အနာဂတ်ပြဿနာတွေ ကြိုဖြေရှင်းပါ။
အိုမယ်၊ နာမယ်၊ သေမယ်။ အိုတာအတွက် အိုစာမင်းစာရှာရမယ်။နာတာကို လျော့ဖို့၊ နောက်ကျဖို့ ကျန်းမာရေးလုပ်ရမယ်။ အစားကို သတိထားစားရမယ်။ သေဖို့အတွက် စိတ်ထားတတ်အောင်လေ့ကျင့်ထားရမယ်။ ကိုယ်နဲ့သိတဲ့သူတွေလဲ ဘဝထဲကတစ်ယောက်ပြီး တစ်ယောက်ထွက်သွားကြတာပဲ။ တချို့က တရားထိုင်တယ်ဆိုတာ သေနည်းကျင့်တယ်တဲ့။ ဒါလဲ မှန်တာလို့ဆိုလို့ရတာပဲ။ ကျွန်တော်ကတော့ အနာဂတ်ပြဿနာတွေကြိုတင် အဖြေရှာတယ်။ ဒါမှလဲ ဘဝက အဆင်ပြေမှာ။ကျောင်းမပြီးသေးဘူးကျောင်းပြီးလုပ်ဖို့ အလုပ်ကြိုရှာတယ်။အလုပ်လုပ်နေရင်း လုပ်ငန်းစတင်ဖို့စဥ်းစားတယ်။လုပ်ငန်းလုပ်နေရင်း ကြီးလာရင်ချဲ့ဖို့စဥ်းစားတယ်။ အနာဂတ်ပြဿနာတွေကို ကြိုတင်အဖြေရှာထားမှဘဝက နေပျော်မှာ။ Phyo Paing @ Derek
အနာဂတ်ပြဿနာတွေ ကြိုဖြေရှင်းပါ။ Read More »