အေးချမ်းချင်ရင်
လိပ်ပြာသန့်သန့်နဲ့ အသက်ရှင်ပါ။
အေးချမ်းချင်ရင်လိပ်ပြာသန့်သန့်နဲ့ အသက်ရှင်ပါ။ ကိုယ့်အရည်အချင်းနဲ့ မထိုက်တန်တဲ့ချမ်းသာမှုကို မသမာနဲ့နည်း၊သမာအာဇီဝမကျတဲ့နည်းနဲ့မရှာနဲ့။ ချမ်းသာလိမ့်မယ်။ကြွယ်ဝမှာ မဟုတ်ဘူး။ ချမ်းသာတယ်ဆိုတာ ရှိတာ။ချက်ချင်းပြန်ကုန်သွားနိုင်တယ်။ကြွယ်ဝတယ်ဆိုတာ ပေါများကြွယ်ဝနေတာ။ မသမာနည်းနဲ့ သမာအာဇီဝမကျတဲ့နည်းနဲ့ငွေရှိလိမ့်မယ်။အတွင်းစိတ်အေးချမ်းမှာ မဟုတ်ဘူး။ ဒါကြောင့် ဒါကိုလဲအားမကျမိနဲ့။လူ့သဘောအရ စိတ်ယိုင်တတ်တယ်။ တွေ့ဖူးတဲ့ သူတပါးမျက်ရည်ကြီးငယ်ကျအောင်လုပ်ပြီးငွေရှာတဲ့သူတွေ၊ဘဝတွေပျက်အောင်လုပ် ငွေရှာတဲ့သူတွေပူလောင်နေကြတာများတယ်။ ဓာတ်ဆိုတာ ခံစားလို့ရတယ်။ ဒါကြောင့် ဗုဒ္ဓက သံသရာကလွတ်မြောက်ဖို့မဂ္ဂင်ရှစ်ပါးမှာသမာအာဇီဝ အသက်မွေးပါဖို့ဟောကြားခဲ့တယ်။ အနာဂတ်ရဲ့ ကံကိုကြွေးယူပြီး ဒီဘဝမှာ သုံးတာကောင်းတဲ့အလုပ် မဟုတ်နိုင်ဘူး။ ကိုယ်လိုချင်တာကို ရဖို့ထိုက်တန်တဲ့သူဖြစ်အောင်နေ့စဉ်ပါရမီဖြည့်ဖို့လိုပါတယ်။ Phyo Paing @ Derek
အေးချမ်းချင်ရင်
လိပ်ပြာသန့်သန့်နဲ့ အသက်ရှင်ပါ။ Read More »