ဘဝဆိုတာ တိုတိုလေးပါ။
မနက်ရောက်တိုင်းမေးဖြစ်တယ်။ ဒီနေ့ရဲ့ အဓိကရည်ရွယ်ချက်ကဘာလဲ။ ဘာတွေပြီးသွားရင် ဒီနေ့တစ်ရက် အကျိုးရှိရှိ၊အဓိပ္ပာယ်ရှိရှိပြီးသွားတယ်လို့သိနိုင်မလဲ။ လောကမှာ ကိုယ်ထိန်းချုပ်လို့မရတာအများကြီးပဲ။ ကိုယ်ထိန်းချုပ်လို့ရတာ တစ်ရက်တာကို ဘယ်လို ကုန်ဆုံးမလဲ။ ဘာတွေကို အာရုံစိုက်မလဲ။ဘာတွေကို လုပ်ဆောင်မလဲ။ တစ်ရက်တာကုန်ဆုံးသွားတဲ့အခါဒီက ဘာသင်ခန်းစာယူပြီးမနက်ဖြန်ရှေ့ဆက်မလဲ။ ဘဝဆိုတာ တိုတိုလေးပါ။ ကိုယ့်စိတ်နဲ့ ခန္ဓာဆိုတာ နေ့စဥ် တည်ဆောက်နေရတဲ့အိမ်ပါ။ သေချာမတည်ဆောက်တဲ့အခါဖရိုဖရဲဖြစ်နေမယ်။ Phyo Paing @ Derek
ဘဝဆိုတာ တိုတိုလေးပါ။ Read More »
