီးတာ၊ ကိတ်မုန့်ဖုတ်တာ၊ ဧည့်ကြိုတာ၊ ကိုယ်လုပ်တဲ့အလုပ် တိုင်းကို art တစ်ခု အဖြစ် ခံယူမယ်ဆို ပိုကောင်းတဲ့ အရာတွေ ဖန်တီးနိုင်မှာမလွဲပဲ။ စောစောကြွေလွင့်ခဲ့တဲ့ ဒိုးလုံးတို့လို၊ ရေမွန်တို့လို artist တွေက ကမ္ဘာပေါ်မှာ မရှိတော့ပေမယ့် သူတို့ဖန်တီးမှုတွေ လူသားတွေရဲ့နှလုံးသားကိုရိုက်ခတ်မှု ဆက်ရှိနေအုံးမှာပဲ။ Phyo Paing @ Derek

Artist စစ်တွေကို လေးစားတယ်။ Read More »

Personal development လုပ်တယ်ဆိုတာ သီးသန့်အချိန်အများကြီးပေးပြီး
လုပ်နေရတာမျိုးမဟုတ်ဘူး။

မနက်ထတဲ့အခါ journaling ရေးတာမျိုး၊ဒါမှမဟုတ် priming လုပ်၊ တရားထိုင်တာမျိုး၊ရေချိုးတဲ့အခါ audiobook ဖွင့်ထားတာမျိုး၊ညမအိပ်ခင် ဆယ်မိနစ်လောက်စာအုပ်ကောက်ဖတ်တာမျိုး၊ ဝူးဝူးဝါးဝါး လုပ် သင်တန်းတွေတက်နေမှ မဟုတ်ဘူး။ Ritual ပါ။Personal development is a way of life ပါ။ထမင်းစား၊ ရေသောက်သလို ဘဝနေထိုင်မှုပါ။ Phyo Paing @ Derek

Personal development လုပ်တယ်ဆိုတာ သီးသန့်အချိန်အများကြီးပေးပြီး
လုပ်နေရတာမျိုးမဟုတ်ဘူး။
Read More »

လူတွေမှာရှိတဲ့အကြီးဆုံး စွမ်းအား

ဒုက္ခကြီးကြီး မကြုံခဲ့ဖူးတဲ့သူကသူ့ဒုက္ခသေးသေးကို ကြီးလှပြီမှတ်နိုင်တယ်။ လူတိုင်းကိုယ်ရောက်နေတဲ့နေရာနဲ့ ထိုက်တန်တဲ့ စိန်ခေါ်မှုကိုတော့ကြုံတွေ့နေရတာကြီးပဲ။ ရှေ့မှာရှိတဲ့ စိန်ခေါ်မှုကို အနိုင်ယူဖို့လိုသလိုအနာဂတ်အတွက် စိန်ခေါ်မှုကိုလဲပြင်ဆင်ထားဖို့လိုတယ်။ လူတွေမှာရှိတဲ့အကြီးဆုံး စွမ်းအားက စိတ်ဓာတ်၊ အာရုံစူးစိတ်မှု၊ သေသပ်တဲ့ အကောင်အထည်ဖော်မှုတွေပဲ။ Phyo Paing @ Derek

လူတွေမှာရှိတဲ့အကြီးဆုံး စွမ်းအား Read More »

Pro တစ်ယောက်ဖြစ်ဖို့
စိတ်ခံစားမှုတွေရဲ့အလွန်ကို
သွားဖို့လိုတယ်။

နေ့တိုင်း အိုင်ဒီယာတစ်ခုထိုင်ရေးတော့ရေးချင်ချင်၊ မရေးချင်ချင် စိတ်ခံစားမှုရှိမှ လုပ်တဲ့အဆင့်ကိုကျော်လွန်ပြီး ရေးဖြစ်သွားတယ်။ ဖောက်သည်နဲ့တွေ့တဲ့အခါ စိတ်ပျော်သည်ဖြစ်စေ၊ စိတ်ညစ်သည်ဖြစ်စေပြုံးပြပြီးသူတို့အဆင်ပြေအောင်လုပ်ပေးတာစိတ်ခံစားမှုကို ကျော်လွန်ပြီးလုပ်ဆောင်တဲ့အဆင့်ဖြစ်သွားတယ်။ ကိုယ့်လုပ်ငန်းအတွက် စီမံကိန်းရေးဆွဲတာရင်ခုန်စရာကောင်းသည်ဖြစ်စေ၊ ပျင်းစရာကောင်းသည်ဖြစ်စေတကယ် စီမံကိန်းရေးဆွဲဖြစ်သွားတာစိတ်ခံစားမှုရဲ့ အလွန်ဖြစ်တယ်။ စိတ်ပါသည်ဖြစ်စေ၊ စိတ်မပါသည်ဖြစ်စေကမ္ဘာ့ထိပ်တန်းဘော်လုံးသမားတစ်ယောက်ကလေ့ကျင့်ခန်းပုံမှန် ဆင်းနေတယ်။ Phyo Paing @ Derek

Pro တစ်ယောက်ဖြစ်ဖို့
စိတ်ခံစားမှုတွေရဲ့အလွန်ကို
သွားဖို့လိုတယ်။
Read More »