နောက်ဆုံးတော့ ဘာအလုပ်ပဲလုပ်လုပ်
အောင်မြင်ဖို့ အရေးကြီးဆုံးအရာတစ်ခုကတော့ Timing အချိန်ပါပဲ။
Personal Finance လုပ်တဲ့အခါ မြေနေရာတစ်ခုကို invest ဆုံးဖြတ်တဲ့အခါ ပြန်ငှားရင်ဘယ်လောက်ရမလဲစဥ်းစားကြတယ်။ဒီလိုစဥ်းစားတဲ့အခါ ခေတ်ကောင်း၊ ခေတ်မကောင်းအပြင်Average ချကြည့်ဖို့လိုလာတယ်။ ဒါကတော့ Cashflow game ပေါ့။ တချို့က ဘယ်အချိန်မှာ ပြန်ရောင်းရင်ဘယ်လောက်မြတ်မယ်။ဒါကတော့ Capital gain ပေါ့။ ကိုယ်က ဘယ် game နဲ့ကစားလဲဆိုတာစဥ်းစားရတယ်။Real Estate Developer တွေကစားတဲ့ game ကတော့Develop လုပ်ပြီးရောင်းတာထက် Ecosystem တစ်ခုတည်ဆောက်ပြီးသွားတဲ့ခေတ်ရောက်သွားတယ်။ ကိုယ်လုပ်ချင်တဲ့ အိပ်မက်တွေကြီးလေလေကိုယ့်မှာရှိတဲ့ Resource တွေက limited ဖြစ်လေလေဖြစ်တတ်ကြတယ်။ ဒီလိုအချိန်မျိုးမှာ ကိုယ့်မှာရှိတဲ့ အချိန်၊ ငွေ အစရှိတဲ့အရင်းအမြစ်တွေကို အကောင်းဆုံးစီမံဖို့လိုလာတယ်။ ရင်းနှီးမြုပ်နှံမှုတွေမှာ ဘဏ်ချေးငွေတွေနဲ့ leverage ယူပြီးလုပ်ကြတယ်။ဝါရင်ဘူဖေးပြောသလိုပဲ လူတွေကိုမွဲအောင်လုပ်တဲ့အရာသုံးခုက Liquor, Lady and Leverage တဲ့။ အရက်၊ […]